မြဝတီနယ်စပ်က ပြန်ဝင်လာသူ ၂၇,၀၀၀ ထဲမှ ၄၆၀၀ ကို ဓာတ်ခွဲနမူနာစစ်ဆေးနိုင်ခဲ့

 

Unicodeဖြင့်ဖတ်ရန်

စစ်ဆေးထားတဲ့ ဓာတ်ခွဲနမူနာ ၄၆၀၀ ထဲမှ ၄၂၀၀ ရဲ့အဖြေကို သိရပြီဖြစ်ပြီး အားလုံး Negative ဖြစ်ပါတယ်။

မြဝတီနယ်စပ်ကတဆင့် ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်ဝင်လာသူတွေကို မြဝတီမှာ ဓာတ်ခွဲနမူနာရယူစစ်ဆေး ပြီး ကွာရန်တင်းထားရှိထားပါတယ်။ လက်ရှိမှာတော့ မေလ ၁ရက်က စတင်ပြီး ပြန်ဝင်လာသူ ၂၇၀၀၀ကျော် ရှိနေပြီဖြစ်ကာ ဓာတ်ခွဲနမူနာ ၄၆၀၀ စစ်ဆေးနိုင်ပြီလို့ မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က Duwun ကို ပြောပါတယ်။

“ကျွန်တော်တို့မေ ၁ ရက်ကစတင်ပြီး ဒီဘက်မှာပဲ ကွာရန်တင်း ၂၁ ရက်ထားပြီး ဓာတ်ခွဲအဖြေရယူ စစ်ဆေးပေးနေပါတယ်။လက်ရှိမှာတော့ ပြန်ဝင်လာသူ ၂၇၀၀၀ထဲက ၄၆၀၀ရဲ့ ဓာတ်ခွဲနမူနာကိုရယူထားနိုင်ပြီး ၄၂၀၀ ရဲ့ အဖြေကတော့ ရောဂါပိုးမတွေ့ထားပါဘူး။ကျန်ဓာတ်ခွဲနမူနာတွေရဲ့ အဖြေတွေကတော့ မသိရသေးပါဘူး။”လို့ ဦးတေဇာအောင်က ပြောပါတယ်။

ပြန်ဝင်လာသူတွေထဲကနေ ဓာတ်ခွဲနမူနာကို အနည်းဆုံး ၁၀ ရာခိုင်နှုန်းရယူစစ်ဆေးနိုင်ဖို့ လုပ်ဆောင်ထားတာ ဖြစ်ပြီး လက်ရှိမှာတော့ သတ်မှတ် ရာခိုင်နှုန်းထက် ပိုမိုစစ်ဆေးနေနိုင်တာလို့လည်းသိရပါသေးတယ်။

“ကျွန်တော်တို့ကို သတ်မှတ်ထားတာ အနည်းဆုံး ၁၀ရာခိုင်နှုန်းစစ်ဆေးပေးနိုင်ရမယ်။ဒါဆို ကျွန်တော်တို့က အခု ၂၇၀၀၀မှာ ၂၇၀၀ပဲစစ်နိုင်ဖို့လိုတာ၊ဒါပေမယ့်အခု ၄၆၀၀ထိ စစ်ထားနိုင်တာဆိုတော့ သတ်မှတ်နှုန်းထက် များစွာ ပိုစစ်ဆေးပေးထားနိုင်တာကိုတွေ့ရပါတယ်။”လို့ ဦးတေဇာအောင်က ဆေးစစ်ပေးနိုင်မှု အခြေအနေကို ရှင်းပြပါ တယ်။

မြဝတီ နယ်စပ်ဂိတ်ကနေတဆင့် ပြန်လာတဲ့သူတွေထဲမှာ ကရင်၊ ကချင်၊ ချင်းနဲ့ နေပြည်တော်က သူတွေကိုတော့ ကရင်ပြည်နယ်မှာရှိတဲ့ Quarantine စင်တာတွေမှာပဲ ထားရှိပြီး ကျန်တိုင်းနဲ့ ပြည်နယ်ကသူတွေကိုတော့ သက်ဆိုင် ရာအစိုးရအဖွဲ့နဲ့ ချိတ်ဆက်ကာ မော်တော်ယာဉ်များနဲ့ ပို့ဆောင်ပေးလျှက်ရှိတယ်လို့ သိရပါတယ်။

Zawgyiျဖင့္ဖတ္ရန္

စစ္ေဆးထားတဲ့ ဓာတ္ခြဲနမူနာ ၄၆၀၀ ထဲမွ ၄၂၀၀ ရဲ႕အေျဖကို သိရၿပီျဖစ္ၿပီး အားလုံး Negative ျဖစ္ပါတယ္။

ျမဝတီနယ္စပ္ကတဆင့္ ထိုင္းႏိုင္ငံကေန ျမန္မာႏိုင္ငံကို ျပန္ဝင္လာသူေတြကို ျမဝတီမွာ ဓာတ္ခြဲနမူနာရယူစစ္ေဆး ၿပီး ကြာရန္တင္းထားရွိထားပါတယ္။ လက္ရွိမွာေတာ့ ေမလ ၁ရက္က စတင္ၿပီး ျပန္ဝင္လာသူ ၂၇၀၀၀ေက်ာ္ ရွိေနၿပီျဖစ္ကာ ဓာတ္ခြဲနမူနာ ၄၆၀၀ စစ္ေဆးႏိုင္ၿပီလို႔ ျမဝတီခ႐ိုင္အုပ္ခ်ဳပ္ေရးမႉး ဦးေတဇာေအာင္က Duwun ကို ေျပာပါတယ္။

“ကြၽန္ေတာ္တို႔ေမ ၁ ရက္ကစတင္ၿပီး ဒီဘက္မွာပဲ ကြာရန္တင္း ၂၁ ရက္ထားၿပီး ဓာတ္ခြဲအေျဖရယူ စစ္ေဆးေပးေနပါတယ္။လက္ရွိမွာေတာ့ ျပန္ဝင္လာသူ ၂၇၀၀၀ထဲက ၄၆၀၀ရဲ႕ ဓာတ္ခြဲနမူနာကိုရယူထားႏိုင္ၿပီး ၄၂၀၀ ရဲ႕ အေျဖကေတာ့ ေရာဂါပိုးမေတြ႕ထားပါဘူး။က်န္ဓာတ္ခြဲနမူနာေတြရဲ႕ အေျဖေတြကေတာ့ မသိရေသးပါဘူး။”လို႔ ဦးေတဇာေအာင္က ေျပာပါတယ္။

ျပန္ဝင္လာသူေတြထဲကေန ဓာတ္ခြဲနမူနာကို အနည္းဆုံး ၁၀ ရာခိုင္ႏႈန္းရယူစစ္ေဆးႏိုင္ဖို႔ လုပ္ေဆာင္ထားတာ ျဖစ္ၿပီး လက္ရွိမွာေတာ့ သတ္မွတ္ ရာခိုင္ႏႈန္းထက္ ပိုမိုစစ္ေဆးေနႏိုင္တာလို႔လည္းသိရပါေသးတယ္။

“ကြၽန္ေတာ္တို႔ကို သတ္မွတ္ထားတာ အနည္းဆုံး ၁၀ရာခိုင္ႏႈန္းစစ္ေဆးေပးႏိုင္ရမယ္။ဒါဆို ကြၽန္ေတာ္တို႔က အခု ၂၇၀၀၀မွာ ၂၇၀၀ပဲစစ္ႏိုင္ဖို႔လိုတာ၊ဒါေပမယ့္အခု ၄၆၀၀ထိ စစ္ထားႏိုင္တာဆိုေတာ့ သတ္မွတ္ႏႈန္းထက္ မ်ားစြာ ပိုစစ္ေဆးေပးထားႏိုင္တာကိုေတြ႕ရပါတယ္။”လို႔ ဦးေတဇာေအာင္က ေဆးစစ္ေပးႏိုင္မႈ အေျခအေနကို ရွင္းျပပါ တယ္။

ျမဝတီ နယ္စပ္ဂိတ္ကေနတဆင့္ ျပန္လာတဲ့သူေတြထဲမွာ ကရင္၊ ကခ်င္၊ ခ်င္းနဲ႔ ေနျပည္ေတာ္က သူေတြကိုေတာ့ ကရင္ျပည္နယ္မွာရွိတဲ့ Quarantine စင္တာေတြမွာပဲ ထားရွိၿပီး က်န္တိုင္းနဲ႔ ျပည္နယ္ကသူေတြကိုေတာ့ သက္ဆိုင္ ရာအစိုးရအဖြဲ႕နဲ႔ ခ်ိတ္ဆက္ကာ ေမာ္ေတာ္ယာဥ္မ်ားနဲ႔ ပို႔ေဆာင္ေပးလွ်က္ရွိတယ္လို႔ သိရပါတယ္။

Credit: Duwun

Focus Myanmar Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment