ပြည်တွင်းဖြစ် PPE နဲ့ Mask တွေကို အရည်အသွေးစစ်နိုင်တဲ့နေရာမရှိလို့ ပြည်ပကိုပို့ဆောင်ရန် အခက်တွေ့

Unicode ဖြင့်ဖတ်ရန်

ပြည်တွင်း မှာချုပ်လုပ်နေတဲ့ PPE ဝတ်စုံနဲ့ Mask တွေဟာပြည်ပကို ထိုးဖောက်နိုင်ဖို့ အတွက် နိုင်ငံတကာစံနှုန်းနဲ့ အသိအမှတ်ပြု စစ်ဆေးရေးကိစ္စတွေလိုအပ်ချက်ရှိနေတယ်လို့ အထည်ချုပ်လုပ်ငန်းရှင်တွေဆီကသိရပါတယ်။

မြန်မာနိုင်ငံက အထည်ချုပ်စက်ရုံတွေမှာ ထုတ်လုပ်နေတဲ့PPE နဲ့ Mask တွေရဲ့အရည်အသွေးက ကိုဗစ်-၁၉ရောဂါပိုးကူးစက်မှုကို ၁၀၀ရာခိုင်နှုန်းကာကွယ်နိုင်ခြင်းရှိ/မရှိကို ပြည်တွင်းမှာ စစ်ဆေးနိုင်တဲ့ သုတေသနနေရာမရှိသလို ပြည်ပကိုပို့ဆောင်စမ်းသပ်ဖို့အတွက်လည်း ရောဂါပိုးဂယက်ကြောင့် ပေးပို့စစ်ဆေးနိုင်ခြင်းမရှိတဲ့အတွက် ပြည်ပဈေးကွကို ထိုးဖောက်ရခက်ခဲနေတာပါ။ “အခုဆို PPE ဝတ်စုံနဲ့ Mask အစ်မ တို့ချုပ်နေတယ်။ Medical အပိုင်းတွေ ပါတဲ့ အတွက် ကြိုးတော့ ကြိုးစားကြည့်တယ်။ ခက်ခဲတယ်။ Export သွားဖို့ထိတော့ မလွယ်ကူနိုင်ဘူး။ ပြည်ပဈေး ကွက်ထိုးဖောက်ဖို့ဆိုတာ လိုအပ်ချက်တွေက တအား များလွန်းပါတယ်။ ဓာတုစမ်းသပ် စစ်ဆေးချက်တွေ ပစ္စည်းတွေ စသဖြင့်ပေါ့နော် လိုအပ်ချက်တွေကရှိတယ်” လို့ရွှေဆည်းဆာ အထည်ချုပ်လုပ်ငန်း ပိုင်ရှင် မနှင်းသက်မွန် က ပြောပါတယ်။

လက်ရှိ ပြည်တွင်းအထည်ချုပ်စက်ရုံတွေက ထုတ်လုပ်နေတဲ့ PPE နဲ့ Mask တွေက ပြည်ပဈေးကွက်ပို့တဲ့ အဆင့်မမီသေးသလို ပြည်တွင်းဈေးကွက်မှာပါ ဝယ်လိုအားကျဆင်းနေတယ်လို့လည်းသိရပါတယ်။

“ဈေးကွက်ထိုးဖောက်ဖို့ကို အစ်မတို့လိုက်စစ်ဖို့ကြိုးစားတယ်။ ဒါပေမယ့် ဒီမှာ စစ်ဆေးတဲ့ နေရာမရှိဘူး။ ပြည်ပနိုင်ငံတွေကို ပို့ပြီး စစ်ဖို့ကြတော့လည်း လက်ရှိ ကိုဗစ်ကာလ အခြေအနေမို့ အဆင်မပြေဘူး အဲ့လိုအခြေအနေပါ”လို့ Garment အထည်ချုပ်လုပ်ငန်း ပိုင်ရှင် မနန်းလု က ပြောပါတယ်။

အထည်ချုပ်လုပ်ငန်းတွေအနေနဲ့ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားတဲ့အခြေအနေ ကြောင့် အထည်အမှာအော်ဒါရရှိမှု ခက်ခဲလာသလို ကုန်ကြမ်း ပြတ်လပ်မှုလည်း ရှိလာတဲ့အတွက် အထည်ချုပ်လုပ်ငန်းရှင်တချို့က ရောဂါကာကွယ်ရေး PPE ဝတ်စုံတွေနဲ့ နှာခေါင်းစည်း (Mask) တွေပြောင်းလဲချုပ်လာပြီး ပြည်တွင်းဈေးကွက်မှာ ဖြန့်ဖြူး ရောင်းချလာကြတာပါ။ ဒါပေမယ့် PPE နဲ့ Mask ချုပ်လုပ်ရောင်းချမှုက ယခင်ပြည်တွင်းမှာ ၁၀၀ ရာခိုင်နှုန်းလောက်ရောင်းချနိုင်ခဲ့ပေမယ့် လက်ရှိ မှာတော့ ၁၀ ရာခိုင်နှုန်းလောက်သာရှိလို့ PPE နဲ့ Mask ချုပ်လုပ်မှု ရပ်ဆိုင်းတာ၊ လျှော့ချတာမျိုးတွေလည်းလုပ်နေရတယ်လို့သိရပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သောသတင်းဖြစ်ပါသည်။

Zawgyi ျဖင့္ဖတ္ရန္

ျပည္တြင္း မွာခ်ဳပ္လုပ္ေနတဲ့ PPE ဝတ္စုံနဲ႔ Mask ေတြဟာျပည္ပကို ထိုးေဖာက္ႏိုင္ဖို႔ အတြက္ ႏိုင္ငံတကာစံႏႈန္းနဲ႔ အသိအမွတ္ျပဳ စစ္ေဆးေရးကိစၥေတြလိုအပ္ခ်က္ရွိေနတယ္လို႔ အထည္ခ်ဳပ္လုပ္ငန္းရွင္ေတြဆီကသိရပါတယ္။

ျမန္မာႏိုင္ငံက အထည္ခ်ဳပ္စက္႐ုံေတြမွာ ထုတ္လုပ္ေနတဲ့PPE နဲ႔ Mask ေတြရဲ႕အရည္အေသြးက ကိုဗစ္-၁၉ေရာဂါပိုးကူးစက္မႈကို ၁၀၀ရာခိုင္ႏႈန္းကာကြယ္ႏိုင္ျခင္းရွိ/မရွိကို ျပည္တြင္းမွာ စစ္ေဆးႏိုင္တဲ့ သုေတသနေနရာမရွိသလို ျပည္ပကိုပို႔ေဆာင္စမ္းသပ္ဖို႔အတြက္လည္း ေရာဂါပိုးဂယက္ေၾကာင့္ ေပးပို႔စစ္ေဆးႏိုင္ျခင္းမရွိတဲ့အတြက္ ျပည္ပေဈးကြကို ထိုးေဖာက္ရခက္ခဲေနတာပါ။ “အခုဆို PPE ဝတ္စုံနဲ႔ Mask အစ္မ တို႔ခ်ဳပ္ေနတယ္။ Medical အပိုင္းေတြ ပါတဲ့ အတြက္ ႀကိဳးေတာ့ ႀကိဳးစားၾကည့္တယ္။ ခက္ခဲတယ္။ Export သြားဖို႔ထိေတာ့ မလြယ္ကူႏိုင္ဘူး။ ျပည္ပေဈး ကြက္ထိုးေဖာက္ဖို႔ဆိုတာ လိုအပ္ခ်က္ေတြက တအား မ်ားလြန္းပါတယ္။ ဓာတုစမ္းသပ္ စစ္ေဆးခ်က္ေတြ ပစၥည္းေတြ စသျဖင့္ေပါ့ေနာ္ လိုအပ္ခ်က္ေတြကရွိတယ္” လို႔ေ႐ႊဆည္းဆာ အထည္ခ်ဳပ္လုပ္ငန္း ပိုင္ရွင္ မႏွင္းသက္မြန္ က ေျပာပါတယ္။

လက္ရွိ ျပည္တြင္းအထည္ခ်ဳပ္စက္႐ုံေတြက ထုတ္လုပ္ေနတဲ့ PPE နဲ႔ Mask ေတြက ျပည္ပေဈးကြက္ပို႔တဲ့ အဆင့္မမီေသးသလို ျပည္တြင္းေဈးကြက္မွာပါ ဝယ္လိုအားက်ဆင္းေနတယ္လို႔လည္းသိရပါတယ္။

“ေဈးကြက္ထိုးေဖာက္ဖို႔ကို အစ္မတို႔လိုက္စစ္ဖို႔ႀကိဳးစားတယ္။ ဒါေပမယ့္ ဒီမွာ စစ္ေဆးတဲ့ ေနရာမရွိဘူး။ ျပည္ပႏိုင္ငံေတြကို ပို႔ၿပီး စစ္ဖို႔ၾကေတာ့လည္း လက္ရွိ ကိုဗစ္ကာလ အေျခအေနမို႔ အဆင္မေျပဘူး အဲ့လိုအေျခအေနပါ”လို႔ Garment အထည္ခ်ဳပ္လုပ္ငန္း ပိုင္ရွင္ မနန္းလု က ေျပာပါတယ္။

အထည္ခ်ဳပ္လုပ္ငန္းေတြအေနနဲ႔ ကိုဗစ္-၁၉ ေရာဂါ ျဖစ္ပြားတဲ့အေျခအေန ေၾကာင့္ အထည္အမွာေအာ္ဒါရရွိမႈ ခက္ခဲလာသလို ကုန္ၾကမ္း ျပတ္လပ္မႈလည္း ရွိလာတဲ့အတြက္ အထည္ခ်ဳပ္လုပ္ငန္းရွင္တခ်ိဳ႕က ေရာဂါကာကြယ္ေရး PPE ဝတ္စုံေတြနဲ႔ ႏွာေခါင္းစည္း (Mask) ေတြေျပာင္းလဲခ်ဳပ္လာၿပီး ျပည္တြင္းေဈးကြက္မွာ ျဖန႔္ျဖဴး ေရာင္းခ်လာၾကတာပါ။ ဒါေပမယ့္ PPE နဲ႔ Mask ခ်ဳပ္လုပ္ေရာင္းခ်မႈက ယခင္ျပည္တြင္းမွာ ၁၀၀ ရာခိုင္ႏႈန္းေလာက္ေရာင္းခ်ႏိုင္ခဲ့ေပမယ့္ လက္ရွိ မွာေတာ့ ၁၀ ရာခိုင္ႏႈန္းေလာက္သာရွိလို႔ PPE နဲ႔ Mask ခ်ဳပ္လုပ္မႈ ရပ္ဆိုင္းတာ၊ ေလွ်ာ့ခ်တာမ်ိဳးေတြလည္းလုပ္ေနရတယ္လို႔သိရပါတယ္။

အလြတ္တန္းသတင္းေထာက္ ခ်စ္ခြန္းခ်ိဳေပးပို႔ေသာသတင္းျဖစ္ပါသည္။

Credit; Duwun

Focus Myanmar Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment