အချစ်ဦး နဲ့လွဲပြီး မှ ဖြစ်ပေါ်လာ တဲ့ဒုတိယအချစ် က ပိုကောင်းကြောင်းသက်သေ (၅) ခု

 

Unicodeဖြင့်ဖတ်ရန်

လူေ တာ်တော်များများက အသည်းကွဲပြီးတဲ့နောက်မှာ နောက်တစ်ခေါက်ထပ်ချစ်ဖို့ကြောက်သွားတတ်ပြီး အတည်မချစ်မိအောင် ကိုယ့်ကိုယ်ကိုကန့်သတ်ထားလေ့ရှိကြပါတယ်။တကယ်တော့ ဒီလိုစိတ်မျိုးနဲ့ ကန့်သတ်ထားတာ မကောင်းပါဘူး။ ဘာလို့လဲဆိုတော့ အသည်းကွဲပြီးတဲ့နောက်မှာ ဖြစ်လာတဲ့အချစ်က ပိုပြီးကောင်းမွန်တယ်ဆိုတာ ဒီအချက်တွေကသက်သေပါပဲ။

အသည်းအသန်မခံစားတော့ဘူး

အသည်းကွဲပြီးနောက်တစ်ခေါက်ထပ်ချစ်မိတဲ့အခါ ဒီလူအပေါ်လုံးဝစိတ်နှစ်ပြီး မခံစားတော့ဘဲ ပျော်စရာတွေကို အတူတူဖန်တီးမယ်၊ စိတ်ညစ်စရာတွေကိုလည်း ပေါ့ပေါ့ပါးပါးပဲကျော်ဖြတ်နိုင်လာပါလိမ့်မယ်။

စိတ်ထားတတ်နေပြီ

ကိုယ့်ကိုဂရုမစိုက်လို့ဆိုပြီး အသေးစိတ်ကအစ feel မနေတော့ဘူး။ အလွန်အမင်းမတွယ်ကပ်တော့ဘူး။ အရာအားလုံး သူမှသူဖြစ်မနေတော့ဘူး။ လွတ်လပ်တဲ့စိတ်ထားမျိုး ထားတတ်သွားပြီး တစ်ဖက်လူကိုလည်း ဖိအားတွေမပေးတော့ဘူး။

ကိုယ့်ကိုယ်ကိုဦးစားပေးတတ်ပြီ

သူကကိုယ့်ရဲ့ဘဝ၊ သူကကိုယ့်ရဲ့အရာရာ၊ သူမရှိရင်မဖြစ်လို့ သူ့ကို ကိုယ့်ရဲ့အရာအားလုံးထက်ဦးစားပေးတာမျိုးတွေ အရင်ကလုပ်ခဲ့သလောက် အခုတော့ မလုပ်တော့ဘူး။ သူ့ထက် ကိုယ့်ကိုယ်ကိုပိုပြီး ဦးစားပေးတတ်ပြီ။

ဆိုးကျိုးတွေကိုကြိုမြင်ပြီးရှောင်တတ်ပြီ
အရမ်းချစ်ရင် အရမ်းခံစားရတယ်၊ ချစ်ပြလွန်းရင်ပစ်ချခံရတတ်တယ်ဆိုတာတွေကို ကောင်းကောင်းနားလည်နေပြီ။ ကိုယ်ဘာလုပ်ရင် ဘာဖြစ်မယ်ဆိုတာသိနေပြီမို့ ဆိုးကျိုးတွေကို ကြိုမြင်ပြီး ရှောင်တတ်နေပြီ။

ပိုရင့်ကျက်သွားပြီ

ကိုယ့်ချစ်သူက ကိုယ့်အတွက်အရာအားလုံးပေးဆပ်မှာပဲ၊ ကိုယ့်ကိုအရာအားလုံးထက် ဦးစားပေးမှာပဲ၊ ကိုယ်ပြောရင်တော့ နားထောင်မှာပဲဆိုတဲ့ ကလေးဆန်ဆန်အတွေးတွေမရှိတော့ဘူး။သူ့ဘက်ကိုယ့်ဘက် မြင်အောင်ကြည့်တတ်ပြီး လက်တွေ့ကျကျတွေးတောတတ်ပြီ။ပထမအချစ်ထက် ဒုတိယအကြိမ်ဖြစ်လာတဲ့အချစ်မှာ ပိုရင့်ကျက်သွားပြီ။

Zawgyiျဖင့္ဖတ္ရန္

လူေ တာ္ေတာ္မ်ားမ်ားက အသည္းကြဲၿပီးတဲ့ေနာက္မွာ ေနာက္တစ္ေခါက္ထပ္ခ်စ္ဖို႔ေၾကာက္သြားတတ္ၿပီး အတည္မခ်စ္မိေအာင္ ကိုယ့္ကိုယ္ကိုကန႔္သတ္ထားေလ့ရွိၾကပါတယ္။တကယ္ေတာ့ ဒီလိုစိတ္မ်ိဳးနဲ႔ ကန႔္သတ္ထားတာ မေကာင္းပါဘူး။ ဘာလို႔လဲဆိုေတာ့ အသည္းကြဲၿပီးတဲ့ေနာက္မွာ ျဖစ္လာတဲ့အခ်စ္က ပိုၿပီးေကာင္းမြန္တယ္ဆိုတာ ဒီအခ်က္ေတြကသက္ေသပါပဲ။

အသည္းအသန္မခံစားေတာ့ဘူး

အသည္းကြဲၿပီးေနာက္တစ္ေခါက္ထပ္ခ်စ္မိတဲ့အခါ ဒီလူအေပၚလုံးဝစိတ္ႏွစ္ၿပီး မခံစားေတာ့ဘဲ ေပ်ာ္စရာေတြကို အတူတူဖန္တီးမယ္၊ စိတ္ညစ္စရာေတြကိုလည္း ေပါ့ေပါ့ပါးပါးပဲေက်ာ္ျဖတ္ႏိုင္လာပါလိမ့္မယ္။

စိတ္ထားတတ္ေနၿပီ

ကိုယ့္ကိုဂ႐ုမစိုက္လို႔ဆိုၿပီး အေသးစိတ္ကအစ feel မေနေတာ့ဘူး။ အလြန္အမင္းမတြယ္ကပ္ေတာ့ဘူး။ အရာအားလုံး သူမွသူျဖစ္မေနေတာ့ဘူး။ လြတ္လပ္တဲ့စိတ္ထားမ်ိဳး ထားတတ္သြားၿပီး တစ္ဖက္လူကိုလည္း ဖိအားေတြမေပးေတာ့ဘူး။

ကိုယ့္ကိုယ္ကိုဦးစားေပးတတ္ၿပီ

သူကကိုယ့္ရဲ႕ဘဝ၊ သူကကိုယ့္ရဲ႕အရာရာ၊ သူမရွိရင္မျဖစ္လို႔ သူ႔ကို ကိုယ့္ရဲ႕အရာအားလုံးထက္ဦးစားေပးတာမ်ိဳးေတြ အရင္ကလုပ္ခဲ့သေလာက္ အခုေတာ့ မလုပ္ေတာ့ဘူး။ သူ႔ထက္ ကိုယ့္ကိုယ္ကိုပိုၿပီး ဦးစားေပးတတ္ၿပီ။

ဆိုးက်ိဳးေတြကိုႀကိဳျမင္ၿပီးေရွာင္တတ္ၿပီ
အရမ္းခ်စ္ရင္ အရမ္းခံစားရတယ္၊ ခ်စ္ျပလြန္းရင္ပစ္ခ်ခံရတတ္တယ္ဆိုတာေတြကို ေကာင္းေကာင္းနားလည္ေနၿပီ။ ကိုယ္ဘာလုပ္ရင္ ဘာျဖစ္မယ္ဆိုတာသိေနၿပီမို႔ ဆိုးက်ိဳးေတြကို ႀကိဳျမင္ၿပီး ေရွာင္တတ္ေနၿပီ။

ပိုရင့္က်က္သြားၿပီ

ကိုယ့္ခ်စ္သူက ကိုယ့္အတြက္အရာအားလုံးေပးဆပ္မွာပဲ၊ ကိုယ့္ကိုအရာအားလုံးထက္ ဦးစားေပးမွာပဲ၊ ကိုယ္ေျပာရင္ေတာ့ နားေထာင္မွာပဲဆိုတဲ့ ကေလးဆန္ဆန္အေတြးေတြမရွိေတာ့ဘူး။သူ႔ဘက္ကိုယ့္ဘက္ ျမင္ေအာင္ၾကည့္တတ္ၿပီး လက္ေတြ႕က်က်ေတြးေတာတတ္ၿပီ။ပထမအခ်စ္ထက္ ဒုတိယအႀကိမ္ျဖစ္လာတဲ့အခ်စ္မွာ ပိုရင့္က်က္သြားၿပီ။

Credit Aunty May

 

Focus Myanmar Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment