Gym ကစားသူများ (အထူးသဖြင့် ကြွက်သား တက်အောင် weight gain ကစားနေသူများ) သတိပြုနိုင်ရန်

Unicodeဖြင့်ဖတ်ရန်

အခုတလော ကျား/မ မရွေး ကျန်းမာရေး လိုက်စားလာကြတဲ့ အတွက် Gym ကစားသူတွေ အရမ်းများ လာပါတယ်။ အဲ့ဒီလို ဆော့ တဲ့နေရာ မှာ အထူးသဖြင့် အမျိုးသား အများစု ကတော့ကိုယ်အလေးချိန် ထိန်းဖို့ အတွက် အပြင် ကြွက်သားတက်အောင် (Muscle Build) ကစား လာကြပါတယ်။

ကစားတာ အပြင် အစားအသောက်ပါ စနစ်တကျ စားလာကြပါတယ်။ အဓိက ကတော့ protein (အသားဓါတ်) ကို ပို စားလာကြပါတယ်။

အသားဓါတ် များများ စားလေလေ ကျောက်ကပ် က ပို အလုပ်လုပ် ရလေဖြစ်တဲ့ အတွက် muscle build ကစားနေသူများ အတွက် ရေကို သာမန် ထက်ပိုပြီးသောက်ဖို့လိုလာပါတယ်။ အဲ့ဒီလို မသောက်ဘဲ နေတာကြာရင်ကျောက်ကပ် ကလည်း အညစ်အကြေး များကို ကောင်းကောင်း မစွန့်ထုတ် နိုင်တော့ဘဲ နောက်ဆုံး မှာ ကျောက်ကပ်ရောဂါ ဖြစ်တဲ့ ရာခိုင်နှုန်း အရမ်းမြင့်တက်သွားပါတယ်။ ဆေးပညာ စကား အရ ဆို renal failure ဝင်ပြီး အခြေအနေ အရမ်းဆိုးပါက အသက်ပါဆုံးရှုံး နိုင်ပါတယ်။

ဒါကြောင့် ကြွက်သားတက်အောင် (Muscle Build/ Weight Gain) ကစားနေသူတွေ အတွက် ရေကို သတိတရ နဲ့ သောက်ပေးဖို့ အကြံပြုချင်ပါတယ်။

Zawgyiဖြင့်ဖတ်ရန်





Credit: Kumudraေ ဒါက်တာ ညီညီကျော် @ Dr.Nutrition

Focus Myanmar Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment