ရန်ကုန် မြိဳ႕ လယ် ကမ္ဘာေအးဘုရားလမ်းမ ေပါ်မွာ (၉) ေပ အရွည် ရွိတဲ့ စပါးအုံးမႊေကြီး ဖမ်းမိ

 

Unicodeဖြင့်ဖတ်ရန်

၂၀.၆.၂၀၂၀ရက်နေ့၊ ၀၀ ၄၈ နာရီ အချိန်ခန့်တွင် မရမ်းကုန်းမြို့နယ် အမှတ်(၅)ရပ်ကွက် ကမ္ဘာအေးဘုရား လမ်းမပေါ်ရှိ MPT ဆက်သွယ်ရေး ရုံးဝင်း အတွင်း ရပ်နားထားသော မော်တော်ယာဉ် ခေါင်းအောက် ဘက် အင်ဂျင် အပေါ်၌ မြွေကြီးတစ်ကောင် ဝင်ရောက် နေကြောင်း

MPTရုံးလုံခြုံရေးမှ သတင်းပေး ပို့လာသဖြင့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ်၊ ရှာဖွေကယ်ဆယ်ရေး(အထူး)အဖွဲ့မှ တပ်ကြပ်ကြီးတိုးအောင် နှင့် မရမ်းကုန်မြို့နယ် မီးသတ်စခန်းမှ တပ်ဖွဲ့ဝင် နှစ်ဦး တို့ဖြင့် သွားရောက်ဖမ်းဆီးပေးခဲ့ရာ

၀၁:၁၅ နာရီ အချိန်တွင် လုံးပက် ၈ လက်မခန့်၊ အရှည် ၉ ပေခန့်ရှိ စပါးအုံးမြွေကြီးအား ဖမ်းဆီး ရမိခဲ့ပါသည်။ အဆိုပါ စပါးအုံးမြွေကြီးအား မင်္ဂလာဒုံမြို့နယ်၊ ဝါယာလတ်ရှိ စိတ္တသုခ တပ်ဦးကျောင်းတိုက် မြွေခြံ အတွင်းသို့ သွားရောက် လွှတ်ပေးခဲ့ပါသည်။

Zawgyiဖြင့်ဖတ်ရန်




Credit: Myanmar technews

Focus Myanmar Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment