သင့်ရဲ႕အိမ်မွာ ကင်ဆာ ဖြဈစေနိုင်တဲ့ပစ္စည်းျမား

 

Unicodeဖြင့်ဖတ်ရန်

ဒီလူက ဆေးလိပ်လည်း လုံးဝမသောက်ဘဲ အဆုတ်ကင်ဆာနဲ့ဆုံးသွားတယ်၊ အံ့သြစရာ၊ သူကတော့ ကျန်းကျန်းမာမာ နေထိုင်စားသောက်နေပါရက်နဲ့ ကင်ဆာဖြစ်လာတယ်၊ ဘာဖြစ်လို့ပါလိမ့်၊ ပတ်ဝန်းကျင်မှာ အကြားရများတဲ့စကားတွေပါ။ တစ်ခါတစ်လေမှာ ကိုယ့်ရဲ့အိမ်ပတ်ဝန်းကျင်မှာ ကိုယ်မသိဘဲ လူတွေရဲ့ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေတဲ့ ပစ္စည်းတွေ အများကြီးရှိပါတယ်။အဲဒါတွေက ဘာပစ္စည်းမျိုးတွေပါလိမ့်။ သင်မထင်မှတ်ထားတဲ့ ပစ္စည်းတွေဖြစ်နေတဲ့အခါ လုံးဝအံ့သြတုန်လှုပ်သွားနိုင်ပါတယ်။

(၁) သင့်ရဲ့အိပ်ယာအိမ်ထဲဝန်းကျင်မှာရှိတဲ့ ဆိုဖာခုံတွေ၊ အိပ်ယာတွေ၊ ပရိဘောဂကူရှင်အစွပ်တွေဟာ သင့်ကို ကင်ဆာဖြစ်စေနိုင်တယ်ဆိုတာသိရင် ယုံနိုင်ဖွယ်ရာရှိမှာမဟုတ်ပါဘူး။ ၂၀၁၃ ခုနှစ်မှာ Duke University မှ သုတေသနပညာရှင်တို့ရဲ့လေ့လာစမ်းသပ်တွေ့ရှိချက်အရ သူတို့စမ်းသပ်လိုက်တဲ့လူတွေရဲ့သွေးထဲမှာ ၁၀၀ % အပြည့်တွေ့ရတယ်ဆိုတာ ဖော်ပြထားတာဖြစ်ပါတယ်။ သင့်ရဲ့မွေ့ယာ၊အိပ်ယာမှ ဖြစ်ပေါ်လာနိုင်တဲ့ကင်ဆာတွေကို လျှော့ချနိုင်ဖို့ ကိုယ့်ရဲ့ဆိုဖာထိုင်ခုံအစွပ်တွေ၊ အိပ်ယာခင်းတွေ၊ ခေါင်းအုံးစွပ်တွေကို အမြဲတမ်း လဲလှယ်ပေးနေဖို့လိုသလို ဒီပစ္စည်းတွေကို ဝယ်တဲ့အခါလည်း ပစ္စည်းအမျိုးအစားကို သေသေချာချာ လေ့လာစစ်ဆေးပြီး ဝယ်ယူသင့်ကြောင်း အကြံပြုထားကြပါတယ်။

(၂) သင့်ရဲ့အိမ်မှာရှိတဲ့ ရေခဲသေတ္တာဟောင်းအိမ်အသုံးအဆောင်ပစ္စည်း အဟောင်းတွေမှာ ကင်ဆာရောဂါဖြစ်စေတတ်တဲ့ အရာဝတ္တုတွေတွေ့ရလေ့ရှိကြောင်း သိရပါတယ်။ ဒါကြောင့် သင့်အိမ်မှာ ရေခဲသေတ္တာ အဟောင်းတွေ၊ အသုံးအဆောင်ပစ္စည်းအဟောင်းတွေ၊ မီးချောင်းအဟောင်းတွေရှိနေရင် ဖယ်ရှားပြီး အသစ်တွေနဲ့ အစားထိုးထားသင့်ကြောင်း အကြံပြုထားကြပါတယ်။

(၃) သင့်အိမ်က ဗီရို၊ စတိုးခန်းငယ်မိသားစုတိုင်းလိုလိုက ကိုယ့်အိမ်ထဲမှာ ဗီရို၊ စတိုးခန်းငယ်လေးတို့ထားရှိကြပြီး ဗီရိုထဲမှာဆို အင်္ကျီတွေခေါက်သိမ်းထားကြလေ့ရှိတယ်။စတိုခန်းထဲမှာဆိုရင် ပစ္စည်းအဟောင်းတွေကို သိမ်းဆည်းထားကြလေ့ရှိပါတယ်။ ဒီလို ဗီရိုထဲတွေထဲမှာ ၊ စတိုးခန်းငယ်တွေထဲမှာ မမြင်ရတဲ့ ဓာတုအဆိပ်အတောက် အမှုန့်တွေ ပြန့်ကျဲခိုအောင်းနေတတ်ကြပြီး အဲဒီ အဆိပ်အတောက်တွေမှာ အင်္ကျီတွေမှတစ်ဆင့် ၊ ပစ္စည်းတွေမှတစ်ဆင့် လူတွေရဲ့အသက်ရှုလမ်းကြောင်းကိုရောက်ရှိကာ ကင်ဆာဖြစ်စေတတ်ကြတယ်လို့ သတိပေးထားကြပါတယ်။ ဒါကြောင့် သင့်အိမ်မှာရှိတဲ့ ဗီရိုတို့၊ စတိုခန်းတို့ဆိုတာ အမြဲ တံခါးတွေဖွင့် လေတွေဝင်စေခြင်း၊ နေရောင်ပြပေးခြင်းဖြင့် အထဲမှာ ခိုအောင်းနေတဲ့ အခိုးအငွေ့အဆိပ်အတောက်တို့ကို လွင့်ပြယ်အောင် လုပ်ဆောင်ပေးသင့်ပါတယ်။

(၄) တစ်ခါသုံးဖော့ခွက်တွေတစ်ခါသုံးဖော့ခွက်တွေမှာလည်း ကင်ဆာဖြစ်စေနိုင်တဲ့ အရာဝတ္တုတွေပါဝင်တယ်လို့ သတိပေးထားကြပါတယ်။ ဒီခွက်လေးတွေကို အသုံးပြုပြီး ရေနွေးသောက်တာ၊ ကော်ဖီသောက်တာ၊ ဖျော်ရည်၊ အအေးတို့ထည့်ပြီး သောက်တာဟာ ကင်ဆာဖြစ်စေဖို့ ပိုနီးစေတယ်လို့ ဆိုထားကြပါတယ်။

(၅) စာကြည့်တိုက်ထဲက စာအုပ်တွေစာကြည့်တိုက်တွေမှာ စာအုပ်တွေအများကြီး စီစီရီရီ ရှိနေကြပြီး လူတွေက စာအုပ်တွေကို ဆွဲထုတ်ယူပြီး ဖတ်လေ့ရှိကြပါတယ်။ ဒီလို စာအုပ်စင်ပေါ်မှ စာအုပ်တွေဆီမှာလည်း မမြင်ရတဲ့ အမှုန်အမွှားတွေ၊ လူကို အန္တရာယ်ဖြစ်စေတတ်တဲ့ အဆိပ်အတောက်တွေ အများကြီးတွယ်ငြိပါနေတတ်တဲ့အတွက် စာအုပ်ကိုယူတိုင်း အသေအချာဖုန်ခါပြီး ဖတ်သင့်သလို၊ စာအုပ်ဖတ်ပြီးတိုင်း လက်ကို အသေအချာဆပ်ပြာနဲ့ ဆေးပေးသင့်တယ်လို့ သတိပေးထားပါတယ်။ ဒီလို မထင်မှတ်ထားတဲ့နေရာတွေမှာ ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတုအဆိပ်အတောက်အမှုန့်တွေ အများကြီးခိုအောင်းနေတတ်ကြတဲ့အတွက် သတိရှိကြဖို့ တိုက်တွန်းဖော်ပြထားကြပါတယ်။

Zawgyiျဖင့္ဖတ္ရန္

ဒီလူက ေဆးလိပ္လည္း လုံးဝမေသာက္ဘဲ အဆုတ္ကင္ဆာနဲ႔ဆုံးသြားတယ္၊ အံ့ၾသစရာ၊ သူကေတာ့ က်န္းက်န္းမာမာ ေနထိုင္စားေသာက္ေနပါရက္နဲ႔ ကင္ဆာျဖစ္လာတယ္၊ ဘာျဖစ္လို႔ပါလိမ့္၊ ပတ္ဝန္းက်င္မွာ အၾကားရမ်ားတဲ့စကားေတြပါ။ တစ္ခါတစ္ေလမွာ ကိုယ့္ရဲ႕အိမ္ပတ္ဝန္းက်င္မွာ ကိုယ္မသိဘဲ လူေတြရဲ႕က်န္းမာေရးကို ဆိုး႐ြားစြာထိခိုက္ေစတဲ့ ပစၥည္းေတြ အမ်ားႀကီးရွိပါတယ္။အဲဒါေတြက ဘာပစၥည္းမ်ိဳးေတြပါလိမ့္။ သင္မထင္မွတ္ထားတဲ့ ပစၥည္းေတြျဖစ္ေနတဲ့အခါ လုံးဝအံ့ၾသတုန္လႈပ္သြားႏိုင္ပါတယ္။

(၁) သင့္ရဲ႕အိပ္ယာအိမ္ထဲဝန္းက်င္မွာရွိတဲ့ ဆိုဖာခုံေတြ၊ အိပ္ယာေတြ၊ ပရိေဘာဂကူရွင္အစြပ္ေတြဟာ သင့္ကို ကင္ဆာျဖစ္ေစႏိုင္တယ္ဆိုတာသိရင္ ယုံႏိုင္ဖြယ္ရာရွိမွာမဟုတ္ပါဘူး။ ၂၀၁၃ ခုႏွစ္မွာ Duke University မွ သုေတသနပညာရွင္တို႔ရဲ႕ေလ့လာစမ္းသပ္ေတြ႕ရွိခ်က္အရ သူတို႔စမ္းသပ္လိုက္တဲ့လူေတြရဲ႕ေသြးထဲမွာ ၁၀၀ % အျပည့္ေတြ႕ရတယ္ဆိုတာ ေဖာ္ျပထားတာျဖစ္ပါတယ္။ သင့္ရဲ႕ေမြ႕ယာ၊အိပ္ယာမွ ျဖစ္ေပၚလာႏိုင္တဲ့ကင္ဆာေတြကို ေလွ်ာ့ခ်ႏိုင္ဖို႔ ကိုယ့္ရဲ႕ဆိုဖာထိုင္ခုံအစြပ္ေတြ၊ အိပ္ယာခင္းေတြ၊ ေခါင္းအုံးစြပ္ေတြကို အၿမဲတမ္း လဲလွယ္ေပးေနဖို႔လိုသလို ဒီပစၥည္းေတြကို ဝယ္တဲ့အခါလည္း ပစၥည္းအမ်ိဳးအစားကို ေသေသခ်ာခ်ာ ေလ့လာစစ္ေဆးၿပီး ဝယ္ယူသင့္ေၾကာင္း အႀကံျပဳထားၾကပါတယ္။

(၂) သင့္ရဲ႕အိမ္မွာရွိတဲ့ ေရခဲေသတၱာေဟာင္းအိမ္အသုံးအေဆာင္ပစၥည္း အေဟာင္းေတြမွာ ကင္ဆာေရာဂါျဖစ္ေစတတ္တဲ့ အရာဝတၱဳေတြေတြ႕ရေလ့ရွိေၾကာင္း သိရပါတယ္။ ဒါေၾကာင့္ သင့္အိမ္မွာ ေရခဲေသတၱာ အေဟာင္းေတြ၊ အသုံးအေဆာင္ပစၥည္းအေဟာင္းေတြ၊ မီးေခ်ာင္းအေဟာင္းေတြရွိေနရင္ ဖယ္ရွားၿပီး အသစ္ေတြနဲ႔ အစားထိုးထားသင့္ေၾကာင္း အႀကံျပဳထားၾကပါတယ္။

(၃) သင့္အိမ္က ဗီ႐ို၊ စတိုးခန္းငယ္မိသားစုတိုင္းလိုလိုက ကိုယ့္အိမ္ထဲမွာ ဗီ႐ို၊ စတိုးခန္းငယ္ေလးတို႔ထားရွိၾကၿပီး ဗီ႐ိုထဲမွာဆို အက်ႌေတြေခါက္သိမ္းထားၾကေလ့ရွိတယ္။စတိုခန္းထဲမွာဆိုရင္ ပစၥည္းအေဟာင္းေတြကို သိမ္းဆည္းထားၾကေလ့ရွိပါတယ္။ ဒီလို ဗီ႐ိုထဲေတြထဲမွာ ၊ စတိုးခန္းငယ္ေတြထဲမွာ မျမင္ရတဲ့ ဓာတုအဆိပ္အေတာက္ အမႈန႔္ေတြ ျပန႔္က်ဲခိုေအာင္းေနတတ္ၾကၿပီး အဲဒီ အဆိပ္အေတာက္ေတြမွာ အက်ႌေတြမွတစ္ဆင့္ ၊ ပစၥည္းေတြမွတစ္ဆင့္ လူေတြရဲ႕အသက္ရႈလမ္းေၾကာင္းကိုေရာက္ရွိကာ ကင္ဆာျဖစ္ေစတတ္ၾကတယ္လို႔ သတိေပးထားၾကပါတယ္။ ဒါေၾကာင့္ သင့္အိမ္မွာရွိတဲ့ ဗီ႐ိုတို႔၊ စတိုခန္းတို႔ဆိုတာ အၿမဲ တံခါးေတြဖြင့္ ေလေတြဝင္ေစျခင္း၊ ေနေရာင္ျပေပးျခင္းျဖင့္ အထဲမွာ ခိုေအာင္းေနတဲ့ အခိုးအေငြ႕အဆိပ္အေတာက္တို႔ကို လြင့္ျပယ္ေအာင္ လုပ္ေဆာင္ေပးသင့္ပါတယ္။

(၄) တစ္ခါသုံးေဖာ့ခြက္ေတြတစ္ခါသုံးေဖာ့ခြက္ေတြမွာလည္း ကင္ဆာျဖစ္ေစႏိုင္တဲ့ အရာဝတၱဳေတြပါဝင္တယ္လို႔ သတိေပးထားၾကပါတယ္။ ဒီခြက္ေလးေတြကို အသုံးျပဳၿပီး ေရေႏြးေသာက္တာ၊ ေကာ္ဖီေသာက္တာ၊ ေဖ်ာ္ရည္၊ အေအးတို႔ထည့္ၿပီး ေသာက္တာဟာ ကင္ဆာျဖစ္ေစဖို႔ ပိုနီးေစတယ္လို႔ ဆိုထားၾကပါတယ္။

(၅) စာၾကည့္တိုက္ထဲက စာအုပ္ေတြစာၾကည့္တိုက္ေတြမွာ စာအုပ္ေတြအမ်ားႀကီး စီစီရီရီ ရွိေနၾကၿပီး လူေတြက စာအုပ္ေတြကို ဆြဲထုတ္ယူၿပီး ဖတ္ေလ့ရွိၾကပါတယ္။ ဒီလို စာအုပ္စင္ေပၚမွ စာအုပ္ေတြဆီမွာလည္း မျမင္ရတဲ့ အမႈန္အမႊားေတြ၊ လူကို အႏၲရာယ္ျဖစ္ေစတတ္တဲ့ အဆိပ္အေတာက္ေတြ အမ်ားႀကီးတြယ္ၿငိပါေနတတ္တဲ့အတြက္ စာအုပ္ကိုယူတိုင္း အေသအခ်ာဖုန္ခါၿပီး ဖတ္သင့္သလို၊ စာအုပ္ဖတ္ၿပီးတိုင္း လက္ကို အေသအခ်ာဆပ္ျပာနဲ႔ ေဆးေပးသင့္တယ္လို႔ သတိေပးထားပါတယ္။ ဒီလို မထင္မွတ္ထားတဲ့ေနရာေတြမွာ ကင္ဆာျဖစ္ေစႏိုင္တဲ့ ဓာတုအဆိပ္အေတာက္အမႈန႔္ေတြ အမ်ားႀကီးခိုေအာင္းေနတတ္ၾကတဲ့အတြက္ သတိရွိၾကဖို႔ တိုက္တြန္းေဖာ္ျပထားၾကပါတယ္။

Source : yangonlife

Credit: Myanmar technews

Focus Myanmar Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment