မိမိ ချစ် သူဖောက်ပြန်နေလား စစ်ေ ဆးနိုင်သော နည်းလမ်း(၁၀)မျိုး
Unicodeဖြင့်ဖတ်ရန်
သ င့် စိတ်ထဲမှာ သင့်ရဲ့ အချစ်ရေးတွင်ပြသနာတစ်ခုခုရှိနေတယ်ဟုခံစားရခြင်းသည် သင့်ရဲ့ရည်းစားဖောက်ပြန်နေသောကြောင့်လည်းဖြစ်နိုင်ပါတယ်။သို့သော် မည်သည့်ချစ်သူရည်းစားမှ မိမိရဲ့ချစ်သူသည် ဖောက်ပြန်နေတာဟုတ်မဟုတ် ထိုင်မစဉ်းစားနေချင်ပါဘူး ဘယ်လိုအခြေအနေမျိုးမှာဘဲဖြစ်ဖြစ်မိမိချစ်သူဖောက်ပြန်နေတာကိုလက်မခံချင်တတ်ကြပါဘူး။ထို့ကြောင့် မိမိရဲ့ချစ်သူကိုမသိမသာဖြင့် အကဲခတ်ကြည့်ရှုရုံဖြင့် သူဖောက်ပြန်နေတာ ဟုတ်မဟုတ်စစ်ဆေးကြည့်လို့ရနိုင်သောနည်းလမ်းကောင်းတွေကို ဖော်ပြလိုက်ရပါတယ်။
၁။ မိမိကို ရှောင်နေခြင်း
သူပုံမှန်ဖုန်းဆက်ချိန်မှာ ဖုန်းဆက်မလာဘဲ မိမိဘက်ကစဆက်ရင်မကိုင်တာမျိုး နှင့် မိမိကိုအလုပ်မှာစိတ်ရှုပ်စရာရှိနေလို့လတ်တလော ခဏသက်သက်စီနေကြရအောင်ဟုပြောဆိုလာပါလျှင် မိမိကိုသူရှောင်နေတာဘဲဖြစ်ပါတယ်။ သူ့မှာ မိမိနှင့်ပတ်သက်ပြီးစဉ်းစားစရာများရှိသောကြောင့်လည်းဖြစ်နိုင်သလို သူရဲ့စိတ်ထဲမှာရှုပ်ထွေးနေသော ပြသနာများကိုအချိန်ယူဖြေရှင်းချင်သောကြောင့်လည်းဖြစ်နိုင်ပါတယ်။
သို့သော် များသောအားဖြင့် မိမိရဲ့နောက်ကွယ်မှာ အခြားမိန်းကလေးတစ်ယောက်ကိုစိတ်ဝင်စားမိသောကြောင့်မိမိနှင့်ထိုကောင်မလေး ၂ဦးထဲမှ၁ဦးကိုရွေးချယ်ရန် စဉ်းစားနေတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ထို့ကြောင့် ချစ်သူသည် မိမိကိုရှောင်နေပါက ပထမဦးဆုံးအချိန်ပေးလိုက်ပါ ပြီးမှာသေသေချာချာစုံစမ်းဆွေနွေးသင့်ပါတယ်။
၂။ သူ့ထံလာသောဖုန်းများ၊စာများကို မိမိရှေ့တွင်လစ်လျူရှုထားခြင်း
ပုံမှန်မိမိရဲ့ချစ်သူအရှေ့မှာဖုန်းပြောလေ့ရှိသော်လည်း ဖောက်ပြန်လာသောအခါမှာ ထိုကဲ့သို့ပေါ်တင်ပြောရန်ခတ်ခဲကြပါတယ်။ထို့ကြောင့် ချစ်သူကောင်လေးက မိမိရဲ့ရှေ့မှာဖုန်းကိုမကိုင်တာမျိုး၊ကိုင်လိုက်သော်လည်း ဖုန်းမှားနေပါတယ်ဟုပြောဆိုတာမျိုး မကြာခဏပြုလုပ်တတ်ပါလျှင် သူ့ကိုသေသေချာချာသတိထားစောင့်ကြည့်ရန်လိုအပ်နေပါပြီ။
၃။ ချိန်းထားတဲ့အချိန်ထက် အမြဲတမ်းလိုလိုနောက်ကျလာခြင်း
များသောအားဖြင့် ချိန်းထားတဲ့နေရာကို ကောင်လေးတွေသာ စောစောစီးစီးရောက်နေတတ်လေ့ရှိကြပါတယ် မိန်းကလေးတွေကအလှပြင်တာနှင့်အချိန်နောက်ကျမှရောက်တတ်ကြပါတယ်။ သို့သော် ချစ်သူကမိမိထက်နောက်ကျမှ ရောက်လာရင်တော့ သူ့မှာပြသနာတစုံတခုခုရှိနေပြီဆိုတာသေချာပါတယ်။ ထို့ကဲ့သို့ နေ့တိုင်းနောက်ကျနေရင်တော့ သူဖောက်ပြန်နေတာဖြစ်နိုင်ခြေ ၂၅ ရာခိုင်နှုန်းသေချာသလောက်ရှိနေပါပြီ။
၄။ ဆင်ခြေများစွာပေးတတ်ခြင်း
မိမိဘက်ကမေးလိုက်တဲ့ဘယ်မေးခွန်းတိုင်းမှာမဆို ဆင်ခြေတွေပေးတတ်နေပြီဆိုရင်တော့ ချစ်သူဖောက်ပြန်နေတာသေချာသလောက်ရှိနေပါပြီ။ ထိုဆင်ခြေထဲမှာမှ အဓိပါယ်မရှိဘဲ ဖောနေတာမျိုးတွေအများကြီးပါနေရင်တော့ ဖောက်ပြန်နေတာ ပိုသေချာနေပါပြီ။
၅။ အမှားအယွင်းတွေဖြစ်တတ်ခြင်း
အမှားအယွင်းများပြုလုပ်တဲ့ထဲမှာ နာမည်မှားခေါ်ခြင်း၊ မိမိမေးလိုက်တဲ့မေးခွန်းတွေကို မှားယွင်းစွာဖြေဆိုခြင်း၊လိမ်ပြီးဖြေဆိုခြင်း၊ မိမိတို့အလေးအနက်ထားလေ့ရှိသောနေ့ရက်၊အပြုအမှု စတာတွေကို မမှတ်မိခြင်း လေ့ရှိသောနေ့ရက်၊အပြုအမှု စတာတွေကို မမှတ်မိခြင်း စတာတွေဖြစ်ပေါ်နေရင်တော့ ချစ်သူကိုနောက်ယောင်ခံလိုက်ဖို့သာပြင်ထားပေတော့ မိန်းကလေးတို့ရေ။
၆။ ဆင်ခြေအမျိုးမျိုးပေးပြီး မိမိကိုအချိန်မပေးခြင်း
အများဆုံးပေးတတ်သော ဖောက်ပြန်သူတို့ဆင်ခြေတွေကတော့ အလုပ်များနေလို့ပါကွာ၊ အမေနေမကောင်းလို့လူနာစောင့်နေရတာပါကွာ၊ သူငယ်ချင်းတွေနဲ့ချိန်းထားတာရှိလို့ မအားဘူး။ ထိုကဲ့သို့ ဆင်ခြေတွေအမျိုးမျိုးပေးပြီး ဖမ်းလို့မရရင်တော့ ရုံးဆင်းချိန် ရုံးအောက်မှာသာသွားစောင့်နေပေတော့ မိန်းကလေးတို့ရေ။ သေချာတာကတော့ ရုံးဆင်းချိန်သူ့မှာအထူးတလှယ်ချိန်းထားတာရှိနေပါပြီ။
၇။ သူငယ်ချင်းတွေနှင့်ချိန်းထားတယ်ဟု အပြောများလာခြင်း
မိမိမကြားဖူး၊မတွေ့ဖူးသော ငယ်သူငယ်ချင်းနဲ့ တွေ့တာများနေရင်တော့ ချစ်သူဖောက်ပြန်နေတာ ၈၀ ရာခိုင်နှုန်းသေချာနေပါပြီ။ မိမိကိုပေးစရာမရှိတဲ့ ဆင်ခြေတွေရှာကြံပေးထားတာဘဲဖြစ်ပါတယ် ထိုသူငယ်ချင်းတကယ်ရှိရဲ့လားတောင်စုံစမ်းကြည့်ရတော့မှာပါ။
၈။ ဖုန်းPassword,Lock screen ပြောင်းသွားခြင်း
အရင်တုန်းကမိမိကိုသူ့ရဲ့Password,Lock Sreen ပုံစံတွေအားလုံးကို မမေးပါဘဲနဲ့ပြောပြတတ်သူက အခုအချိန်မှာမေးရင်တောင်မပြောပြတော့ဘူးဆိုရင်တော့ ၁၀၀ ရာခိုင်နှုန်းဖောက်ပြန်နေပါပြီ။
၉။ ဝတ်ပုံစားပုံပြောင်းလဲလာခြင်း
လူအများစုက မိမိတို့စိတ်ဝင်စားတဲ့သူတစ်ယောက်ကိုရှာတွေ့ပြီဆိုရင် သူတို့ရဲ့ပုံစံတွေကို အလန်းဆုံးအဖြစ်ပြောင်းလဲတတ်ကြပါတယ်။ ဆံပင်ပုံစံ၊အကျီ ၤ၊အိပ်၊ကား၊အစားအသောက်၊နေရာ စတာတွေထဲက တစ်ခုခုကိုရုတ်တရက်ကြီးပြောင်းလဲလိုက်ခြင်းဟာ အကြောင်းမဲ့သက်သက်တော့မဟုတ်ပါဘူး။
၁၀။ စိတ်တို၊စိတ်ဆိုးလွယ်လာခြင်း
မိမိအပေါ် ဘာမဟုတ်တာလေးနဲ့ စိတ်တို၊စိတ်ဆိုးလာပြီး အော်တတ်လာတယ် ငေါ့တတ်လာတယ် စတာတွေဟာမိမိကသူ့ရဲ့စိတ်ထဲမှာ ဘာမှမဟုတ်တော့တာတွေကိုပြသနေတာပါ။ သို့သော် တချို့ကျတော့လည်း ပြောင်းပြန်သူတို့စိတ်မဝင်စားတော့တဲ့သူတွေအပေါ်မှာ လျစ်လျူရှုလာတတ်ကြပါတယ်။ မိမိကိုနေရာတကာပြောဆိုဆုံးမနေရာကနေ ရုတရက်ဘာမှမပြောဆိုတော့တာမျိုးတွေလည်း စိတ်မရှိတော့တာကိုပြသနေတာဘဲဖြစ်ပါတယ်။
ဖောက်ပြန်ခြင်းကိုဘယ်သူမှတရားဝင်မထုတ်ဖော်လိုပါဘူး။ ဝန်ခံဖို့အခတ်အခဲဆုံး နဲ့ ဝန်ခံရမှာအကြောက်ဆုံးက မိမိကဖောက်ပြန်သူဖြစ်နေတာပါဘဲ။ ထို့ကြောင့် မိမိရဲ့ချစ်သူဖောက်ပြန်နေတာ ဟုတ်မဟုတ် တိတ်တိတ်ဆိတ်ဆိတ်စုံစမ်းလေ့လာခြင်းသည် အကောင်းဆုံးနည်းလမ်းဘဲဖြစ်ပါတယ်။
Zawgyiဖြင့်ဖတ်ရန်
အမှားအယွင်းများပြုလုပ်တဲ့ထဲမှာ နာမည်မှားခေါ်ခြင်း၊ မိမိမေးလိုက်တဲ့မေးခွန်းတွေကို မှားယွင်းစွာဖြေဆိုခြင်း၊လိမ်ပြီးဖြေဆိုခြင်း၊ မိမိတို့အလေးအနက်ထားလေ့ရှိသောနေ့ရက်၊အပြုအမှု စတာတွေကို မမှတ်မိခြင်း စတာတွေဖြစ်ပေါ်နေရင်တော့ ချစ်သူကိုနောက်ယောင်ခံလိုက်ဖို့သာပြင်ထားပေတော့ မိန်းကလေးတို့ရေ။
Source: Lovepanky
Credit Shwemom
Focus Myanmar Team
Leave a Reply
Your email address will not be published. Required fields are marked *
Post comment