သဘာဝအတိုင်း အမာရွတ် သက်သာစေမယ့် နည်းလမ်းများ

 

Unicode ဖြင့်ဖတ်ရန်

နည်းနည်းလေးများ အသားတက်ပြီ မကြံနဲ့။ ဆွမယ်၊ ကုတ်မယ်၊ ဖဲ့မယ်ဆိုတာ ဘယ်သူတွေလည်း။ အသားတက်တဲ့ အချိန် ယားတာမှန်ပေမယ့် ဒါကို သည်းမခံနိုင်ဘဲ သွားကုတ်မိရင် အမာရွတ် ကျန်ခဲ့မှာပါ။ ဒီ အမာရွတ် တွေများ ထင်သာ မြင်သာတဲ့ နေရာမှာ ရှိနေရင်တော့ ဒုက္ခပါပဲ။ ဒီတော့ အမာရွတ်တွေကို သဘာဝအတိုင်းပျောက်အောင် လုပ်နိုင်တဲ့ နည်းလမ်းတွေကို ပြောပြမေးမှာမို့လို့ လိုက်လုပ်ကြည့်ရအောင်နော်။
အမာရွတ် အကြောင်း တစေ့တစောင်း

အမာရွတ်ကို မဖယ်ခင် အမာရွတ်ကို အကြောင်းကို အရင်လေ့လာကြည့်ရအောင်။ အမာရွတ်ဆိုတာ သဘာဝအတိုင်း အနာကျက်တဲ့ နည်းလမ်းပါ။ အရေပြားရဲ့ ဒုတိယအလွှာထိ ထိခိုက်ဒဏ်ရာရခဲ့မယ်ဆိုရင် အဲ့အလွှာမှာရှိတဲ့ ကော်လာဂျင်တွေက အနာကျက်ဖို့ လုပ်ပေးရပါတယ်။ ဒါကြောင့် အမာရွတ်ဆိုတာ ဖြစ်လာတာပါ။ သိစေချင်တဲ့ အချက်တချို့ကတော့

များသောအားဖြင့် အနာကျက်တာ မြန်လေလေ ကော်လာဂျင်ထွက်တာ နည်းလေလေ အမာရွတ်ကျန်တာ နည်းလေလေပါပဲ။ နောက်တစ်ခုက အကြမ်းဖျင်း ပြောမယ်ဆိုရင် ဒဏ်ရာပြင်းလေလေ အမာရွတ်များလေလေပါပဲ။အမာရွတ်တွေက ခန္ဓာကိုယ် တစ်နေရာနဲ့ တစ်နေရာ မတူပါဘူး။ ဖြစ်တဲ့သူရဲ့ အသက်အရွယ်ပေါ်လည်း မူတည်ပါသေးတယ်။အမာရွတ် အမျိုးအစားတွေ အများကြီး ရှိပါတယ်။

အမာရွတ် အမျိုးအစားများ

ချပ်သွားတဲ့အမာရွတ် (Atrophic scar)

ဒီအမာရွတ်က နဂိုရှီပြီးသား တစ်ရှူးတွေ ဆုံးရှုံးသွားတဲ့အတွက် အရေပြားမှာ ချိုင့်ဝင်တာ၊ ပြားပြားကြီး ဖြစ်နေတာမျိုး တွေ့ရမှာပါ။ ဘေးအရေပြားထက် အရောင်လည်းရင့်ပါတယ်။ ဥပမာ ဝက်ခြံအမာရွတ်၊ ရေကျောက်အမာရွတ်။

ဖောင်းကြွအမာရွတ် (Hypertrophic scar)

ဖောင်းကြွလို့ ပြောရတာက တကယ်ဖြစ်တဲ့ ဒဏ်ရာထက် အမာရွတ်က ပိုကြီးလို့ပါ။ Keloid အမာရွတ်နဲ့ မတူတာက ဘေးကို ပြန့်ကားမသွားပါဘူး။ ဘေးအရေပြားထက် အရောင်ပိုရင့်ပါတယ်။

Keloidအမာရွတ်

Keloidအမာရွတ်က အနာကျက်တဲ့ အချိန်မှာ တစ်ရှူးတွေ အများကြီး ထုတ်လိုက်လို့ ဖြစ်ရတာပါ။ ဖောင်းကြွပြပြီး ဘေးကို ကားထွက်နေပါတယ်။ အရောင်လည်း ရင့်ပါတယ်။

အနာရွတ် (Contracture scar)

ထိခိုက်တဲ့ အရေပြား များရင် ဖြစ်တတ်ပါတယ်။ ဥပမာ မီးလောင်တာမျိုးပေါ့။ အနာရွတ်တွဲနေတာကြောင့် လှုပ်ရှားရခက်တတ်ပါတယ်။
အမာရွတ်သက်သာစေမည့် သဘာဝနည်းလမ်းများ

ခုပြောမယ့် နည်းလမ်းတွေက သာမန် အမာရွတ်အတွက်ပဲ အဆင်ပြေမှာပါ။ ဖောင်းကြွနေတဲ့ အမာရွတ်ကြီးတွေအတွက်ဆိုရင် ဆရာဝန်နဲ့ ပြသတာ အကောင်းဆုံးပါ။ နောက်တစ်ခုက ရလဒ်က ချက်ချင်းမရပါဘူး။ စိတ်ရှည်ရှည်နဲ့ ပုံမှန် လုပ်ပေးဖို့ လိုပါတယ်။ နည်းလမ်းတွေကတော့

ရှားစောင်းလက်ပတ်

-အပြင်က အစိမ်းခွံကို ဖယ်လိုက်ပါ။
-အထဲက ဂျယ်လီအနှစ်ကို ခြစ်ထုတ်ပါ။
-အမာရွတ်ရှိတဲ့ နေရာကို အဝိုင်းပုံစံ လိမ်းပေးပါ။
-တစ်နာရီလောက်ကြာရင် ရေဆေးချပါ။
-တစ်နေ့ ၂ခါ လုပ်ပါ။

ဗီတာမင် အီး

–ဗီတာမင် အီး ဆေးလုံးကို ညှပ်ပြီး အထဲက အရည်တွေနဲ့ အမာရွတ်ကို ၁၀မိနစ်ခန့် လိမ်းပေးပါ။
-မိနစ် ၂၀လောက်ထားပြီး ရေကြက်သီးနွေးနဲ့ ပြန်ဆေးပါ။
-တစ်နေ့ ၃ခါလောက် လုပ်ပါ။

ပျားရည်

-အိပ်ရာ မဝင်ခင် အမာရွတ်ပေါ်ကနေ ပျားရည် သုတ်လိမ်းပါ။
-ပြီးရင် အပေါ်ကနေ ပတ်တီးစည်းပါ။
-တစ်ညလုံး ဒီတိုင်းထားပါ။
-မနက်ရောက်ရင် ပတ်တီးဖြည်ပြီး ရေနွေးလေးနဲ့ ဆေးချပါ။
-ညတိုင်းလုပ်ပေးပါ။

အုန်းဆီ

–အုန်းဆီခဲနေရင် အရည်ပျော်အောင် မီးနည်းနည်း ပြပါ။
-အမာရွတ်ပေါ်မှာ ၁၀မိနစ်လောက် လိမ်းပါ။
-၁နာရီလောက်ကြာမှ ရေဆေးချပါ။
-တစ်နေ့ ၄ခါလောက်လုပ်နိုင်ရင် ပိုကောင်းပါတယ်။

ပန်းသီး ရှာလကာရည်

-ပန်းသီးရှာလကာရည် ၂ဇွန်းနဲ့ ရေ၄ဇွန်း ရောပါ။
-အမာရွတ်ပေါ်ကို ဂွမ်းနဲ့ အသာအယာ သုတ်ပေးပါ။
-ခြောက်အောင် ထားလိုက်ပါ။
-ညအိပ်ရာဝင်ခါနီးတိုင်း လုပ်ပြီး မနက်ကျရင် ရေဆေးချပါ။

လာဗင်ဒါ အဆီနဲ့ သံလွင်ဆီ

-လာဗင်ဒါအဆီ ၃စက်နဲ့ သံလွင်ဆီ ၃ဇွန်းရောပါ။
-အမာရွတ်ပေါ် လိမ်းပြီး ၅မိနစ်လောက် နှိပ်နယ်ပါ။
-နာရီဝက်ထားပါ။
-ပြီးရင် ရေနွေးနွေးနဲ့ ဆေးပါ။
-တစ်နေ့ ၃ကြိမ်လုပ်ပါ။

အာလူး

–အာလူးကို မထူမပါး လှီးပါ။
-အမာရွတ်ပေါ်မှာ စက်ဝိုင်းပုံ နှိပ်နယ်ပေးပါ။
-အာလူး ခြောက်သွားရင် နောက်တစ်ခုလဲပါ။
-မိနစ် ၂၀လောက် နှိပ်နယ်ပြီး ၁၀မိနစ်လောက် အခြောက်ခံထားပါ။
-ရေအေးနဲ့ ဆေးချပါ။
-အနည်းဆုံး တစ်နေ့ တစ်ကြိမ်လောက်လုပ်ပါ။

မုန့်ဖုတ်ဆိုဒါ

–မုန့်ဖုတ်ဆိုဒါကို အနှစ်ရအောင် ရေနဲ့ ဖျော်ပါ။
-အမာရွတ်ကို ရေစိုအောင်လုပ်ပြီး အပေါ်ကနေ သုတ်လိမ်းပါ။
-အပေါ်ကနေ ရေနွေးဝတ်နဲ့ ၁၅မိနစ်လောက် ဖိထားပါ။
-ပြီးရင် ရေဆေးချပါ။

ဒီနည်းလမ်းတွေနဲ့ ပတ်သတ်ပြီး သိထားရမှာက အရင်ဆုံး အမာရွတ်ကို သေချာဆေးပြီး ခြောက်အောင် သုတ်ဖို့ပါပဲ။ နောက်ပြီး ဒါတွေက အမာရွတ်မှာပဲ သုံးရမှာပါ။ အနာတွေမှာ မသုံးရပါဘူး။ သုံးနေရင်းနဲ့ ဓာတ်မတည့်ဘူးဆိုရင် ချက်ချင်းရပ်လိုက်ပါ။

Zawgyi ျဖင့္ဖတ္ရန္

နည္းနည္းေလးမ်ား အသားတက္ၿပီ မႀကံနဲ႔။ ဆြမယ္၊ ကုတ္မယ္၊ ဖဲ့မယ္ဆိုတာ ဘယ္သူေတြလည္း။ အသားတက္တဲ့ အခ်ိန္ ယားတာမွန္ေပမယ့္ ဒါကို သည္းမခံႏိုင္ဘဲ သြားကုတ္မိရင္ အမာ႐ြတ္ က်န္ခဲ့မွာပါ။ ဒီ အမာ႐ြတ္ ေတြမ်ား ထင္သာ ျမင္သာတဲ့ ေနရာမွာ ရွိေနရင္ေတာ့ ဒုကၡပါပဲ။ ဒီေတာ့ အမာ႐ြတ္ေတြကို သဘာဝအတိုင္းေပ်ာက္ေအာင္ လုပ္ႏိုင္တဲ့ နည္းလမ္းေတြကို ေျပာျပေမးမွာမို႔လို႔ လိုက္လုပ္ၾကည့္ရေအာင္ေနာ္။
အမာ႐ြတ္ အေၾကာင္း တေစ့တေစာင္း

အမာ႐ြတ္ကို မဖယ္ခင္ အမာ႐ြတ္ကို အေၾကာင္းကို အရင္ေလ့လာၾကည့္ရေအာင္။ အမာ႐ြတ္ဆိုတာ သဘာဝအတိုင္း အနာက်က္တဲ့ နည္းလမ္းပါ။ အေရျပားရဲ႕ ဒုတိယအလႊာထိ ထိခိုက္ဒဏ္ရာရခဲ့မယ္ဆိုရင္ အဲ့အလႊာမွာရွိတဲ့ ေကာ္လာဂ်င္ေတြက အနာက်က္ဖို႔ လုပ္ေပးရပါတယ္။ ဒါေၾကာင့္ အမာ႐ြတ္ဆိုတာ ျဖစ္လာတာပါ။ သိေစခ်င္တဲ့ အခ်က္တခ်ိဳ႕ကေတာ့

မ်ားေသာအားျဖင့္ အနာက်က္တာ ျမန္ေလေလ ေကာ္လာဂ်င္ထြက္တာ နည္းေလေလ အမာ႐ြတ္က်န္တာ နည္းေလေလပါပဲ။ ေနာက္တစ္ခုက အၾကမ္းဖ်င္း ေျပာမယ္ဆိုရင္ ဒဏ္ရာျပင္းေလေလ အမာ႐ြတ္မ်ားေလေလပါပဲ။အမာ႐ြတ္ေတြက ခႏၶာကိုယ္ တစ္ေနရာနဲ႔ တစ္ေနရာ မတူပါဘူး။ ျဖစ္တဲ့သူရဲ႕ အသက္အ႐ြယ္ေပၚလည္း မူတည္ပါေသးတယ္။အမာ႐ြတ္ အမ်ိဳးအစားေတြ အမ်ားႀကီး ရွိပါတယ္။

အမာ႐ြတ္ အမ်ိဳးအစားမ်ား

ခ်ပ္သြားတဲ့အမာ႐ြတ္ (Atrophic scar)

ဒီအမာ႐ြတ္က နဂိုရွီၿပီးသား တစ္ရႉးေတြ ဆုံးရႈံးသြားတဲ့အတြက္ အေရျပားမွာ ခ်ိဳင့္ဝင္တာ၊ ျပားျပားႀကီး ျဖစ္ေနတာမ်ိဳး ေတြ႕ရမွာပါ။ ေဘးအေရျပားထက္ အေရာင္လည္းရင့္ပါတယ္။ ဥပမာ ဝက္ၿခံအမာ႐ြတ္၊ ေရေက်ာက္အမာ႐ြတ္။

ေဖာင္းႂကြအမာ႐ြတ္ (Hypertrophic scar)

ေဖာင္းႂကြလို႔ ေျပာရတာက တကယ္ျဖစ္တဲ့ ဒဏ္ရာထက္ အမာ႐ြတ္က ပိုႀကီးလို႔ပါ။ Keloid အမာ႐ြတ္နဲ႔ မတူတာက ေဘးကို ျပန႔္ကားမသြားပါဘူး။ ေဘးအေရျပားထက္ အေရာင္ပိုရင့္ပါတယ္။

Keloidအမာ႐ြတ္

Keloidအမာ႐ြတ္က အနာက်က္တဲ့ အခ်ိန္မွာ တစ္ရႉးေတြ အမ်ားႀကီး ထုတ္လိုက္လို႔ ျဖစ္ရတာပါ။ ေဖာင္းႂကြျပၿပီး ေဘးကို ကားထြက္ေနပါတယ္။ အေရာင္လည္း ရင့္ပါတယ္။

အနာ႐ြတ္ (Contracture scar)

ထိခိုက္တဲ့ အေရျပား မ်ားရင္ ျဖစ္တတ္ပါတယ္။ ဥပမာ မီးေလာင္တာမ်ိဳးေပါ့။ အနာ႐ြတ္တြဲေနတာေၾကာင့္ လႈပ္ရွားရခက္တတ္ပါတယ္။
အမာ႐ြတ္သက္သာေစမည့္ သဘာဝနည္းလမ္းမ်ား

ခုေျပာမယ့္ နည္းလမ္းေတြက သာမန္ အမာ႐ြတ္အတြက္ပဲ အဆင္ေျပမွာပါ။ ေဖာင္းႂကြေနတဲ့ အမာ႐ြတ္ႀကီးေတြအတြက္ဆိုရင္ ဆရာဝန္နဲ႔ ျပသတာ အေကာင္းဆုံးပါ။ ေနာက္တစ္ခုက ရလဒ္က ခ်က္ခ်င္းမရပါဘူး။ စိတ္ရွည္ရွည္နဲ႔ ပုံမွန္ လုပ္ေပးဖို႔ လိုပါတယ္။ နည္းလမ္းေတြကေတာ့

ရွားေစာင္းလက္ပတ္

-အျပင္က အစိမ္းခြံကို ဖယ္လိုက္ပါ။
-အထဲက ဂ်ယ္လီအႏွစ္ကို ျခစ္ထုတ္ပါ။
-အမာ႐ြတ္ရွိတဲ့ ေနရာကို အဝိုင္းပုံစံ လိမ္းေပးပါ။
-တစ္နာရီေလာက္ၾကာရင္ ေရေဆးခ်ပါ။
-တစ္ေန႔ ၂ခါ လုပ္ပါ။

ဗီတာမင္ အီး

–ဗီတာမင္ အီး ေဆးလုံးကို ညႇပ္ၿပီး အထဲက အရည္ေတြနဲ႔ အမာ႐ြတ္ကို ၁၀မိနစ္ခန႔္ လိမ္းေပးပါ။
-မိနစ္ ၂၀ေလာက္ထားၿပီး ေရၾကက္သီးေႏြးနဲ႔ ျပန္ေဆးပါ။
-တစ္ေန႔ ၃ခါေလာက္ လုပ္ပါ။

ပ်ားရည္

-အိပ္ရာ မဝင္ခင္ အမာ႐ြတ္ေပၚကေန ပ်ားရည္ သုတ္လိမ္းပါ။
-ၿပီးရင္ အေပၚကေန ပတ္တီးစည္းပါ။
-တစ္ညလုံး ဒီတိုင္းထားပါ။
-မနက္ေရာက္ရင္ ပတ္တီးျဖည္ၿပီး ေရေႏြးေလးနဲ႔ ေဆးခ်ပါ။
-ညတိုင္းလုပ္ေပးပါ။

အုန္းဆီ

–အုန္းဆီခဲေနရင္ အရည္ေပ်ာ္ေအာင္ မီးနည္းနည္း ျပပါ။
-အမာ႐ြတ္ေပၚမွာ ၁၀မိနစ္ေလာက္ လိမ္းပါ။
-၁နာရီေလာက္ၾကာမွ ေရေဆးခ်ပါ။
-တစ္ေန႔ ၄ခါေလာက္လုပ္ႏိုင္ရင္ ပိုေကာင္းပါတယ္။

ပန္းသီး ရွာလကာရည္

-ပန္းသီးရွာလကာရည္ ၂ဇြန္းနဲ႔ ေရ၄ဇြန္း ေရာပါ။
-အမာ႐ြတ္ေပၚကို ဂြမ္းနဲ႔ အသာအယာ သုတ္ေပးပါ။
-ေျခာက္ေအာင္ ထားလိုက္ပါ။
-ညအိပ္ရာဝင္ခါနီးတိုင္း လုပ္ၿပီး မနက္က်ရင္ ေရေဆးခ်ပါ။

လာဗင္ဒါ အဆီနဲ႔ သံလြင္ဆီ

-လာဗင္ဒါအဆီ ၃စက္နဲ႔ သံလြင္ဆီ ၃ဇြန္းေရာပါ။
-အမာ႐ြတ္ေပၚ လိမ္းၿပီး ၅မိနစ္ေလာက္ ႏွိပ္နယ္ပါ။
-နာရီဝက္ထားပါ။
-ၿပီးရင္ ေရေႏြးေႏြးနဲ႔ ေဆးပါ။
-တစ္ေန႔ ၃ႀကိမ္လုပ္ပါ။

အာလူး

–အာလူးကို မထူမပါး လွီးပါ။
-အမာ႐ြတ္ေပၚမွာ စက္ဝိုင္းပုံ ႏွိပ္နယ္ေပးပါ။
-အာလူး ေျခာက္သြားရင္ ေနာက္တစ္ခုလဲပါ။
-မိနစ္ ၂၀ေလာက္ ႏွိပ္နယ္ၿပီး ၁၀မိနစ္ေလာက္ အေျခာက္ခံထားပါ။
-ေရေအးနဲ႔ ေဆးခ်ပါ။
-အနည္းဆုံး တစ္ေန႔ တစ္ႀကိမ္ေလာက္လုပ္ပါ။

မုန႔္ဖုတ္ဆိုဒါ

–မုန႔္ဖုတ္ဆိုဒါကို အႏွစ္ရေအာင္ ေရနဲ႔ ေဖ်ာ္ပါ။
-အမာ႐ြတ္ကို ေရစိုေအာင္လုပ္ၿပီး အေပၚကေန သုတ္လိမ္းပါ။
-အေပၚကေန ေရေႏြးဝတ္နဲ႔ ၁၅မိနစ္ေလာက္ ဖိထားပါ။
-ၿပီးရင္ ေရေဆးခ်ပါ။

ဒီနည္းလမ္းေတြနဲ႔ ပတ္သတ္ၿပီး သိထားရမွာက အရင္ဆုံး အမာ႐ြတ္ကို ေသခ်ာေဆးၿပီး ေျခာက္ေအာင္ သုတ္ဖို႔ပါပဲ။ ေနာက္ၿပီး ဒါေတြက အမာ႐ြတ္မွာပဲ သုံးရမွာပါ။ အနာေတြမွာ မသုံးရပါဘူး။ သုံးေနရင္းနဲ႔ ဓာတ္မတည့္ဘူးဆိုရင္ ခ်က္ခ်င္းရပ္လိုက္ပါ။

Credit; Mizzima

Focus Myanmar Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment