ကျီး​ပေါင်း​ရောဂါ လက်တွေ့ပျောက်သူ ၁ ဦးရဲ့ အစွမ်းထက် ဆေးကုသိုလ်လေး မျှ​ဝေလိုက်ပါတယ်

ကျမကျီးပေါင်းဖြစ်နေမှန်း တကယ်လည်းအစပိုင်းက မသိခဲပါဘူး။ လွန်ခဲ့တဲ့နှစ်နှစ်လောက်က ကျမခါးအမြဲနာတယ်။ ခါးနာတာကိုကျမ စိုးရိမ်မိတယ်နောက်ပိုင်း ။

ကျမ ကာယကုနဲ့ကုကြည့်တယ် ခဏလေးနဲ့ပျောက်ပြီး ပြနိပြန်ဖြစ်လာပါတယ်ရှင်နောက်ပိုင်းအခုနှစ်မှာ ကျမ တော်တော်ဆိုးလာပါတယ်။ ကျမ နေမကောင်းလည်း အမြဲတက်ကြွအောင်နေသူပါ။

အလုပ်မပျက်အောင် ဆေးသောက်ပြီး နေထိုင်ကြည့်တယ်။ လွန်ခဲ့တဲ့ ၂ လလောက်မှာကျမရုတ်တရက်မူးမိုက်ပြီးလဲကျသွားတယ် အာ့မှာကျမ သွေးတိုးတဲ့အချိန်တိုး သွေးပေါင်ကျလိုကျစိတ်နဲ့လူမကယ်အောင်ဖြစ်တာပါ။အာ့နဲ့ကျမ ဆေးစစ်တော့လည်ပင်ကျီးပေါင်းဖြစ်တယ်မနေနိုင်ဘူးလမ်းမလျောက်နိုင်ဘူး။ ခါးလဲဆွဲချထားသလို နှစ်လတိတိ တော်တော်ခံစားရတယ် ။

အလုပ်တဘက်နဲ့ကျမစိတ်ကျသလိုဖြစ်ခဲ့တယ် တိုင်းရင်းဆေး ကျပ်ထိုးလည်းမထူးဘူး။ အခု ကျမ ဒီဝါးမင်းနဲ့ တွေ့မှသိသိသာသာ သက်သာလာပါတော့တယ်ရှင်ဒူးနာတာလည်လိမ်းတယ် တနေ့သုံးကြိမ်လိမိးတယ်။ ဝါးမင်းကို သွေးပြီးလိမ်းရမှာပါ။ နာတဲ့နေရာ ကျီးပေါင်းဖြစ်တဲ့နေရာတွေကို လိမ်းပေးရတာပါ။ အခုဆိုင်ကယ်တောင်စီးနိုင်နေပါပြီ ကျမ ဒီpostတင်တာ ပျောက်ကင်းစေချင်တဲ့ဆန္ဒတစ်ခုရယ်ပါ။

ကျမနည်းတူ ကျီးပေါင်းဖြစ်သူတွေကို ခံစားနားလည်ပြီးကျမနိုင်သလောက်ရှင်းပြလိုက်တာပါ။ ကျမ လိုခံစားနေရသူများသက်သာလာအောင်စေတနာမေတ္တာထားပြီး ပြောပြတာဖြစ်ပါတယ်။ တစ်ချို့နေရာမှာဒီဝါးမင်းကရှိတယ်။တစ်ချို့နေရာမှာမရှိပါဘူး ရှားပါတယ် တစ်ချို့ ပျိုးဥယာဉ်ဆိုင်တွေမှာလည်းရနိုင်ပါတယ်ရှင် အားလုံးကျန်းမာပါစေ ဆန္ဒဖြင့် ကုသိုလ်ပြုရင်း။Credit: khine khine

minkoko110