ရွှေတွေ အများကြီးဝယ်စုနေရတဲ့ အကြောင်းရင်းမှန် ကို ပြောပြလိုက် တဲ့ ဝါဝါအောင်..

 

Unicode ဖြင့်ဖတ်ရန်

ဝါဝါအောင်က လက်ဝတ်ရတနာတွေ ထဲမှာ ရွှေထည်တွေ ဝယ်စုရတာ ပိုအကျိုးရှိတဲ့ အကြောင်း ပြောလာပါတယ်။ အခက်အခဲ ဖြစ်နေတဲ့ အချိန်တွေ မှာ ရွှေက ပြန်ရောင်း လို့ ရတယ်လို့ သူကဆိုပါတယ်…။ “ အန်တီဝါက ရွှေစုရတာ ဝါသနာ ပါတယ်၊

အဆင်ပြေ သလိုလေး လုပ်ထားတော့ လိုအပ်ရင် ထုခွဲ ရောင်းချလို့ရတယ်” ဆိုပြီးတော့ ဇွန်လ ၁၀ ရက်နေ့က ရုပ်ရှင် နှစ်(၁၀၀) ပြည့်ရိုက်ကူးရေး ကို လာရောက်ရင်း ဖြေဆိုခဲ့တာပါ။ ဝါဝါအောင်ဟာ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယို ဇာတ်ကားတွေ အဆက်မပြတ်

ရိုက်ကူးနေရတဲ့ အချိန်မှာ ရွှေတွေ ဝယ်စုဖြစ်ခဲ့တယ် လို့ ဆိုပါတယ်။ သူမက ရွှေစုတတ်သလို ခင်ပွန်းဖြစ်သူ ဦးအောင်ခိုင်ကလည်း ပိုက်ဆံ စုလေ့ စုထ ရှိတယ် လို့လည်း ဝါဝါအောင်က ပြောပါတယ်။ “ အရင်တုန်းက အန်တီဝါ တို့ ဇာတ်ကားတွေ အရမ်းရိုက်ခဲ့ရပါ

တယ်။ ဆရာဒါရိုက်တာ ကျော်ဇောလင်း (အတွေးပုံရိပ်) နဲ့ ဆိုရင် အများကြီးရိုက်ခဲ့ရတာပါ။ ၂ နှစ်လောက် ကို တော်တော်ရိုက်နေရတဲ့ အချိန်မှာ စုလည်း စုတယ်၊ သုံးလည်း သုံးတယ်။ ကိုယ့် မိသားစုလည်း ကြည့်ရတာပေါ့။ အန်တီဝါ့ အမျိုးသားဦးအောင်ခိုင်လည်း

တတ်နိုင် သလောက် စုတယ်။ စီးတဲ့ရေ ဆည်တဲ့ကန်သင်းပေါ့။ ဒါတောင် အန်တီဝါ စုတာ နည်းနေသေးတယ် လို့ ထင်တယ်။ သေသေချာချာ စေ့စေ့စပ်စပ် လုပ်လိုက်ရင် ဒီ့ထက်တောင် ပိုစု နိုင်ဦးမှာ။ ရွှေဆိုတာ ရှိရင် တန်ဆာ၊ မရှိရင် ဝမ်းစာပဲလေ တကယ်လိုအပ်လာ

တယ်ဆိုရင် ထုတ်သုံးကြရမှာပဲ” လို့ သူကဆိုပါတယ်။ ဦးအောင်ခိုင် ကတော့ ဇနီးဖြစ်သူ ရွှေတွေ စုလေ့ စုထ ရှိတာကို မသိခဲ့ဘူးလို့လည်း ဝါဝါအောင်က ပြောပါတယ်။ “ အန်တီဝါ ရွှေတွေ စုတာ ဦးအောင်ခိုင်မသိဘူး။ ကိုယ်ထုတ်ဝတ်တော့မှ သူက သိတာ။ ဟာ..

ဘယ်တုန်းက လုပ်ထားတာလဲပေါ့။ ဒီလိုပဲ အဆင်ပြေတဲ့အချိန်မှာ လုပ်ထား လိုက်တာပေါ့လို့ပြောရတယ်။ သူကိုယ်တိုင် လည်း အံ့သြဝမ်းသာဖြစ်သွားတာပေါ့။ ရွှေထည်တွေပဲ စုတယ်၊ ကျောက်တွေက ကျတော့ ပြန်ရောင်းရင် ရှုံးတာလေးတွေရှိတတ်တော့မစုဖြစ်

ဘူး။ ကိုယ်ရွှေစုတိုင်းလည်း ဦးအောင်ခိုင် မသိတာများတယ်” လို့ သဘောကျ ရယ်မောရင်း ပြောလာပါတယ် ဝါဝါအောင် ကိုတော့ ဇာတ်ပို့ ဇာတ်ရံ သရုပ်ဆောင် တစ်ယောက်အဖြစ် ပရိသတ်တွေ စတင် အားပေးခဲ့ကြတာဖြစ်ပါတယ်…။ ဒီနေ့ ဒီအချိန် ထိ ကျရာ

ဇာတ်ရုပ်မှာ အကောင်းဆုံး ဖြစ်အောင် ကြိုးစားပြင်ဆင် သရုပ်ဆောင်နိုင် တာကြောင့်လည်း ပရိသတ်အခိုင်အမာ ရရှိနေတာ ဖြစ်ပါ တယ်။ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယို ဇာတ်ကားတွေမှာလည်း အဆက်မပြတ် ပါဝင် သရုပ်ဆောင်နေရတာကို တွေ့ရပါတယ်။

Credit: Duwun

Zawgyi ျဖင့္ဖတ္ရန္

ေ႐ႊေတြ အမ်ားႀကီးဝယ္စုေနရတဲ့ အေၾကာင္းရင္းမွန္ ကို ေျပာျပလိုက္ တဲ့ ဝါဝါေအာင္..

ဝါဝါေအာင္က လက္ဝတ္ရတနာေတြ ထဲမွာ ေ႐ႊထည္ေတြ ဝယ္စုရတာ ပိုအက်ိဳးရွိတဲ့ အေၾကာင္း ေျပာလာပါတယ္။ အခက္အခဲ ျဖစ္ေနတဲ့ အခ်ိန္ေတြ မွာ ေ႐ႊက ျပန္ေရာင္း လို႔ ရတယ္လို႔ သူကဆိုပါတယ္…။ “ အန္တီဝါက ေ႐ႊစုရတာ ဝါသနာ ပါတယ္၊ သေဘာလည္း

အခ်ိန္မွာ အဆင္ေျပ သလိုေလး လုပ္ထားေတာ့ လိုအပ္ရင္ ထုခြဲ ေရာင္းခ်လို႔ရတယ္” ဆိုၿပီးေတာ့ ဇြန္လ ၁၀ ရက္ေန႔က ႐ုပ္ရွင္ ႏွစ္(၁၀၀) ျပည့္႐ိုက္ကူးေရး ကို လာေရာက္ရင္း ေျဖဆိုခဲ့တာပါ။ ဝါဝါေအာင္ဟာ ႐ုပ္ရွင္ဇာတ္ကား၊ ဗီဒီယို ဇာတ္ကားေတြ အဆက္မျပတ္

႐ိုက္ကူးေနရတဲ့ အခ်ိန္မွာ ေ႐ႊေတြ ဝယ္စုျဖစ္ခဲ့တယ္ လို႔ ဆိုပါတယ္။ သူမက ေ႐ႊစုတတ္သလို ခင္ပြန္းျဖစ္သူ ဦးေအာင္ခိုင္ကလည္း ပိုက္ဆံ စုေလ့ စုထ ရွိတယ္ လို႔လည္း ဝါဝါေအာင္က ေျပာပါတယ္။ “ အရင္တုန္းက အန္တီဝါ တို႔ ဇာတ္ကားေတြ အရမ္း႐ိုက္ခဲ့ရပါ

တယ္။ ဆရာဒါ႐ိုက္တာ ေက်ာ္ေဇာလင္း (အေတြးပုံရိပ္) နဲ႔ ဆိုရင္ အမ်ားႀကီး႐ိုက္ခဲ့ရတာပါ။ ၂ ႏွစ္ေလာက္ ကို ေတာ္ေတာ္႐ိုက္ေနရတဲ့ အခ်ိန္မွာ စုလည္း စုတယ္၊ သုံးလည္း သုံးတယ္။ ကိုယ့္ မိသားစုလည္း ၾကည့္ရတာေပါ့။ အန္တီဝါ့ အမ်ိဳးသားဦးေအာင္ခိုင္လည္း

တတ္ႏိုင္ သေလာက္ စုတယ္။ စီးတဲ့ေရ ဆည္တဲ့ကန္သင္းေပါ့။ ဒါေတာင္ အန္တီဝါ စုတာ နည္းေနေသးတယ္ လို႔ ထင္တယ္။ ေသေသခ်ာခ်ာ ေစ့ေစ့စပ္စပ္ လုပ္လိုက္ရင္ ဒီ့ထက္ေတာင္ ပိုစု ႏိုင္ဦးမွာ။ ေ႐ႊဆိုတာ ရွိရင္ တန္ဆာ၊ မရွိရင္ ဝမ္းစာပဲေလ တကယ္လိုအပ္လာ

တယ္ဆိုရင္ ထုတ္သုံးၾကရမွာပဲ” လို႔ သူကဆိုပါတယ္။ ဦးေအာင္ခိုင္ ကေတာ့ ဇနီးျဖစ္သူ ေ႐ႊေတြ စုေလ့ စုထ ရွိတာကို မသိခဲ့ဘူးလို႔လည္း ဝါဝါေအာင္က ေျပာပါတယ္။ “ အန္တီဝါ ေ႐ႊေတြ စုတာ ဦးေအာင္ခိုင္မသိဘူး။ ကိုယ္ထုတ္ဝတ္ေတာ့မွ သူက သိတာ။ ဟာ..

ဘယ္တုန္းက လုပ္ထားတာလဲေပါ့။ ဒီလိုပဲ အဆင္ေျပတဲ့အခ်ိန္မွာ လုပ္ထား လိုက္တာေပါ့လို႔ေျပာရတယ္။ သူကိုယ္တိုင္ လည္း အံ့ၾသဝမ္းသာျဖစ္သြားတာေပါ့။ ေ႐ႊထည္ေတြပဲ စုတယ္၊ ေက်ာက္ေတြက က်ေတာ့ ျပန္ေရာင္းရင္ ရႈံးတာေလးေတြရွိတတ္ေတာ့မစုျဖစ္

ဘူး။ ကိုယ္ေ႐ႊစုတိုင္းလည္း ဦးေအာင္ခိုင္ မသိတာမ်ားတယ္” လို႔ သေဘာက် ရယ္ေမာရင္း ေျပာလာပါတယ္ ဝါဝါေအာင္ ကိုေတာ့ ဇာတ္ပို႔ ဇာတ္ရံ သ႐ုပ္ေဆာင္ တစ္ေယာက္အျဖစ္ ပရိသတ္ေတြ စတင္ အားေပးခဲ့ၾကတာျဖစ္ပါတယ္…။ ဒီေန႔ ဒီအခ်ိန္ ထိ က်ရာ

ဇာတ္႐ုပ္မွာ အေကာင္းဆုံး ျဖစ္ေအာင္ ႀကိဳးစားျပင္ဆင္ သ႐ုပ္ေဆာင္ႏိုင္ တာေၾကာင့္လည္း ပရိသတ္အခိုင္အမာ ရရွိေနတာ ျဖစ္ပါ တယ္။ ႐ုပ္ရွင္ဇာတ္ကား၊ ဗီဒီယို ဇာတ္ကားေတြမွာလည္း အဆက္မျပတ္ ပါဝင္ သ႐ုပ္ေဆာင္ေနရတာကို ေတြ႕ရပါတယ္။

Credit: Duwun

 

Focus Myanmar Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment