မိုးကြိဳးပဈနေၿခိန်မွာ မိုဘိုင်းလ်ဖုန်းသုံးရင် ကိုယ့်ကို ထိမွန်မွာလား

Unicodeဖြင့်ဖတ်ရန်

နိုင်ငံတကာမှာရော မြန်မာပြည်က လူတွေဆီမှာပါ ယူဆချက်တစ်ခုရှိပါတယ်။ မိုးပြင်းထန်နေချိန်၊ မိုးကြိုး တွေ တစ်ဒိုင်းဒိုင်းပစ်နေချိန်တွေမှာ မိုဘိုင်းလ်ဖုန်းသုံးတာ၊ ဖုန်းပြောတာတွေ ပြုလုပ်မယ်ဆိုရင် လျှပ်စစ်ဓာတ်ကို ဆွဲယူမိပြီး အသုံးပြုနေသူကို လာရောက်ထိမှန်တတ်တယ်ဆိုတာပါပဲ။

ဒီယူဆချက်ကို နိုင်ငံပေါင်း အမြောက်အများက လူပေါင်း မြောက်များစွာက နေ့ထက်တိုင် ယုံကြည်နေကြပါတယ်။ တကယ်တမ်းမှာတော့ ဒီယူဆချက်ဟာ မှန်ကန်မှုမရှိပါဘူး။

ဥပမာပေးရရင် တောထဲသွားနေတဲ့ လူတစ်ယောက်ဟာ ဖုန်းကိုင်ထားတုန်း ကျားကိုက်ခံရတာကို ကျားက ဖုန်းကိုင်ထားလို့ လာကိုက်ပါတယ်လို့ ပြောနေသလိုပါပဲ။

မိုးကြိုးက ကိုယ့်ဖုန်းဆီ လာနေတာလား
တကယ်တော့ မိုးကြိုးဆိုတာဟာ တိမ်တောင်တွေကြားထဲက လျှပ်စစ်ဓာတ် စီးဆင်းမှုတစ်မျိုးဖြစ်ပါတယ်။ တိပ်တောင်တွေရဲ့ အထက်ပိုင်းမှာ အဖိုလျှပ်စစ်ဓာတ်ရှိပြီးတော့ အောက်ခြေပိုင်းမှာ အမလျှပ်စစ်ဓာတ်ရှိပါတယ်။ ဒီအရာတွေက မြေပြင်ပေါ်ကို မိုးကြိုးပစ်ချစေအောင် ဖန်တီးတာဖြစ်ပါတယ်။

ပျမ်းမျှခြင်းအားဖြင့် မိုးကြိုးတစ်ကြိမ်ပစ်လွှတ်ရင် ၅၀၀၀၀ ဒီဂရီ ဖာရင်ဟိုက် အပူချိန်နှုန်းနဲ့ ပစ်ချပါတယ်။ နေရဲ့ အပူချိန်ထက် ၅ ဆ ပိုများပါတယ်။ အလွန်လျှင်မြန်ပြီး အသံက နောက်ကလိုက်ပါတယ်။

ဒါကြောင့် မိုးကြိုးပစ်သံ ကြားရပြီဆိုရင် ကိုယ့်ကို မိုးကြိုးလာမထိတာသေချာပြီလို့ သိပ္ပံပညာရှင်တွေက ဆိုကြတာပါ။ မိုးကြိုးက ကိုယ့်ကို လာထိမှန်မယ်ဆိုရင် ဘာသံမှ ကိုယ်ကြားရမှာမဟုတ်ပါဘူး။ ကိုယ့်အနီးနားကလူတွေကတော့ ကိုယ့်ကိုထိမှန်ပြီး စက္ကန့်ပိုင်းအကြာမှာ မိုးကြိုးပစ်သံကြားရပါလိမ့်မယ်။

ပျမ်းမျှအားဖြင့် ၅ စက္ကန့်ကို တစ်မိုင်လို့ သတ်မှတ်ထားပြီး လျှပ်စီးကို မြင်ရပြီးနောက် မိုးချိန်းသံကိုကြားရချိန်နဲ့ တိုက်ဆိုင်ပြီး ကိုယ်နဲ့ ဘယ်လောက် ဝေးဝေးမှာ မိုးကြိုး ပစ်နေတယ်ဆိုတာကိုလည်း ခန့်မှန်းလို့ရပါသေးတယ်။

ပစ်ချလိုက်တဲ့ မိုးကြိုးလျှပ်စီးဟာ သူ့ကို ဆွဲဆောင်နိုင်တဲ့ မြေပြင်ပေါ်က တစ်စုံတစ်ရာဆီကို ပြေးသွားတာဖြစ်ပါတယ်။ ကွင်းခေါင်ခေါင်ထဲက သစ်ပင်မြင့်မြင့်တွေ၊ ဖုန်းတာဝါတိုင်တွေ၊ အဆောက်အအုံ မြင့်မြင့်တွေဆီကိုပေါ့။

မိုးကြိုးတွေဟာ ဖုန်းတာဝါတိုင်တွေဆီကို မကြာခန ပစ်ချလေ့ရှိတဲ့အခါ လူတွေက မိုးကြိုးဟာ ဖုန်းလိုင်းတွေဆီကို ပစ်တယ်လို့ ရှူမြင်လာကြပါတော့တယ်။

တကယ်တမ်းအားဖြင့် ဖုန်းတာဝါတိုင်ဆိုတဲ့အရာတွေဟာ မြင့်မားတဲ့ အဆောက်အအုံတွေရဲ့ အပေါ်ဘက်မှာ တပ်ဆင်ထားတာမျိုး၊ လူနေရပ်ကွက်တွေထဲမှာ မြင့်မားစွာ ထီးထီးကြီးရှိနေတတ်တာမျိုးကြောင့် ခုလို မိုးကြိုးပစ်ခံရလေ့ရှိတာဖြစ်ပါတယ်။

အမေရိကန် အမျိုးသား သမုဒ္ဒရာနှင့် လေထု အုပ်ချုပ်မှုအဖွဲ့ (NOAA) ရဲ့ တရားဝင် အသိပေးချက်အရဆိုရင်လည်း မိုဘိုင်းလ်ဖုန်း၊ သေးငယ်လွန်းလှတဲ့ သတ္ထုပစ္စည်းတွေနဲ့ ကျောက်မျက်ရတနာတွေဟာ မိုးကြိုးထိမှန်လာအောင် မဆွဲဆောင်နိုင်ပါဘူးတဲ့။

လူတွေ မိုးကြိုးပစ်ခံကြရတာဟာ အချိန်မှာ နေရာမှားမှာ ရောက်နေတတ်တာကြောင့်သာဖြစ်တယ်လို့ ဆိုထားပါတယ်။ ဥပမာ – မိုးကြိုးပစ်နေချိန် အမိုးဖွင့် အမြင့်နေရာတွေ၊ သစ်ပင်အောက်တွေ၊ တောင်ကုန်းတွေပေါ် ရောက်နေတာမျိုးပေါ့။

ဒါကြောင့် မိုးကြိုးက ကိုယ့်ရဲ့ ဖုန်းဆီကို လာမှာမဟုတ်ဘူးဆိုတာကို သိနားလည်ကြစေချင်ပါတယ်။ တကယ်တမ်း မိုးကြိုးက တခြားအရာတွေဆီကိုလာတာသာဖြစ်ပါတယ်။ မိုးကြိုးအပစ်ခံရသူအများစုဟာ ဆွမ်းခံရင်း ငှက်သင့်ပြီး မတော်တဆ အဲ့ဒီ မိုးကြိုးကျဆင်းမယ့်နေရာကို ရောက်ရှိသွားကြသူတွေသာဖြစ်ကြပါတယ်။

မိုးကြိုးအပစ်မခံရအောင် ဘယ်လိုနေထိုင်ကြမလဲ

တကယ်တမ်းအားဖြင့် လူသားတစ်ယောက် မိုးကြိုးပစ်ခံရဖို့က ဖြစ်နိုင်ခြေနည်းပါးပါတယ်။ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် လုံခြုံတဲ့ အဆောက်အဦးထဲမှာ ရှိနေတဲ့ လူတစ်ယောက်ကို မိုးကြိုးထိမှန်ဖို့ဆိုတာက ဖြစ်နိုင်ခြေအရမ်းနည်းပါးလှတာပါ။

တကယ်လို့ ကိုယ်က မိုးကြိုးပစ်ခံရမှာကို ကြောက်ရွံ့တတ်သူတစ်ယောက် ဒါမှမဟုတ် မိုးကြီးနဲ့ လျှပ်စီးကို ကြောက်ရွံ့တဲ့ စိတ်ရောဂါ Astraphobia ရှိသူတစ်ယောက်ဆိုရင်တော့ အောက်ပါနည်းလမ်းတွေကို လိုက်နာနိုင်ပါတယ်။

မိုးသည်းထန်နေချိန်၊ မိုးကြိုးပစ်နေချိန်မှာ အိမ်ထဲမှာပဲနေတာ၊

မိုးသည်းထန်နေချိန်၊ မိုးကြိုးပစ်နေချိန်မှာ မြင့်မားတဲ့နေရာတွေကို ရှောင်ကျဉ်တာ၊

မိုးသည်းထန်နေချိန်၊ မိုးကြိုးပစ်နေချိန်မှာ ရေကန်၊ ရေအိုင်၊ ဗွက်အိုင်တွေကို ရှောင်တာ၊

မိုးသည်းထန်နေချိန်၊ မိုးကြိုးပစ်နေချိန်မှာ သစ်ပင်အောက်ကို ဝင်ခိုတာမျိုး၊ သစ်ပင်ရိပ်ကိုဝင်တာမျိုးကို ရှောင်တာ၊

မိုးသည်းထန်နေချိန်၊ မိုးကြိုးပစ်နေချိန်မှာ သတ္တုနဲ့ ဖန်တီးထားတဲ့ အရာဝတ္ထုတွေ၊ ပစ္စည်းတွေကို ရှောင်ရှားတာတွေပါပဲ။

သေချာတာကတော့ မိုးကြိုးတွေ တစ်ဒိုင်းဒိုင်းပစ်နေချိန် ဖုန်းသုံးနေဖြစ်ဖို့က အခွင့်အရေးနည်းပါးလှပါတယ်။ သုံးနေရင်တောင်မှ မိုးကြိုးပစ်ခံရမှာမဟုတ်ပါဘူး။ ဒါပေမယ့် မိုးကြိုးပစ်မှာကြောက်ပြီး သစ်ပင်အောက်တွေ ဝင်ခိုမိရင်တော့ မိုးကြိုးပစ်ခံရနိုင်ခြေပိုများတာကို သတိထားဖို့ လိုအပ်တယ်ဆိုတာပါပဲ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

Zawgyiျဖင့္ဖတ္ရန္

ႏိုင္ငံတကာမွာေရာ ျမန္မာျပည္က လူေတြဆီမွာပါ ယူဆခ်က္တစ္ခုရွိပါတယ္။ မိုးျပင္းထန္ေနခ်ိန္၊ မိုးႀကိဳးေတြ တစ္ဒိုင္းဒိုင္းပစ္ေနခ်ိန္ေတြမွာ မိုဘိုင္းလ္ဖုန္းသုံးတာ၊ ဖုန္းေျပာတာေတြ ျပဳလုပ္မယ္ဆိုရင္ လွ်ပ္စစ္ဓာတ္ကို ဆြဲယူမိၿပီး အသုံးျပဳေနသူကို လာေရာက္ထိမွန္တတ္တယ္ဆိုတာပါပဲ။

ဒီယူဆခ်က္ကို ႏိုင္ငံေပါင္း အေျမာက္အမ်ားက လူေပါင္း ေျမာက္မ်ားစြာက ေန႔ထက္တိုင္ ယုံၾကည္ေနၾကပါတယ္။ တကယ္တမ္းမွာေတာ့ ဒီယူဆခ်က္ဟာ မွန္ကန္မႈမရွိပါဘူး။

ဥပမာေပးရရင္ ေတာထဲသြားေနတဲ့ လူတစ္ေယာက္ဟာ ဖုန္းကိုင္ထားတုန္း က်ားကိုက္ခံရတာကို က်ားက ဖုန္းကိုင္ထားလို႔ လာကိုက္ပါတယ္လို႔ ေျပာေနသလိုပါပဲ။

မိုးႀကိဳးက ကိုယ့္ဖုန္းဆီ လာေနတာလား

တကယ္ေတာ့ မိုးႀကိဳးဆိုတာဟာ တိမ္ေတာင္ေတြၾကားထဲက လွ်ပ္စစ္ဓာတ္ စီးဆင္းမႈတစ္မ်ိဳးျဖစ္ပါတယ္။ တိပ္ေတာင္ေတြရဲ႕ အထက္ပိုင္းမွာ အဖိုလွ်ပ္စစ္ဓာတ္ရွိၿပီးေတာ့ ေအာက္ေျခပိုင္းမွာ အမလွ်ပ္စစ္ဓာတ္ရွိပါတယ္။ ဒီအရာေတြက ေျမျပင္ေပၚကို မိုးႀကိဳးပစ္ခ်ေစေအာင္ ဖန္တီးတာျဖစ္ပါတယ္။

ပ်မ္းမွ်ျခင္းအားျဖင့္ မိုးႀကိဳးတစ္ႀကိမ္ပစ္လႊတ္ရင္ ၅၀၀၀၀ ဒီဂရီ ဖာရင္ဟိုက္ အပူခ်ိန္ႏႈန္းနဲ႔ ပစ္ခ်ပါတယ္။ ေနရဲ႕ အပူခ်ိန္ထက္ ၅ ဆ ပိုမ်ားပါတယ္။ အလြန္လွ်င္ျမန္ၿပီး အသံက ေနာက္ကလိုက္ပါတယ္။

ဒါေၾကာင့္ မိုးႀကိဳးပစ္သံ ၾကားရၿပီဆိုရင္ ကိုယ့္ကို မိုးႀကိဳးလာမထိတာေသခ်ာၿပီလို႔ သိပၸံပညာရွင္ေတြက ဆိုၾကတာပါ။ မိုးႀကိဳးက ကိုယ့္ကို လာထိမွန္မယ္ဆိုရင္ ဘာသံမွ ကိုယ္ၾကားရမွာမဟုတ္ပါဘူး။ ကိုယ့္အနီးနားကလူေတြကေတာ့ ကိုယ့္ကိုထိမွန္ၿပီး စကၠန႔္ပိုင္းအၾကာမွာ မိုးႀကိဳးပစ္သံၾကားရပါလိမ့္မယ္။

ပ်မ္းမွ်အားျဖင့္ ၅ စကၠန႔္ကို တစ္မိုင္လို႔ သတ္မွတ္ထားၿပီး လွ်ပ္စီးကို ျမင္ရၿပီးေနာက္ မိုးခ်ိန္းသံကိုၾကားရခ်ိန္နဲ႔ တိုက္ဆိုင္ၿပီး ကိုယ္နဲ႔ ဘယ္ေလာက္ ေဝးေဝးမွာ မိုးႀကိဳး ပစ္ေနတယ္ဆိုတာကိုလည္း ခန႔္မွန္းလို႔ရပါေသးတယ္။

ပစ္ခ်လိုက္တဲ့ မိုးႀကိဳးလွ်ပ္စီးဟာ သူ႔ကို ဆြဲေဆာင္ႏိုင္တဲ့ ေျမျပင္ေပၚက တစ္စုံတစ္ရာဆီကို ေျပးသြားတာျဖစ္ပါတယ္။ ကြင္းေခါင္ေခါင္ထဲက သစ္ပင္ျမင့္ျမင့္ေတြ၊ ဖုန္းတာဝါတိုင္ေတြ၊ အေဆာက္အအုံ ျမင့္ျမင့္ေတြဆီကိုေပါ့။

မိုးႀကိဳးေတြဟာ ဖုန္းတာဝါတိုင္ေတြဆီကို မၾကာခန ပစ္ခ်ေလ့ရွိတဲ့အခါ လူေတြက မိုးႀကိဳးဟာ ဖုန္းလိုင္းေတြဆီကို ပစ္တယ္လို႔ ရႉျမင္လာၾကပါေတာ့တယ္။

တကယ္တမ္းအားျဖင့္ ဖုန္းတာဝါတိုင္ဆိုတဲ့အရာေတြဟာ ျမင့္မားတဲ့ အေဆာက္အအုံေတြရဲ႕ အေပၚဘက္မွာ တပ္ဆင္ထားတာမ်ိဳး၊ လူေနရပ္ကြက္ေတြထဲမွာ ျမင့္မားစြာ ထီးထီးႀကီးရွိေနတတ္တာမ်ိဳးေၾကာင့္ ခုလို မိုးႀကိဳးပစ္ခံရေလ့ရွိတာျဖစ္ပါတယ္။

အေမရိကန္ အမ်ိဳးသား သမုဒၵရာႏွင့္ ေလထု အုပ္ခ်ဳပ္မႈအဖြဲ႕ (NOAA) ရဲ႕ တရားဝင္ အသိေပးခ်က္အရဆိုရင္လည္း မိုဘိုင္းလ္ဖုန္း၊ ေသးငယ္လြန္းလွတဲ့ သတၳဳပစၥည္းေတြနဲ႔ ေက်ာက္မ်က္ရတနာေတြဟာ မိုးႀကိဳးထိမွန္လာေအာင္ မဆြဲေဆာင္ႏိုင္ပါဘူးတဲ့။

လူေတြ မိုးႀကိဳးပစ္ခံၾကရတာဟာ အခ်ိန္မွာ ေနရာမွားမွာ ေရာက္ေနတတ္တာေၾကာင့္သာျဖစ္တယ္လို႔ ဆိုထားပါတယ္။ ဥပမာ – မိုးႀကိဳးပစ္ေနခ်ိန္ အမိုးဖြင့္ အျမင့္ေနရာေတြ၊ သစ္ပင္ေအာက္ေတြ၊ ေတာင္ကုန္းေတြေပၚ ေရာက္ေနတာမ်ိဳးေပါ့။

ဒါေၾကာင့္ မိုးႀကိဳးက ကိုယ့္ရဲ႕ ဖုန္းဆီကို လာမွာမဟုတ္ဘူးဆိုတာကို သိနားလည္ၾကေစခ်င္ပါတယ္။ တကယ္တမ္း မိုးႀကိဳးက တျခားအရာေတြဆီကိုလာတာသာျဖစ္ပါတယ္။ မိုးႀကိဳးအပစ္ခံရသူအမ်ားစုဟာ ဆြမ္းခံရင္း ငွက္သင့္ၿပီး မေတာ္တဆ အဲ့ဒီ မိုးႀကိဳးက်ဆင္းမယ့္ေနရာကို ေရာက္ရွိသြားၾကသူေတြသာျဖစ္ၾကပါတယ္။

မိုးႀကိဳးအပစ္မခံရေအာင္ ဘယ္လိုေနထိုင္ၾကမလဲ

တကယ္တမ္းအားျဖင့္ လူသားတစ္ေယာက္ မိုးႀကိဳးပစ္ခံရဖို႔က ျဖစ္ႏိုင္ေျခနည္းပါးပါတယ္။ မျဖစ္ႏိုင္တာေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္ လုံၿခဳံတဲ့ အေဆာက္အဦးထဲမွာ ရွိေနတဲ့ လူတစ္ေယာက္ကို မိုးႀကိဳးထိမွန္ဖို႔ဆိုတာက ျဖစ္ႏိုင္ေျခအရမ္းနည္းပါးလွတာပါ။

တကယ္လို႔ ကိုယ္က မိုးႀကိဳးပစ္ခံရမွာကို ေၾကာက္႐ြံ႕တတ္သူတစ္ေယာက္ ဒါမွမဟုတ္ မိုးႀကီးနဲ႔ လွ်ပ္စီးကို ေၾကာက္႐ြံ႕တဲ့ စိတ္ေရာဂါ Astraphobia ရွိသူတစ္ေယာက္ဆိုရင္ေတာ့ ေအာက္ပါနည္းလမ္းေတြကို လိုက္နာႏိုင္ပါတယ္။

မိုးသည္းထန္ေနခ်ိန္၊ မိုးႀကိဳးပစ္ေနခ်ိန္မွာ အိမ္ထဲမွာပဲေနတာ၊

မိုးသည္းထန္ေနခ်ိန္၊ မိုးႀကိဳးပစ္ေနခ်ိန္မွာ ျမင့္မားတဲ့ေနရာေတြကို ေရွာင္က်ဥ္တာ၊

မိုးသည္းထန္ေနခ်ိန္၊ မိုးႀကိဳးပစ္ေနခ်ိန္မွာ ေရကန္၊ ေရအိုင္၊ ဗြက္အိုင္ေတြကို ေရွာင္တာ၊

မိုးသည္းထန္ေနခ်ိန္၊ မိုးႀကိဳးပစ္ေနခ်ိန္မွာ သစ္ပင္ေအာက္ကို ဝင္ခိုတာမ်ိဳး၊ သစ္ပင္ရိပ္ကိုဝင္တာမ်ိဳးကို ေရွာင္တာ၊

မိုးသည္းထန္ေနခ်ိန္၊ မိုးႀကိဳးပစ္ေနခ်ိန္မွာ သတၱဳနဲ႔ ဖန္တီးထားတဲ့ အရာဝတၳဳေတြ၊ ပစၥည္းေတြကို ေရွာင္ရွားတာေတြပါပဲ။

ေသခ်ာတာကေတာ့ မိုးႀကိဳးေတြ တစ္ဒိုင္းဒိုင္းပစ္ေနခ်ိန္ ဖုန္းသုံးေနျဖစ္ဖို႔က အခြင့္အေရးနည္းပါးလွပါတယ္။ သုံးေနရင္ေတာင္မွ မိုးႀကိဳးပစ္ခံရမွာမဟုတ္ပါဘူး။ ဒါေပမယ့္ မိုးႀကိဳးပစ္မွာေၾကာက္ၿပီး သစ္ပင္ေအာက္ေတြ ဝင္ခိုမိရင္ေတာ့ မိုးႀကိဳးပစ္ခံရႏိုင္ေျခပိုမ်ားတာကို သတိထားဖို႔ လိုအပ္တယ္ဆိုတာပါပဲ။

ဤေဆာင္းပါးကို Mizzima ၏ မိတ္ဘက္ က်န္းမာေရးႏွင့္ ေဆးပညာဝက္ဘ္ဆိုဒ္ hellosayarwon.com မွ ကူးယူေဖာ္ျပပါသည္။

Credit: Mizzima

Focus Myanmar Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment