ကြက်ဥေပါင်း လုပ် နည်း သိ ချင် သူ ျမားအတွက် ပါ။
Zawgyiျဖင့္ဖတ္ရန္
ကျိုင်းတုံမြို့ မှာနေသူတွေကတော့ အလွယ်တကူဝယ်စားနိုင်ပေမဲ့ အလွယ်ဝယ်မရသူတွေတော့ ကိုယ်တိုင်လုပ်စားကြည့်ရအောင်နော်။
ဒီလိုလေးလည်း လုပ်စားလို့ရတယ်
ကြက်ဥလေးတွေရေဆေး အပေါက်သေးသေးလေးတွေဖောက်ပြီး
အထဲကအကာတွေအနှစ်တွေကို စုတ်တံအသစ်နဲ့စုတ်ထုတ်ပြီး ဇလုံကြီးကြီးထဲထည့်။
ပြီးတော့ ဆားနဲ့ ငရုတ်ကောင်းမှုန့်ထည့်ပြီးရောမွှေ။ (ရေလုံးဝမပါရပါ)
နောက်ပြီးစုတ်တံလေးနဲ့ပြန်စုတ်ပြီး စောစောကအပေါက်ဖေါက်ထားတဲ့ကြက်ဥလေးတွေထဲတဝက်စီခန့်ပြန်ထည့်ပေး (အပြည့်ထည့်ပြီးပေါင်းရင် ပွတက်လာပြီးလျှံကြကုန်မှာစိုးလို့ပါ)
ပြီးသွားရင်တော့ကြက်ဥလေးတွေကိုပေါင်းလို့ရပါပြီ
ပေါင်းတဲ့အခါသိရမှာက အဖုံးကိုဆယ်မိနှစ်ခန့်ပိတ်ပြီးရင် ဆယ်မိနစ်လောက်အဖုံးပြန်ဖွင့်လိုက်နဲ့ပေါင်းပေးရပါမယ်။ မိနစ် 30 လောက်ပေါင်းပြီးရင်တော့ကျက်ပါပြီ။
ပြီးရင်တော့စားချင်သလိုလေးလှီးပြီး ပဲပုတ်အကျက်မှုန့်နဲ့ငရုတ်သီးမှုန့်နဲ့ရောပြီးတို့စားလို့ရပါပြီ။
Unicodeဖြင့်ဖတ်ရန်
Credit to Waxy Orchid and rightful photo owners
Focus Myanmar Team
Leave a Reply
Your email address will not be published. Required fields are marked *
Post comment