အေကြာပြတ်ရာေတွ မြန်မြန်ေျပာက်ေအာင်

 

Unicodeဖြင့်ဖတ်ရန်

အကြောပြတ်တယ်ဆိုတာ အမာရွတ်တမျိုးပါပဲအရေပြားထဲမှာ ကျုံ့လို့ဆန့်လို့ရတဲ့ အမျှင်လေးတွေ ရှိပါတယ်။Elastic Fiber လို့ ခေါ်တယ်။ဒီအမျှင်လေးတွေရှိနေတဲ့ အရေပြားဟာ လိုအပ်တာထက်ပိုပြီး ဆန့်နေခဲ့ရင်(ကိုယ်ဝန်ဆောင်ချိန်၊ကြီးကောင်ဝင်ချိန်) တချိန်မှာ ဒီ elastic fiber လေးတွေ ပြတ်တောက်သွားနိုင်ပါတယ်။ဒီအခါမှာ အရေပြားအောက်မှာ မျက်စိနဲ့မြင်နိုင်တဲ့ ပါးပါးရှည်ရှည် အမာရွတ်ကလေးတွေ ပေါ်လာပါတယ်။ဒါကို အများက အကြောပြတ်တယ်လို့ သိကြပြီး Stretch Mark လို့ အင်္ဂလိပ်လို ခေါ်ပါတယ်။အရောင်ကတော့ ပန်းရောင်၊အနီ နဲ့ ခရမ်းရောင် မျိုးစုံ ဖြစ်နိုင်ပါတယ်။

ဘယ်နေရာတွေမှာ အကြောပြတ်ရာတွေ ပေါ်တတ်လဲ

မျက်နှာ၊လက်ဖဝါး နဲ့ ခြေဖဝါးတို့ကလွဲလို့ တခြား ခန္ဓာကိုယ်ပေါ်ကနေရာအနှံ့မှာ အကြောပြတ်ရာတွေ ဖြစ်ပေါ်နိုင်ပါတယ်။များသောအားဖြင့် ခန္ဓာကိုယ်ပေါ်က အဆီသိုလှောင်တဲ့နေရာတွေဖြစ်တဲ့ ဝမ်းဗိုက်၊ ပေါင်အတွင်းအပြင်၊ရင်သား နှင့် တင်သားတွေမှာ အဖြစ်များပါတယ်။ခါးအောက်ပိုင်းနဲ့ လက်မောင်းအနောက်ဘက်တွေမှာလည်း တွေ့နိုင်ပါတယ်။ထူးဆန်းတာက အကြောပြတ်တာဟာ မျိုးရိုးလိုက်တတ်တာပါပဲ။ဥပမာ ကိုယ်ဝန်ဆောင်ထားစဉ် ပေါင်မှာအကြောပြတ်ရာတွေ ဖြစ်ခဲ့တဲ့ အမေက မွေးတဲ့ကလေးဟာလည်း အဆိုပါနေရာမှာ အကြောပြတ်ရာဖြစ်နိုင်ချေ များပါသတဲ့။

ယောကျ်ား၊မိန်းမ မရွေး ဖြစ်နိုင်တယ်

ခန့်မှန်းချေ ၅၀% – ၉၀ % အထိ အမျိုးသမီးတွေမှာ ဖြစ်တတ်ပြီး ယောကျ်ားတွေမှာလည်း ဖြစ်နိုင်ပါတယ်။ကြီးထွားဖွံ့ဖြိုးတဲ့အချိန်တွေဖြစ်တဲ့ ဆယ်ကျော်သက်အရွယ်တွေမှာဆိုရင် မိန်းကလေးတွေမှာ ရင်သား၊ပေါင် နဲ့ တင်သားတွေမှာ တွေ့ရပြီး ယောကျ်ားလေးတွေမှာတော့ ခါးအောက်ပိုင်း နဲ့ ပေါင်တွေမှာ ဖြစ်တတ်ပါတယ်။

အရှင်းပျောက်ဖို့တော့ မဖြစ်နိုင်ပါဘူး

တခြားသော အမာရွတ်တွေလိုပဲ အကြောပြတ်ရာတွေဟာလည်း ဖြစ်ပြီဆိုရင် အရှင်းပြန်ပျောက်ဖို့ ခဲယဉ်းပါတယ်။အချိန်ကြာလာရင်တော့ တဖြေးဖြေး မှေးမှိန်လာပြီး တခြားနေရာတွေထက် အရောင်ဖျော့လာပါတယ်။အဖြူတန်းကလေးတွေလို ကျန်နေတတ်ပါတယ်။

ဘာကြောင့် ဖြစ်ရသလဲ

၁။ ကိုယ်အလေးချိန်တိုးလာလို့

ငယ်ရွယ်စဉ်အချိန်မှာ ရုတ်တရက် ခန္ဓာကိုယ်အပြောင်းအလဲတွေကြောင့် အကြောပြတ်ရာတွေ ပေါ်လာနိုင်တယ်။ကိုယ်အလေးချိန်တိုးလာလေလေ၊ အာ့သလို တိုးတာ မြန်မြန်ဆန်ဆန်ကြီး ဖြစ်လေလေ အကြောပြတ်ရာတွေပေါ်လာဖချများလေလေပါပဲ။တခါတလေ ကာယဗလသမားတွေမှာ အချိန်တိုအတွင်း ကြွက်သားတွေအများကြီးတည်ဆောက်မိရင်လည်း ဒီလို အကြောပြတ်ရာတွေ ဖြစ်တတ်ပါတယ်။

၂။ ကိုယ်ဝန်ဆောင်ချိန်မို့လို့

ကိုယ်ဝန်ဆောင်ကာလ ၆ လ အပြီးမှာ မိခင်တိုင်းလိုလို ကြုံတွေ့ရနိုင်ပါတယ်။အထဲက ကလေးလေးကြီးထွားလာလေလေ အမေ့ခန္ဓာကိုယ်ကလည်း လိုက်ပြီး ကျယ်ပြန့်လာလေဖြစ်ရတဲ့အတွက် အကြောပြတ်ရာတွေ ဖြစ်လာပါတယ်။ဒါ့အပြင် ကိုယ်ဝန်ဆောင်ချိန်မှာထွက်တဲ့ဟော်မုန်းတွေကလည်း အရေပြားကို သက်ရောက်မှုရှိပြီး အကြောပြတ်ရာတွေပိုဖြစ်အောင် တွန်းအားပေးပါတယ်။

၃။ ဆေးဝါးတချို့ကြောင့်

တချို့သောဆေးတွေက ဝစေတယ်။ဖောရောင်စေတယ်။အရေပြားကိုတင်းရင်းဆန့်ထွက်စေတယ်။ဒီအခါမှာ အကြောပြတ်အရာတွေ ဖြစ်ပေါ်လာစေနိုင်ပါတယ်။(ဥပမာ – တားဆေးအချို့ ၊ စတီးရွိုက်ပါတဲ့ဆေးအချို့)

၄။ အချို့ရောဂါများ

ကိုယ်အလေးချိန်တက်စေတဲ့၊ရုတ်တရက်ကြီးထွားမှုဖြစ်လာစေနိုင်တဲ့၊အရေပြားပြဿနာတွေဖြစ်လာနိုင်စေတဲ့ရောဂါအခြေအနေတွေကြောင့် အကြောပြတ်ရာတွေ ဖြစ်လာစေနိုင်ပါတယ်။(ဥပမာ – Cushing’s disease,Marfan Syndrome , Ehler-Danlos Syndrome)

ဘယ်လိုကာကွယ်နိုင်မလဲ

ကျွမ်းကျင်သူတွေရဲ့ အဆိုအရ အကြောပြတ်ရာတွေဟာ မျိုးရိုးဗီဇနဲ့ သက်ဆိုင်မှုရှိတယ်ဆိုပေမဲ့လည်း အဖေအမေမှာ ရှိတာနဲ့ ကိုယ့်ဆီမှာ လုံးဝမုချ လာဖြစ်မှာတော့ မဟုတ်သေးပါဘူး။အကောင်းဆုံးသောကာကွယ်နည်းတခုကတော့ ကိုယ်အလေးချိန်ကို တသမတ်တည်းဖြစ်နေအောင် ကြိုးစားပြီး ထိန်းသိမ်းဖို့ပါပဲ။ရေများများသောက်တာကလည်း အရေပြားတွေဆန့်နေသည့်တိုင် ပြတ်မထွက်အောင် ကာကွယ်ပေးနိုင်ပါသတဲ့။အစားအသောက်အနေနဲ့ဆိုရင် ဇင့်ဓာတ်ကြွယ်ဝတဲ့အစားအစာများဖြစ်တဲ့ အခွံမာသီး၊ ငါး စတာတွေ စားသင့်ပြီး Vit A,C နဲ့ D ပါတဲ့ လိမ္မော်သီး သံပုရာသီး နွားနို့ နဲ့ ကန်စွန်းဥ စတာတွေ စားသင့်ပါတယ်။

ဒါ့အပြင် အရေပြားအတွက် သင့်တော်တဲ့ လိမ်းဆေး အဆီ နဲ့ ခရင်မ်များကို ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ဆွေးနွေးပြီး လိမ်းပေးခြင်းကလည်း အကူအညီဖြစ်ပါစေလိမ့်မယ်။ကိုယ်ဝန်ဆောင်တွေအနေနဲ့ဆို ကြိုတင်ကာကွယ်တဲ့အနေနဲ့ မိမိနဲ့လိုက်ဖက်တဲ့ အဆီ၊ ခရင်မ်တမျိုးမျိုး ပုံမှန်လိမ်းပေးသင့်ပါတယ်။

အားလုံး လှပချောမွေ့ ယုံကြည်မှုရှိကြပါစေ…….

Zawgyiျဖင့္ဖတ္ရန္

အေၾကာျပတ္တယ္ဆိုတာ အမာ႐ြတ္တမ်ိဳးပါပဲအေရျပားထဲမွာ က်ဳံ႕လို႔ဆန႔္လို႔ရတဲ့ အမွ်င္ေလးေတြ ရွိပါတယ္။Elastic Fiber လို႔ ေခၚတယ္။ဒီအမွ်င္ေလးေတြရွိေနတဲ့ အေရျပားဟာ လိုအပ္တာထက္ပိုၿပီး ဆန႔္ေနခဲ့ရင္(ကိုယ္ဝန္ေဆာင္ခ်ိန္၊ႀကီးေကာင္ဝင္ခ်ိန္) တခ်ိန္မွာ ဒီ elastic fiber ေလးေတြ ျပတ္ေတာက္သြားႏိုင္ပါတယ္။ဒီအခါမွာ အေရျပားေအာက္မွာ မ်က္စိနဲ႔ျမင္ႏိုင္တဲ့ ပါးပါးရွည္ရွည္ အမာ႐ြတ္ကေလးေတြ ေပၚလာပါတယ္။ဒါကို အမ်ားက အေၾကာျပတ္တယ္လို႔ သိၾကၿပီး Stretch Mark လို႔ အဂၤလိပ္လို ေခၚပါတယ္။အေရာင္ကေတာ့ ပန္းေရာင္၊အနီ နဲ႔ ခရမ္းေရာင္ မ်ိဳးစုံ ျဖစ္ႏိုင္ပါတယ္။

ဘယ္ေနရာေတြမွာ အေၾကာျပတ္ရာေတြ ေပၚတတ္လဲ

မ်က္ႏွာ၊လက္ဖဝါး နဲ႔ ေျခဖဝါးတို႔ကလြဲလို႔ တျခား ခႏၶာကိုယ္ေပၚကေနရာအႏွံ႔မွာ အေၾကာျပတ္ရာေတြ ျဖစ္ေပၚႏိုင္ပါတယ္။မ်ားေသာအားျဖင့္ ခႏၶာကိုယ္ေပၚက အဆီသိုေလွာင္တဲ့ေနရာေတြျဖစ္တဲ့ ဝမ္းဗိုက္၊ ေပါင္အတြင္းအျပင္၊ရင္သား ႏွင့္ တင္သားေတြမွာ အျဖစ္မ်ားပါတယ္။ခါးေအာက္ပိုင္းနဲ႔ လက္ေမာင္းအေနာက္ဘက္ေတြမွာလည္း ေတြ႕ႏိုင္ပါတယ္။ထူးဆန္းတာက အေၾကာျပတ္တာဟာ မ်ိဳး႐ိုးလိုက္တတ္တာပါပဲ။ဥပမာ ကိုယ္ဝန္ေဆာင္ထားစဥ္ ေပါင္မွာအေၾကာျပတ္ရာေတြ ျဖစ္ခဲ့တဲ့ အေမက ေမြးတဲ့ကေလးဟာလည္း အဆိုပါေနရာမွာ အေၾကာျပတ္ရာျဖစ္ႏိုင္ေခ် မ်ားပါသတဲ့။

ေယာက်္ား၊မိန္းမ မေ႐ြး ျဖစ္ႏိုင္တယ္

ခန႔္မွန္းေခ် ၅၀% – ၉၀ % အထိ အမ်ိဳးသမီးေတြမွာ ျဖစ္တတ္ၿပီး ေယာက်္ားေတြမွာလည္း ျဖစ္ႏိုင္ပါတယ္။ႀကီးထြားဖြံ႕ၿဖိဳးတဲ့အခ်ိန္ေတြျဖစ္တဲ့ ဆယ္ေက်ာ္သက္အ႐ြယ္ေတြမွာဆိုရင္ မိန္းကေလးေတြမွာ ရင္သား၊ေပါင္ နဲ႔ တင္သားေတြမွာ ေတြ႕ရၿပီး ေယာက်္ားေလးေတြမွာေတာ့ ခါးေအာက္ပိုင္း နဲ႔ ေပါင္ေတြမွာ ျဖစ္တတ္ပါတယ္။

အရွင္းေပ်ာက္ဖို႔ေတာ့ မျဖစ္ႏိုင္ပါဘူး

တျခားေသာ အမာ႐ြတ္ေတြလိုပဲ အေၾကာျပတ္ရာေတြဟာလည္း ျဖစ္ၿပီဆိုရင္ အရွင္းျပန္ေပ်ာက္ဖို႔ ခဲယဥ္းပါတယ္။အခ်ိန္ၾကာလာရင္ေတာ့ တေျဖးေျဖး ေမွးမွိန္လာၿပီး တျခားေနရာေတြထက္ အေရာင္ေဖ်ာ့လာပါတယ္။အျဖဴတန္းကေလးေတြလို က်န္ေနတတ္ပါတယ္။

ဘာေၾကာင့္ ျဖစ္ရသလဲ

၁။ ကိုယ္အေလးခ်ိန္တိုးလာလို႔

ငယ္႐ြယ္စဥ္အခ်ိန္မွာ ႐ုတ္တရက္ ခႏၶာကိုယ္အေျပာင္းအလဲေတြေၾကာင့္ အေၾကာျပတ္ရာေတြ ေပၚလာႏိုင္တယ္။ကိုယ္အေလးခ်ိန္တိုးလာေလေလ၊ အာ့သလို တိုးတာ ျမန္ျမန္ဆန္ဆန္ႀကီး ျဖစ္ေလေလ အေၾကာျပတ္ရာေတြေပၚလာဖခ်မ်ားေလေလပါပဲ။တခါတေလ ကာယဗလသမားေတြမွာ အခ်ိန္တိုအတြင္း ႂကြက္သားေတြအမ်ားႀကီးတည္ေဆာက္မိရင္လည္း ဒီလို အေၾကာျပတ္ရာေတြ ျဖစ္တတ္ပါတယ္။

၂။ ကိုယ္ဝန္ေဆာင္ခ်ိန္မို႔လို႔

ကိုယ္ဝန္ေဆာင္ကာလ ၆ လ အၿပီးမွာ မိခင္တိုင္းလိုလို ႀကဳံေတြ႕ရႏိုင္ပါတယ္။အထဲက ကေလးေလးႀကီးထြားလာေလေလ အေမ့ခႏၶာကိုယ္ကလည္း လိုက္ၿပီး က်ယ္ျပန႔္လာေလျဖစ္ရတဲ့အတြက္ အေၾကာျပတ္ရာေတြ ျဖစ္လာပါတယ္။ဒါ့အျပင္ ကိုယ္ဝန္ေဆာင္ခ်ိန္မွာထြက္တဲ့ေဟာ္မုန္းေတြကလည္း အေရျပားကို သက္ေရာက္မႈရွိၿပီး အေၾကာျပတ္ရာေတြပိုျဖစ္ေအာင္ တြန္းအားေပးပါတယ္။

၃။ ေဆးဝါးတခ်ိဳ႕ေၾကာင့္

တခ်ိဳ႕ေသာေဆးေတြက ဝေစတယ္။ေဖာေရာင္ေစတယ္။အေရျပားကိုတင္းရင္းဆန႔္ထြက္ေစတယ္။ဒီအခါမွာ အေၾကာျပတ္အရာေတြ ျဖစ္ေပၚလာေစႏိုင္ပါတယ္။(ဥပမာ – တားေဆးအခ်ိဳ႕ ၊ စတီး႐ြိဳက္ပါတဲ့ေဆးအခ်ိဳ႕)

၄။ အခ်ိဳ႕ေရာဂါမ်ား

ကိုယ္အေလးခ်ိန္တက္ေစတဲ့၊႐ုတ္တရက္ႀကီးထြားမႈျဖစ္လာေစႏိုင္တဲ့၊အေရျပားျပႆနာေတြျဖစ္လာႏိုင္ေစတဲ့ေရာဂါအေျခအေနေတြေၾကာင့္ အေၾကာျပတ္ရာေတြ ျဖစ္လာေစႏိုင္ပါတယ္။(ဥပမာ – Cushing’s disease,Marfan Syndrome , Ehler-Danlos Syndrome)

ဘယ္လိုကာကြယ္ႏိုင္မလဲ

ကြၽမ္းက်င္သူေတြရဲ႕ အဆိုအရ အေၾကာျပတ္ရာေတြဟာ မ်ိဳး႐ိုးဗီဇနဲ႔ သက္ဆိုင္မႈရွိတယ္ဆိုေပမဲ့လည္း အေဖအေမမွာ ရွိတာနဲ႔ ကိုယ့္ဆီမွာ လုံးဝမုခ် လာျဖစ္မွာေတာ့ မဟုတ္ေသးပါဘူး။အေကာင္းဆုံးေသာကာကြယ္နည္းတခုကေတာ့ ကိုယ္အေလးခ်ိန္ကို တသမတ္တည္းျဖစ္ေနေအာင္ ႀကိဳးစားၿပီး ထိန္းသိမ္းဖို႔ပါပဲ။ေရမ်ားမ်ားေသာက္တာကလည္း အေရျပားေတြဆန႔္ေနသည့္တိုင္ ျပတ္မထြက္ေအာင္ ကာကြယ္ေပးႏိုင္ပါသတဲ့။အစားအေသာက္အေနနဲ႔ဆိုရင္ ဇင့္ဓာတ္ႂကြယ္ဝတဲ့အစားအစာမ်ားျဖစ္တဲ့ အခြံမာသီး၊ ငါး စတာေတြ စားသင့္ၿပီး Vit A,C နဲ႔ D ပါတဲ့ လိေမၼာ္သီး သံပုရာသီး ႏြားႏို႔ နဲ႔ ကန္စြန္းဥ စတာေတြ စားသင့္ပါတယ္။

ဒါ့အျပင္ အေရျပားအတြက္ သင့္ေတာ္တဲ့ လိမ္းေဆး အဆီ နဲ႔ ခရင္မ္မ်ားကို ကြၽမ္းက်င္သူေတြနဲ႔ တိုင္ပင္ေဆြးေႏြးၿပီး လိမ္းေပးျခင္းကလည္း အကူအညီျဖစ္ပါေစလိမ့္မယ္။ကိုယ္ဝန္ေဆာင္ေတြအေနနဲ႔ဆို ႀကိဳတင္ကာကြယ္တဲ့အေနနဲ႔ မိမိနဲ႔လိုက္ဖက္တဲ့ အဆီ၊ ခရင္မ္တမ်ိဳးမ်ိဳး ပုံမွန္လိမ္းေပးသင့္ပါတယ္။

အားလုံး လွပေခ်ာေမြ႕ ယုံၾကည္မႈရွိၾကပါေစ…….

Credit: မယ္ညိမ္း(ေဆးတကၠသိုလ္)

Focus Myanmar Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment