မိန်းကလေး တွေအသည်းတယားယားဖြစ်ရလောက်အောင် ပိုင်တံခွန်ရဲ့ ပိုစ့်အောက်မှာ ခပ်ဆန်းဆန်းစကားပြောပြီး ကောမန့်ပေးခဲ့တဲ့ ကောင်းမြတ်စံ

Unicode ဖြင့်ဖတ်ရန်

မြန်မာနိုင်ငံက အကျော်အမော်နှစ်ယောက်ဖြစ်တဲ့ မင်းသားချော ပိုင်တံခွန်နဲ့ ကောင်းမြတ်စံတို့ကတော့ မိန်းကလေးပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတာ ဖြစ်ပါတယ်။ ပိုင်တံခွန်နဲ့ ကောင်းမြတ်စံက အနုပညာအလုပ်တွေကို တွဲဖက်လုပ်ကိုင်ဖူးသလို အပြင်မှာလည်း တစ်ယောက်နဲ့တစ်ယောက် အပြင်မှာလည်း ခင်မင်ရင်းနှီးကြတဲ့သူတွေပဲဖြစ်ပါတယ်။


ပရိသတ်တွေကတော့ မင်းသားချောနှစ်ယောက်စလုံးရဲ့ အနုပညာလှုပ်ရှားမှုတွေကို အားပေးကြပါတယ်။ဒီတစ်ခေါက်မှာလည်း ပိုင်တံခွန်ရဲ့ ပိုစ့်အောက်မှာ ခပ်ဆန်းဆန်းစကားပြောပြီး ကောမန့်ပေးခဲ့တဲ့ ကောင်းမြတ်စံကြောင့် ပရိသတ်တွေခမျာ အသည်းတယားယားဖြစ်ခဲ့ကြရတာပဲ ဖြစ်ပါတယ်။


ကောင်းမြတ်စံက ပိုင်တံခွန်ရဲ့ ဓာတ်ပုံအောက်မှာ ” ကူးမျဉ်းကျားကမကူးဘူး အရေးယူပေးပါ သက်ဆိုင်ရာ လူကြီးမင်းများ 🙄” ဆိုပြီးပြောခဲ့ပြီး ပိုင်တံခွန်က ” လူကူးမျဉ်ကျား လာဆွဲပေးလေ” လို့ပြောတဲ့ စကားကြောင့် ” လူကိုဆွဲပေးရမလား 🙄”ဆိုပြီး ပြန်လည်ပြောဆိုခဲ့တာကြောင့် ပရိသတ်တွေခမျာ ပွဲကျခဲ့ရတာပဲ ဖြစ်ပါတယ်။


ပရိသတ်တွေက ပိုင်တံခွန်နဲ့ ကောင်းမြတ်စံကို BL ရုပ်ရှင်ကားတစ်ကားရိုက်ပေးဖို့ Ship နေကြတဲ့အချိန်မှာ ဒီလိုကောမန့်ကြောင့် ပိုပြီးပွဲဆူသွားခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပိုင်တံခွန်နဲ့ ကောင်းမြတ်စံတို့နှစ်ယောက်ကို BL ရုပ်ရှင်ကားရိုက်စေချင်လား ပြောခဲ့ဦးနော်။

Credit: San Kyi Par

Focus Myanmar Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment