ကပ်ရောဂါ ဖြစ်လာနိုင်တဲ့ အလားအလာရှိ ဝက်တုပ်ကွေး ဗိုင်းရပ်စ်သစ်တစ်မျိုး တရုတ်မှာတွေ့ရ

Unicode ဖြင့်ဖတ်ရန်

တရုတ်မှာတွေ့ရတဲ့ ဝက်တုပ်ကွေး ဗိုင်းရပ်စ်သစ်တစ်မျိုးက ကပ်ရောဂါအသွင် ဖြစ်လာနိုင်တဲ့ အလားအလာရှိမှုကို သုတေသီတွေက တွေ့ရှိခဲ့ကြောင်း ဇွန် ၂၉ ရက်နေ့က အမေရိကန် သိပ္ပံပညာဂျာနယ် Proceedings of the National Academy of Sciences (PNAS) မှာ ဖော်ပြထားတဲ့ လေ့လာမှုတစ်ခုအရ သိရှိရပါတယ်။

(Photo: Reuters)

G4 လို့ အမည်ပေးထားတဲ့ အဆိုပါ ဝက်တုပ်ကွေးဗိုင်းရပ်စ် (swine flu) ဟာ ၂၀၀၉ ခုနှစ်က ကပ်ရောဂါဖြစ်စေခဲ့တဲ့ H1N1 နဲ့ ကွဲပြားတယ်လို့ ဆိုပါတယ်။ ဝက်တုပ်ကွေးဗိုင်းရပ်စ်သစ်က လူတွေကို ကူးစက်နိုင်မှု မြင့်မားကြောင်း တွေ့ရှိရတယ်လို့ သုတေသနစာတမ်းကို ရေးသားခဲ့ကြတဲ့ တရုတ်တက္ကသိုလ်များနဲ့ တရုတ်နိုင်ငံရဲ့ ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဌာန (Center for Disease Control and Prevention) မှ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

၂၀၁၁ မှ ၂၀၁၈ ခုနှစ်အထိ တရုတ်ပြည်နယ် ၁၀ ခုရှိ သားသတ်ရုံများနဲ့ တိရိစ္ဆာန်ဆေးရုံတစ်ခုတို့မှ ဝက်အကောင်ရေ ၃၀,၀၀၀ ရဲ့ နှာခေါင်းတို့ဖတ် ဓာတ်ခွဲနမူနာများ ရယူခဲ့ပြီး ၎င်းတို့အနက်မှ ဝက်တုပ်ကွေးဗိုင်းရပ်စ် ၁၇၉ ခုကို သီးခြားခွဲထားခဲ့ပါတယ်။ ထိုဗိုင်းရပ်စ်တွေအနက် အများစုဟာ ၂၀၁၆ ခုနှစ်ကတည်း ဝက်တွေမှာ ရှိနေခဲ့တဲ့ ဗိုင်းရ်စ်အမျိုးအစားသစ် ဖြစ်တယ်လို့ ဆိုပါတယ်။

(Photo: Reuters)

ထို့နောက် သုတေသီတွေကတော့ ဗိုင်းရပ်စ်ကို မြွေပါကောင်တွေ အပါအဝင် တိရိစ္ဆာန်တွေမှာ စမ်းသပ်ခဲ့ပါတယ်။ မြွေပါတွေဟာ လူတွေမှကဲ့သို့ ဖျားခြင်း၊ ချောင်းဆိုးခြင်းနဲ့ နှာချေခြင်းတို့ အဓိကအားဖြင့် ဖြစ်ပေါ်တာကြောင့် ၎င်းတို့ကို တုပ်ကွေးနဲ့ပတ်သက်တဲ့ သုတေသနတွေမှာ အသုံးပြုကြပါတယ်။

သုတေသီတွေရဲ့ လေ့လာတွေ့ရှိမှုအရ G4 ဗိုင်းရပ်စ်ဟာ အခြား ဗိုင်းရပ်စ်တွေထက် မြွေပါတွေမှာ ကူးစက်မြန်ပြီး ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ ဖြစ်ပေါ်ကြောင်း သိရပါတယ်။ ထို့အတူ လူတွေ ထိုးနှံနေကြတဲ့ ရာသီတုပ်ကွေး ကာကွယ်ဆေးတွေက G4 ကို မကာကွယ်နိုင်ကြောင်းလည်း လေ့လာတွေ့ရှိခဲ့ရပါတယ်။

(Photo: Sky News)

ဝက်တုပ်ကွေးဗိုင်းရပ်စ်သစ် G4 ဟာ တိရိစ္ဆာန်တွေကနေ လူတွေကို ကူးစက်ခဲ့ပေမဲ့ လက်ရှိအချိန်အထိတော့ လူတစ်ဦးမှတစ်ဦးသို့ ကူးစက်မှု အထောက်အထား မတွေ့ရသေးပါဘူး။ သိပ္ပံပညာရှင်တွေကို လူတစ်ဦးမှတစ်ဦးသို့ အဆိုပါ ဝက်တုပ်ကွေးဗိုင်းရပ်စ် ကူးစက်မှာကို အဓိက စိုးရိမ်ပူပန်နေကြကြောင်း AFP သတင်းမှာ ဖော်ပြပါတယ်။

လူတွေမှာ ကူးစက်တဲ့ G4 ဗိုင်းရပ်စ်က နောက်ထပ် လူတွေကို ကူးစက်သွားမှာကို စိုးရိမ်ပါတယ်၊ ဒီလိုဆိုရင် လူအချင်းချင်းကြား ကူးစက်တဲ့ ကပ်ရောဂါဖြစ်ပွားနိုင်တဲ့အန္တရာယ် မြင့်တက်လာပါတယ်” လို့ သုတေသီတွေက ပြောထားပါတယ်။ သုတေသီတွေက G4 နဲ့ ပတ်သက်တဲ့ ယခု သုတေသနတွေ့ရှိမှု ထုတ်ပြန်မှုနဲ့အတူ ဝက်တွေနဲ့ အလုပ်လုပ်ကိုင်နေသူတွေကို စောင့်ကြည့်မှုများ အစောတလျင် ဆောင်ရွက်ကြရန်လည်း တိုက်တွန်းထားပါတယ်။

Zawgyi ျဖင့္ဖတ္ရန္

တ႐ုတ္မွာေတြ႕ရတဲ့ ဝက္တုပ္ေကြး ဗိုင္းရပ္စ္သစ္တစ္မ်ိဳးက ကပ္ေရာဂါအသြင္ ျဖစ္လာႏိုင္တဲ့ အလားအလာရွိမႈကို သုေတသီေတြက ေတြ႕ရွိခဲ့ေၾကာင္း ဇြန္ ၂၉ ရက္ေန႔က အေမရိကန္ သိပၸံပညာဂ်ာနယ္ Proceedings of the National Academy of Sciences (PNAS) မွာ ေဖာ္ျပထားတဲ့ ေလ့လာမႈတစ္ခုအရ သိရွိရပါတယ္။

(Photo: Reuters)

G4 လို႔ အမည္ေပးထားတဲ့ အဆိုပါ ဝက္တုပ္ေကြးဗိုင္းရပ္စ္ (swine flu) ဟာ ၂၀၀၉ ခုႏွစ္က ကပ္ေရာဂါျဖစ္ေစခဲ့တဲ့ H1N1 နဲ႔ ကြဲျပားတယ္လို႔ ဆိုပါတယ္။ ဝက္တုပ္ေကြးဗိုင္းရပ္စ္သစ္က လူေတြကို ကူးစက္ႏိုင္မႈ ျမင့္မားေၾကာင္း ေတြ႕ရွိရတယ္လို႔ သုေတသနစာတမ္းကို ေရးသားခဲ့ၾကတဲ့ တ႐ုတ္တကၠသိုလ္မ်ားနဲ႔ တ႐ုတ္ႏိုင္ငံရဲ႕ ေရာဂါကာကြယ္ေရးနဲ႔ ထိန္းခ်ဳပ္ေရးဌာန (Center for Disease Control and Prevention) မွ သိပၸံပညာရွင္ေတြက ေျပာပါတယ္။

၂၀၁၁ မွ ၂၀၁၈ ခုႏွစ္အထိ တ႐ုတ္ျပည္နယ္ ၁၀ ခုရွိ သားသတ္႐ုံမ်ားနဲ႔ တိရိစာၦန္ေဆး႐ုံတစ္ခုတို႔မွ ဝက္အေကာင္ေရ ၃၀,၀၀၀ ရဲ႕ ႏွာေခါင္းတို႔ဖတ္ ဓာတ္ခြဲနမူနာမ်ား ရယူခဲ့ၿပီး ၎တို႔အနက္မွ ဝက္တုပ္ေကြးဗိုင္းရပ္စ္ ၁၇၉ ခုကို သီးျခားခြဲထားခဲ့ပါတယ္။ ထိုဗိုင္းရပ္စ္ေတြအနက္ အမ်ားစုဟာ ၂၀၁၆ ခုႏွစ္ကတည္း ဝက္ေတြမွာ ရွိေနခဲ့တဲ့ ဗိုင္းရ္စ္အမ်ိဳးအစားသစ္ ျဖစ္တယ္လို႔ ဆိုပါတယ္။

(Photo: Reuters)

ထို႔ေနာက္ သုေတသီေတြကေတာ့ ဗိုင္းရပ္စ္ကို ေႁမြပါေကာင္ေတြ အပါအဝင္ တိရိစာၦန္ေတြမွာ စမ္းသပ္ခဲ့ပါတယ္။ ေႁမြပါေတြဟာ လူေတြမွကဲ့သို႔ ဖ်ားျခင္း၊ ေခ်ာင္းဆိုးျခင္းနဲ႔ ႏွာေခ်ျခင္းတို႔ အဓိကအားျဖင့္ ျဖစ္ေပၚတာေၾကာင့္ ၎တို႔ကို တုပ္ေကြးနဲ႔ပတ္သက္တဲ့ သုေတသနေတြမွာ အသုံးျပဳၾကပါတယ္။

သုေတသီေတြရဲ႕ ေလ့လာေတြ႕ရွိမႈအရ G4 ဗိုင္းရပ္စ္ဟာ အျခား ဗိုင္းရပ္စ္ေတြထက္ ေႁမြပါေတြမွာ ကူးစက္ျမန္ၿပီး ျပင္းထန္တဲ့ ေရာဂါလကၡဏာေတြ ျဖစ္ေပၚေၾကာင္း သိရပါတယ္။ ထို႔အတူ လူေတြ ထိုးႏွံေနၾကတဲ့ ရာသီတုပ္ေကြး ကာကြယ္ေဆးေတြက G4 ကို မကာကြယ္ႏိုင္ေၾကာင္းလည္း ေလ့လာေတြ႕ရွိခဲ့ရပါတယ္။

(Photo: Sky News)

ဝက္တုပ္ေကြးဗိုင္းရပ္စ္သစ္ G4 ဟာ တိရိစာၦန္ေတြကေန လူေတြကို ကူးစက္ခဲ့ေပမဲ့ လက္ရွိအခ်ိန္အထိေတာ့ လူတစ္ဦးမွတစ္ဦးသို႔ ကူးစက္မႈ အေထာက္အထား မေတြ႕ရေသးပါဘူး။ သိပၸံပညာရွင္ေတြကို လူတစ္ဦးမွတစ္ဦးသို႔ အဆိုပါ ဝက္တုပ္ေကြးဗိုင္းရပ္စ္ ကူးစက္မွာကို အဓိက စိုးရိမ္ပူပန္ေနၾကေၾကာင္း AFP သတင္းမွာ ေဖာ္ျပပါတယ္။

လူေတြမွာ ကူးစက္တဲ့ G4 ဗိုင္းရပ္စ္က ေနာက္ထပ္ လူေတြကို ကူးစက္သြားမွာကို စိုးရိမ္ပါတယ္၊ ဒီလိုဆိုရင္ လူအခ်င္းခ်င္းၾကား ကူးစက္တဲ့ ကပ္ေရာဂါျဖစ္ပြားႏိုင္တဲ့အႏၲရာယ္ ျမင့္တက္လာပါတယ္” လို႔ သုေတသီေတြက ေျပာထားပါတယ္။ သုေတသီေတြက G4 နဲ႔ ပတ္သက္တဲ့ ယခု သုေတသနေတြ႕ရွိမႈ ထုတ္ျပန္မႈနဲ႔အတူ ဝက္ေတြနဲ႔ အလုပ္လုပ္ကိုင္ေနသူေတြကို ေစာင့္ၾကည့္မႈမ်ား အေစာတလ်င္ ေဆာင္႐ြက္ၾကရန္လည္း တိုက္တြန္းထားပါတယ္။

Credit; Duwun

Focus Myanmar Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment