အံ့သြစရာကောင်းလောက်အောင် သွေးကင်ဆာ လက်တွေ့ပျာက်ခဲ့သူ 

လွန်ခဲ့သော ၁၀ နှစ်ခန့်က ကောလင်းမြို့နယ် ဘန့်ဘွေးကုန်းရွာကလေးမှာနေထိုင်ခဲ့စဉ် သွေးကင်ဆာရောဂါ ခံစားနေရသော မောင်ဇော်အောင် တို့ မိသားစုနှင့် ရင်းနှီးခင်မင်ခဲ့ပါသည်။

ထိုအချိန်က မောင်ဇော်အောင် မှာ တစ်ပတ်လျှင် သွေး ၃ ပုလင်း သွင်း၍ အသက်ဆက်နေရသောအချိန်ဖြစ်ရာ တစ်ရွာလုံးက သေမည်ဟုသတ်မှတ်ထားကြ၏ကျွန်တော်တို့ မိသားစုလည်း အလုပ်အကိုင်အခြေအနေအရထိုရွာမှ ထီးချိုင့်မြို့ ထီးချိုင့်မှ ကသာမြို့ သို့ ပြောင်းရွှေ့အခြေချနေထိုင်ခဲ့သည်မှာ ၁၀ နှစ်ခန့် ကြာမြင့်ခဲ့ပြီး ၂၀၁၇ ၅လပိုင်းတွင် ထိုရွာမှ မိတ်ဆွေတစ်ဦးနှင့်တွေ့၍ မောင်ဇော်အောင်အကြောင်းမေးမြန်းမိရာ မောင်ဇော်အောင်သည် မသေပဲသွေးကင်ဆာရောဂါပျောက်ကင်းပြီး အိမ်ထောင်ကျ၍ သမီးလေးတစ်ဦးထွန်းကားကာ မိသားစုလေးနှင့်ပျော်ရွှင်စွာနေထိုင်နေကြောင်းကို အံ့သြစွာ သိရသည်။
၁၈ ၆ ၂၀၁၇ နေ့တွင်ထိုရွာသို့သွား၍ မောင်ဇော်အောင် နှင့် တွေ့ဆုံမေးမြန်းရာမောင်ဇော်အောင် မှ အောက်ပါအတိုင်းပြောပြပါသည်။

ဦးလေးရေ အဲဒီအချိန်က ကျွန်တော်လည်း ကိုယ့်ကိုကိုယ်သေပြီလို့ထင်ခဲ့တာပေါ့ ကျွန်တော်လည်း တစ်ပတ်ကိုသွေး ၃ ပုလင်းပုံမှန်သွင်းနေရတယ် ဝန်းသိုဆေးရုံကိုသွားတက်တော့ ဆရာဝန်က မန္တလေးဆေးရုံကိုသွားဘို့လွှဲပေးတယ်အဲဒီအချိန်က အခုလို ပရဟိတအဖွဲ့တွေမရှိသေးဘူးလေကျွန်တော်တို့မိသားစုကလည်း တစ်နေ့လုပ်မှတစ်နေ့စားရတာဆိုတော့ သေကာမှသေရော့ လို့သတ်မှတ်ပြီး မန္တလေး မဆင်းပဲ ခံသာတိုက်နယ်ဆေးရုံမှာ တစ်ပတ်တစ်ခါ သွေးသွင်းပြီး နေရတယ်လေ ဆရာဝန်ကဆို ကျွန်တော့ကို သွေးစုပ်ဖုတ်ကောင်လေးလို့တောင်ခေါ်တယ် ။

ကျွန်တော်လည်း သွေးသွင်းနေ ရင်းနဲ့ တဖြည်းဖြည်းသွားဖုံးတွေက သွေးတွေထွက် မျက်ကျောတွေနီရဲပြီး စအိုထဲကတောင် သွေးတွေထွက်နေပြီ လူကလည်းအားမရှိတော့ဘူး ဆေးရုံလိုက်ပို့မဲ့ဆိုင်ကယ်ပေါ်တောင် မတက်နှိုင်တဲ့အခြေအနေဖြစ်နေပြီလေ ဆရာဝန်ကလည်း ကျွန်တော့်သက်တန်းက ၄၅ ရက်ပဲခံတော့မယ်လို့ ပြောခဲ့တယ်အဲဒီအချိန်မှာကျွန်တော့်အမေက ဆရာလိုက်ရှာတော့တာပဲ ဒီလိုနဲ့ တစ်နေ့တော့ အောက်ပိုင်းနယ်က ဆရာတော်တစ်ပါးနဲ့တွေပြီး ဒီးဆေးပင်လေးနဲ့ ဆေးရွက်ကလေးနည်နည်းပေးခဲ့တာ။

ဆေးပင်အမည်က (သွေးဂမုန်း)ပင်လို့ပြောလိုက်တယ်ဒီဆေးရွက်ကို ရေနွေးပွက်ပွက်ဆူအောင်တည်ပြီး လ္ဘက်ခြောက်ခပ်သလိုခပ်ပါ ရေငတ်တိုင်းသောက်ပါ။ပြုတ်ဖတ်ကိုမစွန့်ပြစ်ပါနဲ့ အရေကုန်သွားရင် ရေနွေးထပ်တည်ပြီး ပြန်ထည့်ပါဆေးရွက်က ထွက်တဲ့ အရောင်ကုန်သည်အထိ ရေနွေးကိုထပ်ခါ ထပ်ခါ ထည့်သောက်ပါ ဆေးရောင်ကုန်သွားတဲ့အခါပြုတ်ဖတ်ကို ပြန်စားလို့ရပါတယ်လို့ ဆရာတော်က အမေ့ ကိုပြောလိုက်တယ် ။

ကျွန်တော်လည်း နောက်ဆုံးသွေးတစ်လုံး သွင်းပြီး အဲဒီဆေးရည်ကို ရေငတ်တိုင်းသောက်တာ ပေါ့။ဆေးသောက်ပြီးတဲ့အချိန်ကစပြီး အားပြန်ပြည့်သလိုခံစားလာရတယ် ။

အဲဒီနောက်ဆက်ပြီးသောက်လိုက်တာသွေးလုံးဝ မသွင်းရတော့ပဲ ပြန်ပြီးကျန်းမာလာခဲ့တာ ခုချိန်ထိပါပဲ ဦးရေ ကျွန်တော်ကိုယ်ထဲကို သွင်းရတဲ့သွေးပုလင်းအရေအတွက်ကတော့ စုစုပေါင်း(၅၆) လုံးသွင်းခဲ့ရပါတယ် ။

သွေးစုပ်ဖုတ်ကောင်လေးလို့ ပြောလည်းပြောသင့်တဲ့အနေအထားပါ။ဒါကတော့ မောင်ဇော်အောင် ကျွန်တော့်ကိုပြောပြခဲ့တဲ့တဲ့စကားလုံးလေးတွေပါ ။

ခုချိန်ခါမှာတော့ မောင်ဇော်အောင်သည် အိမ်ထောင်ကျပြီး သမီးလေးတစ်ယောက် ထွန်းကားကာ ပျော်ရွှင်သောမိသားစုဘဝလေးကိုပိုင်ဆိုင်နေပါပြီ။

သွေးကင်ဆာ(သို့) သွေးပျက်စီးမှု ရောဂါဝေဒနာရှင်များကို ကယ်တင်ကူညီနှိုင်ရန်အတွက် ထို(သွေးဂမုန်း)ဆေးပင်လေးများကို ကျွန်တော်စတင်၍ပျိုးထောင်စိုက်ပျိုးနေပါပြီ။ဝေဒနာရှင်များ ကျွန်တော့်ဖုန်းနံပါတ်09259651404 ၊09263559599 သို့ ဆက်သွယ်ပါ ။တတ်စွမ်းသမျှ ကူညီပေးပါမည်။ကိုကို(ကသာ)

minkoko110