သက်လတ်ပိုင်း မှာ ဝလာတာက ဦးနှောက်ကို ပိုမိုရင့်ရော်စေ

Unicodeဖြင့်ဖတ်ရန်
သက်လတ်ပိုင်း အရွယ်မှာ ကိုယ်အလေးချိန်များလာတာ၊ အဝလွန် တာတွေကဦးနှောက်ကို ၁၀ နှစ်လောက်ပိုရင့်ရော်သွားစေနိုင်တယ်လို့ ကမ်းဘ ရစ်တက္ကသိုလ် သုတေသီတွေက ပြောပါတယ်။
ကိုယ်အလေးချိန်များတဲ့ လူလတ်ပိုင်းအရွယ်တွေဟာ ဦးနှောက်ထဲက white matter လျော့နည်းသွားတယ်လို့ Neurobiology of Agingဂျာနယ်မှာဖော်ပြခဲ့တဲ့ သုတေသနတွေ့ ရှိချက်က ဆိုပါတယ်။
သည်လိုလျော့နည်းမှုကြောင့် ဦးနှောက်ရဲ့သက်တမ်းကို ဆယ်စုနှစ်တစ်ခုလောက် ရင့်ရော်သွားစေနိုင်တယ်လို့ ပါမောက္ခပေါလ်ဖလက်ချာပါဝင်တဲ့ သုတေသနအဖွဲ့က ပြောပါတယ်။
အဝလွန်တာက နှလုံးသွေးကြောကျဉ်းရောဂါ၊ အမျိုးအစား ၂ ဆီးချိုရောဂါနဲ့ ကင်ဆာရောဂါတချို့အပါအဝင်ရောဂါတွေအများကြီးဖြစ်နိုင်တဲ့ အန္တရာယ်ရှိတယ်လို့သိကြပြီးဖြစ်ပေမဲ့ သည်အခြေအနေက ဦးနှောက်အတွက်လည်း မကောင်းတဲ့နောက်ဆက်တွဲ ပြဿနာတွေ ရှိလာစေနိုင်တယ်လို့ လေ့လာမှုအသစ်ကဖော်ပြခဲ့ပါတယ်။
YSD
Zawgyiျဖင့္ဖတ္ရန္
သက္လတ္ပိုင္းအ႐ြယ္မွာ ကိုယ္အေလးခ်ိန္မ်ားလာတာ၊ အဝလြန္ တာေတြကဦးေႏွာက္ကို ၁၀ ႏွစ္ေလာက္ပိုရင့္ေရာ္သြားေစႏိုင္တယ္လို႔ ကမ္းဘ ရစ္တကၠသိုလ္ သုေတသီေတြက ေျပာပါတယ္။
ကိုယ္အေလးခ်ိန္မ်ားတဲ့ လူလတ္ပိုင္းအ႐ြယ္ေတြဟာ ဦးေႏွာက္ထဲက white matter ေလ်ာ့နည္းသြားတယ္လို႔ Neurobiology of Agingဂ်ာနယ္မွာေဖာ္ျပခဲ့တဲ့ သုေတသနေတြ႕ ရွိခ်က္က ဆိုပါတယ္။
သည္လိုေလ်ာ့နည္းမႈေၾကာင့္ ဦးေႏွာက္ရဲ႕သက္တမ္းကို ဆယ္စုႏွစ္တစ္ခုေလာက္ ရင့္ေရာ္သြားေစႏိုင္တယ္လို႔ ပါေမာကၡေပါလ္ဖလက္ခ်ာပါဝင္တဲ့ သုေတသနအဖြဲ႕က ေျပာပါတယ္။
အဝလြန္တာက ႏွလုံးေသြးေၾကာက်ဥ္းေရာဂါ၊ အမ်ိဳးအစား ၂ ဆီးခ်ိဳေရာဂါနဲ႔ ကင္ဆာေရာဂါတခ်ိဳ႕အပါအဝင္ေရာဂါေတြအမ်ားႀကီးျဖစ္ႏိုင္တဲ့ အႏၲရာယ္ရွိတယ္လို႔သိၾကၿပီးျဖစ္ေပမဲ့ သည္အေျခအေနက ဦးေႏွာက္အတြက္လည္း မေကာင္းတဲ့ေနာက္ဆက္တြဲ ျပႆနာေတြ ရွိလာေစႏိုင္တယ္လို႔ ေလ့လာမႈအသစ္ကေဖာ္ျပခဲ့ပါတယ္။
YSD
Credit: KYMUDRA