မလေးရှား မှာ ဒုက္ခရောက်နေတဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေကို ဇူလိုင်လဆန်းမှာ ပြန်ခေါ်နိုင်တော့မယ်

Unicodeဖြင့်ဖတ်ရန်
မလေးရှား နိုင်ငံမှာ နေရပ်ပြန်ဖို့ အခက်အခဲကြုံနေရတဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေကို လာမယ့် ဇွန်လကုန်နဲ့ ဇူလိုင်လဆန်းပိုင်းမှာ ပြန်ခေါ်မယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာ ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးအောင်ကျော်ဇံက Duwun ကိုပြောပါတယ်။
လက်ရှိမှာ မလေးရှားနိုင်ငံရောက် အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေကို မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity – C of I) တွေ ထုတ်ပေးနိုင်ဖို့ နှစ်နိုင်ငံအစိုးရချင်းစီစဉ်နေပြီလို့ ညွန်ကြားရေးမှူးချုပ် ဦးအောင်ကျော်ဇံက ဆိုပါတယ်။
“အထောက်အထားမဲ့ပေမယ့် နေရပ်လိပ်စာ စုံစမ်းသိရှိနိုင်တဲ့ မြန်မာနိုင်ငံသားတွေကို တစ်ကြိမ်တစ်ခါသုံး သက်သေခံလက်မှတ်အဖြစ် မြန်မာသံရုံးက ထုတ်ပေးလို့ရတယ်။ ဒါကို မလေးရှားနိုင်ငံရဲ့ လဝက ဥပဒေနဲ့ ဘယ်လိုညိစွန်းနေမလဲ။ သူတို့ဘက်ကလည်းဖြေလျော့ပေးနိုင်ဖို့ ကျွန်တော်တို့ မလေးရှားသံရုံးနဲ့ ညှိနှိုင်းထားပါတယ်။ ပြန်ခေါ်လို့ရပြီဆိုရင် ကျွန်တော်တို့ ဒီဘက်က ကွာရန်တင်းအခြေအနေတွေကြည့်ပြီး ဒီလကုန်ဒါမှမဟုတ် ဇူလိုင်လဆန်းပိုင်းလောက် ပြန်ခေါ်မှာပါ။ “ လို့ ဦးအောင်ကျော်ဇံက Duwun ကိုပြောပါတယ်။
ဒါ့အပြင် မလေးရှားနိုင်ငံမှာ အခက်အခဲကြုံနေတဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့လည်း မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့က မြန်မာသံရုံးကို ဆက်သွယ်အကြောင်းကြားနိုင်ဖို့ ညွှန်ကြားချက် ထုတ်ပြန်မယ်လို့လည်းသိရပါတယ်။
လက်ရှိမှာ ကိုဗစ်ဂယက်ကြောင့် အလုပ်လက်မဲ့ဖြစ်သွားပြီး နေထိုင်စားသောက်ရေးအခက်အခဲကြုံနေရတဲ့ မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားအချို့ဟာ လူမှုရေးပြဿနာတွေအပြင် အထောက်အထားမဲ့လို့ နေရပ်ပြန်ခွင့်မရတဲ့ ပြဿနာတွေကြောင့် ကိုယ့်ကိုကိုယ်အဆုံးစီရင်ခဲ့ကြပြီး မေလကုန်ပိုင်းကနေ ဇွန်လ ၂၁ ရက်အထိ ဆိုရင် မြန်မာနိုင်ငံသား (၈) ဦး မိမိကိုယ်ကိုကိုယ် သတ်သေမှုဖြစ်ပွားခဲ့တယ်လို့ မလေးရှားနိုင်ငံ၊ ကပုန်းနာရေးကူညီမှုအသင်းက သိရပါတယ်။
“ မလေးရှားမှာ ကိုဗစ်ကြောင့် တရားမဝင်အလုပ်သမားတွေကို လုံးဝမခန့်တော့ဘူး။ အလုပ်မခန့်တော့ ထောင်နဲ့ချီတဲ့အလုပ်သမားတွေက အလုပ်လက်မဲ့ဖြစ်တယ်။ မိဘရပ်ထံကို ပြန်ချင်ကြတယ်။ စားရေးသောက်ရေးအပြင် နေထိုင်ခတွေကလည်း မဖြစ်မနေ ပေးရတော့မယ်။ မပေးနိုင်ရင် ရဲကို အကြောင်းကြားမယ် ။ အဖမ်းခံရမယ်။ ဒီလိုအခက်အခဲဖြစ်တော့ စိတ်ဖိစီးပြီး ကိုယ့်ကိုကိုယ်သတ်သေမှုတွေ များလာတာပါ” လို့ ကပုန်းနာရေးကူညီမှုအသင်း ဥက္ကဌ ဦးစန်းဝင်းက ပြောပါတယ်။
လက်ရှိမှာ မလေးရှားနိုင်ငံကနေ ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်လာကြတဲ့ မြန်မာနိုင်ငံသားပေါင်း ၄၀၀ နီးပါးခန့်ရှိနေပြီး လာမယ့် ဇွန်လ ၂၇ ရက်မှာလည်း မလေးရှားကနေ ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်လာမယ့် ၁၇၀ ကျော်ရှိနေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရသိရပါတယ်။
Zawgyiျဖင့္ဖတ္ရန္
မေလးရွားႏိုင္ငံမွာ ေနရပ္ျပန္ဖို႔ အခက္အခဲႀကဳံေနရတဲ့ အေထာက္အထားမဲ့ ျမန္မာႏိုင္ငံသားေတြကို လာမယ့္ ဇြန္လကုန္နဲ႔ ဇူလိုင္လဆန္းပိုင္းမွာ ျပန္ေခၚမယ္လို႔ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေကာင္စစ္ေရးရာႏွင့္ ဥပေဒေရးရာ ဦးစီးဌာန ၫြန္ၾကားေရးမႉးခ်ဳပ္ ဦးေအာင္ေက်ာ္ဇံက Duwun ကိုေျပာပါတယ္။
လက္ရွိမွာ မေလးရွားႏိုင္ငံေရာက္ အေထာက္အထားမဲ့ ျမန္မာႏိုင္ငံသားေတြကို မည္သူမည္ဝါျဖစ္ေၾကာင္း သက္ေသခံလက္မွတ္ (Certificate of Identity – C of I) ေတြ ထုတ္ေပးႏိုင္ဖို႔ ႏွစ္ႏိုင္ငံအစိုးရခ်င္းစီစဥ္ေနၿပီလို႔ ၫြန္ၾကားေရးမႉးခ်ဳပ္ ဦးေအာင္ေက်ာ္ဇံက ဆိုပါတယ္။
“အေထာက္အထားမဲ့ေပမယ့္ ေနရပ္လိပ္စာ စုံစမ္းသိရွိႏိုင္တဲ့ ျမန္မာႏိုင္ငံသားေတြကို တစ္ႀကိမ္တစ္ခါသုံး သက္ေသခံလက္မွတ္အျဖစ္ ျမန္မာသံ႐ုံးက ထုတ္ေပးလို႔ရတယ္။ ဒါကို မေလးရွားႏိုင္ငံရဲ႕ လဝက ဥပေဒနဲ႔ ဘယ္လိုညိစြန္းေနမလဲ။ သူတို႔ဘက္ကလည္းေျဖေလ်ာ့ေပးႏိုင္ဖို႔ ကြၽန္ေတာ္တို႔ မေလးရွားသံ႐ုံးနဲ႔ ညႇိႏႈိင္းထားပါတယ္။ ျပန္ေခၚလို႔ရၿပီဆိုရင္ ကြၽန္ေတာ္တို႔ ဒီဘက္က ကြာရန္တင္းအေျခအေနေတြၾကည့္ၿပီး ဒီလကုန္ဒါမွမဟုတ္ ဇူလိုင္လဆန္းပိုင္းေလာက္ ျပန္ေခၚမွာပါ။ “ လို႔ ဦးေအာင္ေက်ာ္ဇံက Duwun ကိုေျပာပါတယ္။
ဒါ့အျပင္ မေလးရွားႏိုင္ငံမွာ အခက္အခဲႀကဳံေနတဲ့ အေထာက္အထားမဲ့ ျမန္မာႏိုင္ငံသားေတြအေနနဲ႔လည္း မေလးရွားႏိုင္ငံ၊ ကြာလာလမ္ပူၿမိဳ႕က ျမန္မာသံ႐ုံးကို ဆက္သြယ္အေၾကာင္းၾကားႏိုင္ဖို႔ ၫႊန္ၾကားခ်က္ ထုတ္ျပန္မယ္လို႔လည္းသိရပါတယ္။
လက္ရွိမွာ ကိုဗစ္ဂယက္ေၾကာင့္ အလုပ္လက္မဲ့ျဖစ္သြားၿပီး ေနထိုင္စားေသာက္ေရးအခက္အခဲႀကဳံေနရတဲ့ မေလးရွားႏိုင္ငံေရာက္ ျမန္မာႏိုင္ငံသားအခ်ိဳ႕ဟာ လူမႈေရးျပႆနာေတြအျပင္ အေထာက္အထားမဲ့လို႔ ေနရပ္ျပန္ခြင့္မရတဲ့ ျပႆနာေတြေၾကာင့္ ကိုယ့္ကိုကိုယ္အဆုံးစီရင္ခဲ့ၾကၿပီး ေမလကုန္ပိုင္းကေန ဇြန္လ ၂၁ ရက္အထိ ဆိုရင္ ျမန္မာႏိုင္ငံသား (၈) ဦး မိမိကိုယ္ကိုကိုယ္ သတ္ေသမႈျဖစ္ပြားခဲ့တယ္လို႔ မေလးရွားႏိုင္ငံ၊ ကပုန္းနာေရးကူညီမႈအသင္းက သိရပါတယ္။
“ မေလးရွားမွာ ကိုဗစ္ေၾကာင့္ တရားမဝင္အလုပ္သမားေတြကို လုံးဝမခန႔္ေတာ့ဘူး။ အလုပ္မခန႔္ေတာ့ ေထာင္နဲ႔ခ်ီတဲ့အလုပ္သမားေတြက အလုပ္လက္မဲ့ျဖစ္တယ္။ မိဘရပ္ထံကို ျပန္ခ်င္ၾကတယ္။ စားေရးေသာက္ေရးအျပင္ ေနထိုင္ခေတြကလည္း မျဖစ္မေန ေပးရေတာ့မယ္။ မေပးႏိုင္ရင္ ရဲကို အေၾကာင္းၾကားမယ္ ။ အဖမ္းခံရမယ္။ ဒီလိုအခက္အခဲျဖစ္ေတာ့ စိတ္ဖိစီးၿပီး ကိုယ့္ကိုကိုယ္သတ္ေသမႈေတြ မ်ားလာတာပါ” လို႔ ကပုန္းနာေရးကူညီမႈအသင္း ဥကၠဌ ဦးစန္းဝင္းက ေျပာပါတယ္။
လက္ရွိမွာ မေလးရွားႏိုင္ငံကေန ကယ္ဆယ္ေရးေလယာဥ္နဲ႔ ျပန္လာၾကတဲ့ ျမန္မာႏိုင္ငံသားေပါင္း ၄၀၀ နီးပါးခန႔္ရွိေနၿပီး လာမယ့္ ဇြန္လ ၂၇ ရက္မွာလည္း မေလးရွားကေန ကယ္ဆယ္ေရးေလယာဥ္နဲ႔ ျပန္လာမယ့္ ၁၇၀ ေက်ာ္ရွိေနတယ္လို႔ ႏိုင္ငံျခားေရးဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္ေတြအရသိရပါတယ္။
Credit:Duwun