ပရစ်ကြော် မစားဖြစ်တော့တဲ့ အကြောင်းရင်းကိုပြောပြလာတဲ့ ဦးဇင်းတစ်ပါး

Unicode ဖြင့်ဖတ်ရန်

ငရဲကြီးရှစ်ထပ်မှာ နာကျင်မှုဝေဒနာငရဲဘုံဆိုတာရှိပါတယ်။ သူတို့ ခံစားနေရတဲ့ ဝဋ်ဒုက္ခတွေဟာ လက်ရှိလူတွေ စားနေတဲ့ ပုရစ်တွေရဲ့ ဘဝနဲ့ ဆင်တူပါတယ်။ ပုရစ်ကြော်ကို ကျွန်တော်လဲ အရင်ကအရမ်းကြိုက်ခဲ့ပါတယ်။ နယ်ပြန်တော့ ကြော်ပုံကြော်နည်းအဆင့်ဆင့်တွေကို သိလိုက်ရပြီးနောက်ပိုင်း လုံးဝမစားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။

အရမ်းစားကောင်းတယ်၊ အရမ်းလတ်ဆက်တယ်ဆိုတာ ညှင်းပန်းနှိပ်စက်ပြီးမှ သေရတာဖြစ်လို့ ပိုပြီး လတ်ဆတ် ပိုစားကောင်း ခံတွင်းမြိန်စေတာပါ။ ပုရစ်ကို အရင်ဆုံး ရေသန့်ဗူးထဲ ကောက်ကောက်ထည့်ပါတယ်။ ရေသန့်ဗူးထဲမှာ ရေအနည်းငယ်ထည့်ထားပါတယ်။ အဲတော့ သူတို့တွေဟာ မသေသေးပါဘူး။ ဗူးထဲမှာဖြစ်တဲ့အတွက် လေကောင်းကောင်းမရတဲ့အတွက် မျော့မျော့လေးသာ ရှိနေပါတယ်။

အဲဒီမျော့မျော့ လေးရှိနေပေမယ့် နာကျင်မှု အသိစိတ်တော့ ကောင်းကောင်းသိနေရပါသေးတယ်။ အဲလို အသက်ရှုကြပ်ပြီး မျော့နေတဲ့အတွက် ဗူးထဲကနေ အပြင်ကို သူတို့ကို ထုတ်တဲ့အခါ သူတို့ဟာ မပြန်နိုင် မလှုပ်ရှားနိုင်တော့ပါဘူး။အောက်စီဂျင်အရမ်းနည်းတဲ့ ဗူးအတွင်းမှာ အချိန်ကြာကြာနေရလို့ပါပဲ။

 

အပြင်ရောက်တာနဲ့ မျော့မျော့လေးပဲရှိနေသေးတဲ့ တစ်ကောင်းချင်းစီတိုင်းရဲ့ အစာအိမ်တွေကို ကြက်သွန်ဖြူတွေသွပ်နေတဲ့အထိ သူတို့တွေဟာ ဝေဒနာကို ပူထူနေအောင် ခံစားသိရှိနေရတုံးပါပဲ။ အရှင်လတ်လတ် ခြေထောက်တွေဖြတ် လက်တွေဖြတ်လဲ ခံရပါတယ်။ အဲလိုဖြတ်ခံထားရတဲ့အထိ နာကျင်မှုတွေ ကို သိနေရဆဲပါ။

နောက်ဆုံးဆီပွက်ပွက်ဆူးနေတဲ့ အိုးထဲ တစ်ကောင်ပေါ်တစ်ကောင်ဆင့်နေတဲ့အထိ အသိစိတ်မှာ နာကျင်မှု တွေ ပူလောင်မှုတွေ ကြောက်ရွံနေမှုတွေ ဖြစ်လို့နေပါတယ်။ အကူညီမဲ့စွာနဲ့ ကြောက်စိတ်တွေနဲ့ ဘယ်လိုမှ မလွတ်မြောက်နိုင်တော့ဘူး သေပွဲဝင်ရတော့မယ်ဆိုတာလဲ သိပြီး ထိန့်လန့်နေပုံပါပဲ။

အပေါ်အောက် လှမ်းလိုက်တဲ့အချိန်မှာတော့ သူတို့ရဲ့နာကျင်မှုတွေဟာ အပြီးတိုင်း ရပ်တန့်လို့ သွားခဲ့ပါပြီ။ ကြက်တို့ ငှက်တို့ ငါးတို့ တို့ဆိုရင် တစ်ခါ ကိုင်ရိုက်လိုက်တာနဲ့ ဝေဒနာခဏတာခံစားရတဲ့ သေဆုံးမှုမျိုးပါ။

ပုရစ်တွေရဲ့ဘဝမှာတော့ ဝေဒနာတွေကို အဆင့်ဆင့် မရှုနိုင်မကယ်နိုင်လောက်အောင် ခံစားပြီးမှ သေဆုံးမှုမျိုးဖြစ်တဲ့အတွက် ကျွန်တော် အရမ်းကြိုက်နေရင်တောင် ဘယ်လိုမှ မြိုမကျနိုင်တော့ပါဘူး။

 

 

တစ်ကောင်းချင်းစီရဲ့ နာကျင်မှုဝေဒနာတွေ အကောင်မြောက်များစွာရဲ့ နာကျင်မှု ဒုက္ခတွေကတော့ အရမ်းဝဋ်ကြီးလွန်းလှပါတယ်။ လူတွေရဲ့ အာဟာရကြောင့် တိရစ္ဆာန်တွေကို စားသုံးပေးရတယ်ဆိုပေမယ့်လဲ ညှင်းပန်းနှိပ်စက် ခံစားစေပြီးမှ စားရမယ့် အစာမျိုးဆိုရင်တော့ မစားရလဲ ပြဿမရှိပါဘူး။

လူပဲဖြစ်ဖြစ် တိရစ္ဆာန်ပဲဖြစ်ဖြစ် အသိဉာဏ်ရှိရှိ အသိဉာဏ်မရှိရှိ နာကျင်မှုဝေဒနာကိုတော့ သတ္တဝါတိုင်း ကောင်းကောင်းခံစားနားလည်သိရှိနိုင်ပါတယ်။ တစ်ချို့လူတွေကြပြန်တော့လဲ နာကျင်ခံစားရတယ်ဆိုတာ သိသိကြီးနဲ့ကို အရသာခံပြီး မြိန်ရည်လျှက်ရည်ကိုစားသုံးကြပါတယ်။စားရလေ ပိုငတ်လေ၊ ရလာလေလေ ပိုလိုချင်လေလေပါပဲ ၊ ဒါကလဲ သူတို့ အရင်ဘဝက မကောင်းတဲ့ အကုသိုလ်ကံတွေ များခဲ့တဲ့အတွက်ကြောင့်ပါပ

သတ္တဝါများအားလုံး အသက်ဘေးမှ လွတ်မြောက်ကြပါစေ ဆန္ဒပြုရင်း . . .

Credit: အညတရ အရှင်သောပါကမြိုင်

Zawgyi ျဖင့္ဖတ္ရန္

ပရစ္ေၾကာ္ မစားျဖစ္ေတာ့တဲ့ အေၾကာင္းရင္းကိုေျပာျပလာတဲ့ ဦးဇင္းတစ္ပါး

ငရဲႀကီးရွစ္ထပ္မွာ နာက်င္မႈေဝဒနာငရဲဘုံဆိုတာရွိပါတယ္။ သူတို႔ ခံစားေနရတဲ့ ဝဋ္ဒုကၡေတြဟာ လက္ရွိလူေတြ စားေနတဲ့ ပုရစ္ေတြရဲ႕ ဘဝနဲ႔ ဆင္တူပါတယ္။ ပုရစ္ေၾကာ္ကို ကြၽန္ေတာ္လဲ အရင္ကအရမ္းႀကိဳက္ခဲ့ပါတယ္။ နယ္ျပန္ေတာ့ ေၾကာ္ပုံေၾကာ္နည္းအဆင့္ဆင့္ေတြကို သိလိုက္ရၿပီးေနာက္ပိုင္း လုံးဝမစားဖို႔ ဆုံးျဖတ္လိုက္ပါေတာ့တယ္။

အရမ္းစားေကာင္းတယ္၊ အရမ္းလတ္ဆက္တယ္ဆိုတာ ညႇင္းပန္းႏွိပ္စက္ၿပီးမွ ေသရတာျဖစ္လို႔ ပိုၿပီး လတ္ဆတ္ ပိုစားေကာင္း ခံတြင္းၿမိန္ေစတာပါ။ ပုရစ္ကို အရင္ဆုံး ေရသန႔္ဗူးထဲ ေကာက္ေကာက္ထည့္ပါတယ္။ ေရသန႔္ဗူးထဲမွာ ေရအနည္းငယ္ထည့္ထားပါတယ္။ အဲေတာ့ သူတို႔ေတြဟာ မေသေသးပါဘူး။ ဗူးထဲမွာျဖစ္တဲ့အတြက္ ေလေကာင္းေကာင္းမရတဲ့အတြက္ ေမ်ာ့ေမ်ာ့ေလးသာ ရွိေနပါတယ္။

အဲဒီေမ်ာ့ေမ်ာ့ ေလးရွိေနေပမယ့္ နာက်င္မႈ အသိစိတ္ေတာ့ ေကာင္းေကာင္းသိေနရပါေသးတယ္။ အဲလို အသက္ရႈၾကပ္ၿပီး ေမ်ာ့ေနတဲ့အတြက္ ဗူးထဲကေန အျပင္ကို သူတို႔ကို ထုတ္တဲ့အခါ သူတို႔ဟာ မျပန္ႏိုင္ မလႈပ္ရွားႏိုင္ေတာ့ပါဘူး။ေအာက္စီဂ်င္အရမ္းနည္းတဲ့ ဗူးအတြင္းမွာ အခ်ိန္ၾကာၾကာေနရလို႔ပါပဲ။

အျပင္ေရာက္တာနဲ႔ ေမ်ာ့ေမ်ာ့ေလးပဲရွိေနေသးတဲ့ တစ္ေကာင္းခ်င္းစီတိုင္းရဲ႕ အစာအိမ္ေတြကို ၾကက္သြန္ျဖဴေတြသြပ္ေနတဲ့အထိ သူတို႔ေတြဟာ ေဝဒနာကို ပူထူေနေအာင္ ခံစားသိရွိေနရတုံးပါပဲ။ အရွင္လတ္လတ္ ေျခေထာက္ေတြျဖတ္ လက္ေတြျဖတ္လဲ ခံရပါတယ္။ အဲလိုျဖတ္ခံထားရတဲ့အထိ နာက်င္မႈေတြ ကို သိေနရဆဲပါ။

ေနာက္ဆုံးဆီပြက္ပြက္ဆူးေနတဲ့ အိုးထဲ တစ္ေကာင္ေပၚတစ္ေကာင္ဆင့္ေနတဲ့အထိ အသိစိတ္မွာ နာက်င္မႈ ေတြ ပူေလာင္မႈေတြ ေၾကာက္႐ြံေနမႈေတြ ျဖစ္လို႔ေနပါတယ္။ အကူညီမဲ့စြာနဲ႔ ေၾကာက္စိတ္ေတြနဲ႔ ဘယ္လိုမွ မလြတ္ေျမာက္ႏိုင္ေတာ့ဘူး ေသပြဲဝင္ရေတာ့မယ္ဆိုတာလဲ သိၿပီး ထိန႔္လန႔္ေနပုံပါပဲ။

အေပၚေအာက္ လွမ္းလိုက္တဲ့အခ်ိန္မွာေတာ့ သူတို႔ရဲ႕နာက်င္မႈေတြဟာ အၿပီးတိုင္း ရပ္တန႔္လို႔ သြားခဲ့ပါၿပီ။ ၾကက္တို႔ ငွက္တို႔ ငါးတို႔ တို႔ဆိုရင္ တစ္ခါ ကိုင္႐ိုက္လိုက္တာနဲ႔ ေဝဒနာခဏတာခံစားရတဲ့ ေသဆုံးမႈမ်ိဳးပါ။

ပုရစ္ေတြရဲ႕ဘဝမွာေတာ့ ေဝဒနာေတြကို အဆင့္ဆင့္ မရႈႏိုင္မကယ္ႏိုင္ေလာက္ေအာင္ ခံစားၿပီးမွ ေသဆုံးမႈမ်ိဳးျဖစ္တဲ့အတြက္ ကြၽန္ေတာ္ အရမ္းႀကိဳက္ေနရင္ေတာင္ ဘယ္လိုမွ ၿမိဳမက်ႏိုင္ေတာ့ပါဘူး။

တစ္ေကာင္းခ်င္းစီရဲ႕ နာက်င္မႈေဝဒနာေတြ အေကာင္ေျမာက္မ်ားစြာရဲ႕ နာက်င္မႈ ဒုကၡေတြကေတာ့ အရမ္းဝဋ္ႀကီးလြန္းလွပါတယ္။ လူေတြရဲ႕ အာဟာရေၾကာင့္ တိရစာၦန္ေတြကို စားသုံးေပးရတယ္ဆိုေပမယ့္လဲ ညႇင္းပန္းႏွိပ္စက္ ခံစားေစၿပီးမွ စားရမယ့္ အစာမ်ိဳးဆိုရင္ေတာ့ မစားရလဲ ျပႆမရွိပါဘူး။

လူပဲျဖစ္ျဖစ္ တိရစာၦန္ပဲျဖစ္ျဖစ္ အသိဉာဏ္ရွိရွိ အသိဉာဏ္မရွိရွိ နာက်င္မႈေဝဒနာကိုေတာ့ သတၱဝါတိုင္း ေကာင္းေကာင္းခံစားနားလည္သိရွိႏိုင္ပါတယ္။ တစ္ခ်ိဳ႕လူေတြၾကျပန္ေတာ့လဲ နာက်င္ခံစားရတယ္ဆိုတာ သိသိႀကီးနဲ႔ကို အရသာခံၿပီး ၿမိန္ရည္လွ်က္ရည္ကိုစားသုံးၾကပါတယ္။စားရေလ ပိုငတ္ေလ၊ ရလာေလေလ ပိုလိုခ်င္ေလေလပါပဲ ၊ ဒါကလဲ သူတို႔ အရင္ဘဝက မေကာင္းတဲ့ အကုသိုလ္ကံေတြ မ်ားခဲ့တဲ့အတြက္ေၾကာင့္ပါပဲ။

သတၱဝါမ်ားအားလုံး အသက္ေဘးမွ လြတ္ေျမာက္ၾကပါေစ ဆႏၵျပဳရင္း . . .

Credit: အညတရ အရွင္ေသာပါကၿမိဳင္

Focus Myanmar Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment