စိတ်ဖိစီးမှု့ တွေများလာရင် ဘာတွေ စားကြမလဲ????

Unicodeဖြင့်ဖတ်ရန်

၂၁ ရာစုရဲ့ နေထိုင်စားသောက်မှု့ပုံစံတွေ ပြောင်းလဲ လာတဲ့ အတွက်ကြောင့် ကျန်းမာရေး လူမှု့ရေး စီးပွားရေး စတဲ့ အဖက်ဖက် ကနေ စိတ်ဖိစီးမှု့တွေ က များလာပါတယ်။ ဝိတ်ဖိစီးမှု့ များလာရင် ဖြစ်လာမယ့် နောက်ဆက်တွဲ ပြဿနာတွေ ကတော့ နှလုံးရေဂါ၊ သွေးချို ဆီးချို ရောဂါ၊ အဝလွန်ရောဂါ၊ စိတ်ဓါတ်ကျရောဂါ၊ ပန်းနာရင်ကျပ် ရောဂါ နှင့် အခြား အစာအိမ်နဲ့ အူလမ်းကြောင်း ရောဂါတွေ ဖြစ်ပါတယ်။

ကျွန်တော်တို့ ဒီစိတ်ဖိစီးမှု့ ကြောင့် ုဖစ်တဲ့ ပြဿနာ တွေ ကို တဖက်တလမ်း က နေ အစားအသောက်တွေ နဲ့ ကာကွယ် လို့ရပါတယ်။

(၁) အစိမ်းရောင် ရှိသော အသီးအရွက်များ (ဥပမာ ပာင်းနုနွယ် အရွက်မှာ ဆိုရင် Folate ဓါတ် ကြွယ်ဝတဲ့ အတွက် ကျွန်တော်တို့ ခန္ဓကိုယ် ကနေ ထုတ်နေတဲ့ mood regulating neurotransmitter လို့ခေါ်တဲ့ serotonin နဲ့ dopamine ထုတ်တာကို အားပေးတဲ့ အတွက် စိတ်ဖိစီးမှု့ကြောင့် ဖြစ်လာမယ့် depression စိတ်ဓါတ်ကျရောဂါ ကို ကာကွယ်ပေးပါတယ်။

(၂) အချဉ်ဖောက် ထားတဲ့ အစာူအစာ များ (ဥပမာ ဒိန်ချဉ် မှာ ဆိုရင် အူလမ်ကြောင်းမှာ ရှိနေတတ်တဲ့ ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယား တွေ ကို ဖယ်ရှားပေးတဲ့ အတွက် ထိုဘက်တီးရီးယားတွေ က ထုတ်တဲ့ အဆိပ်ကြောင့် ဖြစ်တတ်တဲ့ ရောဂါများ (စိတ်တို စိတ်ဆက် လွယ်တာ၊ စိတ်ဓါတ်ကျတာ၊ဂနာမငြိမ်ဖြစ်တာတွေ) ကို ကာကွယ်ပေးပါတယ်။

(၃) ဆော်လမွန်ငါး နှင့် တခြားသော ပင်လယ်ငါးများOmega 3 , EPA, DHA တွေ ပါတဲ့ အတွက် စိတ်ကိုကြည်လင်လန်းဆန်းစေသလို မှတ်ဉာဏ်စွမ်းအာူကို လည်း ပိုကောင်းစေပါတယ်။

(၄) ဘယ်ရီသီးများ

Anthocyanin Pigment လို့ခေါ် တဲ့ ဓါတ်ပစ္စည်း တစ်မျိုးပါတဲ့ အတွက် ဓါတ်တိုးဆန့်ကျင်သတ္တိ (antioxidant action) ရှိသည့် အပြင် ဗီတာမင် စီ ပါဝင်တဲ့ အတွက် စိတ်ဖိစီးမှု့တွေ ကို ပါလျှော့ချပေးပါတယ်။

(၅) Dark Chocolate

အခုနောက်ပိုင်း dark chocolate တွေကို အရမ်းစိတ်လှုပ်ရှားတဲ့ အချိန်တွေမှာ ဆေးတစ်မျိုး အနေနဲ့ ကို အသုံးပြုလာပါတယ်။ အဓိက ကတော့ dark chocolate မှာ ပါတဲ့ Anandamide လို့ခေါ်တဲ့ ဓါတုပစ္စည်း ထုတ်တာ ကို အားပေးတဲ့ အတွက် စိတ်ဖိစီးခြင်း၊ စိတ်ဓါတ်ကျခြင်း၊ စိတ်လှုပ်ရှားခြင်း တွေ ကို သက်သာစေပါတယ်။

(၆) အစေ့အဆန် များ

ဖရုံစေ့၊ နေကြာစေ့၊ နှမ်းစေ့ စတဲ့ အစေ့ အဆန်တွေ မှာ Magnesium ပါတဲ့ အတွက် စိတ်ဖိစီးမှု့ ကို လျှော့ချပေးပါတယ်။

(၇) ထောပတ်သီး

ပိုတက်ဆီယမ်၊ ဗီတာမင် E နှင့် B, Folate, Magnesium တို့ပါဝင်တဲ့ အတွက် အာပာာရ အန်မတန် ပြည့်ဝတဲ့ အစားအစာ တစ်ခုပါ။ ဗီတာမင် B နှင့် Magnesium ပါဝင်တဲ့ အတွက်ကြောင့် စိတ်ကြည်လင် လန်းဆန်းစေပြီး စိတ်ဓါတ်ကျ ရောဂါ ကို ကာကွယ်ပေးပါတယ်။

Zawgyiဖြင့်ဖတ်ရန်






(၄) ဘယ်ရီသီးများ


(၅) Dark Chocolate


(၆) အစေ့အဆန် များ


(၇) ထောပတ်သီး


Credit: Kumudra Author Dr.Nutrition @ဒေါက်တာ ညီညီကျော်

Focus Myanmar Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment