ကလေးငယ်များနှင့် ရန်ပုံငွေပွဲ ကစားခဲ့သည့် ဂျာမန်ဂိုးသမားကြီး အိုလီဗာခန်

ဂျာမန်ဂိုးသမားကြီး အိုလီဗာခန်းကတော့ ကလေးငယ်တွေနဲ့ ရန်ပုံငွေပွဲကစားချိန်မှာတောင် သက်ညှာမှုမရှိဘဲ ဂိုးဖမ်းစွမ်းရည် အထိအခိုက်မခံခဲ့ဘူးလို သိရပါတယ်။

ခန်းဟာ ပြီးခဲ့တဲ့ရက်က ဂျာမနီနိုင်ငံမှာပြုလုပ်ခဲ့တဲ့ ရန်ပုံငွေပွဲမှာ ပါဝင်ခဲ့ပြီး အသက် ၉ နှစ် အရွယ်ကလေးတွေရဲ့ ဂိုးကန်သွင်းမှုကို ကာကွယ်ခဲ့ရပါတယ်။

ကလေးတဦး တခါကန်တိုင်းမှာ ရရှိတဲ့ ရန်ပုံငွေတွေကို လှူဒါန်းငွေအဖြစ် ကောက်ခံတာလည်း ဖြစ်ပါတယ်။

အဲဒီမှာ ခန်းဟာ ကလေးတိုင်းရဲ့ ကန်သွင်းတဲ့ဂိုးတွေကို အမှားတစက်မရှိဘဲ ကာကွယ်သွားခဲ့တာ ဖြစ်ပါတယ်။

ခန်းရဲ့လုပ်ရပ်နဲ့ပတ်သက်လို့ တချို့ကတော့ သက်ညှာမှုမရှိသူကြီးလို့ စနောက်နေကြပေ မယ့် တချို့က အကြင်အနာကင်းမဲ့သူဆိုပြီးတော့ ဝေဖန်ခဲ့ကြပါတယ်။

အိုလီဗာခန်းဟာ ကစားသမားသက်တမ်းတလျှောက် ပွဲပေါင်း ၇၈၀ ကစားခဲ့ပြီး ချန်ပီယံလိဂ်တကြိမ်၊ ဘွန်ဒက်စ်လီဂါဖလား ၈ ကြိမ်ရရှိခဲ့ပြီး ဂျာမနီအသင်းအတွက် နိုင်ငံတကာ ပြိုင်ပွဲစုစုပေါင်း ၈၆ ပွဲ အသင်းခေါင်းဆောင်အဖြစ် ကစားပေးခဲ့ပါတယ်။

DVB

Media Links Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment