နင်းနှိပ်ပေး တတ် တဲ့ အနှိပ်သည် ဆင်လေးတွေ နောက်ကွယ်က ခါးသီး ဖွယ် အမှန်တရား

 

Unicode ဖြင့်ဖတ်ရန်

ဆိုရှယ် မီဒီယာတွေ ပေါ်မှာ လူတွေက ဆင်တွေနဲ့ အနင်း အနှိပ်ခံနေကြတာကို တွေ့ဖူးမှာပါ။ တကယ်လို့ စာဖတ်သူကိုယ်တိုင်က ထူးခြားတဲ့ အတွေ့အကြုံ စွန့်စားခန်းမျိုးတွေကိုမှ နှစ်သက်တယ်ဆိုရင်တော့ ဆင်အနင်းခံတာဟာ စာဖတ်သူအတွက်တော့ စိတ်ဝင်စားဖွယ်ရာ ဖြစ်ကောင်းဖြစ်မှာပါ။ ဒါပေမယ့် လူတွေကို နင်း တတ်၊ နှိပ်တတ်တဲ့ ဆင်လေးတွေ ရဲ့နောက်မှာ ဝမ်းနည်း ဖို့ကောင်းတဲ့ အမှန်တရား တွေလည်း ရှိနေပါတယ်။

များသောအားဖြင့်တော့ ဒီလိုဆင် အနင်းအနှိပ်ခံတဲ့ ဓာတ်ပုံမျိုး ဗီဒီယိုမျိုးတွေ ကို ထိုင်းနိုင်ငံ ဖူးခက်မှာ ရိုက်ကူးထားတာ တွေ့ရမှာပါ။ တစ်ခါတစ်လေ လည်း ဆင်တစ်ကောင်က အောက်မှာ ဝမ်းလျား မှောက်ထားတဲ့ လူတစ်ယောက်ပေါ် ကို ခြေထောက်တစ်ချောင်းတင်ပြီး နင်းပေးတာ၊ တစ်ခါ တစ်လေလည်း သူတို့ရဲ့နှာမောင်း နဲ့ လူကို အသာအယာ ဖွဖိပြီး နှိပ်နယ်ပေးနေတာတွေလည်း မြင်ဖူးကြမှာပါ။ ဒီလိုဓာတ်ပုံ ဗီဒီယိုလေးတွေကို သာမန် အတိုင်းကြည့်ရင်တော့ ဆင်လေးတွေဟာ အရမ်းလိမ္မာတာပဲ ၊ နှိပ်တတ်နင်းတတ်လိုက်တာဆိုပြီး ချီးကျူး လောက်စရာပါ။

ဒါပေမယ် အခုလို လူကို နင်းတတ် နှိပ်တတ်ဖို့ အတွက် သူတို့လေးတွေဟာ အရမ်းကို ဆင်းရဲပင်ပန်းကြီးစွာ လေ့ကျင့် သင်ကြားခံခဲ့ရပါတယ်။ ဆင်လေးတွေ ကို သူတို့ငယ်ငယ်လေး ထဲက မိခင်ကြီးနဲ့ ခွဲထုတ်ပြီး ထားပါတယ်။ ပြီးတဲ့အခါ ဆင်ပေါက်လေးတွေကို ဒဏ်ရာ အနာတရရအောင် လုပ်တာပဲဖြစ်ဖြစ်၊ အချွန် တစ်ခုခု နဲ့ ထိုးတာပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ်လည်း လှောင်အိမ်ထဲ သော့ခတ် ထားပြီးပဲ ဖြစ်ဖြစ် ထိန်းသိမ်းပြီး သူတို့ကို အစာငတ်ရေငတ်ထားကြပါတယ်။

ဆင်ပေါက် လေးတွေဟာ သူတို့ကို လေ့ကျင့်ပေးနေ တဲ့ အခုလို ကာလအတွင်း မှာ အစာငတ်မွတ်တာ၊ ရေငတ်တာ၊ အိပ်ရေးပျက်တာစတဲ့ ဆိုးကျိုး မျိုးစုံကို ခံစားကြရပါတယ်။ တကယ်လို့များ လေ့ကျင့်ရေး အရမ်းပြင်းထန် လွန်းခဲ့ရင် တချို့ဆင်လေးတွေဟာ မခံနိုင်တော့ပဲ သေကုန် တာမျိုးလည်း ရှိပါတယ်။

ဆင်ထိန်းတွေဟာ ဒီလို ရက်စက်တဲ့နည်းလမ်းတွေ နဲ့ ဆင်တွေကို ပုံစံပေးကာ ဆင်တွေ ရဲ့မာန်စိတ်ကို ချိုးချတာ ဖြစ်ပါတယ်။ ပြီးတဲ့ နောက်မှ လူတွေကို ဘယ်လို နင်းနှိပ်ရတာ၊ ကမ္ဘာလှည့် ခရီးသည်တွေ ကို ဆောင်ယူပြီး လိုက် ပို့ရတာ စတဲ့အချက်တွေကို ဆင်လေးတွေကို သင်ပေးတာပါ။ ဒါကြောင့် ဂရုဏာ သက်ဖွယ်ကောင်းတဲ့ သူတို့ ရဲ့ ဘဝလေးတွေကို ညှာတာတဲ့အနေနဲ့ သူတို့လေးတွေကို လူတွေရဲ့စိတ်အပန်းဖြေရာသက်သက်အဖြစ် အသုံးမချသင့်ပါဘူး။ အခုဆိုရင်တော့ စာဖတ်သူတွေဟာ အနှိပ်သည်ဆင်ကလေးတွေရဲ့ သနားဖွယ်ကောင်းတဲ့ ဘဝအကြောင်းတွေ ကို elitereaders ကနေ တဆင့် ဖတ်ရှုလိုက်ရတာပဲ ဖြစ်ပါတော့တယ်။

Zawgyi ျဖင့္ဖတ္ရန္

ဆိုရွယ္ မီဒီယာေတြ ေပၚမွာ လူေတြက ဆင္ေတြနဲ႔ အနင္း အႏွိပ္ခံေနၾကတာကို ေတြ႕ဖူးမွာပါ။ တကယ္လို႔ စာဖတ္သူကိုယ္တိုင္က ထူးျခားတဲ့ အေတြ႕အႀကဳံ စြန႔္စားခန္းမ်ိဳးေတြကိုမွ ႏွစ္သက္တယ္ဆိုရင္ေတာ့ ဆင္အနင္းခံတာဟာ စာဖတ္သူအတြက္ေတာ့ စိတ္ဝင္စားဖြယ္ရာ ျဖစ္ေကာင္းျဖစ္မွာပါ။ ဒါေပမယ့္ လူေတြကို နင္း တတ္၊ ႏွိပ္တတ္တဲ့ ဆင္ေလးေတြ ရဲ႕ေနာက္မွာ ဝမ္းနည္း ဖို႔ေကာင္းတဲ့ အမွန္တရား ေတြလည္း ရွိေနပါတယ္။

မ်ားေသာအားျဖင့္ေတာ့ ဒီလိုဆင္ အနင္းအႏွိပ္ခံတဲ့ ဓာတ္ပုံမ်ိဳး ဗီဒီယိုမ်ိဳးေတြ ကို ထိုင္းႏိုင္ငံ ဖူးခက္မွာ ႐ိုက္ကူးထားတာ ေတြ႕ရမွာပါ။ တစ္ခါတစ္ေလ လည္း ဆင္တစ္ေကာင္က ေအာက္မွာ ဝမ္းလ်ား ေမွာက္ထားတဲ့ လူတစ္ေယာက္ေပၚ ကို ေျခေထာက္တစ္ေခ်ာင္းတင္ၿပီး နင္းေပးတာ၊ တစ္ခါ တစ္ေလလည္း သူတို႔ရဲ႕ႏွာေမာင္း နဲ႔ လူကို အသာအယာ ဖြဖိၿပီး ႏွိပ္နယ္ေပးေနတာေတြလည္း ျမင္ဖူးၾကမွာပါ။ ဒီလိုဓာတ္ပုံ ဗီဒီယိုေလးေတြကို သာမန္ အတိုင္းၾကည့္ရင္ေတာ့ ဆင္ေလးေတြဟာ အရမ္းလိမၼာတာပဲ ၊ ႏွိပ္တတ္နင္းတတ္လိုက္တာဆိုၿပီး ခ်ီးက်ဴး ေလာက္စရာပါ။

ဒါေပမယ္ အခုလို လူကို နင္းတတ္ ႏွိပ္တတ္ဖို႔ အတြက္ သူတို႔ေလးေတြဟာ အရမ္းကို ဆင္းရဲပင္ပန္းႀကီးစြာ ေလ့က်င့္ သင္ၾကားခံခဲ့ရပါတယ္။ ဆင္ေလးေတြ ကို သူတို႔ငယ္ငယ္ေလး ထဲက မိခင္ႀကီးနဲ႔ ခြဲထုတ္ၿပီး ထားပါတယ္။ ၿပီးတဲ့အခါ ဆင္ေပါက္ေလးေတြကို ဒဏ္ရာ အနာတရရေအာင္ လုပ္တာပဲျဖစ္ျဖစ္၊ အခြၽန္ တစ္ခုခု နဲ႔ ထိုးတာပဲ ျဖစ္ျဖစ္၊ ဒါမွမဟုတ္လည္း ေလွာင္အိမ္ထဲ ေသာ့ခတ္ ထားၿပီးပဲ ျဖစ္ျဖစ္ ထိန္းသိမ္းၿပီး သူတို႔ကို အစာငတ္ေရငတ္ထားၾကပါတယ္။

ဆင္ေပါက္ ေလးေတြဟာ သူတို႔ကို ေလ့က်င့္ေပးေန တဲ့ အခုလို ကာလအတြင္း မွာ အစာငတ္မြတ္တာ၊ ေရငတ္တာ၊ အိပ္ေရးပ်က္တာစတဲ့ ဆိုးက်ိဳး မ်ိဳးစုံကို ခံစားၾကရပါတယ္။ တကယ္လို႔မ်ား ေလ့က်င့္ေရး အရမ္းျပင္းထန္ လြန္းခဲ့ရင္ တခ်ိဳ႕ဆင္ေလးေတြဟာ မခံႏိုင္ေတာ့ပဲ ေသကုန္ တာမ်ိဳးလည္း ရွိပါတယ္။

ဆင္ထိန္းေတြဟာ ဒီလို ရက္စက္တဲ့နည္းလမ္းေတြ နဲ႔ ဆင္ေတြကို ပုံစံေပးကာ ဆင္ေတြ ရဲ႕မာန္စိတ္ကို ခ်ိဳးခ်တာ ျဖစ္ပါတယ္။ ၿပီးတဲ့ ေနာက္မွ လူေတြကို ဘယ္လို နင္းႏွိပ္ရတာ၊ ကမာၻလွည့္ ခရီးသည္ေတြ ကို ေဆာင္ယူၿပီး လိုက္ ပို႔ရတာ စတဲ့အခ်က္ေတြကို ဆင္ေလးေတြကို သင္ေပးတာပါ။ ဒါေၾကာင့္ ဂ႐ုဏာ သက္ဖြယ္ေကာင္းတဲ့ သူတို႔ ရဲ႕ ဘဝေလးေတြကို ညႇာတာတဲ့အေနနဲ႔ သူတို႔ေလးေတြကို လူေတြရဲ႕စိတ္အပန္းေျဖရာသက္သက္အျဖစ္ အသုံးမခ်သင့္ပါဘူး။ အခုဆိုရင္ေတာ့ စာဖတ္သူေတြဟာ အႏွိပ္သည္ဆင္ကေလးေတြရဲ႕ သနားဖြယ္ေကာင္းတဲ့ ဘဝအေၾကာင္းေတြ ကို elitereaders ကေန တဆင့္ ဖတ္ရႈလိုက္ရတာပဲ ျဖစ္ပါေတာ့တယ္။

Credit:လင္းလင္း (ShweMom)

Focus Myanmar Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment