တစ္ဆေမြို့တော်လို ခြောက်ကပ်သွားတဲ့ ဘန်ကောက်မြို့

Unicode ဖြင့်ဖတ်ရန်

တချိန်ကတော့ ဘန်ကောက်မြို့ ဟာ နိုင်ငံခြားသားခရီးသည်တွေနဲ့ စည်ကားနေလေ့ ရှိတဲ့ မြို့တမြို့ပါ။ လက်ရှိ အချိန်မှာတော့ ဘန်ကောက်မြို့ရဲ့ ဟိုတယ်တွေမှာ တည်းခိုကြမယ့် နိုင်ငံခြားသားခရီးသွားတွေ မရှိတော့တဲ့ ဟိုတယ်အများစုကို ပိတ်ထားရပါတယ်။ ထိုင်းနိုင်ငံမှာ ကိုဗစ် ကန့်သတ်မှုတွေကို ပြည်လည် လျှော့ချပေးခဲ့ပေမယ့် ဘန်ကောက်မြို့မှာ တိတ်ဆိတ်နေဆဲပါပဲ။

ဘန်ကောက်မြို့ရဲ့ ဒေသခံတဦး ဖြစ်သူ အာနန်ကလည်း သူ့ဘဝတလျှောက်မှာ ဘန်ကောက်မြို့ ဒီလောက်တိတ်ဆိတ်နေတာ မကြုံခဲ့ဖူးဘူးလို့ ပြောပါတယ်။ အာနန်ဟာ Sukhumvit 24 အနီးမှာ နေထိုင်သူတယောက်ဖြစ်ပြီး အဲဒီ ဧရိယာဟာ ထင်ရှားတဲ့ စားသောက်ဆိုင်တွေ၊ ကြယ်ငါးပွင့်ဟိုတယ်တွေနဲ့ ဈေး ဝယ်စင်တာကြီးတွေကြောင့် နာမည်ကျော် နေရာလည်း ဖြစ်ပါတယ်။ အခုချိန်မှာတော့ တချိန်ကထင် ရှားခဲ့တဲ့ ဧရိယာဟာ တိတ်ဆိတ်နေပါတယ်။

ထိုင်းနိုင်ငံမှာ ပြည်တွင်း ကူးစက်ခံရသူ မရှိတဲ့ရက် ၃၅ ရက် ဆက်တိုက်အထိ ရှိခဲ့ပါပြီ။ ကူးစက်လူနာသစ်တွေဟာလည်း ပြည်ပက ပြန်လာသူတွေဖြစ်ကြပြီး Quarantine ဝင်နေသူတွေ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ ဧပြီလကတည်းက ညမထွက်ရအမိန့် ထုတ်ခဲ့ပေမယ့် အခုအချိန်မှာတော့ ပြန်လည် ရုတ်သိမ်းခဲ့ပြီးဖြစ်သလို စီးပွားရေးလုပ်ငန်းတွေကိုလည်း ပြန်လည်ပတ်ခွင့် ပြုခဲ့ပါတယ်။ ဒါပေမဲ့လည်း တံခါးအများစုကတော့ ပိတ်ထားဆဲပါပဲ။

ဘန်ကောက်မြို့မှာ နေထိုင်သူတယောက်ကလည်း တချိန်က ဘန်ကောက်မြို့ဟာ နိုင်ငံခြားခရီးသွားတွေအများဆုံး လာရောက် လည်ပတ်တဲ့မြို့ ဖြစ်ပေမယ့် အခုကြုံနေရတဲ့ အခြေအနေကတော့ ယုံနိုင်စရာ မရှိဘူးလို့ ဆင်ဟွာ သတင်းဌာနကို ပြောပါတယ်။

အနှိပ်ခန်းပိုင်ရှင်တယောက်ဖြစ်သူ ရာဒါကလည်း နိုင်ငံခြားခရီးသွား မရှိတဲ့အတွက် စီးပွားရေးလုပ်ငန်းတွေက နှေးကွေးနေတုန်းပဲလို့ ပြောပါတယ်။ အရင်ကဆိုင်မှာ အလုပ်လုပ်ကိုင်နေသူ ၁၅ ယောက် ရှိခဲ့ပေမယ့် ကိုဗစ်ကြောင့် နေရပ်ပြန်သွားခဲ့ကြပါတယ်။ အလုပ်လုပ်ဖို့ ပြန်လည် ခေါ်ယူရာမှာတော့ ၅ ယောက်သာပြန်လာခဲ့တယ်လို့ ရာဒါက ပြောပါတယ်။

တကယ်တော့ ဘန်ကောက်မြို့တမြို့တည်း တိတ်ဆိတ်နေတာ မဟုတ်ပါဘူး။ နိုင်ငံတကာ ခရီးသွားတွေအလာများတဲ့ ဖူးခက်နဲ့ ပတ္တရားလို နေရာမှာလည်း တိတ်ဆိတ်နေတဲ့အတွက် ခရီးသွားလုပ်ငန်းရှင်တွေအနေနဲ့ ဆုံးရှုံးမှုတွေကို ခံစားနေရပါတယ်။

နိုင်ငံခြားသားခရီးသွားတွေ လာရောက်မှု မရှိဘဲ ဟိုတယ်၊ စားသောက်ဆိုင်တွေကို ပြန်ဖွင့်ဖို့ မလွယ်ကူပါဘူး။ ထိုင်းနိုင်ငံမှာ ခရီးသွားလုပ်ငန်းတွေကနေ ရရှိတဲ့ ဝင်ငွေဟာ တိုင်းပြည်စီးပွားရေးရဲ့ ၁၈ ရာခိုင်နှုန်းအထိ ရှိပြီး နိုင်ငံတကာ ခရီးသွားတွေကနေ နှစ်စဉ် ထိုင်းဘတ် ၂ ထရီလီယံအထိ ဝင်ငွေ ရှိပါတယ်။ လွန်ခဲ့တဲ့ ၅ လအတွင်း ထိုင်းမှာ ဝင်ငွေ ၅၇ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပါတယ်။

Ref: Chiangraitimes

Zawgyi ျဖင့္ဖတ္ရန္

တခ်ိန္ကေတာ့ ဘန္ေကာက္ၿမိဳ႕ဟာ ႏိုင္ငံျခားသားခရီးသည္ေတြနဲ႔ စည္ကားေနေလ့ ရွိတဲ့ ၿမိဳ႕တၿမိဳ႕ပါ။ လက္ရွိ အခ်ိန္မွာေတာ့ ဘန္ေကာက္ၿမိဳ႕ရဲ႕ ဟိုတယ္ေတြမွာ တည္းခိုၾကမယ့္ ႏိုင္ငံျခားသားခရီးသြားေတြ မရွိေတာ့တဲ့ ဟိုတယ္အမ်ားစုကို ပိတ္ထားရပါတယ္။ ထိုင္းႏိုင္ငံမွာ ကိုဗစ္ ကန႔္သတ္မႈေတြကို ျပည္လည္ ေလွ်ာ့ခ်ေပးခဲ့ေပမယ့္ ဘန္ေကာက္ၿမိဳ႕မွာ တိတ္ဆိတ္ေနဆဲပါပဲ။

ဘန္ေကာက္ၿမိဳ႕ရဲ႕ ေဒသခံတဦး ျဖစ္သူ အာနန္ကလည္း သူ႔ဘဝတေလွ်ာက္မွာ ဘန္ေကာက္ၿမိဳ႕ ဒီေလာက္တိတ္ဆိတ္ေနတာ မႀကဳံခဲ့ဖူးဘူးလို႔ ေျပာပါတယ္။ အာနန္ဟာ Sukhumvit 24 အနီးမွာ ေနထိုင္သူတေယာက္ျဖစ္ၿပီး အဲဒီ ဧရိယာဟာ ထင္ရွားတဲ့ စားေသာက္ဆိုင္ေတြ၊ ၾကယ္ငါးပြင့္ဟိုတယ္ေတြနဲ႔ ေဈး ဝယ္စင္တာႀကီးေတြေၾကာင့္ နာမည္ေက်ာ္ ေနရာလည္း ျဖစ္ပါတယ္။ အခုခ်ိန္မွာေတာ့ တခ်ိန္ကထင္ ရွားခဲ့တဲ့ ဧရိယာဟာ တိတ္ဆိတ္ေနပါတယ္။

ထိုင္းႏိုင္ငံမွာ ျပည္တြင္း ကူးစက္ခံရသူ မရွိတဲ့ရက္ ၃၅ ရက္ ဆက္တိုက္အထိ ရွိခဲ့ပါၿပီ။ ကူးစက္လူနာသစ္ေတြဟာလည္း ျပည္ပက ျပန္လာသူေတြျဖစ္ၾကၿပီး Quarantine ဝင္ေနသူေတြ ျဖစ္ပါတယ္။

ထိုင္းႏိုင္ငံမွာ ဧၿပီလကတည္းက ညမထြက္ရအမိန႔္ ထုတ္ခဲ့ေပမယ့္ အခုအခ်ိန္မွာေတာ့ ျပန္လည္ ႐ုတ္သိမ္းခဲ့ၿပီးျဖစ္သလို စီးပြားေရးလုပ္ငန္းေတြကိုလည္း ျပန္လည္ပတ္ခြင့္ ျပဳခဲ့ပါတယ္။ ဒါေပမဲ့လည္း တံခါးအမ်ားစုကေတာ့ ပိတ္ထားဆဲပါပဲ။

ဘန္ေကာက္ၿမိဳ႕မွာ ေနထိုင္သူတေယာက္ကလည္း တခ်ိန္က ဘန္ေကာက္ၿမိဳ႕ဟာ ႏိုင္ငံျခားခရီးသြားေတြအမ်ားဆုံး လာေရာက္ လည္ပတ္တဲ့ၿမိဳ႕ ျဖစ္ေပမယ့္ အခုႀကဳံေနရတဲ့ အေျခအေနကေတာ့ ယုံႏိုင္စရာ မရွိဘူးလို႔ ဆင္ဟြာ သတင္းဌာနကို ေျပာပါတယ္။

အႏွိပ္ခန္းပိုင္ရွင္တေယာက္ျဖစ္သူ ရာဒါကလည္း ႏိုင္ငံျခားခရီးသြား မရွိတဲ့အတြက္ စီးပြားေရးလုပ္ငန္းေတြက ေႏွးေကြးေနတုန္းပဲလို႔ ေျပာပါတယ္။ အရင္ကဆိုင္မွာ အလုပ္လုပ္ကိုင္ေနသူ ၁၅ ေယာက္ ရွိခဲ့ေပမယ့္ ကိုဗစ္ေၾကာင့္ ေနရပ္ျပန္သြားခဲ့ၾကပါတယ္။ အလုပ္လုပ္ဖို႔ ျပန္လည္ ေခၚယူရာမွာေတာ့ ၅ ေယာက္သာျပန္လာခဲ့တယ္လို႔ ရာဒါက ေျပာပါတယ္။

တကယ္ေတာ့ ဘန္ေကာက္ၿမိဳ႕တၿမိဳ႕တည္း တိတ္ဆိတ္ေနတာ မဟုတ္ပါဘူး။ ႏိုင္ငံတကာ ခရီးသြားေတြအလာမ်ားတဲ့ ဖူးခက္နဲ႔ ပတၱရားလို ေနရာမွာလည္း တိတ္ဆိတ္ေနတဲ့အတြက္ ခရီးသြားလုပ္ငန္းရွင္ေတြအေနနဲ႔ ဆုံးရႈံးမႈေတြကို ခံစားေနရပါတယ္။

ႏိုင္ငံျခားသားခရီးသြားေတြ လာေရာက္မႈ မရွိဘဲ ဟိုတယ္၊ စားေသာက္ဆိုင္ေတြကို ျပန္ဖြင့္ဖို႔ မလြယ္ကူပါဘူး။ ထိုင္းႏိုင္ငံမွာ ခရီးသြားလုပ္ငန္းေတြကေန ရရွိတဲ့ ဝင္ေငြဟာ တိုင္းျပည္စီးပြားေရးရဲ႕ ၁၈ ရာခိုင္ႏႈန္းအထိ ရွိၿပီး ႏိုင္ငံတကာ ခရီးသြားေတြကေန ႏွစ္စဥ္ ထိုင္းဘတ္ ၂ ထရီလီယံအထိ ဝင္ေငြ ရွိပါတယ္။ လြန္ခဲ့တဲ့ ၅ လအတြင္း ထိုင္းမွာ ဝင္ေငြ ၅၇ ရာခိုင္ႏႈန္းအထိ က်ဆင္းခဲ့ပါတယ္။

Ref: Chiangraitimes

Credit: irrawaddy

Focus Myanmar Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment