ဇူလိုင်လတွင်း ကြော်ငြာရိုက်ကူးမှုတွေ ပြန်စနိုင်ဖို့ ရုပ်ရှင် အစည်းအရုံးက စီစဉ်နေ

Unicodeဖြင့်ဖတ်ရန်

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဌဖြစ်သူ ဦးညီညီထွန်းလွင် က ဇူလိုင်လ အတွင်းမှာ အနုပညာလောကသားတွေ အနေနဲ့ အလုပ်တွေ ပြန်လုပ်နိုင်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

အနုပညာလောကသားတွေ အားလုံး ဇူလိုင်လအတွင်းမှာ ကြော်ငြာရိုက်ကူးမှုတွေ ပြန်လည်လုပ် ဆောင်နိုင်ဖို့အတွက် အစည်းအရုံးက စီစဉ်ဆောင်ရွက်နေတယ်လို့ အစည်းအရုံးဥက္ကဌ ဦးညီညီထွန်းလွင်က ဆိုပါတယ်။ ရိုက်ကူးရေးတွေ လုပ်မယ့်အချိန်မှာလည်း လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်ထားတယ်လို့ သူက ပြောပါတယ်။

“ ဒီလကုန်ရင် Lock Down ဖြည်မယ်ဆိုတော့ ဇူလိုင်ဆိုရင် ရိုက်လို့ရမှာကတော့ ကြော်ငြာပါပဲ။ အခုဆိုရင် ကြော်ငြာက (၁၅) ခုရှိတယ်။ ဇာတ်လမ်းတွဲက ၃ ခု၊ ၄ ခုလောက်ရှိတယ်၊ ရုပ်ရှင်ကတည်း တစ်ကားရှိတယ်။ ရိုက်ကူးချင်တဲ့ သူတွေကို ဇွန်လ (၂၅) ရက်နေ့မှာ တွေ့ကြပြီး စည်းကမ်းချက်တွေ လုပ်ကြမယ်။ ရိုက်ကူးရင်လည်း ကျန်းမာရေး ဝန်ကြီးဌာနက ပြဌာန်းထားတဲ့ စည်းမျဉ်း စည်းကမ်းတွေနဲ့ ရိုက်ရမယ်။ ရိုက်ကူးပါ့မယ်ဆိုတာကိုလည်း ဝန်ခံ ကတိပြုရမယ်။ နောက်ဆက်တွဲဖြစ်လာမယ့် ကိစ္စအဝဝကိုလည်း တာဝန်ယူပါ့မယ်ဆိုပြီးတော့ တာဝန်ယူမှု၊ တာဝန်ခံမှုတွေနဲ့ ရိုက်ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတိုင်းမှာ Lockdown ဖြည်ရင် ဒုတိယအကြိမ်ဆိုတာ ရှိတယ်။ မြန်မာပြည်မှာလည်း Lock Down ဖြည်ပြီ အဲဒီအခါကျရင် ဒုတိအကြိမ်ဆိုတာကို သတိထားရမယ်။ ဒါပေမယ့် လူတွေက ပေါ့ဆလာကြတယ်။ ဒါကြောင့် တော်တော် သတိ၊ ဝီရိယနဲ့ ရိုက်ရမှာပဲ။ ရုပ်ရှင်အစည်းအရုံး အနေနဲ့ ကိုယ့်လောကသားတွေရဲ့ စားဝတ်နေရေး အဆင်ပြေအောင် တတ်နိုင်သလောက် ကူညီတာပါ”လို့ သူက Duwun ကိုပြောပါတယ်။

Photo: Nyi Nyi

ကြော်ငြာရိုက်ကူးမှုတွေအပြင် ရုပ်ရှင်ဇာတ်ကားတွေ ပြန်လည်ရိုက်ကူးမယ်ဆိုပါက ချမှတ်ထားတဲ့ စည်းမျဉ်း၊စည်းကမ်းတွေကို မဖြစ်မနေ လိုက်နာဆောင်ရွက်ဖို့ လိုတယ်လို့ ဥက္ကဌကဆိုပါတယ်။ရုပ်ရှင်ရိုက်ကူးရေးမှာ လူဦးရေ များတာကြောင့်လည်း တာဝန်ကြီးနိုင်တယ်လို့ သူကဆက်လက်ပြောပြခဲ့ပါတယ်။

“ကိုယ့်ရုပ်ရှင်လောကသားတွေက ဒီကာလထဲမှာ ရုပ်ရှင်တွေ ပြန်ရိုက်မယ်ဆိုရင် ဘယ်လို စည်းမျဉ်း၊ စည်းကမ်းတွေနဲ့ရိုက်ကြမလဲ။ ဒုတိယအကြိမ်ဆိုတာမျိုး မကြုံတွေ့အောင်ပေါ့။ ကိုယ့်အဖွဲ့ထဲမှာ ပါလာမယ့် စာရင်းတွေကို သေသေချာချာ သိဖို့လိုတယ်။ အဲဒီလူတွေရဲ့ ခရီးသွား ရာဇဝင် ပြည်တွင်း၊ ပြည်ပ ရှိမရှိ၊ ရှုတင်မတိုင်ခင် တစ်လအလို မှာ သိရမယ်။ သူတို့နေထိုင်တဲ့ ရပ်ကွက်၊ လမ်းတွေ၊ မြို့နယ်အတွင်းမှာ သံသယလူနာတွေရှိသလား၊ သံသယလူနာတွေနဲ့ ထိတွေ့ဆက်ဆံခဲ့ခြင်း ရှိ၊ မရှိ ရာဇဝင်တွေမှာ လိုက်ပြီးတော့ ကိုယ်ရေးရာဇဝင် ဖောင်လေးတွေပြုစုပေးရမယ်။ ဒါမှ တစ်ခုခုဖြစ်ရင် လိုက်လို့ရမှာ။ တာဝန်တော့ နည်းနည်းကြီးတယ်” ဆိုပြီးတော့ ဇွန်လ ၂၀ ရက်နေ့က ပြောခဲ့တာပါ။

Photo: Nyi Nyi

ဦးညီညီထွန်းလွင်ဟာ COVID-19 ကာလအတွင်းမှာ စားဝတ်နေရေး အခက်အခဲကြုံနေရတဲ့ အနုပညာလောကသားတွေအတွက်လည်း စိတ်မကောင်းဘူးလို့ဆိုပါတယ်။ ဒါကြောင့် ရိုက်ကူးရေးတွေ ပြန်လုပ်တဲ့အခါမှာ သေချာ သတိထားစေချင်တယ်လို့ သူက ပြောပါတယ်။ ” ကြော်ငြာက ၁၄ ယောက်၊ ၁၅ ယောက်နဲ့ ရိုက်လို့ရတယ်။ ရုပ်ရှင်က လူ ၆၀၊ ၇၀ လောက်အထိရှိတယ်။ တစ်ခုခုဖြစ်ရင် လိုက်ဖို့ကလည်း ခက်တယ်။ ဥပမာ ကွမ်းစားတာက အစပေါ့။ ဒီကာလမှာ ကွမ်းစားတာကိုလည်း ဖျက်သင့်တယ်။ အစည်းအရုံးကလည်း ဇူလိုင်လောက် အထိပဲ ပံ့ပိုးပေးနိုင်မှာ သြဂုတ်လ လောက်ကစပြီး ကိုယ့်ဘာသာကိုယ် ရုန်းရတော့မှာ။ ဒါကြောင့် လောကသားတွေကိုယ်တိုင်ကလည်း စည်းမျဉ်း စည်းကမ်းတွေကို လေ့လာကြဖို့၊ ဘာပဲပြောပြော ဒုတိယအကြိမ် ဆိုတာ မဖြစ်လာအောင် အတတ်နိုင်ဆုံးတော့ သတိထားသင့်တယ်” လို့ ဆက်လက် ပြောပြလာပါတယ်။

Photo: Nyi Nyi

အနုပညာလောကသားတွေ အားလုံးဟာ ၂၀၂၀ ခုနှစ် မတ်လ အတွင်းက စပြီး COVID-19 ကူးစက်ရောဂါပြန့်ပွားမှု ကာကွယ်ရေးအတွက် ကြော်ငြာရိုက်ကူးရေး၊ ဇာတ်ကားရိုက်ကူးရေးတွေ နားခဲ့ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် မိသားစု စားဝတ်နေရေး အခက်အခဲ ကြုံနေရတဲ့ လောကသားတွေအတွက် နာမည်ကျော်သရုပ်ဆောင်များ ကလည်း စားနပ်ရိက္ခာတွေအပြင် ငွေကြေးထောက်ပံ့မှုတွေလည်း လုပ်ခဲ့ကြပါတယ်။ ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးညီညီထွန်းလွင်ကတော့ အနုပညာလောကမှာ ဒါရိုက်တာ တစ်ယောက်အဖြစ် ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးခဲ့ပြီး အကယ်ဒမီဆုလည်း ရရှိပြီးသူတစ်ယောက်ပါ။ သူဟာ ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ရာထူးကို၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့မှစပြီး တာဝန်ယူဆောင်ရွက်ခဲ့ရတာဖြစ်ပါတယ်။ အနုပညာလောကအတွက် ဥက္ကဌကောင်း တစ်ယောက်ဖြစ်မယ်လု့ိ လည်း အနုပညာရှင်များစွာ တို့က မှတ်ချက်ပေးခံထားရသူတစ်ဦးပါပဲ။

Zawgyiျဖင့္ဖတ္ရန္

ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံး ဥကၠဌျဖစ္သူ ဦးညီညီထြန္းလြင္က ဇူလိုင္လ အတြင္းမွာ အႏုပညာေလာကသားေတြ အေနနဲ႔ အလုပ္ေတြ ျပန္လုပ္ႏိုင္ဖို႔ စီစဥ္ထားတယ္လို႔ ဆိုပါတယ္။

အႏုပညာေလာကသားေတြ အားလုံး ဇူလိုင္လအတြင္းမွာ ေၾကာ္ျငာ႐ိုက္ကူးမႈေတြ ျပန္လည္လုပ္ ေဆာင္ႏိုင္ဖို႔အတြက္ အစည္းအ႐ုံးက စီစဥ္ေဆာင္႐ြက္ေနတယ္လို႔ အစည္းအ႐ုံးဥကၠဌ ဦးညီညီထြန္းလြင္က ဆိုပါတယ္။ ႐ိုက္ကူးေရးေတြ လုပ္မယ့္အခ်ိန္မွာလည္း လိုက္နာရမယ့္ စည္းမ်ဥ္းစည္းကမ္းေတြ သတ္မွတ္ထားတယ္လို႔ သူက ေျပာပါတယ္။

“ ဒီလကုန္ရင္ Lock Down ျဖည္မယ္ဆိုေတာ့ ဇူလိုင္ဆိုရင္ ႐ိုက္လို႔ရမွာကေတာ့ ေၾကာ္ျငာပါပဲ။ အခုဆိုရင္ ေၾကာ္ျငာက (၁၅) ခုရွိတယ္။ ဇာတ္လမ္းတြဲက ၃ ခု၊ ၄ ခုေလာက္ရွိတယ္၊ ႐ုပ္ရွင္ကတည္း တစ္ကားရွိတယ္။ ႐ိုက္ကူးခ်င္တဲ့ သူေတြကို ဇြန္လ (၂၅) ရက္ေန႔မွာ ေတြ႕ၾကၿပီး စည္းကမ္းခ်က္ေတြ လုပ္ၾကမယ္။ ႐ိုက္ကူးရင္လည္း က်န္းမာေရး ဝန္ႀကီးဌာနက ျပဌာန္းထားတဲ့ စည္းမ်ဥ္း စည္းကမ္းေတြနဲ႔ ႐ိုက္ရမယ္။ ႐ိုက္ကူးပါ့မယ္ဆိုတာကိုလည္း ဝန္ခံ ကတိျပဳရမယ္။ ေနာက္ဆက္တြဲျဖစ္လာမယ့္ ကိစၥအဝဝကိုလည္း တာဝန္ယူပါ့မယ္ဆိုၿပီးေတာ့ တာဝန္ယူမႈ၊ တာဝန္ခံမႈေတြနဲ႔ ႐ိုက္ရမယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ႏိုင္ငံတိုင္းမွာ Lockdown ျဖည္ရင္ ဒုတိယအႀကိမ္ဆိုတာ ရွိတယ္။ ျမန္မာျပည္မွာလည္း Lock Down ျဖည္ၿပီ အဲဒီအခါက်ရင္ ဒုတိအႀကိမ္ဆိုတာကို သတိထားရမယ္။ ဒါေပမယ့္ လူေတြက ေပါ့ဆလာၾကတယ္။ ဒါေၾကာင့္ ေတာ္ေတာ္ သတိ၊ ဝီရိယနဲ႔ ႐ိုက္ရမွာပဲ။ ႐ုပ္ရွင္အစည္းအ႐ုံး အေနနဲ႔ ကိုယ့္ေလာကသားေတြရဲ႕ စားဝတ္ေနေရး အဆင္ေျပေအာင္ တတ္ႏိုင္သေလာက္ ကူညီတာပါ”လို႔ သူက Duwun ကိုေျပာပါတယ္။

Photo: Nyi Nyi

ေၾကာ္ျငာ႐ိုက္ကူးမႈေတြအျပင္ ႐ုပ္ရွင္ဇာတ္ကားေတြ ျပန္လည္႐ိုက္ကူးမယ္ဆိုပါက ခ်မွတ္ထားတဲ့ စည္းမ်ဥ္း၊စည္းကမ္းေတြကို မျဖစ္မေန လိုက္နာေဆာင္႐ြက္ဖို႔ လိုတယ္လို႔ ဥကၠဌကဆိုပါတယ္။႐ုပ္ရွင္႐ိုက္ကူးေရးမွာ လူဦးေရ မ်ားတာေၾကာင့္လည္း တာဝန္ႀကီးႏိုင္တယ္လို႔ သူကဆက္လက္ေျပာျပခဲ့ပါတယ္။

“ကိုယ့္႐ုပ္ရွင္ေလာကသားေတြက ဒီကာလထဲမွာ ႐ုပ္ရွင္ေတြ ျပန္႐ိုက္မယ္ဆိုရင္ ဘယ္လို စည္းမ်ဥ္း၊ စည္းကမ္းေတြနဲ႔႐ိုက္ၾကမလဲ။ ဒုတိယအႀကိမ္ဆိုတာမ်ိဳး မႀကဳံေတြ႕ေအာင္ေပါ့။ ကိုယ့္အဖြဲ႕ထဲမွာ ပါလာမယ့္ စာရင္းေတြကို ေသေသခ်ာခ်ာ သိဖို႔လိုတယ္။ အဲဒီလူေတြရဲ႕ ခရီးသြား ရာဇဝင္ ျပည္တြင္း၊ ျပည္ပ ရွိမရွိ၊ ရႈတင္မတိုင္ခင္ တစ္လအလို မွာ သိရမယ္။ သူတို႔ေနထိုင္တဲ့ ရပ္ကြက္၊ လမ္းေတြ၊ ၿမိဳ႕နယ္အတြင္းမွာ သံသယလူနာေတြရွိသလား၊ သံသယလူနာေတြနဲ႔ ထိေတြ႕ဆက္ဆံခဲ့ျခင္း ရွိ၊ မရွိ ရာဇဝင္ေတြမွာ လိုက္ၿပီးေတာ့ ကိုယ္ေရးရာဇဝင္ ေဖာင္ေလးေတြျပဳစုေပးရမယ္။ ဒါမွ တစ္ခုခုျဖစ္ရင္ လိုက္လို႔ရမွာ။ တာဝန္ေတာ့ နည္းနည္းႀကီးတယ္” ဆိုၿပီးေတာ့ ဇြန္လ ၂၀ ရက္ေန႔က ေျပာခဲ့တာပါ။

Photo: Nyi Nyi

ဦးညီညီထြန္းလြင္ဟာ COVID-19 ကာလအတြင္းမွာ စားဝတ္ေနေရး အခက္အခဲႀကဳံေနရတဲ့ အႏုပညာေလာကသားေတြအတြက္လည္း စိတ္မေကာင္းဘူးလို႔ဆိုပါတယ္။ ဒါေၾကာင့္ ႐ိုက္ကူးေရးေတြ ျပန္လုပ္တဲ့အခါမွာ ေသခ်ာ သတိထားေစခ်င္တယ္လို႔ သူက ေျပာပါတယ္။ ” ေၾကာ္ျငာက ၁၄ ေယာက္၊ ၁၅ ေယာက္နဲ႔ ႐ိုက္လို႔ရတယ္။ ႐ုပ္ရွင္က လူ ၆၀၊ ၇၀ ေလာက္အထိရွိတယ္။ တစ္ခုခုျဖစ္ရင္ လိုက္ဖို႔ကလည္း ခက္တယ္။ ဥပမာ ကြမ္းစားတာက အစေပါ့။ ဒီကာလမွာ ကြမ္းစားတာကိုလည္း ဖ်က္သင့္တယ္။ အစည္းအ႐ုံးကလည္း ဇူလိုင္ေလာက္ အထိပဲ ပံ့ပိုးေပးႏိုင္မွာ ၾသဂုတ္လ ေလာက္ကစၿပီး ကိုယ့္ဘာသာကိုယ္ ႐ုန္းရေတာ့မွာ။ ဒါေၾကာင့္ ေလာကသားေတြကိုယ္တိုင္ကလည္း စည္းမ်ဥ္း စည္းကမ္းေတြကို ေလ့လာၾကဖို႔၊ ဘာပဲေျပာေျပာ ဒုတိယအႀကိမ္ ဆိုတာ မျဖစ္လာေအာင္ အတတ္ႏိုင္ဆုံးေတာ့ သတိထားသင့္တယ္” လို႔ ဆက္လက္ ေျပာျပလာပါတယ္။

Photo: Nyi Nyi

အႏုပညာေလာကသားေတြ အားလုံးဟာ ၂၀၂၀ ခုႏွစ္ မတ္လ အတြင္းက စၿပီး COVID-19 ကူးစက္ေရာဂါျပန႔္ပြားမႈ ကာကြယ္ေရးအတြက္ ေၾကာ္ျငာ႐ိုက္ကူးေရး၊ ဇာတ္ကား႐ိုက္ကူးေရးေတြ နားခဲ့ၾကတာ ျဖစ္ပါတယ္။ ဒါေၾကာင့္ မိသားစု စားဝတ္ေနေရး အခက္အခဲ ႀကဳံေနရတဲ့ ေလာကသားေတြအတြက္ နာမည္ေက်ာ္သ႐ုပ္ေဆာင္မ်ား ကလည္း စားနပ္ရိကၡာေတြအျပင္ ေငြေၾကးေထာက္ပံ့မႈေတြလည္း လုပ္ခဲ့ၾကပါတယ္။ ႐ုပ္ရွင္အစည္းအ႐ုံး ဥကၠဌ ဦးညီညီထြန္းလြင္ကေတာ့ အႏုပညာေလာကမွာ ဒါ႐ိုက္တာ တစ္ေယာက္အျဖစ္ ႐ုပ္ရွင္ဇာတ္ကားေပါင္းမ်ားစြာကို ႐ိုက္ကူးခဲ့ၿပီး အကယ္ဒမီဆုလည္း ရရွိၿပီးသူတစ္ေယာက္ပါ။ သူဟာ ႐ုပ္ရွင္အစည္းအ႐ုံး ဥကၠဌ ရာထူးကို၂၀၁၉ ခုႏွစ္ ႏိုဝင္ဘာလ ၅ ရက္ေန႔မွစၿပီး တာဝန္ယူေဆာင္႐ြက္ခဲ့ရတာျဖစ္ပါတယ္။ အႏုပညာေလာကအတြက္ ဥကၠဌေကာင္း တစ္ေယာက္ျဖစ္မယ္လု႔ိ လည္း အႏုပညာရွင္မ်ားစြာ တို႔က မွတ္ခ်က္ေပးခံထားရသူတစ္ဦးပါပဲ။

Credit:Duwun

 

Focus Myanmar Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment