ညမထွက်ရအမိန့် ချိုးဖောက်သူနဲ့ Mask မတပ်သူများကို အရေးယူမှု ၉၀ ရာခိုင်နှုန်းခန့် ကျဆင်း

 

Unicodeဖြင့်ဖတ်ရန်

ရန်ကုန်တိုင်းမှာ ညမထွက်ရ အမိန့် ချိုးဖောက်သူနဲ့Mask မတပ်သူတွေကို အရေးယူမှုတို့ဟာ အရင်ကထက် ၉၀ ရာခိုင်နှုန်းခန့်ကျဆင်းသွားတယ်လို့ ရန်ကုန်တိုင်း မှုခင်းစာရင်းဌာန အချက်အလက်တွေအရသိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီလအတွင်းနဲ့ မေလအတွင်းမှာ ညမထွက်ရ အမိန့်ချိူးဖောက်သူ တစ်နေ့ကို အမှု ၂၀ လောက်ရှိခဲ့ရာမှာ အခု ဇွန်လအတွင်းမှာ တစ်နေ့ကို တစ်မှု၊ နှစ်မှုလောက်ပဲရှိတော့တယ်လို့ ရန်ကုန်တိုင်းမှုခင်းစာရင်းဌာန ဒုရဲမှူး ဝင်းခိုင်က Duwun ကိုပြောပါတယ်။

မေလ ၁၃ ရက်နေ့က ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင် Mask Campaign ပြုလုပ်နေကြစဉ်။

ဒါ့အပြင် Mask မတပ်သူတွေကိုအရေးယူမှုမှာလည် းပြီးခဲ့တဲ့ မေလအတွင်းမှာဆိုရင် တစ်နေ့ကို Mask မတပ်သူ တစ်ရာနီးပါးခန့် အရေးယူခဲ့ရာမှာ အခုတော့ တစ်နေ့ကို ဆယ်ဦးခန့်သာရှိတော့တယ်လို့ ဆိုပါတယ်။

” အခုဆို ညမထွက်ရအမှုက တစ်နေ့တစ်မှုလောက်ပဲ ရှိတယ်။ အရင်ကဆို တစ်နေ့ကို အမှု ၂၀ လောက်ရှိပါတယ်။ အရင်က Mask မတပ်တဲ့ အမှုကလည်း တစ်နေ့ကို တစ်ရာနီးပါးလောက်ရှိပါတယ်။ အခုတော့ တစ်နေ့ကို ဆယ်မှုလောက်ပဲရှိတော့တယ်” လို့ ရန်ကုန်တိုင်းမှုခင်းစာရင်းဌာန ဒုရဲမှူး ဝင်းခိုင်က Duwun ကိုပြောပါတယ်။

မေလ ၁၃ ရက်နေ့က ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင် Mask Campaign ပြုလုပ်နေကြစဉ်။

ရန်ကုန်တိုင်းအတွင်း မေလ ၄ ရက်နေ ဇွန်လ ၁၂ ရက် အထိ တစ်လကျော်ကာလအတွင်း Mask မတပ်လို့ အရေးယူခံရသူ ၃၈၁၇ ဦး ရှိပြီး သူတို့ကို သဘာဝဘေး အန္တရာယ်တားဆီးကာကွယ်ရေးဥပဒေပုဒ်မနဲ့ ဒဏ်ငွေ ရိုက်အရေးယူခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဧပြီလ ၂၃ ရက်ကနေ ဇွန်လ ၁၂ ရက်နေ့အထိ ညမထွက်ရအမိန့်ချိူးဖောက်မှု ၁၇၂၄ မှုရှိခဲ့ပြီး အမိန့်ချိူးဖောက်သူ ၅၃၈ ဦးကိုတော့ ပုဒ်မ ၁၈၈ နဲ့ ထောင်ဒဏ် တစ်လ ချမှတ်ခဲ့တယ်လို့လည်းသိရပါတယ်။

အများဆုံး ဖမ်းဆီးမိခဲ့တဲ့မြို့နယ်တွေကတော့ သန်လျင် မြို့နယ်၊ တွံတေး၊ တောင်ဒဂုံ၊ တောင်ဥက္ကလာ၊ ဒဂုံဆိပ်ကမ်း၊ မှော်ဘီနဲ့ တိုက်ကြီးမြို့နယ်တို့ဖြစ်တယ်လို့သိရပါတယ်။

Zawgyiျဖင့္ဖတ္ရန္

ရန္ကုန္တိုင္းမွာ ညမထြက္ရ အမိန႔္ ခ်ိဳးေဖာက္သူနဲ႔Mask မတပ္သူေတြကို အေရးယူမႈတို႔ဟာ အရင္ကထက္ ၉၀ ရာခိုင္ႏႈန္းခန႔္က်ဆင္းသြားတယ္လို႔ ရန္ကုန္တိုင္း မႈခင္းစာရင္းဌာန အခ်က္အလက္ေတြအရသိရပါတယ္။ ၿပီးခဲ့တဲ့ ဧၿပီလအတြင္းနဲ႔ ေမလအတြင္းမွာ ညမထြက္ရ အမိန႔္ခ်ိဴးေဖာက္သူ တစ္ေန႔ကို အမႈ ၂၀ ေလာက္ရွိခဲ့ရာမွာ အခု ဇြန္လအတြင္းမွာ တစ္ေန႔ကို တစ္မႈ၊ ႏွစ္မႈေလာက္ပဲရွိေတာ့တယ္လို႔ ရန္ကုန္တိုင္းမႈခင္းစာရင္းဌာန ဒုရဲမႉး ဝင္းခိုင္က Duwun ကိုေျပာပါတယ္။

ေမလ ၁၃ ရက္ေန႔က ရန္ကုန္တိုင္းအတြင္းရွိ ၿမိဳ႕နယ္အခ်ိဳ႕တြင္ Mask Campaign ျပဳလုပ္ေနၾကစဥ္။

ဒါ့အျပင္ Mask မတပ္သူေတြကိုအေရးယူမႈမွာလည္ းၿပီးခဲ့တဲ့ ေမလအတြင္းမွာဆိုရင္ တစ္ေန႔ကို Mask မတပ္သူ တစ္ရာနီးပါးခန႔္ အေရးယူခဲ့ရာမွာ အခုေတာ့ တစ္ေန႔ကို ဆယ္ဦးခန႔္သာရွိေတာ့တယ္လို႔ ဆိုပါတယ္။

” အခုဆို ညမထြက္ရအမႈက တစ္ေန႔တစ္မႈေလာက္ပဲ ရွိတယ္။ အရင္ကဆို တစ္ေန႔ကို အမႈ ၂၀ ေလာက္ရွိပါတယ္။ အရင္က Mask မတပ္တဲ့ အမႈကလည္း တစ္ေန႔ကို တစ္ရာနီးပါးေလာက္ရွိပါတယ္။ အခုေတာ့ တစ္ေန႔ကို ဆယ္မႈေလာက္ပဲရွိေတာ့တယ္” လို႔ ရန္ကုန္တိုင္းမႈခင္းစာရင္းဌာန ဒုရဲမႉး ဝင္းခိုင္က Duwun ကိုေျပာပါတယ္။

ေမလ ၁၃ ရက္ေန႔က ရန္ကုန္တိုင္းအတြင္းရွိ ၿမိဳ႕နယ္အခ်ိဳ႕တြင္ Mask Campaign ျပဳလုပ္ေနၾကစဥ္။

ရန္ကုန္တိုင္းအတြင္း ေမလ ၄ ရက္ေန ဇြန္လ ၁၂ ရက္ အထိ တစ္လေက်ာ္ကာလအတြင္း Mask မတပ္လို႔ အေရးယူခံရသူ ၃၈၁၇ ဦး ရွိၿပီး သူတို႔ကို သဘာဝေဘး အႏၲရာယ္တားဆီးကာကြယ္ေရးဥပေဒပုဒ္မနဲ႔ ဒဏ္ေငြ ႐ိုက္အေရးယူခဲ့တယ္လို႔ သိရပါတယ္။

ဒါ့အျပင္ ဧၿပီလ ၂၃ ရက္ကေန ဇြန္လ ၁၂ ရက္ေန႔အထိ ညမထြက္ရအမိန႔္ခ်ိဴးေဖာက္မႈ ၁၇၂၄ မႈရွိခဲ့ၿပီး အမိန႔္ခ်ိဴးေဖာက္သူ ၅၃၈ ဦးကိုေတာ့ ပုဒ္မ ၁၈၈ နဲ႔ ေထာင္ဒဏ္ တစ္လ ခ်မွတ္ခဲ့တယ္လို႔လည္းသိရပါတယ္။

အမ်ားဆုံး ဖမ္းဆီးမိခဲ့တဲ့ၿမိဳ႕နယ္ေတြကေတာ့ သန္လ်င္ ၿမိဳ႕နယ္၊ တြံေတး၊ ေတာင္ဒဂုံ၊ ေတာင္ဥကၠလာ၊ ဒဂုံဆိပ္ကမ္း၊ ေမွာ္ဘီနဲ႔ တိုက္ႀကီးၿမိဳ႕နယ္တို႔ျဖစ္တယ္လို႔သိရပါတယ္။

Credit: Duwun

Focus Myanmar Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment