ကိုဗဈ ၁၉ ကာလမွာ ကိုယ်ဝန်ေဆာင်သည်တွေကို အိမ်ကေန အလုပ်လုပ်ခွင့်ပြဳရမည်

 

Unicode ဖြင့်ဖတ်ရန်

ကိုဗစ် ၁၉ ကာလမှာ လုပ်ငန်းရှင်တွေအနေနဲ့ ကိုယ်ဝန်ဆောင်သည်တွေကို အိမ်ကနေအလုပ်ခွင့်ပြုပြီး အသက် ၅၀ အထက် အလုပ်သမားတွေကို ရောဂါကူးစက်နိုင်ခြေနည်းတဲ့နေရာမှာ အလုပ်ခိုင်းစေရမှာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြောဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ် ။

စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းခွင်တွေနဲ့ အလုပ်ဌာန အပါအဝင် ဆောက်လုပ်ရေးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်တွေဟာ ဒီအချက်ကို လိုက်နာရမှာဖြစ်ပါတယ်။

” စက်ရုံ ၊ အလုပ်ရုံတွေ မှာ ကိုယ်ဝန်ဆောင်တွေ ၊ အသက် ၅၀ အထက်ရှိရင်သူတို့ကို ဦးစားပေးရမယ်ပေါ့။ လမ်းညွှန်ချက် တွေကို လိုက်နာရမှာပါ။ လမ်းညွှန်ချက်ကို လိုက်နာမှုရှိမရှိကို ကျနော်တို့ စစ်ဆေးရေးအဖွဲ့တွေလည်း စစ်နေပါတယ်”လို့ ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ် ။

အသက် ၅၀ နှစ်အထက်ရှိတဲ့ လုပ်သားတွေ၊ တခြားလုပ်သားတွေရောပြီး လုပ်ကိုင်ခိုင်းတာမျိုးမပြုလုပ်ဘဲ ရောဂါကူးစက်နိုင်ခြေမရှိတဲ့ လုပ်ငန်းနေရာမှာခိုင်းစေရမယ့်အအပြင် ရောဂါအခံရှိတဲ့ အလုပ်သမားတွေ လုပ်ငန်းခွင်ပြန်လည်ဝင် ရောက်လာပါကလည်း ကျွမ်းကျင်တဲ့ဆရာဝန်တွေနဲ့ တိုင်ပင်ပြီး ဆရာဝန်တွေရဲ့ ခွင့်ပြုသဘောထားမှတ်ချက်ရယူပြီးမှသာ လုပ်ကိုင်ခွင့် ပြုရမှာဖြစ်ပါတယ်။

ဧပြီလ ၂၀ ရက်နေ့တွင် လှိုင်သာယာ စက်မှုဇုန်ဝန်ထမ်းများ လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်လာပုံများ

ကိုယ်ဝန်ဆောင်မိခင်တွေကို တူညီတဲ့လစာနှုန်းထား နဲ့ အိမ်ကနေ အလုပ်လုပ်ကိုင်ခွင့်ပြုပေး ဖို့၊ မူလကျန်းမာရေးအခြေအနေနဲ့ ကိုယ်ဝန်နဲ့နှီးနွယ် ကျန်းမာရေးပြဿနာတွေကိုပါ စမ်းသပ်စစ်ဆေးဖို့၊ ကိုယ် ကာယ သုံးပြီး ပြင်းထန်တဲ့ အလုပ်လုပ်တွေ မလုပ်ဖို့ ၊ဝန်ထမ်း ကြို့/ပို့ မှာလည်း သီးသန့်ဦးစားပေးနေရာ ထားပေးဖို့အပါအဝင် အလုပ်ချိန်တွင်း အနား ယူချိန် အနည်းဆုံး ၄ နာရီဝန်းကျင်ပေးဖို့နဲ့ လေကောင်းလေသန့် ရတဲ့နေရာမှာ နေထိုင်ခွင့်ရမှာဖြစ်ပါတယ်။

” ထုတ်ပြန်ချက်တွေ ရှိပေမယ့် တကယ်တမ်း အလုပ်ရုံ၊ စက်ရုံတွေမှာ လိုက်နာ မှုမရှိတဲ့အ ပိုင်းတွေ၊ အားနည်းချက်တွေ အများကြီးတွေ့ရတယ်။ အထည်ချုပ်လုပ်ငန်းမှာဆိုရင် လုပ်ငန်းရှင်က တတ်နိုင်သလောက်ဖြည့် ဆည်းပေးနေ ပေမယ့် ဆောက်လုပ်ရေးလုပ်ငန်းတွေမှာတော့ မရှိသ လောက်တွေ့နေရတယ်”လို့မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်မှ ကိုနေလင်း က ပြောပါတယ်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက အလုပ်ရှင်နဲ့ အလုပ်သမားတွေ လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်းတွေကို မကြာခဏထုတ်ပြန်ကြေညာနေပေမယ့် အလုပ်ရှင်နဲ့ အလုပ်သမား ကြား လိုက်နာမှုတွေကတော့ အားနည်းနေတယ်လို့ အလုပ်သမားအရေးကူညီဆောင်ရွက်ပေးနေသူတွေကဆိုပါတယ်။ လက်ရှိရန်ကုန်တိုင်းမှာ စက်ရုံ ၊ အလုပ်ရုံပေါင်း ၆၀၀၀ ကျော်ရှိပါတယ် ။ ကိုဗစ်ကာလမှာ ပိတ်သိမ်းသွားတဲ့ စက်ရုံတွေ ၊ ယာယီရပ်နားတာ၊ လုပ်သားလျှော့တာတွေလည်းရှိပါတယ်။

(အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သော သတင်းဖြစ်ပါသည်)

Zawgyi ျဖင့္ဖတ္ရန္

ကိုဗစ္ ၁၉ ကာလမွာ လုပ္ငန္းရွင္ေတြအေနနဲ႔ ကိုယ္ဝန္ေဆာင္သည္ေတြကို အိမ္ကေနအလုပ္ခြင့္ျပဳၿပီး အသက္ ၅၀ အထက္ အလုပ္သမားေတြကို ေရာဂါကူးစက္ႏိုင္ေျခနည္းတဲ့ေနရာမွာ အလုပ္ခိုင္းေစရမွာျဖစ္တယ္လို႔ က်န္းမာေရးဝန္ႀကီးဌာန ေျပာဆိုခြင့္ရွိသူ ေဒါက္တာသန္းႏိုင္စိုးက ေျပာပါတယ္ ။

စက္႐ုံ၊ အလုပ္႐ုံ၊ လုပ္ငန္းခြင္ေတြနဲ႔ အလုပ္ဌာန အပါအဝင္ ေဆာက္လုပ္ေရးလုပ္ငန္းေတြ လုပ္ကိုင္ေနတဲ့ လုပ္ငန္းရွင္ေတြဟာ ဒီအခ်က္ကို လိုက္နာရမွာျဖစ္ပါတယ္။

” စက္႐ုံ ၊ အလုပ္႐ုံေတြ မွာ ကိုယ္ဝန္ေဆာင္ေတြ ၊ အသက္ ၅၀ အထက္ရွိရင္သူတို႔ကို ဦးစားေပးရမယ္ေပါ့။ လမ္းၫႊန္ခ်က္ ေတြကို လိုက္နာရမွာပါ။ လမ္းၫႊန္ခ်က္ကို လိုက္နာမႈရွိမရွိကို က်ေနာ္တို႔ စစ္ေဆးေရးအဖြဲ႕ေတြလည္း စစ္ေနပါတယ္”လို႔ ေဒါက္တာသန္းႏိုင္စိုးက ေျပာပါတယ္ ။

အသက္ ၅၀ ႏွစ္အထက္ရွိတဲ့ လုပ္သားေတြ၊ တျခားလုပ္သားေတြေရာၿပီး လုပ္ကိုင္ခိုင္းတာမ်ိဳးမျပဳလုပ္ဘဲ ေရာဂါကူးစက္ႏိုင္ေျခမရွိတဲ့ လုပ္ငန္းေနရာမွာခိုင္းေစရမယ့္အအျပင္ ေရာဂါအခံရွိတဲ့ အလုပ္သမားေတြ လုပ္ငန္းခြင္ျပန္လည္ဝင္ ေရာက္လာပါကလည္း ကြၽမ္းက်င္တဲ့ဆရာဝန္ေတြနဲ႔ တိုင္ပင္ၿပီး ဆရာဝန္ေတြရဲ႕ ခြင့္ျပဳသေဘာထားမွတ္ခ်က္ရယူၿပီးမွသာ လုပ္ကိုင္ခြင့္ ျပဳရမွာျဖစ္ပါတယ္။

ဧၿပီလ ၂၀ ရက္ေန႔တြင္ လႈိင္သာယာ စက္မႈဇုန္ဝန္ထမ္းမ်ား လုပ္ငန္းခြင္သို႔ ျပန္လည္ဝင္ေရာက္လာပုံမ်ား

ကိုယ္ဝန္ေဆာင္မိခင္ေတြကို တူညီတဲ့လစာႏႈန္းထား နဲ႔ အိမ္ကေန အလုပ္လုပ္ကိုင္ခြင့္ျပဳေပး ဖို႔၊ မူလက်န္းမာေရးအေျခအေနနဲ႔ ကိုယ္ဝန္နဲ႔ႏွီးႏြယ္ က်န္းမာေရးျပႆနာေတြကိုပါ စမ္းသပ္စစ္ေဆးဖို႔၊ ကိုယ္ ကာယ သုံးၿပီး ျပင္းထန္တဲ့ အလုပ္လုပ္ေတြ မလုပ္ဖို႔ ၊ဝန္ထမ္း ႀကိဳ႕/ပို႔ မွာလည္း သီးသန႔္ဦးစားေပးေနရာ ထားေပးဖို႔အပါအဝင္ အလုပ္ခ်ိန္တြင္း အနား ယူခ်ိန္ အနည္းဆုံး ၄ နာရီဝန္းက်င္ေပးဖို႔နဲ႔ ေလေကာင္းေလသန႔္ ရတဲ့ေနရာမွာ ေနထိုင္ခြင့္ရမွာျဖစ္ပါတယ္။

” ထုတ္ျပန္ခ်က္ေတြ ရွိေပမယ့္ တကယ္တမ္း အလုပ္႐ုံ၊ စက္႐ုံေတြမွာ လိုက္နာ မႈမရွိတဲ့အ ပိုင္းေတြ၊ အားနည္းခ်က္ေတြ အမ်ားႀကီးေတြ႕ရတယ္။ အထည္ခ်ဳပ္လုပ္ငန္းမွာဆိုရင္ လုပ္ငန္းရွင္က တတ္ႏိုင္သေလာက္ျဖည့္ ဆည္းေပးေန ေပမယ့္ ေဆာက္လုပ္ေရးလုပ္ငန္းေတြမွာေတာ့ မရွိသ ေလာက္ေတြ႕ေနရတယ္”လို႔ျမန္မာႏိုင္ငံလုံးဆိုင္ရာ အလုပ္သမား သမဂၢမ်ား အဖြဲ႕ခ်ဳပ္မွ ကိုေနလင္း က ေျပာပါတယ္။

က်န္းမာေရးႏွင့္ အားကစား ဝန္ႀကီးဌာနက အလုပ္ရွင္နဲ႔ အလုပ္သမားေတြ လိုက္နာရမယ့္ စည္းမ်ဥ္း စည္းကမ္းေတြကို မၾကာခဏထုတ္ျပန္ေၾကညာေနေပမယ့္ အလုပ္ရွင္နဲ႔ အလုပ္သမား ၾကား လိုက္နာမႈေတြကေတာ့ အားနည္းေနတယ္လို႔ အလုပ္သမားအေရးကူညီေဆာင္႐ြက္ေပးေနသူေတြကဆိုပါတယ္။ လက္ရွိရန္ကုန္တိုင္းမွာ စက္႐ုံ ၊ အလုပ္႐ုံေပါင္း ၆၀၀၀ ေက်ာ္ရွိပါတယ္ ။ ကိုဗစ္ကာလမွာ ပိတ္သိမ္းသြားတဲ့ စက္႐ုံေတြ ၊ ယာယီရပ္နားတာ၊ လုပ္သားေလွ်ာ့တာေတြလည္းရွိပါတယ္။

(အလြတ္တန္းသတင္းေထာက္ ခ်စ္ခြန္းခ်ိဳေပးပို႔ေသာ သတင္းျဖစ္ပါသည္)

Credit: duwun

Focus Myanmar Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment