ထီးသွားလှူမယ့်နေရာလေးက လူတွေကိုသနားလို့ အာဟာရမုန့်တွေပါ ထပ်လှူပေးသွားမယ်ဆိုတဲ့ ခိုင်နှင်းဝေ

Unicodeဖြင့်ဖတ်ရန်

 

ပရဟိတမင်းသမီးတစ်လက်အနေနဲ့ ပရိသတ်တွေလေးစားချစ်ခင်နေရတဲ့ ခိုင်နှင်းဝေကတော့ သူတတ်နိုင်တဲ့ဘက်ကနေ အကူညီမဲ့နေတဲ့နေရာတွေကို ကူညီနေသလို ခိုင်နှင်းဝေရင်သွေးလေးများဂေဟာတည်ထောင်ပြီး မိဘမဲ့ကလေးတွေကိုလည်း စောင့်ရှောက်ကူညီနေသူပါ။ သူကတော့ အခုလိုသည်းထန်စွာရွာသွန်းနေတဲ့မိုးတွင်းကာလမှာ အကာအကွယ်မဲ့နေတဲ့သူတွေအတွက် မကြာသေးခင်က ဖိနပ်များသွားရောက်လှူဒါန်းပေးခဲ့ပြီး ဒီတစ်ခေါက်မှာတော့ ထီးအလက်ပေါင်း(၄၀၀) လှူဒါန်းပေးသွားမှာဖြစ်ပါတယ်။

ထီးလှူဒါန်းရတဲ့ အကျိုးကြောင့် မိမိမှာ အကာအကွယ်ရတတ်သလို သူများကို အရိပ်ပေး၍ မိမိလည်း အရိပ်ကောင်းကောင်းနဲ့ဘဝလမ်းခရီးဖြောင့်ဖြူးနိုင်စေဖို့အတွက် နိဗ္ဗာန်ဆော်ကာ ဦးဆောင်လှူဒါန်းပေးခဲ့ခြင်းဖြစ်ပြီး တကယ်လိုအပ်နေတဲ့နေရာလေးကို သွားရောက်လှူဒါန်းပေးသွားမှာပါ။ ဒါ့အပြင် မနက်ဖြန်သွားရောက်လှူဒါန်းပေးမယ့် နေရာလေးကို ကြည့်ပြီး ခိုင်နှင်းဝေကတော့ “အနီးအနားက လူများက ထင်ထားတာထက် ပိုပြီး ချို့တဲ့နေတာ မြင်တော့ ကျွန်မ ရင်ထဲ တတ်နိုင်တာထက် ပိုတဲ့ သဒ္ဓါတရားပိုလာလို့ သူတို့လေးတွေစားဖို့ မုန့်များပါ ထပ်မံ လှူဒါန်းပေးသွားမှာ ဖြစ်ပါတယ်ရှင် ” ဆိုပြီးတော့လည်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ် ပရိသတ်ကြီးရေ..

ခိုင်နှင်းဝေကတော့ မနက်ဖြန်မှာ အမှိုက်ပုံကို မှီတွယ်စားသောက်နေရတဲ့ ချို့တဲ့နွမ်းပါးသူတွေအတွက် ထီးအလက်(၄၀၀) လှူဒါန်းပေးသွားမှာဖြစ်ပြီး အာဟာရမုန့်တွေပါ လှူဒါန်းပေးသွားပါမယ်တဲ့ပရိသတ်ကြီးရေ.. လိုအပ်တဲ့နေရာတွေကို ထိထိရောက်ရောက်ကူညီပေးနေတဲ့ ခိုင်နှင်းဝေရဲ့ ပရဟိတအလှူတွေအတွက် သာဓုခေါ်ပေးခဲ့ကြပါဦးနော်။

Source – Khine Hnin Wai

Credit:Rainbow- Cele Gabar

 

Zawgyiျဖင့္ဖတ္ရန္

 

ထီးသြားလႉမယ့္ေနရာေလးက လူေတြကိုသနားလို႔ အာဟာရမုန႔္ေတြပါ ထပ္လႉေပးသြားမယ္ဆိုတဲ့ ခိုင္ႏွင္းေဝ

 

ပရဟိတမင္းသမီးတစ္လက္အေနနဲ႔ ပရိသတ္ေတြေလးစားခ်စ္ခင္ေနရတဲ့ ခိုင္ႏွင္းေဝကေတာ့ သူတတ္ႏိုင္တဲ့ဘက္ကေန အကူညီမဲ့ေနတဲ့ေနရာေတြကို ကူညီေနသလို ခိုင္ႏွင္းေဝရင္ေသြးေလးမ်ားေဂဟာတည္ေထာင္ၿပီး မိဘမဲ့ကေလးေတြကိုလည္း ေစာင့္ေရွာက္ကူညီေနသူပါ။ သူကေတာ့ အခုလိုသည္းထန္စြာ႐ြာသြန္းေနတဲ့မိုးတြင္းကာလမွာ အကာအကြယ္မဲ့ေနတဲ့သူေတြအတြက္ မၾကာေသးခင္က ဖိနပ္မ်ားသြားေရာက္လႉဒါန္းေပးခဲ့ၿပီး ဒီတစ္ေခါက္မွာေတာ့ ထီးအလက္ေပါင္း(၄၀၀) လႉဒါန္းေပးသြားမွာျဖစ္ပါတယ္။

ထီးလႉဒါန္းရတဲ့ အက်ိဳးေၾကာင့္ မိမိမွာ အကာအကြယ္ရတတ္သလို သူမ်ားကို အရိပ္ေပး၍ မိမိလည္း အရိပ္ေကာင္းေကာင္းနဲ႔ဘဝလမ္းခရီးေျဖာင့္ျဖဴးႏိုင္ေစဖို႔အတြက္ နိဗၺာန္ေဆာ္ကာ ဦးေဆာင္လႉဒါန္းေပးခဲ့ျခင္းျဖစ္ၿပီး တကယ္လိုအပ္ေနတဲ့ေနရာေလးကို သြားေရာက္လႉဒါန္းေပးသြားမွာပါ။ ဒါ့အျပင္ မနက္ျဖန္သြားေရာက္လႉဒါန္းေပးမယ့္ ေနရာေလးကို ၾကည့္ၿပီး ခိုင္ႏွင္းေဝကေတာ့ “အနီးအနားက လူမ်ားက ထင္ထားတာထက္ ပိုၿပီး ခ်ိဳ႕တဲ့ေနတာ ျမင္ေတာ့ ကြၽန္မ ရင္ထဲ တတ္ႏိုင္တာထက္ ပိုတဲ့ သဒၶါတရားပိုလာလို႔ သူတို႔ေလးေတြစားဖို႔ မုန႔္မ်ားပါ ထပ္မံ လႉဒါန္းေပးသြားမွာ ျဖစ္ပါတယ္ရွင္ ” ဆိုၿပီးေတာ့လည္း သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာမွာ ေရးသားေဖာ္ျပခဲ့ပါတယ္ ပရိသတ္ႀကီးေရ..

ခိုင္ႏွင္းေဝကေတာ့ မနက္ျဖန္မွာ အမႈိက္ပုံကို မွီတြယ္စားေသာက္ေနရတဲ့ ခ်ိဳ႕တဲ့ႏြမ္းပါးသူေတြအတြက္ ထီးအလက္(၄၀၀) လႉဒါန္းေပးသြားမွာျဖစ္ၿပီး အာဟာရမုန႔္ေတြပါ လႉဒါန္းေပးသြားပါမယ္တဲ့ပရိသတ္ႀကီးေရ.. လိုအပ္တဲ့ေနရာေတြကို ထိထိေရာက္ေရာက္ကူညီေပးေနတဲ့ ခိုင္ႏွင္းေဝရဲ႕ ပရဟိတအလႉေတြအတြက္ သာဓုေခၚေပးခဲ့ၾကပါဦးေနာ္။

Source – Khine Hnin Wai

Credit:Rainbow- Cele Gabar

Focus Myanmar Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment