တစ်ခန်းလုံးအပြည့်မွေးနေ့လက်ဆောင်တွေကို ပရိသတ်တွေဆီကရရှိခဲ့တဲ့ Lee Min Ho

Unicodeဖြင့်ဖတ်ရန်
Lee Min Ho တစ်ယောက် စစ်မှုထမ်းပြီးနောက် ပထမဆုံးပြန်လည်ရိုက်ကူးထားတဲ့ The King: Eternal Monarch ကတော့ ပြီးစီးသွားတာမကြာသေးပါဘူး။ Lee Min Ho ဟာ အာရှတစ်လွှားသာမက အနောက်နိုင်ငံတွေထိပါပရိသတ်အားပေးမှုရရှိထားတဲ့ ကိုရီးယားမင်းသားတစ်လက်လည်း ဖြစ်ပါတယ်။ သူ့ရဲ့မွေးနေ့မှာလည်း ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုက သိသာလွပါတယ်။
ပရိသတ်တွေပေးခဲ့တဲ့မွေးနေ့ကတော့ တစ်ခန်းလုံးအပြည့်ရရှိခဲ့တယ်လို့ဆိုရမှာပါ။ ရရှိခဲ့တဲ့မွေးနေ့လက်ဆောင်တွေနဲ့အတူဓာတ်ပုံရိုက်ခဲ့ပြီး “Thank you, everyone, U all made today as a special day.” ဆိုပြီးတော့ ကျေးဇူးတင်စကားကိုလည်း ရေးသားခဲ့ပါတယ်။ Lee Min Ho ကတော့ ၁၉၈၇ ဇွန်လ(၂၂) ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ပြီး အသက်(၃၃)နှစ်ပြည့်သွားခဲ့ပါပြီ။
ပရိသတ်တွေကတော့ F4 မင်းသားဆိုပြီး Boys Over Flowers ဇာတ်ကားနဲ့အတူ လျှမ်းလျှမ်းတောက်အောင်မြင်မှုတွေရလာတဲ့ Lee Min Ho ကိုအားပေးခဲ့ကြတာ နှစ်များစွာကြာခဲ့ပါပြီ။ ရှေ့လျှောက်အခုလိုအောင်မြင်မှုများစွာနဲ့အတူ ပရိသတ်တွေရဲ့အချစ်တွေကို သိမ်းပိုက်ထားနိုင်ပါစေ…
Source : kstarlive,LeeMinhoIG
Credit:tv.celegabar
Zawgyiဖြင့်ဖတ်ရန်
Credit:tv.celegabar