စစ်ကိုင်းမြို့ ဗလီတွင် ငြိမ်းချမ်းရေးလိုလားသူများ နှင်းဆီဖြူ သွားရောက်ပေးအပ်

အစ္စလာမ်ဘာသာဝင်တွေအပေါ် မေတ္တာထားတယ်ဆိုတာ ပြသတဲ့အနေနဲ့ နှင်းဆီဖြူ ပေးအပ်တဲ့ လှုပ်ရှားမှုတခုကို မေလ ၂၀ ရက် ညနေပိုင်းက စစ်ကိုင်းမြို့ရှိ မြို့မဗလီမှာ ပြုလုပ်ခဲ့ပါတယ်။

ဒီနှင်းဆီဖြူကမ်ပိန်းဟာ ရန်ကုန် ဒဂုံမြို့သစ်တောင်ပိုင်းမှာ ပြီးခဲ့တဲ့သီတင်းပတ်က ဖြစ်ပွားခဲ့တဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ယာယီဝတ်ပြုဆောင်ကို လူတစုက လာရောက် တားဆီးပိတ်ပင်ခဲ့တာနဲ့ ပတ်သက်လို့ ဗုဒ္ဓဘာသာဝင်တွေနဲ့ ငြိမ်းချမ်းရေးလိုလားသူတွေ စတင်လုပ်ခဲ့တာပါ။

အစ္စလာမ်ဘာသာဝင်တွေရဲ့ ဥပုသ်လမှာ မေတ္တာပြတဲ့အနေနဲ့ ဒီကမ်ပိန်းကို လုပ်ရတာလို့ ဦးဆောင်သူတဦးဖြစ်တဲ့ မစုချစ်က ပြောပါတယ်။

ဒီနှင်းဆီဖြူကမ်ပိန်းမှာ လူငယ်အယောက် ၃၀ လောက် ပါဝင်ခဲ့ပြီး အစ္စလာမ်ဘာသာဝင်တွေ ဗလီကအထွက်မှာ နှင်းဆီပန်းဖြူတွေကို ကမ်းပေးတာ ဖြစ်ပါတယ်။

လူသားအချင်းချင်း မေတ္တာထားတတ်ဖို့ ဒီပန်းလေးက သင်ခန်းစာပေးတယ်ဆိုပြီး ခံယူတယ်လို့ အစ္စလာမ်ဓမ္မဗိမာန်မှ ဒေါက်တာဆောင်းလွင်အောင်က ပြောပါတယ်။

သတင်း – နိုင်လင်းဦး
DVB

Media Links Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment