Oven မလိုဘဲ ချောကလက်အုတ်ဂျုံမှုန့် ကွတ်ကီးလုပ်နည်း

Unicode ဖြင့်ဖတ်ရန်

အိမ်လုပ်ကွတ်ကီးမုန့်လေးတွေ ဖုတ်စားချင်ပြီး အိမ်မှာ မုန့်ဖုတ်မီးဖို (oven) မရှိသူများအတွက် Oven မလိုဘဲ ပြုလုပ်နိုင်မဲ့ ချောကလက်ကွတ်ကီး ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက် ပါတယ်နော်။

မနက်မနက်ဆို မနက်စာ ဘာစားရမလဲ စဉ်းစားရတာလည်း အလုပ်တစ်လုပ်ပါပဲ။ အိမ်လုပ်ကွတ်ကီးမုန့်လေးတွေ ဖုတ်စားချင်ပြီး အိမ်မှာ မုန့်ဖုတ်မီးဖို (oven) မရှိသူများအတွက် Oven မလိုဘဲ ပြုလုပ်နိုင်မဲ့ ချောကလက်ကွတ်ကီး ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက် ပါတယ်နော်။

 

အုတ်ဂျုံမှုန့်ကို သုံးထားတဲ့အတွက် ကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်စေပါတယ်။ အချိန်အားဖြင့်လည်း နာရီဝက်ထက် ပိုမကြာတဲ့အတွက် သားသား၊ မီးမီးလေးတွေအတွက် မနက်စာစီစဉ်ပေးချင်တဲ့ မေမေတွေအတွက်လည်း အဆင်ပြေစေမှာပါ။

ပါဝင်ပစ္စည်းများ
Screenshot-2018-3-12 (7) No Bake Chocolate Oatmeal Cookies – YouTube(1).png
ထောပတ် (၁/၂) ခွက်၊ သကြား (၂) ခွက်၊ နွားနို့ (၁/၂) ခွက်၊ ကိုကိုးမှုန့် (ချောကလက်မှုန့်) လက်ဖက်ရည်ဇွန်း (၄) ဇွန်း၊ မြေပဲထောပတ်အနှစ် (၁/၂) ခွက်၊ ဗနီလာအနှစ် လက်ဖက်ရည်ဇွန်း (၂) ဇွန်း၊ အသင့်စား ရယ်ဒီမိတ် အုတ်ဂျုံမှုန့် (၃) ခွက်ခွဲတို့ကို လိုအပ်ပါတယ်။

ပြုလုပ်နည်း

 

အရင်ဆုံး ထောပတ် (၁/၂) ခွက်ကို ဒယ်အိုးထဲထည့်ပြီး အပူပေးလိုက်ပါ။ ထောပတ်အရည်ပျော်လာပြီဆိုရင် သကြား (၂) ခွက် ထည့်ပြီးမွှေပေးလိုက်ပါ။ ပြီးရင် နွားနို့ (၁/၂) ခွက်ရယ်၊ ကိုကိုးမှုန့် (ချောကလက်မှုန့်) လက်ဖက်ရည်ဇွန်း (၄) ဇွန်းရယ်ကို ရောထည့်ပေးလိုက်ပါ။ ပြီးရင်တော့ ပါဝင်ပစ္စည်းအားလုံးကို သမအောင်ရောမွှေပေးလိုက်ပါ။

 

 

 

(၃) မိနစ်ခန့်ကြာရင် ဒယ်အိုးထဲကို မြေပဲထောပတ်အနှစ် (၁/၂) ခွက် ထည့်ပေးလိုက်ပါ။ ပြီးရင် ဗနီလာအနှစ် လက်ဖက်ရည်ဇွန်း (၂) ဇွန်းရယ်၊ အသင့်စား ရယ်ဒီမိတ် အုတ်ဂျုံမှုန့် (၃) ခွက်ခွဲရယ်ကို ဒယ်အိုးထဲ ရောထည့်ပေးလိုက်ပါ။

 

 

သမအောင်ရောမွှေပြီး မိနစ်အနည်းငယ်ကြာ နှပ်ထားပေးပြီးရင် ရေခဲမုန့်ကော်တဲ့ဇွန်းနဲ့ ကော်ထုတ်လိုက်ပြီး စတီးလ်လင်ပန်းတစ်ချပ်ပေါ်မှာ တစ်ပုံချင်းစီ လိုက်ပုံပေးထားလိုက်ပါ။ ပြီးရင် အခန်းအပူချိန်မှာပဲ (၁၅) မိနစ်ခန့် နှပ်ထားပေးလိုက်ပါ။

 

 

 

ပြီးရင်တော့ အရသာရှိတဲ့ ချောကလက်အုတ်ဂျုံမှုန့် ကွတ်ကီးလေးတွေကို စိတ်တိုင်းကျ သုံးဆောင်နိုင်ပါပြီနော်။

Source: Shared Foods

Zawgyi ျဖင့္ဖတ္ရန္

Oven မလိုဘဲ ေခ်ာကလက္အုတ္ဂ်ဳံမႈန႔္ ကြတ္ကီးလုပ္နည္း

အိမ္လုပ္ကြတ္ကီးမုန႔္ေလးေတြ ဖုတ္စားခ်င္ၿပီး အိမ္မွာ မုန႔္ဖုတ္မီးဖို (oven) မရွိသူမ်ားအတြက္ Oven မလိုဘဲ ျပဳလုပ္ႏိုင္မဲ့ ေခ်ာကလက္ကြတ္ကီး ျပဳလုပ္နည္းေလးကို ေဖာ္ျပေပးလိုက္ ပါတယ္ေနာ္။

မနက္မနက္ဆို မနက္စာ ဘာစားရမလဲ စဥ္းစားရတာလည္း အလုပ္တစ္လုပ္ပါပဲ။ အိမ္လုပ္ကြတ္ကီးမုန႔္ေလးေတြ ဖုတ္စားခ်င္ၿပီး အိမ္မွာ မုန႔္ဖုတ္မီးဖို (oven) မရွိသူမ်ားအတြက္ Oven မလိုဘဲ ျပဳလုပ္ႏိုင္မဲ့ ေခ်ာကလက္ကြတ္ကီး ျပဳလုပ္နည္းေလးကို ေဖာ္ျပေပးလိုက္ ပါတယ္ေနာ္။

 

အုတ္ဂ်ဳံမႈန႔္ကို သုံးထားတဲ့အတြက္ က်န္းမာေရးအတြက္လည္း အေထာက္အကူျဖစ္ေစပါတယ္။ အခ်ိန္အားျဖင့္လည္း နာရီဝက္ထက္ ပိုမၾကာတဲ့အတြက္ သားသား၊ မီးမီးေလးေတြအတြက္ မနက္စာစီစဥ္ေပးခ်င္တဲ့ ေမေမေတြအတြက္လည္း အဆင္ေျပေစမွာပါ။

ပါဝင္ပစၥည္းမ်ား

ေထာပတ္ (၁/၂) ခြက္၊ သၾကား (၂) ခြက္၊ ႏြားႏို႔ (၁/၂) ခြက္၊ ကိုကိုးမႈန႔္ (ေခ်ာကလက္မႈန႔္) လက္ဖက္ရည္ဇြန္း (၄) ဇြန္း၊ ေျမပဲေထာပတ္အႏွစ္ (၁/၂) ခြက္၊ ဗနီလာအႏွစ္ လက္ဖက္ရည္ဇြန္း (၂) ဇြန္း၊ အသင့္စား ရယ္ဒီမိတ္ အုတ္ဂ်ဳံမႈန႔္ (၃) ခြက္ခြဲတို႔ကို လိုအပ္ပါတယ္။

ျပဳလုပ္နည္း

အရင္ဆုံး ေထာပတ္ (၁/၂) ခြက္ကို ဒယ္အိုးထဲထည့္ၿပီး အပူေပးလိုက္ပါ။ ေထာပတ္အရည္ေပ်ာ္လာၿပီဆိုရင္ သၾကား (၂) ခြက္ ထည့္ၿပီးေမႊေပးလိုက္ပါ။ ၿပီးရင္ ႏြားႏို႔ (၁/၂) ခြက္ရယ္၊ ကိုကိုးမႈန႔္ (ေခ်ာကလက္မႈန႔္) လက္ဖက္ရည္ဇြန္း (၄) ဇြန္းရယ္ကို ေရာထည့္ေပးလိုက္ပါ။ ၿပီးရင္ေတာ့ ပါဝင္ပစၥည္းအားလုံးကို သမေအာင္ေရာေမႊေပးလိုက္ပါ။

 

 

(၃) မိနစ္ခန႔္ၾကာရင္ ဒယ္အိုးထဲကို ေျမပဲေထာပတ္အႏွစ္ (၁/၂) ခြက္ ထည့္ေပးလိုက္ပါ။ ၿပီးရင္ ဗနီလာအႏွစ္ လက္ဖက္ရည္ဇြန္း (၂) ဇြန္းရယ္၊ အသင့္စား ရယ္ဒီမိတ္ အုတ္ဂ်ဳံမႈန႔္ (၃) ခြက္ခြဲရယ္ကို ဒယ္အိုးထဲ ေရာထည့္ေပးလိုက္ပါ။ သမေအာင္ေရာေမႊၿပီး မိနစ္အနည္းငယ္ၾကာ ႏွပ္ထားေပးၿပီးရင္ ေရခဲမုန႔္ေကာ္တဲ့ဇြန္းနဲ႔ ေကာ္ထုတ္လိုက္ၿပီး စတီးလ္လင္ပန္းတစ္ခ်ပ္ေပၚမွာ တစ္ပုံခ်င္းစီ လိုက္ပုံေပးထားလိုက္ပါ။ ၿပီးရင္ အခန္းအပူခ်ိန္မွာပဲ (၁၅) မိနစ္ခန႔္ ႏွပ္ထားေပးလိုက္ပါ။

Screenshot-2018-3-12 (7) No Bake Chocolate Oatmeal Cookies – YouTube(4).png

ၿပီးရင္ေတာ့ အရသာရွိတဲ့ ေခ်ာကလက္အုတ္ဂ်ဳံမႈန႔္ ကြတ္ကီးေလးေတြကို စိတ္တိုင္းက် သုံးေဆာင္ႏိုင္ပါၿပီေနာ္။

Source: Shared Foods

Focus Myanmar Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment