ဖားကန့် မြေပြိုမှုက နိုင်ငံအတွက် ဝမ်းနည်းစရာ ကိစ္စတစ်ခုလို့ အတိုင်ပင်ခံပြော

 

Unicode ဖြင့်ဖတ်ရန်

ဖားကန့် မြေပြိုမှုက နိုင်ငံအတွက် ဝမ်းနည်းစရာ ကိစ္စတစ်ခုလို့ အတိုင်ပင်ခံကပြောခဲ့ပြီး ဒီဖြစ်စဉ်က မြေပြိုမှုဖြစ်စဉ်မှာ လူအသေအပျောက်အများဆုံးဖြစ်ရပ်တစ်ခုဖြစ်ကာ ဒီကနေ့ နေ့လည် ၁၂နာရီအထိ သေဆုံးရုပ်အလောင်း (၁၆၇)ဦးနဲ့ ဒဏ်ရာရရှိသူ (၄၈)ဦးကို ရှာဖွေတွေ့ရှိထားပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်လျှက်ရှိပါတယ်။

ဇူလိုင်လ (၂)ရက်နေ့မနက်အစောပိုင်းက ဖြစ်ပွါးခဲ့တဲ့ ကချင်ပြည်နယ် ဖားကန့်ကမြေပြိုကျမှုဖြစ်စဉ်က မြန်မာနိုင်ငံအတွက် ဝမ်းနည်းစရာကောင်းတဲ့ ဖြစ်ရပ်တစ်ခုလို့ ဒေါ်အောင်ဆန်းစုကြည်က ဒီမနက်ပြုလုပ်တဲ့ အွန်လိုင်းဆွေးနွေးပွဲမှာပြောခဲ့ပါတယ်။

ဖားကန့်ကိုသွားပြီး ကျောက်တူးတယ်ဆိုတာ တော်တော်များများက ဝမ်းစားအတွက် အသက်မွေးဝမ်းကြောင်းအတွက် သွားလုပ်ကြရတာဖြစ်တယ်လို့ဆိုပါတယ်။

“ ဖားကန့်ကိစ္စဟာ ကျွန်မတို့နိုင်ငံအတွက် ဝမ်းနည်စရာကိစ္စတစ်ခုဖြစ်ပါတယ်။ တစ်ခုက ကျွန်မတို့အခြေခံပြည်သူတွေရဲ့ အခက်အခဲနဲ့ ပတ်သက်နေတဲ့ကိစ္စတစ်ခုဖြစ်ပါတယ်။ အခုလိုတွေ စားဝတ်နေရေးအတွက် တရားမဝင်ကျောက်တူးနေကြတယ်ဆိုတာက တရားဝင်အလုပ်ရဖို့ ခက်ခဲတဲ့အနေအထားတစ်ခုထိရှိနေသေးတယ်ဆိုတာပါပဲ”လို့ အတိုင်ပင်ခံပုဂ္ဂိုလ်ကပြောကြားခဲ့ပါတယ်။

မနေ့ကဖြစ်ပွါးခဲ့တဲ့ ဖားကန့်က မြေပြိုမှုဖြစ်စဉ်က ဖြစ်ပွါးခဲ့တဲ့ ဖြစ်စဉ်တစ်လျှောက် လူအသေအပျောက်အများဆုံးနဲ့ အဆိုးဆုံးဖြစ်ရပ်တစ်ခုဖြစ်ခဲ့ပါတယ်။

လက်ရှိအချိန်ထိလည်းရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်နေရဆဲဖြစ်သလို သေဆုံးသွားသူတွေအတွက်ကိုလည်း အကောင်းဆုံးဖြစ်အောင်ကူညီဖို့အတွက် စဉ်းစားရမှာဖြစ်တယ်လို့ ဖားကန့်မြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဒါရှီလဆိုင်းက Duwun ကိုပြောပါတယ်။

photo- Myanmar Fire Services Department

“ ဖြစ်သွားပြီဆိုမှတော့ သေဆုံးသွားတဲ့သူတွေအတွက်အကောင်းဆုံးဖြစ်အောင်ပဲ လုပ်ပေးရတော့မှာပါ။ အခုလို မိုးတွင်းကာလမှာဆို ဒီလိုနေရာတွေက အရမ်းအန္တရာယ်များတော့ ကုမ္ပဏီတွေရဲ့ လုပ်ကွက်တွေကိုတောင်ရပ်နားထားတာ။ ရေမဆေးကျောက်ရှာဖွေတဲ့သူတွေအနေနဲ့ကျတော့ ကျောက်လေးတစ်ပွင့်ရရင်ဆိုတဲ့ မျှော်လင့်ချက်နဲ့လုပ်ကြတာပေါ့။ အန္တရာယ်ရှိပေမယ်လည်း မိုးရွာပြီး မထက်မှတ်တဲ့အချိန်မှာဖြစ်လာတော့ နောက်ဆုံး ရေမဆေးသမားတွေကို သွားထိတာပါပဲ”လို့ ဦးဒါရှီလဆိုင်းကပြောပါတယ်။

ဒီကနေ့ နေ့လည် ၁၂နာရီအထိ မြေပြိုကျမှု ဖြစ်စဉ်အတွင်း သေဆုံးရုပ်အလောင်း (၁၆၇)ဦးနဲ့ ဒဏ်ရာရရှိသူ (၄၈)ဦးကို ရှာဖွေတွေ့ရှိထားပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်လျှက်ရှိပါတယ်။

လက်ရှိမှာ မြေပြိုမှုဖြစ်စဉ်အတွင်း သေးဆုံး ဒဏ်ရာရရှိခဲ့တဲ့သူတွေအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့က သိန်း (၅၀၀)၊ ကျောက်မျက်လုပ်ငန်းရှင်များအသင်းက သိန်း(၅၀၀)၊တပ်မတော် ကြည်း၊ရေ၊လေ မိသားစုက သိန်း(၅၀၀)နဲ့ တခြားအလှူရှင်များကလည်း ထည့်ဝင်လှူဒါန်းမှုတွေရှိတယ်လို့ သိရပါတယ်။

Zawgyi ျဖင့္ဖတ္ရန္

ဖားကန႔္ေျမၿပိဳမႈက ႏိုင္ငံအတြက္ ဝမ္းနည္းစရာ ကိစၥတစ္ခုလို႔ အတိုင္ပင္ခံကေျပာခဲ့ၿပီး ဒီျဖစ္စဥ္က ေျမၿပိဳမႈျဖစ္စဥ္မွာ လူအေသအေပ်ာက္အမ်ားဆုံးျဖစ္ရပ္တစ္ခုျဖစ္ကာ ဒီကေန႔ ေန႔လည္ ၁၂နာရီအထိ ေသဆုံး႐ုပ္အေလာင္း (၁၆၇)ဦးနဲ႔ ဒဏ္ရာရရွိသူ (၄၈)ဦးကို ရွာေဖြေတြ႕ရွိထားၿပီး ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းေတြကို ဆက္လက္ေဆာင္႐ြက္လွ်က္ရွိပါတယ္။

ဇူလိုင္လ (၂)ရက္ေန႔မနက္အေစာပိုင္းက ျဖစ္ပြါးခဲ့တဲ့ ကခ်င္ျပည္နယ္ ဖားကန႔္ကေျမၿပိဳက်မႈျဖစ္စဥ္က ျမန္မာႏိုင္ငံအတြက္ ဝမ္းနည္းစရာေကာင္းတဲ့ ျဖစ္ရပ္တစ္ခုလို႔ ေဒၚေအာင္ဆန္းစုၾကည္က ဒီမနက္ျပဳလုပ္တဲ့ အြန္လိုင္းေဆြးေႏြးပြဲမွာေျပာခဲ့ပါတယ္။

ဖားကန႔္ကိုသြားၿပီး ေက်ာက္တူးတယ္ဆိုတာ ေတာ္ေတာ္မ်ားမ်ားက ဝမ္းစားအတြက္ အသက္ေမြးဝမ္းေၾကာင္းအတြက္ သြားလုပ္ၾကရတာျဖစ္တယ္လို႔ဆိုပါတယ္။

“ ဖားကန႔္ကိစၥဟာ ကြၽန္မတို႔ႏိုင္ငံအတြက္ ဝမ္းနည္စရာကိစၥတစ္ခုျဖစ္ပါတယ္။ တစ္ခုက ကြၽန္မတို႔အေျခခံျပည္သူေတြရဲ႕ အခက္အခဲနဲ႔ ပတ္သက္ေနတဲ့ကိစၥတစ္ခုျဖစ္ပါတယ္။ အခုလိုေတြ စားဝတ္ေနေရးအတြက္ တရားမဝင္ေက်ာက္တူးေနၾကတယ္ဆိုတာက တရားဝင္အလုပ္ရဖို႔ ခက္ခဲတဲ့အေနအထားတစ္ခုထိရွိေနေသးတယ္ဆိုတာပါပဲ”လို႔ အတိုင္ပင္ခံပုဂၢိဳလ္ကေျပာၾကားခဲ့ပါတယ္။

မေန႔ကျဖစ္ပြါးခဲ့တဲ့ ဖားကန႔္က ေျမၿပိဳမႈျဖစ္စဥ္က ျဖစ္ပြါးခဲ့တဲ့ ျဖစ္စဥ္တစ္ေလွ်ာက္ လူအေသအေပ်ာက္အမ်ားဆုံးနဲ႔ အဆိုးဆုံးျဖစ္ရပ္တစ္ခုျဖစ္ခဲ့ပါတယ္။

လက္ရွိအခ်ိန္ထိလည္းရွာေဖြကယ္ဆယ္ေရးလုပ္ငန္းေတြေဆာင္႐ြက္ေနရဆဲျဖစ္သလို ေသဆုံးသြားသူေတြအတြက္ကိုလည္း အေကာင္းဆုံးျဖစ္ေအာင္ကူညီဖို႔အတြက္ စဥ္းစားရမွာျဖစ္တယ္လို႔ ဖားကန႔္ၿမိဳ႕နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးဒါရွီလဆိုင္းက Duwun ကိုေျပာပါတယ္။

photo- Myanmar Fire Services Department

“ ျဖစ္သြားၿပီဆိုမွေတာ့ ေသဆုံးသြားတဲ့သူေတြအတြက္အေကာင္းဆုံးျဖစ္ေအာင္ပဲ လုပ္ေပးရေတာ့မွာပါ။ အခုလို မိုးတြင္းကာလမွာဆို ဒီလိုေနရာေတြက အရမ္းအႏၲရာယ္မ်ားေတာ့ ကုမၸဏီေတြရဲ႕ လုပ္ကြက္ေတြကိုေတာင္ရပ္နားထားတာ။ ေရမေဆးေက်ာက္ရွာေဖြတဲ့သူေတြအေနနဲ႔က်ေတာ့ ေက်ာက္ေလးတစ္ပြင့္ရရင္ဆိုတဲ့ ေမွ်ာ္လင့္ခ်က္နဲ႔လုပ္ၾကတာေပါ့။ အႏၲရာယ္ရွိေပမယ္လည္း မိုး႐ြာၿပီး မထက္မွတ္တဲ့အခ်ိန္မွာျဖစ္လာေတာ့ ေနာက္ဆုံး ေရမေဆးသမားေတြကို သြားထိတာပါပဲ”လို႔ ဦးဒါရွီလဆိုင္းကေျပာပါတယ္။

ဒီကေန႔ ေန႔လည္ ၁၂နာရီအထိ ေျမၿပိဳက်မႈ ျဖစ္စဥ္အတြင္း ေသဆုံး႐ုပ္အေလာင္း (၁၆၇)ဦးနဲ႔ ဒဏ္ရာရရွိသူ (၄၈)ဦးကို ရွာေဖြေတြ႕ရွိထားၿပီး ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းေတြကို ဆက္လက္ေဆာင္႐ြက္လွ်က္ရွိပါတယ္။

လက္ရွိမွာ ေျမၿပိဳမႈျဖစ္စဥ္အတြင္း ေသးဆုံး ဒဏ္ရာရရွိခဲ့တဲ့သူေတြအတြက္ မြန္ျပည္နယ္အစိုးရအဖြဲ႕က သိန္း (၅၀၀)၊ ေက်ာက္မ်က္လုပ္ငန္းရွင္မ်ားအသင္းက သိန္း(၅၀၀)၊တပ္မေတာ္ ၾကည္း၊ေရ၊ေလ မိသားစုက သိန္း(၅၀၀)နဲ႔ တျခားအလႉရွင္မ်ားကလည္း ထည့္ဝင္လႉဒါန္းမႈေတြရွိတယ္လို႔ သိရပါတယ္။

Credit: Duwun

Focus Myanmar Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment