တက္ကသိုလ်ဝင်တန်း ကျရှုံးသူများကို အထက်တန်းပြီးမြောက်ကြောင်းလက်မှတ် ထုတ်ပေးတော့မည်

 

Unicode ဖြင့်ဖတ်ရန်

ယခုနှစ်မှာ အခြေခံပညာအထက်တန်းပြီးမြောက်ကြောင်းလက်မှတ် ၅သိန်းခွဲလောက် ထုတ်ပေးဖို့ ရှိတယ်လို့ သိရပါတယ်။

တက္ကသိုလ်ဝင်တန်း ကျရှုံးပေမယ့် အထက်တန်းအဆင့် ပြီးမြောက်ကြောင်းလက်မှတ်ကို ယခုနှစ်မှစတင် ထုတ်ပေးသွားမယ်လို့ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တင်မောင်ဝင်းက Duwun ကိုပြောပါတယ်။

“တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ အခုထိ ၃၀ရာခိုင်နှုန်းလောက်ပဲအောင်တယ်။ကျန်တဲ့ ၇၀က ဘယ်ရောက်သွား ကြလဲဆိုတာ အရင်က မစဉ်းစားခဲ့ကြဘူး။ အခုတော့စဉ်းစားတယ်။ အဲဒီ ၇၀ အတွက် တက္ကသိုလ်ဝင်တန်း မအောင် သော်ငြားလည်း ၁၀တန်းအထိ သင်ယူခဲ့ပါပြီဆိုတဲ့ အထောက်အထားလက်မှတ်ကို ထုတ်ပေးသွားမယ်။ ဒီလက်မှတ်ရတာနဲ့ အရင်က B List နဲ့အောင်သလိုပဲ အလုပ်ခွင်တွေမှာ နေရာတွေခေါ်နိုင်အောင် ကြိုးစားနေတာပါ။” လို့ ဒေါက်တာ တင်မောင်ဝင်းက ပြောပါတယ်။

ယခုလို အထက်တန်းပြီးမြောက်ကြောင်းလက်မှတ်ကို ပညာရေးဝန်ကြီးဌာနဖက်က လုပ်ပေးလိုက်ချိန်မှာ လုပ် ငန်းခွင်တွေ မှာ အလုပ်ရှင်တွေဘက်ကလည်း လက်ခံပေးဖို့လိုကြောင်း၊တချို့ ပညာသင်ကျောင်းတွေမှာ လည်း ဒီလက်မှတ်နဲ့ တက်ရောက်ခွင့်ပြုနိုင်ဖို့လိုကြောင်း၊စတဲ့ ပူးပေါင်းပေးမှုတွေ လုပ်ဆောင်ပေးလာမယ် ဆိုရင် မ အောင်နှုန်း ၇၀ရာ ခိုင်နှုန်းကို မဆုံးရှုံးရတော့ပဲ ဖြစ်လာမှာပါလို့လည်း ဒေါက်တာတင်မောင်ဝင်းက ပြောပါသေး တယ်။

ယခုနှစ်မှာတော့ တက္ကသိုလ်ဝင်တန်း မအောင်မြင်ပေမယ့် ပြီးမြောက်ကြောင်းလက်မှတ်ကို တိုင်းနှင့်ပြည်နယ် အသီးသီးအတွက် စုစုပေါင်း ၅သိန်းခွဲခန့်ပေးဖို့ရှိတယ်လို့ သိရပါတယ်။

“အခု ထုတ်လုပ်နေတုန်းပါ၊ လက်မှတ်တွေကို မပေးရသေးပါဘူး၊ ဒါပေမယ့် ပညာရေးပြည်နယ်/တိုင်း ၁၈ခုမှာ ၁၄ ခုကိုတော့ ပေးပြီးသွားပါပြီ။ လုံခြုံမှုရှိအောင် ဆရာတို့ရုံးမှာပဲ ပုံနှိပ်ပြီး သက်ဆိုင်ရာ တိုင်းဒေသပြီး ပြည်နယ်တွေ ကို ဖြန့်ပေးထားပါတယ်။ ၁၈ ခုလုံး ရောက်သွားပြီဆိုတော့မှ ဘယ်နေ့ကစပြီး ပေးပါလို့ ထုတ်ပြန်ပေးသွားမှာဖြစ်ပါတယ်။”လို့လည်း ဒေါက်တာ တင်မောင်ဝင်းက ပြောပါတယ်။ မြန်မာနိုင်ငံမှာ နှစ်စဉ် တက္ကသိုလ်ဝင်တန်း အောင်ချက် ရာခိုင်နှုန်းဟာ ၃၀ ရာခိုင်နှုန်း ဝန်းကျင်လောက်သာ ရှိနေမြဲ ဖြစ်ပါတယ်။

ယခုစတင်ထုတ်ပေးမယ့်အထက်တန်းအဆင့် ပြီးမြောက်ကြောင်းလက်မှတ်တွေက တန်ဖိုးရှိပြီး အဓိပ္ပာယ်ရှိတဲ့ လက်မှတ်တွေ ဖြစ်လာခဲ့ရင် တက္ကသိုလ်ရဲ့ ဝန်ထုပ်ဝန်ပိုးနည်းသွားနိုင်ကြောင်းနှင့် ပုဂ္ဂလိကပညာရေး ဥပဒေ ထွက်လာချိန်နဲ့ တပြိုင်နက် နိုင်ငံတော်ရဲ့ ဝန်ထုပ်ဝန်ပိုးလည်း များစွာလျော့ကျသွားနိုင်တယ်လို့ ဒေါက်တာ တင်မောင်ဝင်းက သုံးသပ်ပြောခဲ့ပါတယ်။

Zawgyi ျဖင့္ဖတ္ရန္

ယခုႏွစ္မွာ အေျခခံပညာအထက္တန္းၿပီးေျမာက္ေၾကာင္းလက္မွတ္ ၅သိန္းခြဲေလာက္ ထုတ္ေပးဖို႔ ရွိတယ္လို႔ သိရပါတယ္။

တကၠသိုလ္ဝင္တန္း က်ရႈံးေပမယ့္ အထက္တန္းအဆင့္ ၿပီးေျမာက္ေၾကာင္းလက္မွတ္ကို ယခုႏွစ္မွစတင္ ထုတ္ေပးသြားမယ္လို႔ အေျခခံပညာဦးစီးဌာန ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာ တင္ေမာင္ဝင္းက Duwun ကိုေျပာပါတယ္။

“တကၠသိုလ္ဝင္တန္းစာေမးပြဲမွာ အခုထိ ၃၀ရာခိုင္ႏႈန္းေလာက္ပဲေအာင္တယ္။က်န္တဲ့ ၇၀က ဘယ္ေရာက္သြား ၾကလဲဆိုတာ အရင္က မစဥ္းစားခဲ့ၾကဘူး။ အခုေတာ့စဥ္းစားတယ္။ အဲဒီ ၇၀ အတြက္ တကၠသိုလ္ဝင္တန္း မေအာင္ ေသာ္ျငားလည္း ၁၀တန္းအထိ သင္ယူခဲ့ပါၿပီဆိုတဲ့ အေထာက္အထားလက္မွတ္ကို ထုတ္ေပးသြားမယ္။ ဒီလက္မွတ္ရတာနဲ႔ အရင္က B List နဲ႔ေအာင္သလိုပဲ အလုပ္ခြင္ေတြမွာ ေနရာေတြေခၚႏိုင္ေအာင္ ႀကိဳးစားေနတာပါ။” လို႔ ေဒါက္တာ တင္ေမာင္ဝင္းက ေျပာပါတယ္။

ယခုလို အထက္တန္းၿပီးေျမာက္ေၾကာင္းလက္မွတ္ကို ပညာေရးဝန္ႀကီးဌာနဖက္က လုပ္ေပးလိုက္ခ်ိန္မွာ လုပ္ ငန္းခြင္ေတြ မွာ အလုပ္ရွင္ေတြဘက္ကလည္း လက္ခံေပးဖို႔လိုေၾကာင္း၊တခ်ိဳ႕ ပညာသင္ေက်ာင္းေတြမွာ လည္း ဒီလက္မွတ္နဲ႔ တက္ေရာက္ခြင့္ျပဳႏိုင္ဖို႔လိုေၾကာင္း၊စတဲ့ ပူးေပါင္းေပးမႈေတြ လုပ္ေဆာင္ေပးလာမယ္ ဆိုရင္ မ ေအာင္ႏႈန္း ၇၀ရာ ခိုင္ႏႈန္းကို မဆုံးရႈံးရေတာ့ပဲ ျဖစ္လာမွာပါလို႔လည္း ေဒါက္တာတင္ေမာင္ဝင္းက ေျပာပါေသး တယ္။

ယခုႏွစ္မွာေတာ့ တကၠသိုလ္ဝင္တန္း မေအာင္ျမင္ေပမယ့္ ၿပီးေျမာက္ေၾကာင္းလက္မွတ္ကို တိုင္းႏွင့္ျပည္နယ္ အသီးသီးအတြက္ စုစုေပါင္း ၅သိန္းခြဲခန႔္ေပးဖို႔ရွိတယ္လို႔ သိရပါတယ္။

“အခု ထုတ္လုပ္ေနတုန္းပါ၊ လက္မွတ္ေတြကို မေပးရေသးပါဘူး၊ ဒါေပမယ့္ ပညာေရးျပည္နယ္/တိုင္း ၁၈ခုမွာ ၁၄ ခုကိုေတာ့ ေပးၿပီးသြားပါၿပီ။ လုံၿခဳံမႈရွိေအာင္ ဆရာတို႔႐ုံးမွာပဲ ပုံႏွိပ္ၿပီး သက္ဆိုင္ရာ တိုင္းေဒသၿပီး ျပည္နယ္ေတြ ကို ျဖန႔္ေပးထားပါတယ္။ ၁၈ ခုလုံး ေရာက္သြားၿပီဆိုေတာ့မွ ဘယ္ေန႔ကစၿပီး ေပးပါလို႔ ထုတ္ျပန္ေပးသြားမွာျဖစ္ပါတယ္။”လို႔လည္း ေဒါက္တာ တင္ေမာင္ဝင္းက ေျပာပါတယ္။ ျမန္မာႏိုင္ငံမွာ ႏွစ္စဥ္ တကၠသိုလ္ဝင္တန္း ေအာင္ခ်က္ ရာခိုင္ႏႈန္းဟာ ၃၀ ရာခိုင္ႏႈန္း ဝန္းက်င္ေလာက္သာ ရွိေနၿမဲ ျဖစ္ပါတယ္။

ယခုစတင္ထုတ္ေပးမယ့္အထက္တန္းအဆင့္ ၿပီးေျမာက္ေၾကာင္းလက္မွတ္ေတြက တန္ဖိုးရွိၿပီး အဓိပၸာယ္ရွိတဲ့ လက္မွတ္ေတြ ျဖစ္လာခဲ့ရင္ တကၠသိုလ္ရဲ႕ ဝန္ထုပ္ဝန္ပိုးနည္းသြားႏိုင္ေၾကာင္းႏွင့္ ပုဂၢလိကပညာေရး ဥပေဒ ထြက္လာခ်ိန္နဲ႔ တၿပိဳင္နက္ ႏိုင္ငံေတာ္ရဲ႕ ဝန္ထုပ္ဝန္ပိုးလည္း မ်ားစြာေလ်ာ့က်သြားႏိုင္တယ္လို႔ ေဒါက္တာ တင္ေမာင္ဝင္းက သုံးသပ္ေျပာခဲ့ပါတယ္။

Credit: duwun

Focus Myanmar Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment