ချစ်သူ နဲ့ ဝေးနေချိန် မှာတောင် သင့် တစ်ယောက်တည်း ကို ပဲ ချစ်နေစေချင် ရင် ဒီစ ကားလေးတွေနဲ့ ချုပ်ပါ

Unicodeဖြင့်ဖတ်ရန်

ချစ်သူ ကို တစ်ဘဝလုံးစာ ရည်ရွယ်ထားတဲ့ မိန်းကလေးတွေအဖို့ ကိုယ်တကယ်ချစ်ရတဲ့သူက ကိုယ့်အပေါ်ကို သစ္စာမရှိမှာ၊ ကွယ်ရာမှာ ကိုယ်မသိဘဲ တခြားသူတွေဆီ စိတ်ရောက်နေတာ၊ စိတ်ပျံ့လွင့်နေတာမျိုး မဖြစ်စေချင်တာ သဘာဝပါပဲ။ ကိုယ့်ချစ်သူကို ဝေးနေချိန်မှာတောင် ကိုယ့်ဆီကို စိတ်ရောက်ပြီး၊ ကိုယ့်တစ်ယောက်တည်းကိုပဲ ချစ်နေစေချင်ရင်တော့ ဒီစကားလေးတွေနဲ့ ချုပ်တတ်ဖို့လိုပါတယ်။ ဒီစကားလေးတွေကိုသာ သင့်ချစ်သူကို အမြဲပြောနေရင်တော့ သင့်ချစ်သူဟာ သင့်ကို ချစ်သထက်ချစ်ရုံသာမက သင့်တစ်ယောက်တည်းဆီကိုပဲ စိတ်ရောက်နေမှာဖြစ်ပါတယ်။

(၁) သင့် ချစ်သူကို ချစ်တယ် ဆိုတဲ့ စကားပြောဖို့ ဘယ်တော့မှ မတွန့်ဆုတ်သင့်ပါဘူး။ တွဲတာ ဘယ်လောက်ပဲ ကြာကြာ၊ အရင်က ဘယ်လောက်ပဲပြောခဲ့ပြောခဲ့ နေ့တိုင်း အချိန်တိုင်းမှာ ဆက်ပြီး ပြောပေးဖို့လိုပါတယ်။ ချစ်တယ်ဆိုတဲ့စကားဟာ ဘယ်လောက်ထိ အကျိုးသက်ရောက်မှုရှိလဲဆိုတာ စမ်းကြည့်လိုက်ပါ။

(၂) သင့်ချစ်သူကို ကျေးဇူးတင်ကြောင်း အမြဲတမ်းပြောပါ။ သူလုပ်ပေးတဲ့ အသေးအမွှားလေးတွေကအစ အမြဲတမ်း ကျေးဇူးတင်တဲ့အကြောင်း လှိုက်လှိုက်လှဲလှဲ ပြောပေးပါ။ ယောကျ်ားလေးတွေဟာ သူတို့ရဲ့ စေတနာကို အသိအမှတ်ပြုပေးရင် အရမ်းကြွေပါတယ်။

(၃) သင့်ချစ်သူကို ချီးကျူးစကား အမြဲပြောပေးပါ။ လူတိုင်းဟာ ချီးကျူးခံချင်တဲ့ သူတွေချည်းပါပဲ။ ဒါကြောင့် သင့်ချစ်သူရဲ့ အရည်အချင်း၊ လုပ်ကိုင်နိုင်စွမ်းတွေကို အသိအမှတ်ပြုပါ၊ ချီးကျူးစကားပြောပေးပါ။ ဒါဟာ သူ့ကို ကြည်နူးစေတဲ့အပြင် နောက်လည်း သင့်ကို ဂုဏ်ယူအောင် လုပ်ပြချင်စိတ်တွေ ဖြစ်ပေါ်လာစေပါတယ်။

(၄) သင့်ချစ်သူကို လေးစားပါ။ သင့်ရဲ့ စကားအပြောအဆို၊ အပြုအမူ၊ အကြည့်တွေကအစ သင့်ချစ်သူကို အထင်သေးသလို၊ နှိမ်သလို လုံးဝမလုပ်မိပါစေနဲ့။ သင့်ချစ်သူရဲ့ သိက္ခာ၊ မာနကို အမြဲတမ်းငဲ့ညာပြီး အထူးသဖြင့် လူရှေ့သူရှေ့မှာဆိုရင် အပြောအဆို၊ အပြုအမူတွေကို ဆင်ခြင်ပါ။

(၅) သင့်ချစ်သူကို ကြည့်ကောင်းတယ်လို့ အမြဲတမ်းပြောပါ။ ဘယ်လောက်ပဲ တွဲလာတာကြာနေပါစေ၊ လူတိုင်းဟာ ကိုယ့်ချစ်သူရဲ့ မျက်လုံးထဲမှာ ဆွဲဆောင်မှုရှိချင်တုန်း၊ ကြည့်ကောင်းချင်တုန်းပါပဲ။

(၆) သင့်ချစ်သူပြောတဲ့စကားကို နားထောင်ပေးပါ။ ဥပမာ ရန်ဖြစ်စကားများနေတဲ့အချိန်မှာ သင့်ချစ်သူကို ဖြေရှင်းခွင့်၊ ရှင်းပြခွင့်ပေးလိုက်ပါ။ ဒီလိုမှမဟုတ်ဘဲ ချောင်ပိတ်လိုက်တဲ့အခါ မဟုတ်တဲ့ ထွက်ပေါက်တွေ ရှာလာရင် သင်ပဲ စိတ်ဆင်းရဲနေရမှာပါ။

(၇) သင့်ချစ်သူကို ယုံကြည်ကြောင်း အမြဲတမ်းပြောပါ။ သင့်ချစ်သူကို ယောကျ်ားကောင်းတစ်ယောက်၊ သစ္စာရှိတဲ့သူ၊ အရည်အချင်းရှိတဲ့သူဆိုတာကို သင်ယုံကြည်ကြောင်း အမြဲတမ်းပြောပြ၊ ဖော်ပြပေးဖို့လိုပါတယ်။ ဒါဆိုရင်တော့ သင့်ချစ်သူဟာ သင့်ကို ချစ်သထက်ချစ်ရုံတင်မက ဝေးနေတဲ့အချိန်မှာတောင် သင့်တစ်ယောက်တည်းကိုပဲ ချစ်နေတော့မှာဖြစ်ပါတယ်။

Zawgyiျဖင့္ဖတ္ရန္

ခ်စ္သူ ကို တစ္ဘဝလုံးစာ ရည္႐ြယ္ထားတဲ့ မိန္းကေလးေတြအဖို႔ ကိုယ္တကယ္ခ်စ္ရတဲ့သူက ကိုယ့္အေပၚကို သစၥာမရွိမွာ၊ ကြယ္ရာမွာ ကိုယ္မသိဘဲ တျခားသူေတြဆီ စိတ္ေရာက္ေနတာ၊ စိတ္ပ်ံ႕လြင့္ေနတာမ်ိဳး မျဖစ္ေစခ်င္တာ သဘာဝပါပဲ။ ကိုယ့္ခ်စ္သူကို ေဝးေနခ်ိန္မွာေတာင္ ကိုယ့္ဆီကို စိတ္ေရာက္ၿပီး၊ ကိုယ့္တစ္ေယာက္တည္းကိုပဲ ခ်စ္ေနေစခ်င္ရင္ေတာ့ ဒီစကားေလးေတြနဲ႔ ခ်ဳပ္တတ္ဖို႔လိုပါတယ္။ ဒီစကားေလးေတြကိုသာ သင့္ခ်စ္သူကို အၿမဲေျပာေနရင္ေတာ့ သင့္ခ်စ္သူဟာ သင့္ကို ခ်စ္သထက္ခ်စ္႐ုံသာမက သင့္တစ္ေယာက္တည္းဆီကိုပဲ စိတ္ေရာက္ေနမွာျဖစ္ပါတယ္။

(၁) သင့္ ခ်စ္သူကို ခ်စ္တယ္ ဆိုတဲ့ စကားေျပာဖို႔ ဘယ္ေတာ့မွ မတြန႔္ဆုတ္သင့္ပါဘူး။ တြဲတာ ဘယ္ေလာက္ပဲ ၾကာၾကာ၊ အရင္က ဘယ္ေလာက္ပဲေျပာခဲ့ေျပာခဲ့ ေန႔တိုင္း အခ်ိန္တိုင္းမွာ ဆက္ၿပီး ေျပာေပးဖို႔လိုပါတယ္။ ခ်စ္တယ္ဆိုတဲ့စကားဟာ ဘယ္ေလာက္ထိ အက်ိဳးသက္ေရာက္မႈရွိလဲဆိုတာ စမ္းၾကည့္လိုက္ပါ။

(၂) သင့္ခ်စ္သူကို ေက်းဇူးတင္ေၾကာင္း အၿမဲတမ္းေျပာပါ။ သူလုပ္ေပးတဲ့ အေသးအမႊားေလးေတြကအစ အၿမဲတမ္း ေက်းဇူးတင္တဲ့အေၾကာင္း လႈိက္လႈိက္လွဲလွဲ ေျပာေပးပါ။ ေယာက်္ားေလးေတြဟာ သူတို႔ရဲ႕ ေစတနာကို အသိအမွတ္ျပဳေပးရင္ အရမ္းေႂကြပါတယ္။

(၃) သင့္ခ်စ္သူကို ခ်ီးက်ဴးစကား အၿမဲေျပာေပးပါ။ လူတိုင္းဟာ ခ်ီးက်ဴးခံခ်င္တဲ့ သူေတြခ်ည္းပါပဲ။ ဒါေၾကာင့္ သင့္ခ်စ္သူရဲ႕ အရည္အခ်င္း၊ လုပ္ကိုင္ႏိုင္စြမ္းေတြကို အသိအမွတ္ျပဳပါ၊ ခ်ီးက်ဴးစကားေျပာေပးပါ။ ဒါဟာ သူ႔ကို ၾကည္ႏူးေစတဲ့အျပင္ ေနာက္လည္း သင့္ကို ဂုဏ္ယူေအာင္ လုပ္ျပခ်င္စိတ္ေတြ ျဖစ္ေပၚလာေစပါတယ္။

(၄) သင့္ခ်စ္သူကို ေလးစားပါ။ သင့္ရဲ႕ စကားအေျပာအဆို၊ အျပဳအမူ၊ အၾကည့္ေတြကအစ သင့္ခ်စ္သူကို အထင္ေသးသလို၊ ႏွိမ္သလို လုံးဝမလုပ္မိပါေစနဲ႔။ သင့္ခ်စ္သူရဲ႕ သိကၡာ၊ မာနကို အၿမဲတမ္းငဲ့ညာၿပီး အထူးသျဖင့္ လူေရွ႕သူေရွ႕မွာဆိုရင္ အေျပာအဆို၊ အျပဳအမူေတြကို ဆင္ျခင္ပါ။

(၅) သင့္ခ်စ္သူကို ၾကည့္ေကာင္းတယ္လို႔ အၿမဲတမ္းေျပာပါ။ ဘယ္ေလာက္ပဲ တြဲလာတာၾကာေနပါေစ၊ လူတိုင္းဟာ ကိုယ့္ခ်စ္သူရဲ႕ မ်က္လုံးထဲမွာ ဆြဲေဆာင္မႈရွိခ်င္တုန္း၊ ၾကည့္ေကာင္းခ်င္တုန္းပါပဲ။

(၆) သင့္ခ်စ္သူေျပာတဲ့စကားကို နားေထာင္ေပးပါ။ ဥပမာ ရန္ျဖစ္စကားမ်ားေနတဲ့အခ်ိန္မွာ သင့္ခ်စ္သူကို ေျဖရွင္းခြင့္၊ ရွင္းျပခြင့္ေပးလိုက္ပါ။ ဒီလိုမွမဟုတ္ဘဲ ေခ်ာင္ပိတ္လိုက္တဲ့အခါ မဟုတ္တဲ့ ထြက္ေပါက္ေတြ ရွာလာရင္ သင္ပဲ စိတ္ဆင္းရဲေနရမွာပါ။

(၇) သင့္ခ်စ္သူကို ယုံၾကည္ေၾကာင္း အၿမဲတမ္းေျပာပါ။ သင့္ခ်စ္သူကို ေယာက်္ားေကာင္းတစ္ေယာက္၊ သစၥာရွိတဲ့သူ၊ အရည္အခ်င္းရွိတဲ့သူဆိုတာကို သင္ယုံၾကည္ေၾကာင္း အၿမဲတမ္းေျပာျပ၊ ေဖာ္ျပေပးဖို႔လိုပါတယ္။ ဒါဆိုရင္ေတာ့ သင့္ခ်စ္သူဟာ သင့္ကို ခ်စ္သထက္ခ်စ္႐ုံတင္မက ေဝးေနတဲ့အခ်ိန္မွာေတာင္ သင့္တစ္ေယာက္တည္းကိုပဲ ခ်စ္ေနေတာ့မွာျဖစ္ပါတယ္။

Credit: Em Em

 

Focus Myanmar Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment