တနင်္လာသမီးလေးတွေမှာပဲ တွေ့ရတတ်တဲ့ စိတ်နေစိတ်ထားများ
Unicodeဖြင့်ဖတ်ရန်
မြန်မာတို့ရဲ့ဓလေ့အရ မိမိမွေးဖွားရာနေ့နံတွေအရ မတူညီတဲ့ စိတ်နေစိတ်ထားနဲ့ အမူအကျင့်လေးတွေရှိတယ်လို့ ယုံကြည်ထားတတ်ပါတယ်။ ဒီနေ့ကတော့တင်္နလာနေ့ဖြစ်တဲ့အတွက် တင်္နလာသမီးလေးတွေမှာပဲ တွေ့ရတတ်တဲ့ စိတ်နေစိတ်ထားလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။
တနင်္လာဆိုတော့ ကျားပေါ့။ ဒါကြောင့် ကျားမလေးတွေဟာ..
သူတို့လေးတွေဟာ ဖြတ်ထိုးဉာဏ်အားကောင်းကြပါတယ်။ အခက်အခဲ သေးသေးလေးပဲကြုံကြုံ အကြီးကြီးပဲကြုံကြုံ၊ ကြုံလာသမျှကို ဘယ်လိုမျိုးု လွယ်ကူမြန်ဆန်စွာ ဖြေရှင်းရမယ်ဆိုတာကို အမြဲတမ်း စဉ်းစားမိနေတတ်တဲ့လူမျိုးတွေပါ။
သူတို့လေးတွေဟာ ကိုယ့်ကိုယ်ကိုလည်း သိပ် အထင်ကြီးတတ်ကြသတဲ့။ ဒါကြောင့်လည်း သူများတွေက တစ်ခါတ်စလေ အမြင်စောင်းတတ်တာမျိုးလေးတွေ ရှိတတ်ကြပါတယ်။
သူတို့လေးတွေဟာ ဘဝရပ်တည်မှုခိုင်မာဖို့အတွက် နေရာတစ်နေရာမှ တစ်နေရာကို ကောင်းမယ်ထင်တိုင်း ပြောင်းတတ်သူလေးတွေလည်းဖြစ်ပါတယ်။ ဥပမာ အလုပ်နေရာပဲဖြစ်ဖြစ်၊ တစ်နယ်တစ်ကျေးသွားတာမျိုးပဲဖြစ်ဖြစ်ပေ့ါ။ တစ်ခါတစ်လဆို ကူးချီသန်းချီတောင် ပြုနေကြပါသေးတယ်။
သူတို့လေးတွေဟာ ဘယ်လို ကိစ္စကိုမဆို အမြဲတမ်း သွက်သွက်လက်လက် ဖျတ်ဖျတ်လက်လက်နဲ့ လုပ်တတ်ကြတဲ့သူမျိုးလေးတွေပါ။
ဝတ်ပုံစားပုံ ယောက်ျားလေးဆန်ရင်ဆန်၊ မဆန်ရင် စိတ်ဓာတ်က ယောက်ျားလေး ဆန်နေတတ်တာ။
မိသားစုနဲ့ပတ်သက်လာရင်တော့ အချိန်အများစုဟာ ခပ်တန်းတန်းနေတတ်ကြပေမယ့်လို့ ကိုယ့်ဖက်က တစ်ခုခုလိုအပ်လို့ဖြစ်စေ၊ မိသားစုဖက်က အရေးကြုံလာလို့ဖြစ်စေ အဲလိုအချိန်မျိုးမှာတော့ မိသားစုဖက်ကပဲ ရပ်တည်ကာ စည်းစည်းလုံးလုံး ရင်ဆိုင်လေ့ရှိပါတယ်။
သူတို့လေးတွေရဲ့ အချစ်ရေးနဲ့ ပတ်သက်သာရင်တော့ နှလုံးသားထက် ဦးနှောက်ကို ပိုဦးစားပေး စဉ်းစားတတ်သူလေးတွေပါ။
Penny
Credit:Aunty May
Zawgyiဖြင့်ဖတ်ရန်
Penny
Credit:Aunty May
Focus Myanmar Team
Leave a Reply
Your email address will not be published. Required fields are marked *
Post comment