နာမည်ကျော် အမေရိကန် ဝက်စ်ပွိုင့် စစ်တက္ကသိုလ် ကို တက်ခွင့်ရ ခဲ့တဲ့ မြန်မာနိုင်ငံသား တဦး

 

Unicodeဖြင့်ဖတ်ရန်

အမေရိကန် ဝက်စ်ပွိုင့် က ဒု ဗိုလ် အောင်မိုး။ အိန္ဒိယ အရှေ့မြောက်၊ မြန်မာ တမူးနယ်စပ် ပြည်နယ်တခု ဖြစ်တဲ့ မဏိပူရ အင်ဖားမြို့က လန်ဖဲဆေးရုံမှာ မြန်မာမိဘနှစ်ပါးက မွေးဖွားခဲ့တဲ့ ကလေးပါ ၊ နာမည်က အောင်မိုး တဲ့။ဖခင်က 8888 ဒီမိုကရေစီတိုင်ပွဲဝင် ကျောင်းသား၊ မုံရွာသား နာမည်က ကျော်သူရ။ တမူးနယ်စပ် ရှိ မိုးရေးမြို့မှာ နေထိုင်ပြီး ဝမ်းရေးအတွက် လုပ်ကိုင်စားသောက်ရင်း တတ်နိုင်သမျှ နိုင်ငံရေးလှုပ်ရှားမှု တွေမှာ တာဝန်ကျေခဲ့တယ်။ အဲဒီ မိုးရေးမှာဘဲ ဌေးမာနဲ့ မေတ္တာမျှပြီးအိမ်ထောင်ပြုခဲ့တယ်။ သား၊သမီး နှစ်ယောက်ထွန်းကားခဲ့ပြီး မိုးရေးမှာ လုံခြုံရေး မကောင်းတာကြောင့် နယူးဒေလီမြို့တော်ပြောင်းရွှေ့ကာ ဒုက္ခသည်အဖြစ်လျှောက်ထားပြီး နိုင်ငံရေးလှုပ်ရှားမှုတွေဆက်လုပ်ခဲ့တယ်။ဒုက္ခသည်အထောက်အပံ့တွေကို ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ဖြတ်တောက် လိုက်တာကြောင့် ဒုက္ခသည်တွေ ရပ်တည်ရေးအတွက် အခက်အခဲကြုံကြရတယ်။ လူဦးရေများပြီး ဆင်းရဲသား များပြားလှတဲ့ နယူးဒေလီမြို့တော်မှာ အလုပ်မရနိုင်တာကြောင့် ရှစ်လေးလုံး တိုက်ပွဲဝင်များအနေနဲ့ ကုလသမဂ္ဂက စီစဉ်တဲ့တတိယနိုင်ငံကို အခြေချဖို့ အစီအစဉ်တွေ လက်မခံ လိုပေမယ့် လက်ခံလိုက်ကြရတယ်။ဒီမိုအင်အားစုတွေ ကမ္ဘာ့နိုင်ငံ အသီးသီးပြန့်နှံ့ရောက်ရှိသွားကြရာ အောင်မိုး တို့ မိသားစုက အမေရိကားရောက်သွားကြတယ်။ အမေရိကားမှာ မိဘတွေက အလုပ်ရှာပြီး အလုပ် လုပ်။ ကလေးတွေက ကျောင်းတက်။ ဒီလိုနဲ့ အထက်တန်းအောင်တော့ ဘဝရှေ့ဆက်ဖို့ အရေး စဉ်းစားပြီး အောင်မိုး ရွေးချယ်တာက နယူးယောက်မြို့အနီးရှိတဲ့ ကမ္ဘာကျော် ဝက်စပွိုင့်စစ်တက္ကသိုလ်။

ဒီစစ်တက္ကသိုလ်က မြန်မာနိုင်ငံက မေမြို့ စစ်တက္ကသိုလ်လို မိဘက နိုင်ငံရေး နောက်ခံ ကင်း မကင်း မကြည့်ဘူး။ သူတို့ကြည့်တာက အရည်အချင်း။ ဒါကြောင့် အထက်တန်းပြီးထားတဲ့ ရမှတ်တွေကြည့်တယ်။ နောက် သတ်မှတ်ချက်က နိုင်ငံသားဖြစ်ရမယ်။ ကွန်မြူနစ်မဖြစ်ရဘူး ဒါကတော့ ဒီမိုကရေစီနိုင်ငံတော်ကိုး၊ အသက် (၁၉) နဲ့ (၂၃) နှစ် ကြားဖြစ်ရမယ်။မြန်မာနိုင်ငံမှာ ဆို အောင်မိုးအဖို့ စစ်တက္ကသိုလ်တက် ရောက်ဖို့ လုံးဝ မဖြစ်နိုင်သလို လက်ခံမှာလဲ မဟုတ်ဘူး၊ ဖခင်က တော်လှန်ရေးကျောင်းသား ဖြစ်နေတာကိုး။ အောင်မိုး တို့ ဝက်စပွိုင့် မှာ နှစ်စဉ် လျှောက်ထားတဲ့ ကျောင်းသားက တသောင်းကျော်ရှိတယ်။ တစ်ထောင်ကျော်လောက်ဘဲရွေးတာ။ အဲဒီအထဲ အောင်မိုး ပါဝင်ပြီး အရွေးခံခဲ့ရတာ။

သူ့ကိုအင်တာဗျူးတော့ တခုလိုနေတာ သူက နိုင်ငံသား လျှောက်ထားဆဲလို့ပြောတော့ အင်တာဗျူးတဲ့ ပုဂ္ဂိုလ်က သဘောကျ လို့ လက်ခံထားပြီး ပြန်လွှတ်လိုက်တယ်။ နောက်တနေ့ နိုင်ငံသားလျှောက်ထား တဲ့ရုံးက ဖုန်းဆက်ခေါ်ပြီး နိုင်ငံသား အသိအမှတ်ပြု လက်မှတ်လာယူပါ ဆိုပြီး လက်မှတ်ခေါ်ပေးလိုက်တယ်။ သူ့အရည်အချင်းကို ဦးစားပေးလိုက် တာ။ နိုင်ငံသားဖြစ်ခွင့် စာမေးပွဲတောင် မဖြေလိုက်ရဘူး။ဒီလိုနဲ့ ဝက်စပွိုင့် စစ်တက္ကသိုလ် ကျောင်းသား အောင်မိုး ဖြစ်သွားတယ်။ ကျောင်းက အဆောင်မှာနေ၊ အဆောင်မှာ အိပ် သင်တန်းတက်ပေါ့။ မိဘ ကတပြားမှ ထောက်ပံ့စရာမလိုဘူး။ ယူနီဖောင်း ၊ ကျောင်းဝတ်စုံအမျိုးမျိုးအပြင် စာသင်ဖို့ လက်ပတော့ကွန်ပြူတာ တလုံးနဲ့ အိုင်ပက်တလုံးတောင်ပေးတယ်၊ ပထမနှစ်မှာ ကျောင်းသားတွေကို ပေါ့ကတ်မန်းနီး (စတိုင်ပင်) တလကို (၁၅၀) ထောက်ပံ့တယ်၊ နောက် ဒုတိယနှစ်ရောက် တော့ (250) ။ တတိယနှစ် ရောက်တော့- (၄၅၀) နောက်ဆုံးနှစ်ရောက်တဲ့အခါ တလ (550) ထောက်ပံ့သတဲ့။

ဘရိတ်ဖတ် နေ့လည်စာနဲ့ ညစာ ကျောင်းကကျွေးတာ။ မြန်မာနိုင်ငံ မေမြို့ စစ်တက္ကသိုလ် နဲ့ မယှဉ်ချင်ပါဘူး။ မြန်မာနိုင်ငံက ဆင်းရဲလို့ မထောက်ပံ့နိုင်တာ နားလည်တယ်။ နားမလည်နိုင်တာက စီနီယာက ဂျူနီယာကို အနိုင်ကျင့် နှိပ်စက်တဲ့ကိစ္စ။ ဝက်စပွိုင့်မှာတော့ ဆရာက ကျောင်းသားကို ပါးရိုက်လို့မရဘူး။ ဒဏ်ပေးရင်တောင် လေ့ကျင့်ခန်းပို လုပ်ခိုင်းတာ လောက်ဘဲလို့ဆိုတယ်။တခါတရံ စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်တွေမှာ အောင်မိုးက တက္ကသိုလ်ကနေ မိဘတွေရှိတဲ့ နယူးယောက်မြို့တော်ကိုပြန်တဲ့အခါ ယူနီဖေါင်းနဲ့ ပြန်မိရာ ရထားပေါ်မှာ လူတချို့က အရိုအသေပေး အလေးပြုကြတာနဲ့ ပတ်သက်လို့ ဘာလို့အလေးပြုတာလဲ၊ အလေးမပြုပါနဲ့ လို့ပြောတော့ မင်းက ဒို့ကို အကာအကွယ်ပေးမယ့်လူ ဖြစ်လို့အလေးပြုတာလို့ ပြောသတဲ့။ ကျနော်က ခင်ဗျားတို့အတွက်ဘာမှ မလုပ်ပေးနိုင်သေးဘူး အလေးမပြုပါနဲ့ လို့ မနည်းတောင်းပန်ရသတဲ့။

တခါမှာတော့ စစ်ပြန်တယောက်က ရထားပေါ်မှာ သူ့အိပ်ထဲက ပိုက်ဆံတွေ တထပ်ကြီး ဆွဲထုတ် လိုက်ပြီး အောင်မိုး ကိုပေးသတဲ့ ။ ငါလဲ စစ်သားဟောင်းပါ မင်းကို ဂုဏ်ပြုတာ ယူပါလို့ အတင်းထိုးပေးလို့ ရိုးသားပြီး အခွင့်အရေး မယူတတ်တဲ့ အောင်မိုး ကအတင်းငြင်းဆိုပြီး မယူပါရစေနဲ့ ။ ကျနော့်မှာ ကျောင်းက လုံလောက်အောင် ထောက်ပံ့ပေး ပါတယ်လို့ ပြောပြလိုက်ရတယ်။အဲဒီအချိန်ကစပြီး နောက်ပိုင်း ကျောင်းပိတ်ရက် အိမ်ပြန်ရင် အောင်မိုးက ယူနီဖေါင်း နဲ့ မပြန်တော့ဘဲ အရပ်ဝတ်နဲ့ ပြန်တော့တယ်။ ဂျွန်လ 13 ရက် 2020 မှာတော့ ဝက်စပွိုင့်စစ်တက္ကသိုလ် သင်တန်းဆင်းပွဲမှာ သင်တန်းဆင်းပြီးဖြစ်တာကြောင့် အောင်မိုး မှသည် ဒု ဗိုလ်အောင်မိုး ဖြစ်လာ ပါကြောင်းဂုဏ်ပြုမှတ်တမ်း ရေးဖွဲ့ပြီး ဂုဏ်ပြုလိုက်ပါတယ်။

ကိုင်း ပြောချင်တာတော့ မြန်မာ ပြည်သူတွေက မြန်မာ စစ်ယူနီဖေါင်းဝတ်တွေကို လေးစား ကြည်ညို လာနေကြပြီးလား။ စစ်ယူနီဖေါင်း ဝတ်တွေကရော ပြည်သူလူထုနဲ့ ထိတွေ့ ဆက်ဆံတဲ့အခါ ပြည်သူက လေးစားကြည်ညိုအောင် ပြုမူပြောဆို ဆက်ဆံကြသလား။ အမေရိကန် အငြိမ်းစား စစ်ဗိုလ်ချုပ် Joseph Votel ပြောတဲ့ စကားက စစ်တပ်ဟာ နိုင်ငံရေးမှာ ပါဝင်ပတ် သက်ခြင်း မလုပ်တာက နိုင်ငံကို အကောင်းဆုံး အလုပ်အကျွေးပြုခြင်းပါဘဲ – တဲ့။အဲဒီလို အခြေအနေမျိုး မြန်မာနိုင်ငံမှာရှိနေပြီလား။ မေးလို့သာ မေးရတာ စစ်ခေါင်းဆောင် တွေရဲ့ အရည်အချင်း နဲ့ တိုင်းပြည် အပေါ်ထားရှိတဲ့ စေတနာချင်းကလဲ မိုးနဲ့ မြေပမာ ကွာခြားလှတယ် မဟုတ်ပါလား။ဦးပညာဝရ
ရှစ်လေးလုံးဆရာတော်

Zawgyiျဖင့္ဖတ္ရန္

အေမရိကန္ ဝက္စ္ပြိဳင့္ က ဒု ဗိုလ္ ေအာင္မိုး။ အိႏၵိယ အေရွ႕ေျမာက္၊ ျမန္မာ တမူးနယ္စပ္ ျပည္နယ္တခု ျဖစ္တဲ့ မဏိပူရ အင္ဖားၿမိဳ႕က လန္ဖဲေဆး႐ုံမွာ ျမန္မာမိဘႏွစ္ပါးက ေမြးဖြားခဲ့တဲ့ ကေလးပါ ၊ နာမည္က ေအာင္မိုး တဲ့။ဖခင္က 8888 ဒီမိုကေရစီတိုင္ပြဲဝင္ ေက်ာင္းသား၊ မုံ႐ြာသား နာမည္က ေက်ာ္သူရ။ တမူးနယ္စပ္ ရွိ မိုးေရးၿမိဳ႕မွာ ေနထိုင္ၿပီး ဝမ္းေရးအတြက္ လုပ္ကိုင္စားေသာက္ရင္း တတ္ႏိုင္သမွ် ႏိုင္ငံေရးလႈပ္ရွားမႈ ေတြမွာ တာဝန္ေက်ခဲ့တယ္။ အဲဒီ မိုးေရးမွာဘဲ ေဌးမာနဲ႔ ေမတၱာမွ်ၿပီးအိမ္ေထာင္ျပဳခဲ့တယ္။ သား၊သမီး ႏွစ္ေယာက္ထြန္းကားခဲ့ၿပီး မိုးေရးမွာ လုံၿခဳံေရး မေကာင္းတာေၾကာင့္ နယူးေဒလီၿမိဳ႕ေတာ္ေျပာင္းေ႐ႊ႕ကာ ဒုကၡသည္အျဖစ္ေလွ်ာက္ထားၿပီး ႏိုင္ငံေရးလႈပ္ရွားမႈေတြဆက္လုပ္ခဲ့တယ္။ဒုကၡသည္အေထာက္အပံ့ေတြကို ဒုကၡသည္မ်ားဆိုင္ရာ မဟာမင္းႀကီး႐ုံးက ျဖတ္ေတာက္ လိုက္တာေၾကာင့္ ဒုကၡသည္ေတြ ရပ္တည္ေရးအတြက္ အခက္အခဲႀကဳံၾကရတယ္။ လူဦးေရမ်ားၿပီး ဆင္းရဲသား မ်ားျပားလွတဲ့ နယူးေဒလီၿမိဳ႕ေတာ္မွာ အလုပ္မရႏိုင္တာေၾကာင့္ ရွစ္ေလးလုံး တိုက္ပြဲဝင္မ်ားအေနနဲ႔ ကုလသမဂၢက စီစဥ္တဲ့တတိယႏိုင္ငံကို အေျခခ်ဖို႔ အစီအစဥ္ေတြ လက္မခံ လိုေပမယ့္ လက္ခံလိုက္ၾကရတယ္။ဒီမိုအင္အားစုေတြ ကမာၻ႔ႏိုင္ငံ အသီးသီးျပန႔္ႏွံ႔ေရာက္ရွိသြားၾကရာ ေအာင္မိုး တို႔ မိသားစုက အေမရိကားေရာက္သြားၾကတယ္။ အေမရိကားမွာ မိဘေတြက အလုပ္ရွာၿပီး အလုပ္ လုပ္။ ကေလးေတြက ေက်ာင္းတက္။ ဒီလိုနဲ႔ အထက္တန္းေအာင္ေတာ့ ဘဝေရွ႕ဆက္ဖို႔ အေရး စဥ္းစားၿပီး ေအာင္မိုး ေ႐ြးခ်ယ္တာက နယူးေယာက္ၿမိဳ႕အနီးရွိတဲ့ ကမာၻေက်ာ္ ဝက္စပြိဳင့္စစ္တကၠသိုလ္။

ဒီစစ္တကၠသိုလ္က ျမန္မာႏိုင္ငံက ေမၿမိဳ႕ စစ္တကၠသိုလ္လို မိဘက ႏိုင္ငံေရး ေနာက္ခံ ကင္း မကင္း မၾကည့္ဘူး။ သူတို႔ၾကည့္တာက အရည္အခ်င္း။ ဒါေၾကာင့္ အထက္တန္းၿပီးထားတဲ့ ရမွတ္ေတြၾကည့္တယ္။ ေနာက္ သတ္မွတ္ခ်က္က ႏိုင္ငံသားျဖစ္ရမယ္။ ကြန္ျမဴနစ္မျဖစ္ရဘူး ဒါကေတာ့ ဒီမိုကေရစီႏိုင္ငံေတာ္ကိုး၊ အသက္ (၁၉) နဲ႔ (၂၃) ႏွစ္ ၾကားျဖစ္ရမယ္။ျမန္မာႏိုင္ငံမွာ ဆို ေအာင္မိုးအဖို႔ စစ္တကၠသိုလ္တက္ ေရာက္ဖို႔ လုံးဝ မျဖစ္ႏိုင္သလို လက္ခံမွာလဲ မဟုတ္ဘူး၊ ဖခင္က ေတာ္လွန္ေရးေက်ာင္းသား ျဖစ္ေနတာကိုး။ ေအာင္မိုး တို႔ ဝက္စပြိဳင့္ မွာ ႏွစ္စဥ္ ေလွ်ာက္ထားတဲ့ ေက်ာင္းသားက တေသာင္းေက်ာ္ရွိတယ္။ တစ္ေထာင္ေက်ာ္ေလာက္ဘဲေ႐ြးတာ။ အဲဒီအထဲ ေအာင္မိုး ပါဝင္ၿပီး အေ႐ြးခံခဲ့ရတာ။

သူ႔ကိုအင္တာဗ်ဴးေတာ့ တခုလိုေနတာ သူက ႏိုင္ငံသား ေလွ်ာက္ထားဆဲလို႔ေျပာေတာ့ အင္တာဗ်ဴးတဲ့ ပုဂၢိဳလ္က သေဘာက် လို႔ လက္ခံထားၿပီး ျပန္လႊတ္လိုက္တယ္။ ေနာက္တေန႔ ႏိုင္ငံသားေလွ်ာက္ထား တဲ့႐ုံးက ဖုန္းဆက္ေခၚၿပီး ႏိုင္ငံသား အသိအမွတ္ျပဳ လက္မွတ္လာယူပါ ဆိုၿပီး လက္မွတ္ေခၚေပးလိုက္တယ္။ သူ႔အရည္အခ်င္းကို ဦးစားေပးလိုက္ တာ။ ႏိုင္ငံသားျဖစ္ခြင့္ စာေမးပြဲေတာင္ မေျဖလိုက္ရဘူး။ဒီလိုနဲ႔ ဝက္စပြိဳင့္ စစ္တကၠသိုလ္ ေက်ာင္းသား ေအာင္မိုး ျဖစ္သြားတယ္။ ေက်ာင္းက အေဆာင္မွာေန၊ အေဆာင္မွာ အိပ္ သင္တန္းတက္ေပါ့။ မိဘ ကတျပားမွ ေထာက္ပံ့စရာမလိုဘူး။ ယူနီေဖာင္း ၊ ေက်ာင္းဝတ္စုံအမ်ိဳးမ်ိဳးအျပင္ စာသင္ဖို႔ လက္ပေတာ့ကြန္ျပဴတာ တလုံးနဲ႔ အိုင္ပက္တလုံးေတာင္ေပးတယ္၊ ပထမႏွစ္မွာ ေက်ာင္းသားေတြကို ေပါ့ကတ္မန္းနီး (စတိုင္ပင္) တလကို (၁၅၀) ေထာက္ပံ့တယ္၊ ေနာက္ ဒုတိယႏွစ္ေရာက္ ေတာ့ (250) ။ တတိယႏွစ္ ေရာက္ေတာ့- (၄၅၀) ေနာက္ဆုံးႏွစ္ေရာက္တဲ့အခါ တလ (550) ေထာက္ပံ့သတဲ့။

ဘရိတ္ဖတ္ ေန႔လည္စာနဲ႔ ညစာ ေက်ာင္းကေကြၽးတာ။ ျမန္မာႏိုင္ငံ ေမၿမိဳ႕ စစ္တကၠသိုလ္ နဲ႔ မယွဥ္ခ်င္ပါဘူး။ ျမန္မာႏိုင္ငံက ဆင္းရဲလို႔ မေထာက္ပံ့ႏိုင္တာ နားလည္တယ္။ နားမလည္ႏိုင္တာက စီနီယာက ဂ်ဴနီယာကို အႏိုင္က်င့္ ႏွိပ္စက္တဲ့ကိစၥ။ ဝက္စပြိဳင့္မွာေတာ့ ဆရာက ေက်ာင္းသားကို ပါး႐ိုက္လို႔မရဘူး။ ဒဏ္ေပးရင္ေတာင္ ေလ့က်င့္ခန္းပို လုပ္ခိုင္းတာ ေလာက္ဘဲလို႔ဆိုတယ္။တခါတရံ စေန၊ တနဂၤေႏြ ေက်ာင္းပိတ္ရက္ေတြမွာ ေအာင္မိုးက တကၠသိုလ္ကေန မိဘေတြရွိတဲ့ နယူးေယာက္ၿမိဳ႕ေတာ္ကိုျပန္တဲ့အခါ ယူနီေဖါင္းနဲ႔ ျပန္မိရာ ရထားေပၚမွာ လူတခ်ိဳ႕က အ႐ိုအေသေပး အေလးျပဳၾကတာနဲ႔ ပတ္သက္လို႔ ဘာလို႔အေလးျပဳတာလဲ၊ အေလးမျပဳပါနဲ႔ လို႔ေျပာေတာ့ မင္းက ဒို႔ကို အကာအကြယ္ေပးမယ့္လူ ျဖစ္လို႔အေလးျပဳတာလို႔ ေျပာသတဲ့။ က်ေနာ္က ခင္ဗ်ားတို႔အတြက္ဘာမွ မလုပ္ေပးႏိုင္ေသးဘူး အေလးမျပဳပါနဲ႔ လို႔ မနည္းေတာင္းပန္ရသတဲ့။

တခါမွာေတာ့ စစ္ျပန္တေယာက္က ရထားေပၚမွာ သူ႔အိပ္ထဲက ပိုက္ဆံေတြ တထပ္ႀကီး ဆြဲထုတ္ လိုက္ၿပီး ေအာင္မိုး ကိုေပးသတဲ့ ။ ငါလဲ စစ္သားေဟာင္းပါ မင္းကို ဂုဏ္ျပဳတာ ယူပါလို႔ အတင္းထိုးေပးလို႔ ႐ိုးသားၿပီး အခြင့္အေရး မယူတတ္တဲ့ ေအာင္မိုး ကအတင္းျငင္းဆိုၿပီး မယူပါရေစနဲ႔ ။ က်ေနာ့္မွာ ေက်ာင္းက လုံေလာက္ေအာင္ ေထာက္ပံ့ေပး ပါတယ္လို႔ ေျပာျပလိုက္ရတယ္။အဲဒီအခ်ိန္ကစၿပီး ေနာက္ပိုင္း ေက်ာင္းပိတ္ရက္ အိမ္ျပန္ရင္ ေအာင္မိုးက ယူနီေဖါင္း နဲ႔ မျပန္ေတာ့ဘဲ အရပ္ဝတ္နဲ႔ ျပန္ေတာ့တယ္။ ဂြၽန္လ 13 ရက္ 2020 မွာေတာ့ ဝက္စပြိဳင့္စစ္တကၠသိုလ္ သင္တန္းဆင္းပြဲမွာ သင္တန္းဆင္းၿပီးျဖစ္တာေၾကာင့္ ေအာင္မိုး မွသည္ ဒု ဗိုလ္ေအာင္မိုး ျဖစ္လာ ပါေၾကာင္းဂုဏ္ျပဳမွတ္တမ္း ေရးဖြဲ႕ၿပီး ဂုဏ္ျပဳလိုက္ပါတယ္။

ကိုင္း ေျပာခ်င္တာေတာ့ ျမန္မာ ျပည္သူေတြက ျမန္မာ စစ္ယူနီေဖါင္းဝတ္ေတြကို ေလးစား ၾကည္ညိဳ လာေနၾကၿပီးလား။ စစ္ယူနီေဖါင္း ဝတ္ေတြကေရာ ျပည္သူလူထုနဲ႔ ထိေတြ႕ ဆက္ဆံတဲ့အခါ ျပည္သူက ေလးစားၾကည္ညိဳေအာင္ ျပဳမူေျပာဆို ဆက္ဆံၾကသလား။ အေမရိကန္ အၿငိမ္းစား စစ္ဗိုလ္ခ်ဳပ္ Joseph Votel ေျပာတဲ့ စကားက စစ္တပ္ဟာ ႏိုင္ငံေရးမွာ ပါဝင္ပတ္ သက္ျခင္း မလုပ္တာက ႏိုင္ငံကို အေကာင္းဆုံး အလုပ္အေကြၽးျပဳျခင္းပါဘဲ – တဲ့။အဲဒီလို အေျခအေနမ်ိဳး ျမန္မာႏိုင္ငံမွာရွိေနၿပီလား။ ေမးလို႔သာ ေမးရတာ စစ္ေခါင္းေဆာင္ ေတြရဲ႕ အရည္အခ်င္း နဲ႔ တိုင္းျပည္ အေပၚထားရွိတဲ့ ေစတနာခ်င္းကလဲ မိုးနဲ႔ ေျမပမာ ကြာျခားလွတယ္ မဟုတ္ပါလား။ဦးပညာဝရ
ရွစ္ေလးလုံးဆရာေတာ္

Credit: Myanmar technews

Focus Myanmar Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment