Stay Home က လွတ်တာနဲ႔ ဘား သွားထိုင်ချင်ကြတဲ့ အေသာက်တလိုင်းတို႔ သတိပြဳမိဖို႔

Unicodeဖြင့်ဖတ်ရန်

ဘားတွေ ပြန်ဖွင့်ပြီနော်။ Covid- 19 ကြောင့် အဖော်မဲ့ရတာ၊ ဘော်ဒါတွေ နဲ့ ဝေးနေရတာ ကြာပြီလေ။ ဒီတော့ ခုလိုချိန် ဆိုင်ပြန်ထိုင်ရတဲ့ အရသာ သူ့ထက်ငါ အလုအယက် ခံစားချင်ကြမှာပေါ့။ ဆုံကြမယ်၊ စကားတွေ ဖောမယ်၊ သောက်မယ်၊ TGIF ကြမယ် မဟုတ်လား။

ဒါပေမယ့် Covid- 19 ကပ်ဆိုး က ပြီးဆုံးသွားတာ မဟုတ်သေးဘူး ဆိုတာ မမေ့ပါနဲ့။ အရင်လို Night out ထွက်လို့ မရသေးပေမယ့် ရသလောက် အချိန်ယူပြီး ဆိုင်မှာ ကျောက်ချ ထိုင်နေကြတာမျိုး မလုပ်ပါနဲ့ဦး။ နှာခေါင်းစည်း မပါ လူအချင်းချင်း ခဏလောက် စကားပြောရုံ နဲ့ ကူးစက်နိုင်တယ် ဆိုတာ မကြားမိလေရော့သလား။

ဒီလို ဆိုင်ထိုင်ကြတော့မယ်ဆို ဒီအချက်လေးတွေလည်း မမေ့ပါနဲ့ လို့ သတိပေးချင်ပါတယ် –

ဆိုင် သေချာ ရွေးချယ်ပါ
နာမည်ကြီးတဲ့ ဆိုင်တွေ၊ ဘားတွေ နဲ့ ကိုယ်အရင်က သွားနေကျ နေရာတွေ ဆိုတာထက် အဲဒီနေရာက လိုအပ်တဲ့ ကြိုတင်ကာကွယ်ရေးနဲ့ ပိုးသတ်သန့်စင်ရေး တွေ လုပ်ထားရဲ့လား၊ လမ်းညွှန်ချက်တွေ တကယ်လိုက်နာရဲ့လား ဆိုတာ ဦးစားပေး စဉ်းစားပါ။ ကိုယ်က အထပ်ထပ် ဂရုစိုက်ပါသော်လည်း ဆိုင်က ပိုးသတ် သန့်ရှင်းမှု သေချာ မလုပ်တာ၊ ပုံမှန်မလုပ်တာ ဆိုရင် ပိုအန္တရာယ်များ ပါတယ်။

လူ သိပ် မများပါစေနဲ့

ဆုံကြမယ့် ဘော်ဒါတွေက ထိုင်ခုံချဲလို့ ရလောက်တဲ့ တစ်ဝိုင်းစာ လေးယောက်လောက်ပဲ ကောင်းပါတယ်။ လူ နည်းရင် နည်းပါစေ၊ ဒီထက် များရင် မဖြစ်မနေ နီးနီးကပ်ကပ် စကားပြောဖြစ်ကြမှာရယ်၊ တော်တော်နဲ့ ပြန်မှာ မဟုတ်တာ ကြောင့် Covid- 19 ရောဂါအန္တရာယ် ပိုစိုးရိမ်ရပါတယ်။

ဆိုင်ပြင်ပ မှာလည်း social distancing ကို မမေ့ပါနဲ့

ဆိုင်မှာတော့ ခြားပြီး ထိုင်ပါရဲ့။ အပြင်မှာ ပခုံးဖက်၊ ပူးကပ်ပြီး စကားဖောင်ဖွဲ့ကြမယ်ဆို ဘာမှမထူးတော့ပါဘူး။ ရောဂါပိုးရှိသူကို ကြိုမသိနိုင်တာကြောင့် အချင်းချင်းတွေ တတ်နိုင်သလောက် အကွာအဝေးသတ်မှတ်ပြီး ဆင်ခြင်တွေ့ဆုံတာ အကောင်းဆုံးပါ။ အနည်းဆုံးတော့ တအားမနီးကပ် အောင် သတိထားသင့်ပါတယ်။

ဆိုင်ရောက်တာနဲ့ လက်ဆေးပါ

ရောဂါပိုး ကို ကာကွယ်နိုင်ဖို့ ရောက်တာနဲ့ လက် ဆေးကို ဆေးရပါမယ်။ လက်မဆေးဘဲ ဖန်ခွက် ကိုင်တာ၊ မျက်နှာပွတ်တာ၊ စားပွဲ ပေါ်က တစ်ရှူးဘူး ကို ကိုင်တွယ်မိတာတွေ အပြင် အမြည်းဟင်းပွဲ ရဲ့ ဇွန်းကနေလည်း ရောဂါပိုးတွေ ပြန့်ပွားရရှိသွားနိုင်ပါတယ်။

အရင်လို မကြာခဏ မသွားပါနဲ့

အရင်ကတော့ အပေါင်းအသင်းတွေ ဆုံနေကျ ဆိုပေမယ့် ခုလို သတိထားရမယ့် ကာလအတွင်းမှာ တတ်နိုင်သလောက် ဆင်ခြင်သင့်ပါတယ်။ Social distancing အတွက် နေရာတိုင်းမှာ ကြိုးစားဆင်ခြင် နေရတဲ့အချိန် အခွင့်ရတာနဲ့ အပျော်အပါး အတွက် မစွန့်စားသင့်ပါဘူး။ သွားပါ သို့သော် တစ်ခါတလေပဲ ကောင်းပါတယ်။

အယ်ကိုဟော ကို ဆင်ခြင်ပါ

အရက်၊ ဘီယာ၊ ဝိုင် စတဲ့ ယမကာ မျိုးစုံက အယ်ကိုဟော တွေချည်းမို့ အယ်ကိုဟောရဲ့ ကျန်းမာရေး သက်ရောက်မှုတွေကိုလည်း ထည့်စဉ်းစားသင့်ပါတယ်။ အယ်ကိုဟော ရဲ့သဘာဝကိုက သောက်တာများရင် ကိုယ်ခံအားစနစ်ကို ထိခိုက် အားနည်းစေတတ်တာမို့ ဆင်ခြင် သောက်သုံးသင့်ပါတယ်နော်။ တစ်ခါတလေ တွေ့ကြတာ ဆိုပြီး အမူးအပြဲ မသောက်ကြဖို့ သတိပေးချင်ပါတယ်။ ကိုယ်ခံအား နည်းတဲ့အခါ Covid- 19 ရောဂါပိုးက ခန္ဓာကိုယ်ထဲကို ကခုန်ပြီးကို ဝင်ရောက်လာနိုင်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

Zawgyiျဖင့္ဖတ္ရန္

ဘားေတြ ျပန္ဖြင့္ၿပီေနာ္။ Covid- 19 ေၾကာင့္ အေဖာ္မဲ့ရတာ၊ ေဘာ္ဒါေတြ နဲ႔ ေဝးေနရတာ ၾကာၿပီေလ။ ဒီေတာ့ ခုလိုခ်ိန္ ဆိုင္ျပန္ထိုင္ရတဲ့ အရသာ သူ႔ထက္ငါ အလုအယက္ ခံစားခ်င္ၾကမွာေပါ့။ ဆုံၾကမယ္၊ စကားေတြ ေဖာမယ္၊ ေသာက္မယ္၊ TGIF ၾကမယ္ မဟုတ္လား။

ဒါေပမယ့္ Covid- 19 ကပ္ဆိုး က ၿပီးဆုံးသြားတာ မဟုတ္ေသးဘူး ဆိုတာ မေမ့ပါနဲ႔။ အရင္လို Night out ထြက္လို႔ မရေသးေပမယ့္ ရသေလာက္ အခ်ိန္ယူၿပီး ဆိုင္မွာ ေက်ာက္ခ် ထိုင္ေနၾကတာမ်ိဳး မလုပ္ပါနဲ႔ဦး။ ႏွာေခါင္းစည္း မပါ လူအခ်င္းခ်င္း ခဏေလာက္ စကားေျပာ႐ုံ နဲ႔ ကူးစက္ႏိုင္တယ္ ဆိုတာ မၾကားမိေလေရာ့သလား။

ဒီလို ဆိုင္ထိုင္ၾကေတာ့မယ္ဆို ဒီအခ်က္ေလးေတြလည္း မေမ့ပါနဲ႔ လို႔ သတိေပးခ်င္ပါတယ္ –

ဆိုင္ ေသခ်ာ ေ႐ြးခ်ယ္ပါ
နာမည္ႀကီးတဲ့ ဆိုင္ေတြ၊ ဘားေတြ နဲ႔ ကိုယ္အရင္က သြားေနက် ေနရာေတြ ဆိုတာထက္ အဲဒီေနရာက လိုအပ္တဲ့ ႀကိဳတင္ကာကြယ္ေရးနဲ႔ ပိုးသတ္သန႔္စင္ေရး ေတြ လုပ္ထားရဲ႕လား၊ လမ္းၫႊန္ခ်က္ေတြ တကယ္လိုက္နာရဲ႕လား ဆိုတာ ဦးစားေပး စဥ္းစားပါ။ ကိုယ္က အထပ္ထပ္ ဂ႐ုစိုက္ပါေသာ္လည္း ဆိုင္က ပိုးသတ္ သန႔္ရွင္းမႈ ေသခ်ာ မလုပ္တာ၊ ပုံမွန္မလုပ္တာ ဆိုရင္ ပိုအႏၲရာယ္မ်ား ပါတယ္။

လူ သိပ္ မမ်ားပါေစနဲ႔
ဆုံၾကမယ့္ ေဘာ္ဒါေတြက ထိုင္ခုံခ်ဲလို႔ ရေလာက္တဲ့ တစ္ဝိုင္းစာ ေလးေယာက္ေလာက္ပဲ ေကာင္းပါတယ္။ လူ နည္းရင္ နည္းပါေစ၊ ဒီထက္ မ်ားရင္ မျဖစ္မေန နီးနီးကပ္ကပ္ စကားေျပာျဖစ္ၾကမွာရယ္၊ ေတာ္ေတာ္နဲ႔ ျပန္မွာ မဟုတ္တာ ေၾကာင့္ Covid- 19 ေရာဂါအႏၲရာယ္ ပိုစိုးရိမ္ရပါတယ္။

ဆိုင္ျပင္ပ မွာလည္း social distancing ကို မေမ့ပါနဲ႔

ဆိုင္မွာေတာ့ ျခားၿပီး ထိုင္ပါရဲ႕။ အျပင္မွာ ပခုံးဖက္၊ ပူးကပ္ၿပီး စကားေဖာင္ဖြဲ႕ၾကမယ္ဆို ဘာမွမထူးေတာ့ပါဘူး။ ေရာဂါပိုးရွိသူကို ႀကိဳမသိႏိုင္တာေၾကာင့္ အခ်င္းခ်င္းေတြ တတ္ႏိုင္သေလာက္ အကြာအေဝးသတ္မွတ္ၿပီး ဆင္ျခင္ေတြ႕ဆုံတာ အေကာင္းဆုံးပါ။ အနည္းဆုံးေတာ့ တအားမနီးကပ္ ေအာင္ သတိထားသင့္ပါတယ္။

ဆိုင္ေရာက္တာနဲ႔ လက္ေဆးပါ

ေရာဂါပိုး ကို ကာကြယ္ႏိုင္ဖို႔ ေရာက္တာနဲ႔ လက္ ေဆးကို ေဆးရပါမယ္။ လက္မေဆးဘဲ ဖန္ခြက္ ကိုင္တာ၊ မ်က္ႏွာပြတ္တာ၊ စားပြဲ ေပၚက တစ္ရႉးဘူး ကို ကိုင္တြယ္မိတာေတြ အျပင္ အျမည္းဟင္းပြဲ ရဲ႕ ဇြန္းကေနလည္း ေရာဂါပိုးေတြ ျပန႔္ပြားရရွိသြားႏိုင္ပါတယ္။

အရင္လို မၾကာခဏ မသြားပါနဲ႔

အရင္ကေတာ့ အေပါင္းအသင္းေတြ ဆုံေနက် ဆိုေပမယ့္ ခုလို သတိထားရမယ့္ ကာလအတြင္းမွာ တတ္ႏိုင္သေလာက္ ဆင္ျခင္သင့္ပါတယ္။ Social distancing အတြက္ ေနရာတိုင္းမွာ ႀကိဳးစားဆင္ျခင္ ေနရတဲ့အခ်ိန္ အခြင့္ရတာနဲ႔ အေပ်ာ္အပါး အတြက္ မစြန႔္စားသင့္ပါဘူး။ သြားပါ သို႔ေသာ္ တစ္ခါတေလပဲ ေကာင္းပါတယ္။

အယ္ကိုေဟာ ကို ဆင္ျခင္ပါ

အရက္၊ ဘီယာ၊ ဝိုင္ စတဲ့ ယမကာ မ်ိဳးစုံက အယ္ကိုေဟာ ေတြခ်ည္းမို႔ အယ္ကိုေဟာရဲ႕ က်န္းမာေရး သက္ေရာက္မႈေတြကိုလည္း ထည့္စဥ္းစားသင့္ပါတယ္။ အယ္ကိုေဟာ ရဲ႕သဘာဝကိုက ေသာက္တာမ်ားရင္ ကိုယ္ခံအားစနစ္ကို ထိခိုက္ အားနည္းေစတတ္တာမို႔ ဆင္ျခင္ ေသာက္သုံးသင့္ပါတယ္ေနာ္။ တစ္ခါတေလ ေတြ႕ၾကတာ ဆိုၿပီး အမူးအၿပဲ မေသာက္ၾကဖို႔ သတိေပးခ်င္ပါတယ္။ ကိုယ္ခံအား နည္းတဲ့အခါ Covid- 19 ေရာဂါပိုးက ခႏၶာကိုယ္ထဲကို ကခုန္ၿပီးကို ဝင္ေရာက္လာႏိုင္ပါတယ္။

ဤေဆာင္းပါးကို Mizzima ၏ မိတ္ဘက္ က်န္းမာေရးႏွင့္ ေဆးပညာဝက္ဘ္ဆိုဒ္ hellosayarwon.com မွ ကူးယူေဖာ္ျပပါသည္။

 

Credit: Mizzima 

Focus Myanmar Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment