လွယ်ကူဘေးကင်းတဲ့ ကော်ဖီ scrub လေးတွေ ကိုယ်တိုင်လုပ်ကြမယ်

 

Unicodeဖြင့်ဖတ်ရန်

ကိုယ်ခန္ဓာကျန်းမာရေးနဲ့ အသားအရေ အတွက်ပါ စွယ်စုံအကျိုးကျေးဇူးရှိတဲ့ ကော်ဖီကို အသုံးချနိုင်တဲ့ လွယ်လွယ်ကူကူ နည်းလမ်းလေးတွေ ရှိပါတယ်။

coffee scrub ကို အိမ်မှာပဲ ကိုယ်တိုင်ပြုလုပ်အသုံးပြုနိုင်မယ့် နည်းလမ်းလေးတွေ ဖြစ်ပါတယ်။

ကော်ဖီနဲ့သကြား ညို

ကော်ဖီမှုန့် (သိပ်မကြာသေး တဲ့သောက်ပြီးသား ကော်ဖီအနည်တွေလည်းရပါတယ်) လက်ဖက်ရည်ဇွန်းလေးဇွန်း၊ သကြားညိုနှစ် ဇွန်း၊ သံလွင်ဆီ သို့မဟုတ် (အုန်းဆီ) ခြောက်ဇွန်းနဲ့ ပျားရည်တစ်ဇွန်းကို ရောမွှေပါ။

ကော်ဖီမှာပါတဲ့ ကဖင်းက အရေပြားထဲက အဆီပိုတွေ အဖုအထစ်တွေကြောင့် အသားအရေ မညီညာမှုတွေကို လျော့ပါးစေပြီး သကြားက ဆဲလ်သေတွေကို ဖယ်ရှားပေးကာ ပျားရည်က အသားအရေကို အားဖြည့်ပေးမှာ ဖြစ်ပါ တယ်။ သံလွင်ဆီကတော့ အသား အရေကို အစိုဓာတ်ပေးပြီး နူးညံ့ ချောမွေ့စေဖို့ အထောက်အကူပေးမှာ ဖြစ်ပါတယ်။ကော်ဖီမှုန့် လေးဇွန်းကို သံလွင်ဆီ (သံလွင်ဆီမရှိရင် ပျားရည် သုံးလို့ ရပါတယ်)။ ငါးဇွန်းနဲ့ ရောမွှေပါ။ အနှစ်က အရမ်းပျစ်ခဲနေ ရင် ရေနည်းနည်းလေး ထည့်နိုင်ပါ တယ်။ ရေချိုးနေရင်း scrub နဲ့ နှစ် မိနစ်လောက် နှိပ်နယ်ပေးရင် အ သားအရေညီညာပြီး ဝင်းလက်စို ပြေလာစေပါတယ်။

အဆီပြန်တဲ့ အသားအရေ

ကော်ဖီမှုန့် (လောလောလတ်လတ် နှပ်ထားတဲ့ ကော်ဖီအနှစ်) တစ်ဇွန်းကို ဒိန်ချဉ်တစ်ဇွန်းနဲ့ ရောပါ။ မျက်နှာမှာ တစ်မိနစ်၊ နှစ်မိနစ် လောက် ညင်သာစွာနှိပ်နယ်ပေး ပြီး ကြက်သီးနွေးရေလေးနဲ့ မျက်နှာသစ်ပါ။ ခြောက်သွေ့တဲ့ အသား အရေဆိုရင်လည်း အလားတူ scrub ကို သုံးလို့ ရပါတယ်။ ဒါပေမဲ့ ဒိန်ချဉ်အစားရိုးရိုး cream တစ်ခုခုကို သုံးပါ။

facial coffee scrub

အုတ်ဂျုံတစ်ဇွန်းကို ရေနွေးနဲ့ နှပ်ပြီး ငါးမိနစ်ကနေ ၁၅ မိနစ်အထိ စောင့်ပါ။ အုတ်ဂျုံ (ကွေကာကြမ်း)က နူးပြီး အနှစ်အဖြစ် ပျော်လာမှ ကော်ဖီအနည်တစ်ဇွန်းထည့်ပြီး မွှေပါ။ ခြောက်သွေ့တဲ့ အသားအရေဖြစ်ရင် cream တစ်ဇွန်းထည့်ပါ။ အဆီပြန်တဲ့ အသားအရေဖြစ်ရင် ဒိန်ချဉ်တစ်ဇွန်းထည့်ပါ။ ရေနွေးနွေးလေးနဲ့ မျက်နှာသစ်ပါ။ မျက်နှာအသားအရေက အားဖြည့်ပြီးသားဖြစ်နေမယ့်အပြင် ဖြူစင်နူးညံ့နေမှာပါ။

ကော်ဖီရေခဲတုံး

လောလောလတ်လတ်နှပ်ထားတဲ့ ကော်ဖီအနည်တွေကို ရေခဲတုံးလုပ်ပြီး မနက်တိုင်း မျက်နှာကို ပွတ်ပေးပါ။ သွေးလည်ပတ်မှုကို ကောင်းစေပြီး အသားပိုဖြူစေမယ်၊ ချွေးပေါက်တွေ ကျဉ်းစေမယ်၊ အရွယ်တင်နုပျိုစေပြီး အ ရေးအကြောင်းတွေ မဖြစ်အောင် အသားကိုတင်းရင်းစေပါတယ်။

တစ်ခုရှိတာက ကိုယ်က တုံ့ ပြန်လွယ်၊ ထိခိုက်လွယ်၊ ဓာတ် မတည့်ဖြစ်လွယ်သူတွေမှာတော့ နီရဲတာတွေ၊ ပွန်းတာတွေ၊ ပြဿနာ အများကြီးဖြစ်နိုင်လို့ သည် နည်းကို မသုံးသင့်ပါဘူး။

မျက်နှာကိုရော ခန္ဓာကိုယ်ကိုပါ scrub ပုံမှန်လုပ်ပေးရင် အရေ ပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားနိုင်ပြီး ဆဲလ်အသစ်ဖြစ်ပေါ်မှုကို အားပေးတဲ့နည်းဖြစ်လို့ အသား ပိုလှပြီး နူးညံ့ချောမွေ့စေပါတယ်။

Zawgyiျဖင့္ဖတ္ရန္

ကိုယ္ခႏၶာက်န္းမာေရးနဲ႔ အသားအေရအတြက္ပါ စြယ္စုံအက်ိဳးေက်းဇူးရွိတဲ့ ေကာ္ဖီကို အသုံးခ်ႏိုင္တဲ့ လြယ္လြယ္ကူကူ နည္းလမ္းေလးေတြ ရွိပါတယ္။

coffee scrub ကို အိမ္မွာပဲ ကိုယ္တိုင္ျပဳလုပ္အသုံးျပဳႏိုင္မယ့္ နည္းလမ္းေလးေတြ ျဖစ္ပါတယ္။

ေကာ္ဖီနဲ႔သၾကား ညိဳ

ေကာ္ဖီမႈန႔္ (သိပ္မၾကာေသး တဲ့ေသာက္ၿပီးသား ေကာ္ဖီအနည္ေတြလည္းရပါတယ္) လက္ဖက္ရည္ဇြန္းေလးဇြန္း၊ သၾကားညိဳႏွစ္ ဇြန္း၊ သံလြင္ဆီ သို႔မဟုတ္ (အုန္းဆီ) ေျခာက္ဇြန္းနဲ႔ ပ်ားရည္တစ္ဇြန္းကို ေရာေမႊပါ။

ေကာ္ဖီမွာပါတဲ့ ကဖင္းက အေရျပားထဲက အဆီပိုေတြ အဖုအထစ္ေတြေၾကာင့္ အသားအေရ မညီညာမႈေတြကို ေလ်ာ့ပါးေစၿပီး သၾကားက ဆဲလ္ေသေတြကို ဖယ္ရွားေပးကာ ပ်ားရည္က အသားအေရကို အားျဖည့္ေပးမွာ ျဖစ္ပါ တယ္။ သံလြင္ဆီကေတာ့ အသား အေရကို အစိုဓာတ္ေပးၿပီး ႏူးညံ့ ေခ်ာေမြ႕ေစဖို႔ အေထာက္အကူေပးမွာ ျဖစ္ပါတယ္။ေကာ္ဖီမႈန႔္ ေလးဇြန္းကို သံလြင္ဆီ (သံလြင္ဆီမရွိရင္ ပ်ားရည္ သုံးလို႔ ရပါတယ္)။ ငါးဇြန္းနဲ႔ ေရာေမႊပါ။ အႏွစ္က အရမ္းပ်စ္ခဲေန ရင္ ေရနည္းနည္းေလး ထည့္ႏိုင္ပါ တယ္။ ေရခ်ိဳးေနရင္း scrub နဲ႔ ႏွစ္ မိနစ္ေလာက္ ႏွိပ္နယ္ေပးရင္ အ သားအေရညီညာၿပီး ဝင္းလက္စို ေျပလာေစပါတယ္။

အဆီျပန္တဲ့ အသားအေရ

ေကာ္ဖီမႈန႔္ (ေလာေလာလတ္လတ္ ႏွပ္ထားတဲ့ ေကာ္ဖီအႏွစ္) တစ္ဇြန္းကို ဒိန္ခ်ဥ္တစ္ဇြန္းနဲ႔ ေရာပါ။ မ်က္ႏွာမွာ တစ္မိနစ္၊ ႏွစ္မိနစ္ ေလာက္ ညင္သာစြာႏွိပ္နယ္ေပး ၿပီး ၾကက္သီးေႏြးေရေလးနဲ႔ မ်က္ႏွာသစ္ပါ။ ေျခာက္ေသြ႕တဲ့ အသား အေရဆိုရင္လည္း အလားတူ scrub ကို သုံးလို႔ ရပါတယ္။ ဒါေပမဲ့ ဒိန္ခ်ဥ္အစား႐ိုး႐ိုး cream တစ္ခုခုကို သုံးပါ။

facial coffee scrub

အုတ္ဂ်ဳံတစ္ဇြန္းကို ေရေႏြးနဲ႔ ႏွပ္ၿပီး ငါးမိနစ္ကေန ၁၅ မိနစ္အထိ ေစာင့္ပါ။ အုတ္ဂ်ဳံ (ေကြကာၾကမ္း)က ႏူးၿပီး အႏွစ္အျဖစ္ ေပ်ာ္လာမွ ေကာ္ဖီအနည္တစ္ဇြန္းထည့္ၿပီး ေမႊပါ။ ေျခာက္ေသြ႕တဲ့ အသားအေရျဖစ္ရင္ cream တစ္ဇြန္းထည့္ပါ။ အဆီျပန္တဲ့ အသားအေရျဖစ္ရင္ ဒိန္ခ်ဥ္တစ္ဇြန္းထည့္ပါ။ ေရေႏြးေႏြးေလးနဲ႔ မ်က္ႏွာသစ္ပါ။ မ်က္ႏွာအသားအေရက အားျဖည့္ၿပီးသားျဖစ္ေနမယ့္အျပင္ ျဖဴစင္ႏူးညံ့ေနမွာပါ။

ေကာ္ဖီေရခဲတုံး

ေလာေလာလတ္လတ္ႏွပ္ထားတဲ့ ေကာ္ဖီအနည္ေတြကို ေရခဲတုံးလုပ္ၿပီး မနက္တိုင္း မ်က္ႏွာကို ပြတ္ေပးပါ။ ေသြးလည္ပတ္မႈကို ေကာင္းေစၿပီး အသားပိုျဖဴေစမယ္၊ ေခြၽးေပါက္ေတြ က်ဥ္းေစမယ္၊ အ႐ြယ္တင္ႏုပ်ိဳေစၿပီး အ ေရးအေၾကာင္းေတြ မျဖစ္ေအာင္ အသားကိုတင္းရင္းေစပါတယ္။

တစ္ခုရွိတာက ကိုယ္က တုံ႔ ျပန္လြယ္၊ ထိခိုက္လြယ္၊ ဓာတ္ မတည့္ျဖစ္လြယ္သူေတြမွာေတာ့ နီရဲတာေတြ၊ ပြန္းတာေတြ၊ ျပႆနာ အမ်ားႀကီးျဖစ္ႏိုင္လို႔ သည္ နည္းကို မသုံးသင့္ပါဘူး။

မ်က္ႏွာကိုေရာ ခႏၶာကိုယ္ကိုပါ scrub ပုံမွန္လုပ္ေပးရင္ အေရ ျပားေပၚက ဆဲလ္ေသေတြကို ဖယ္ရွားႏိုင္ၿပီး ဆဲလ္အသစ္ျဖစ္ေပၚမႈကို အားေပးတဲ့နည္းျဖစ္လို႔ အသား ပိုလွၿပီး ႏူးညံ့ေခ်ာေမြ႕ေစပါတယ္။

Credit: Kumudraယြန္းစႏၵီနန္းမြန္ [ref: Beautyandtips, Nov 17, 2017.]

Focus Myanmar Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment