မိုးကုတ် မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့

 

Unicode ဖြင့်ဖတ်ရန်

မိုးကုတ်မြို့မှာ ဒီကနေ့မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် မိုးကုတ်ရေနီချောင်း ရေလျှံမှုဖြစ်ပွါးခဲ့ကာ မြို့တွင်းရေကြီးရေလျှံမှုဖြစ်ခဲ့ပါတယ်။

 

ရေကြီးရေလျှံမှုကြောင့် တောင်ကုန်းမြေသားတွေပြိုကျမှုတွေရှိသလို မိုးကုတ်မြို့ကနေ ကျေးရွာချင်းဆက်မြေသားလမ်းတစ်ချို့ ပျက်စီးမှု အနည်းငယ်ရှိခဲ့တယ်လို့လည်းသိရပါတယ်။

“မိုးက မနက် (၇)နာရီလောက်စရွာတာ သည်းကြီးမည်းကြီးနဲ့ ရေအရမ်းပါတယ်။ အဲ့တော့ မြို့တွင်းလမ်းတွေနဲ့ ရပ်ကွက်တွေထဲရေလျှံခဲ့တာပါ ခုနေ့လည် (၁)နာရီလောက်မှာ ရေလည်းပြန်ကျသွားပြီ ။ မိုးလည်းတိတ်ပါပြီ။ ကယ်ဆယ်ရေးလုပ်ငန်း လုပ်ရတာတွေလည်းမရှိခဲ့ပါဘူး”လို့မိုးကုတ်မြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစောသောင်းတင်က Duwun ကိုပြောပါတယ်။

 

မိုးကုတ်မြို့တွင်း ရေလျှံခဲ့ပေမယ့် အသွားအလာကတော့ ပုံမှန်တိုင်းရှိနေပြီး ရေအားလျှပ်စစ်တွေလည်းရှိတဲ့အတွက် ရေအားလျှပ်စစ်ရဲ့ ရေတံခါးတွေတော့ ဖောက်လိုက်ရတယ်လို့ ဆိုပါတယ်။

အခုရေကြီးမှုကြောင့် ပျက်စီးခဲ့တဲ့ လမ်းရဲ့ အောက်ပိုင်းက မြေသားအပွတွေဖြစ်လို့ စိတ်ချရတဲ့အနေအထားမှာမရှိဘူးလို့ ဦးစောသောင်းတင်ကကပြောပါတယ်။

မိုးကုတ်မြို့မှာ အချိန် ၅နာရီကျော်ကြာ ရေကြီးရေလျှံမှုဖြစ်ပွါးခဲ့ပေမယ့် မြို့တွင်းနဲ့ ကျေးရွာအချို့မှာ လမ်းပျက်စီးမှုကလွဲပြီးတခြားပျက်စီးဆုံးရှုံးမှုတွေမရှိခဲ့ဘူးလို့လည်းသိရပါတယ်။

Zawgyi ျဖင့္ဖတ္ရန္

မိုးကုတ္ၿမိဳ႕မွာ ဒီကေန႔မနက္ပိုင္းက မိုးသည္းထန္စြာ႐ြာသြန္းခဲ့မႈေၾကာင့္ မိုးကုတ္ေရနီေခ်ာင္း ေရလွ်ံမႈျဖစ္ပြါးခဲ့ကာ ၿမိဳ႕တြင္းေရႀကီးေရလွ်ံမႈျဖစ္ခဲ့ပါတယ္။

Photo: IPRD Mogok

ေရႀကီးေရလွ်ံမႈေၾကာင့္ ေတာင္ကုန္းေျမသားေတြၿပိဳက်မႈေတြရွိသလို မိုးကုတ္ၿမိဳ႕ကေန ေက်း႐ြာခ်င္းဆက္ေျမသားလမ္းတစ္ခ်ိဳ႕ ပ်က္စီးမႈ အနည္းငယ္ရွိခဲ့တယ္လို႔လည္းသိရပါတယ္။

“မိုးက မနက္ (၇)နာရီေလာက္စ႐ြာတာ သည္းႀကီးမည္းႀကီးနဲ႔ ေရအရမ္းပါတယ္။ အဲ့ေတာ့ ၿမိဳ႕တြင္းလမ္းေတြနဲ႔ ရပ္ကြက္ေတြထဲေရလွ်ံခဲ့တာပါ ခုေန႔လည္ (၁)နာရီေလာက္မွာ ေရလည္းျပန္က်သြားၿပီ ။ မိုးလည္းတိတ္ပါၿပီ။ ကယ္ဆယ္ေရးလုပ္ငန္း လုပ္ရတာေတြလည္းမရွိခဲ့ပါဘူး”လို႔မိုးကုတ္ၿမိဳ႕နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေစာေသာင္းတင္က Duwun ကိုေျပာပါတယ္။

Photo: IPRD Mogok

မိုးကုတ္ၿမိဳ႕တြင္း ေရလွ်ံခဲ့ေပမယ့္ အသြားအလာကေတာ့ ပုံမွန္တိုင္းရွိေနၿပီး ေရအားလွ်ပ္စစ္ေတြလည္းရွိတဲ့အတြက္ ေရအားလွ်ပ္စစ္ရဲ႕ ေရတံခါးေတြေတာ့ ေဖာက္လိုက္ရတယ္လို႔ ဆိုပါတယ္။

အခုေရႀကီးမႈေၾကာင့္ ပ်က္စီးခဲ့တဲ့ လမ္းရဲ႕ ေအာက္ပိုင္းက ေျမသားအပြေတြျဖစ္လို႔ စိတ္ခ်ရတဲ့အေနအထားမွာမရွိဘူးလို႔ ဦးေစာေသာင္းတင္ကကေျပာပါတယ္။

မိုးကုတ္ၿမိဳ႕မွာ အခ်ိန္ ၅နာရီေက်ာ္ၾကာ ေရႀကီးေရလွ်ံမႈျဖစ္ပြါးခဲ့ေပမယ့္ ၿမိဳ႕တြင္းနဲ႔ ေက်း႐ြာအခ်ိဳ႕မွာ လမ္းပ်က္စီးမႈကလြဲၿပီးတျခားပ်က္စီးဆုံးရႈံးမႈေတြမရွိခဲ့ဘူးလို႔လည္းသိရပါတယ္။

Credit: Duwun

Focus Myanmar Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment