မိုးမောက် က ကျန်းမာရေးဝန်ထမ်း လူနာအမှတ် ၂၄၉မှာ နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့တော့

Unicode ဖြင့်ဖတ်ရန်

စတုတ္ထအကြိမ်မြောက် ရောဂါပိုး ရှိ/မရှိ စစ်ဆေးသွားဦးမှာ ဖြစ်ပြီး ၃ကြိမ်ဆက်တိုက် ပိုးမတွေ့တော့ရင် ဆေးရုံ မှာ ၇ရက်သီးသန့် ထပ်နေပြီးမှ နေရပ် မိုးမောက်ကို ပြန်ခွင့်ပြုမယ်လို့ သိရပါတယ်။

ကချင်ပြည်နယ် မိုးမောက်မြို့နယ်က ကိုဗစ်-၁၉ အတည်ပြုလူနာအမှတ် ၂၄၉မှာ ရောဂါပိုး ၂ကြိမ်ဆက်တိုက် မတွေ့ရ တော့ဘူးလို့ ဗန်းမော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းက Duwun ကိုပြောပါတယ်။

လူနာဟာ မိုးမောက်မြို့နယ်၊ ဝိန်ခမ်းကျေးရွာက သားဖွားဆရာမ တစ်ဦးဖြစ်ပြီး လွယ်ဂျယ် နယ်စပ်ဂိတ်က ပြန်တော်ပြန်တွေကို စစ်ဆေးပေးရတဲ့ကျန်းမာရေးဝန်ထမ်းအဖြစ်တာဝန်ထမ်းဆောင်ရင်း ရောဂါပိုး ကူးစက်ခံရတယ်လို့ သိရပါတယ်။

“လူနာကို ကျွန်တော်တို့ ဒုတိယအကြိမ်စစ်တာက ဇွန် ၁၈ရက်မှာစစ်တာ အဖြေကိုတော့ ဇွန်လ ၂၆နေ့က သိခဲ့ရပြီး အခု တတိယအကြိမ်ကိုတော့ ဇွန်လ ၃၀ရက်နေ့ ဒီနေ့ပဲ သိရတာပါ။ ရောဂါပိုး ၂ကြိမ်ဆက်တိုက် မတွေ့ရတော့ပေမယ့် ဆေးရုံက ဆင်းခွင့်ရဦးမှာမဟုတ်ဘဲ နောက်ထပ် စတုတ္ထအကြိမ် စစ်ဆေးနိုင်ဖို့ ဓာတ်ခွဲနမူနာကို ထပ်မံပို့ထားတယ်လို့သိရပါတယ်။အဲ့ဒီအဖြေမှာ ပိုးမတွေ့ရင်တော့ သူ့အနေနဲ့ သီးသန့်ဆောင်မှာ နောက်ထပ် ၇ရက် ထပ်နေ ပြီးရင် အိမ်ပြန်လို့ရပါပြီ။”လို့ ဦးအောင်သိန်းကပြောပါတယ်။

လူနာနဲ့ အနီးကပ်ထိတွေ့ခဲ့သူ စုစုပေါင်း ၂၂၆ဦးရှိပြီး အားလုံးကို ဓာတ်ခွဲစစ်ဆေးမှု ၂ကြိမ်တိတိပြုလုပ်ခဲ့ကာ ၂ကြိမ် စလုံးမှာ အားလုံးရဲ့ အဖြေက ပိုးမတွေ့ရဘူးလို့လည်း သိရပါသေးတယ်။

ရောဂါပိုး မတွေ့ကြပေမယ့်လည်း သတ်မှတ် ကွာရန်တင်း ကာလအတိုင်း ဝင်နေကြရဦးမှာ ဖြစ်လို့ အားလုံး သက်ဆိုင်ရာ နေရပ်ဒေသအသီးသီးမှာ ကွာရန်တင်း ဝင်နေကြရဆဲလို့ သိရပါတယ်။

လူနာအမှတ်(၂၄၉)ဟာ ကချင်ပြည်နယ်အတွင်း ဒုတိမြောက်တွေ့ရှိတဲ့ ကိုဗစ်-၁၉ ကူးစက်ခံရသူဖြစ်ပြီး ကချင်ပြည်နယ်မှာပထမဆုံးစတင်တွေ့ရှိခဲ့တဲ့လူနာအမှတ် ၁၄၄ကတော့ ရောဂါပိုး ပြန်လည်ပျောက်ကင်းသွားပြီလည်းဖြစ်ပါတယ်။

Zawgyi ျဖင့္ဖတ္ရန္

စတုတၳအႀကိမ္ေျမာက္ ေရာဂါပိုး ရွိ/မရွိ စစ္ေဆးသြားဦးမွာ ျဖစ္ၿပီး ၃ႀကိမ္ဆက္တိုက္ ပိုးမေတြ႕ေတာ့ရင္ ေဆး႐ုံ မွာ ၇ရက္သီးသန႔္ ထပ္ေနၿပီးမွ ေနရပ္ မိုးေမာက္ကို ျပန္ခြင့္ျပဳမယ္လို႔ သိရပါတယ္။

ကခ်င္ျပည္နယ္ မိုးေမာက္ၿမိဳ႕နယ္က ကိုဗစ္-၁၉ အတည္ျပဳလူနာအမွတ္ ၂၄၉မွာ ေရာဂါပိုး ၂ႀကိမ္ဆက္တိုက္ မေတြ႕ရ ေတာ့ဘူးလို႔ ဗန္းေမာ္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္သိန္းက Duwun ကိုေျပာပါတယ္။

လူနာဟာ မိုးေမာက္ၿမိဳ႕နယ္၊ ဝိန္ခမ္းေက်း႐ြာက သားဖြားဆရာမ တစ္ဦးျဖစ္ၿပီး လြယ္ဂ်ယ္ နယ္စပ္ဂိတ္က ျပန္ေတာ္ျပန္ေတြကို စစ္ေဆးေပးရတဲ့က်န္းမာေရးဝန္ထမ္းအျဖစ္တာဝန္ထမ္းေဆာင္ရင္း ေရာဂါပိုး ကူးစက္ခံရတယ္လို႔ သိရပါတယ္။

“လူနာကို ကြၽန္ေတာ္တို႔ ဒုတိယအႀကိမ္စစ္တာက ဇြန္ ၁၈ရက္မွာစစ္တာ အေျဖကိုေတာ့ ဇြန္လ ၂၆ေန႔က သိခဲ့ရၿပီး အခု တတိယအႀကိမ္ကိုေတာ့ ဇြန္လ ၃၀ရက္ေန႔ ဒီေန႔ပဲ သိရတာပါ။ ေရာဂါပိုး ၂ႀကိမ္ဆက္တိုက္ မေတြ႕ရေတာ့ေပမယ့္ ေဆး႐ုံက ဆင္းခြင့္ရဦးမွာမဟုတ္ဘဲ ေနာက္ထပ္ စတုတၳအႀကိမ္ စစ္ေဆးႏိုင္ဖို႔ ဓာတ္ခြဲနမူနာကို ထပ္မံပို႔ထားတယ္လို႔သိရပါတယ္။အဲ့ဒီအေျဖမွာ ပိုးမေတြ႕ရင္ေတာ့ သူ႔အေနနဲ႔ သီးသန႔္ေဆာင္မွာ ေနာက္ထပ္ ၇ရက္ ထပ္ေန ၿပီးရင္ အိမ္ျပန္လို႔ရပါၿပီ။”လို႔ ဦးေအာင္သိန္းကေျပာပါတယ္။

လူနာနဲ႔ အနီးကပ္ထိေတြ႕ခဲ့သူ စုစုေပါင္း ၂၂၆ဦးရွိၿပီး အားလုံးကို ဓာတ္ခြဲစစ္ေဆးမႈ ၂ႀကိမ္တိတိျပဳလုပ္ခဲ့ကာ ၂ႀကိမ္ စလုံးမွာ အားလုံးရဲ႕ အေျဖက ပိုးမေတြ႕ရဘူးလို႔လည္း သိရပါေသးတယ္။

ေရာဂါပိုး မေတြ႕ၾကေပမယ့္လည္း သတ္မွတ္ ကြာရန္တင္း ကာလအတိုင္း ဝင္ေနၾကရဦးမွာ ျဖစ္လို႔ အားလုံး သက္ဆိုင္ရာ ေနရပ္ေဒသအသီးသီးမွာ ကြာရန္တင္း ဝင္ေနၾကရဆဲလို႔ သိရပါတယ္။

လူနာအမွတ္(၂၄၉)ဟာ ကခ်င္ျပည္နယ္အတြင္း ဒုတိေျမာက္ေတြ႕ရွိတဲ့ ကိုဗစ္-၁၉ ကူးစက္ခံရသူျဖစ္ၿပီး ကခ်င္ျပည္နယ္မွာပထမဆုံးစတင္ေတြ႕ရွိခဲ့တဲ့လူနာအမွတ္ ၁၄၄ကေတာ့ ေရာဂါပိုး ျပန္လည္ေပ်ာက္ကင္းသြားၿပီလည္းျဖစ္ပါတယ္။

Credit;Duwun

Focus Myanmar Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment