ဇွန်လအတွက် မီတာခ ၁၅၀ ယူနစ် အခမဲ့ထပ်ပေး

 

Unicode ဖြင့်ဖတ်ရန်

ဇွန်လ တစ်လလုံးအတွက် မီတာခ တွေကို ယူနစ် ၁၅၀ အထိ အခမဲ့သုံးစွဲခွင့်ပြုမှာဖြစ်တယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ဒီကနေ့ဇူလိုင်လ ၂ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးတိုးမြှင့်ခဲ့တဲ့ ဇွန်လ ၁ ရက်ကနေ ၁၅ ရက်အထိ ကာလအတွင်း လျှပ်စစ်ဓာတ်အားသုံးစွဲမှုကို ၇၅ ယူနစ် အခမဲ့ပေးမယ်လို့ ကြေညာပြီးတဲ့နောက် အခုအခါမှာလည်း ထိန်းချုပ်ရေးတိုးမြှင့်တဲ့ ဇွန်လ ၁၆ ရက်ကနေ ၃၀ ရက်အထိ နောက်ထပ် ၇၅ ယူနစ်အခမဲ့ ထပ်မံပေးသွားမှာပါ။

Photo- MOEE

ဒါကြောင့် ဇွန်လ ၁ ရက်ကနေ ၃၀ ရက်အထိနေ့ အထိ ပြည်သူတွေ ၊ ဘာသာရေးအဖွဲ့အစည်းတွေနဲ့ ပြည်တွင်းလူမှုရေးအဖွဲ့အစည်းတွေ အတွက် အိမ်သုံးမီတာခ စုစုပေါင်း (၁၅၀) ယူနစ် ၊ ကျသင့်ငွေ (၁၁၅၅၀) အထိ အခမဲ့ပေးမှာဖြစ်ပါတယ်။

၁၅၀ ယူနစ်နဲ့ အထက် သုံးစွဲမှုတွေကိုတော့ အလွှာလိုက် သတ်မှတ်ချက်နှုန်းထားတွေအတိုင်းကောက်ခံမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အထူးကိစ္စအဖြစ်ကင်းလွတ်ခွင့်ပြုခဲ့တဲ့ အစိုးရမဟုတ်တဲ့ ပြည်တွင်းလူမှုရေးအဖွဲ့အစည်းတွေကလွဲရင် သံရုံးတွေ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ကျန်သုံးစွဲသူတွေအားလုံးကတော့ အရင်သတ်မှတ်ချက်နှုန်းထားအတိုင်းပေးဆောင်ရမယ်လို့ ထုတ်ပြန်ထားပါတယ်။

အစိုးရအနေနဲ့ COVID-19 ဖြစ်ပွားနေစဉ်ကာလအတွင်း ဧပြီလကတည်းက အိမ်သုံးမီတာခ ၁၅၀ယူနစ်ကို ကင်းလွတ်ခွင့်ပြုခဲ့ပြီး အခု ဇွန်လကုန်အထိ ဆိုရင် သုံးကြိမ်ဆက်တိုက် အခမဲ့ပေးခဲ့တာဖြစ်ပါတယ်။

Zawgyi ျဖင့္ဖတ္ရန္

ဇြန္လ တစ္လလုံးအတြက္ မီတာခေတြကို ယူနစ္ ၁၅၀ အထိ အခမဲ့သုံးစြဲခြင့္ျပဳမွာျဖစ္တယ္လို႔ လွ်ပ္စစ္နဲ႔ စြမ္းအင္ဝန္ႀကီးဌာနက ဒီကေန႔ဇူလိုင္လ ၂ ရက္ေန႔မွာ ထုတ္ျပန္ေၾကညာလိုက္ပါတယ္။

ကိုဗစ္-၁၉ ကာကြယ္ထိန္းခ်ဳပ္ေရးတိုးျမႇင့္ခဲ့တဲ့ ဇြန္လ ၁ ရက္ကေန ၁၅ ရက္အထိ ကာလအတြင္း လွ်ပ္စစ္ဓာတ္အားသုံးစြဲမႈကို ၇၅ ယူနစ္ အခမဲ့ေပးမယ္လို႔ ေၾကညာၿပီးတဲ့ေနာက္ အခုအခါမွာလည္း ထိန္းခ်ဳပ္ေရးတိုးျမႇင့္တဲ့ ဇြန္လ ၁၆ ရက္ကေန ၃၀ ရက္အထိ ေနာက္ထပ္ ၇၅ ယူနစ္အခမဲ့ ထပ္မံေပးသြားမွာပါ။

Photo- MOEE

ဒါေၾကာင့္ ဇြန္လ ၁ ရက္ကေန ၃၀ ရက္အထိေန႔ အထိ ျပည္သူေတြ ၊ ဘာသာေရးအဖြဲ႕အစည္းေတြနဲ႔ ျပည္တြင္းလူမႈေရးအဖြဲ႕အစည္းေတြ အတြက္ အိမ္သုံးမီတာခ စုစုေပါင္း (၁၅၀) ယူနစ္ ၊ က်သင့္ေငြ (၁၁၅၅၀) အထိ အခမဲ့ေပးမွာျဖစ္ပါတယ္။

၁၅၀ ယူနစ္နဲ႔ အထက္ သုံးစြဲမႈေတြကိုေတာ့ အလႊာလိုက္ သတ္မွတ္ခ်က္ႏႈန္းထားေတြအတိုင္းေကာက္ခံမွာ ျဖစ္ပါတယ္။

ဒါ့အျပင္ အထူးကိစၥအျဖစ္ကင္းလြတ္ခြင့္ျပဳခဲ့တဲ့ အစိုးရမဟုတ္တဲ့ ျပည္တြင္းလူမႈေရးအဖြဲ႕အစည္းေတြကလြဲရင္ သံ႐ုံးေတြ၊ ကုလသမဂၢနဲ႔ ႏိုင္ငံတကာအဖြဲ႕အစည္းေတြနဲ႔ က်န္သုံးစြဲသူေတြအားလုံးကေတာ့ အရင္သတ္မွတ္ခ်က္ႏႈန္းထားအတိုင္းေပးေဆာင္ရမယ္လို႔ ထုတ္ျပန္ထားပါတယ္။

အစိုးရအေနနဲ႔ COVID-19 ျဖစ္ပြားေနစဥ္ကာလအတြင္း ဧၿပီလကတည္းက အိမ္သုံးမီတာခ ၁၅၀ယူနစ္ကို ကင္းလြတ္ခြင့္ျပဳခဲ့ၿပီး အခု ဇြန္လကုန္အထိ ဆိုရင္ သုံးႀကိမ္ဆက္တိုက္ အခမဲ့ေပးခဲ့တာျဖစ္ပါတယ္။

Credit: duwun

Focus Myanmar Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment