တ နင်္ဂနွေ သားသမီးလေး ကိုချစ်သူတော် မယ် ဆို ရင်…

 

Unicodeဖြင့်ဖတ်ရန်

ချစ်သူ အပေါ် အနိုင်ယူလိုတဲ့စိတ် ရှိတယ် ။ ကိုယ့်ချစ်သူကို ကိုယ့်ရဲ့ အလိုကျအတိုင်း ဖြစ်စေချင်တဲ့သူမျိုး ။ အရမ်းလည်း ချစ်တတ်ကြတယ်။ တနင်္ဂနွေ သားသမီးတွေက အရမ်းကြီး မထူးဆန်းပေမယ့် အခြားလူတွေနဲ့ ကွဲပြားတဲ့စရိုက်တွေကို ပိုင်ဆိုင်ထားသူတွေပါ ။ ဒါကြောင့် သူတို့ဟာ အခြားလူတွေနဲ့ ကွဲပြားနေတတ်ကြပါတယ် ။

တနင်္ဂနွေ သားသမီးတွေဟာ စာဖတ် ဝါသနာပါကြတယ်။ ဗဟုသုတကို လိုက်စားတယ်။ အအိပ်မက်တယ်။ အစားမကြီးဘူး။ ဒါပေမဲ့ ခဏ ခဏ စားနေတတ်တာမျိုး၊ ဒေါသကြီးပေမဲ့ ကောက်ရိုးမီးလိုမျိုး ။ ခဏပဲ ပြီးရင် သူမဟုတ်သလိုမျိုး ၊ စိတ်ဆိုး စိတ်ကောက် လွယ်တယ်။ ဒါပေမဲ့ စိတ်ပြေလွယ်တယ် ။ ဒါကြောင့်မို့ သူတို့ဟာ ချစ်စရာ ကောင်းနေတတ်ကြပြန်ရော။

ချစ်သူအပေါ် အနိုင်ယူလိုတဲ့စိတ် ရှိတယ်။ ကိုယ့်ချစ်သူကို ကိုယ့်ရဲ့ အလိုကျအတိုင်း ဖြစ်စေချင်တဲ့သူမျိုး ။ အရမ်းလည်း ချစ်တတ်ကြတယ်။ အချစ်ကြီးပြီး အချစ် အတွက်ဆို တဇွတ်ထိုးနိုင်တဲ့ သူတွေပါ ။ ဒါ့ကြောင် အချစ်ရေးမှာ ကံညံ့တယ်လို့ နည်းနည်းပြောရမယ် ။ ဦးဆောင်လိုစိတ် ပြင်းပြတယ် ။

နေရာတကာ ဆရာကြီးလုပ်တဲ့သူမျိုး မဟုတ်ပေမဲ့ ဦးဆောင်နိုင်တဲ့အရည်အချင်း အပြည့်အဝ ရှိသူတွေပါ။ မိသားစုကိုလည်း ချစ်တတ်ကြတယ်။ အပေါင်းအသင်း မက်တယ် ။ ဘယ်နေရာမှာဖြစ်ဖြစ် သူတို့က ဦးစားပေး နံပါတ် တစ် ဖြစ်ချင်တဲ့ သူမျိုးတွေပါ။ သူငယ်ချင်းတွေ အပေါ် အမြဲ အနစ်နာခံတတ်တယ် ။

ခံစားရတာတွေကိုလည်း မျိုသိပ်ထားတတ်ကြတယ်။ ဒါကြောင့် အများရှေ့မှာ ပြုံးပျော်နေပေမဲ့ ကွယ်ရာမှာ တိတ်တိတ်လေး ကျိတ်ပြီး ခံစားတဲ့သူမျိုးတွေပါ။ အထူးအခြားဆုံးအချက်က တနင်္ဂနွေ သားသမီးတွေက အစွဲအလမ်း ကြီးလွန်းတာပါပဲ။

Zawgyiျဖင့္ဖတ္ရန္

ခ်စ္သူ အေပၚ အႏိုင္ယူလိုတဲ့စိတ္ ရွိတယ္ ။ ကိုယ့္ခ်စ္သူကို ကိုယ့္ရဲ႕ အလိုက်အတိုင္း ျဖစ္ေစခ်င္တဲ့သူမ်ိဳး ။ အရမ္းလည္း ခ်စ္တတ္ၾကတယ္။ တနဂၤေႏြ သားသမီးေတြက အရမ္းႀကီး မထူးဆန္းေပမယ့္ အျခားလူေတြနဲ႔ ကြဲျပားတဲ့စ႐ိုက္ေတြကို ပိုင္ဆိုင္ထားသူေတြပါ ။ ဒါေၾကာင့္ သူတို႔ဟာ အျခားလူေတြနဲ႔ ကြဲျပားေနတတ္ၾကပါတယ္ ။

တနဂၤေႏြ သားသမီးေတြဟာ စာဖတ္ ဝါသနာပါၾကတယ္။ ဗဟုသုတကို လိုက္စားတယ္။ အအိပ္မက္တယ္။ အစားမႀကီးဘူး။ ဒါေပမဲ့ ခဏ ခဏ စားေနတတ္တာမ်ိဳး၊ ေဒါသႀကီးေပမဲ့ ေကာက္႐ိုးမီးလိုမ်ိဳး ။ ခဏပဲ ၿပီးရင္ သူမဟုတ္သလိုမ်ိဳး ၊ စိတ္ဆိုး စိတ္ေကာက္ လြယ္တယ္။ ဒါေပမဲ့ စိတ္ေျပလြယ္တယ္ ။ ဒါေၾကာင့္မို႔ သူတို႔ဟာ ခ်စ္စရာ ေကာင္းေနတတ္ၾကျပန္ေရာ။

ခ်စ္သူအေပၚ အႏိုင္ယူလိုတဲ့စိတ္ ရွိတယ္။ ကိုယ့္ခ်စ္သူကို ကိုယ့္ရဲ႕ အလိုက်အတိုင္း ျဖစ္ေစခ်င္တဲ့သူမ်ိဳး ။ အရမ္းလည္း ခ်စ္တတ္ၾကတယ္။ အခ်စ္ႀကီးၿပီး အခ်စ္ အတြက္ဆို တဇြတ္ထိုးႏိုင္တဲ့ သူေတြပါ ။ ဒါ့ေၾကာင္ အခ်စ္ေရးမွာ ကံညံ့တယ္လို႔ နည္းနည္းေျပာရမယ္ ။ ဦးေဆာင္လိုစိတ္ ျပင္းျပတယ္ ။

ေနရာတကာ ဆရာႀကီးလုပ္တဲ့သူမ်ိဳး မဟုတ္ေပမဲ့ ဦးေဆာင္ႏိုင္တဲ့အရည္အခ်င္း အျပည့္အဝ ရွိသူေတြပါ။ မိသားစုကိုလည္း ခ်စ္တတ္ၾကတယ္။ အေပါင္းအသင္း မက္တယ္ ။ ဘယ္ေနရာမွာျဖစ္ျဖစ္ သူတို႔က ဦးစားေပး နံပါတ္ တစ္ ျဖစ္ခ်င္တဲ့ သူမ်ိဳးေတြပါ။ သူငယ္ခ်င္းေတြ အေပၚ အၿမဲ အနစ္နာခံတတ္တယ္ ။

ခံစားရတာေတြကိုလည္း မ်ိဳသိပ္ထားတတ္ၾကတယ္။ ဒါေၾကာင့္ အမ်ားေရွ႕မွာ ၿပဳံးေပ်ာ္ေနေပမဲ့ ကြယ္ရာမွာ တိတ္တိတ္ေလး က်ိတ္ၿပီး ခံစားတဲ့သူမ်ိဳးေတြပါ။ အထူးအျခားဆုံးအခ်က္က တနဂၤေႏြ သားသမီးေတြက အစြဲအလမ္း ႀကီးလြန္းတာပါပဲ။

Crd: ေဝဒဂၤ

Focus Myanmar Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment