လီဗာပူးအသင်း ချန်ပီယံလိဂ်ပွဲမတိုင်မီ ကစားသမားများကို နားရက်ပေး

လီဗာပူးအသင်းဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲမတိုင်မီ အသင်းသားတွေအတွက် ၅ ရက်တာ နားရက်ပေးခဲ့ပြီးတော့ ခရီးထွက်ဖို့ ခွင့်ပြုပေးခဲ့ပါတယ်။

ဒါဟာနည်းပြဂျာဂျင်ကလော့ပ်ရဲ့ အကြံဉာဏ်ဖြစ်ပြီးတော့ ကစားသမားတွေကို ဖိအားကင်းစေဖို့ အနားပေးခဲ့တာဖြစ်ဖို့ များပါတယ်။

အဓိကကစားသမားတွေဖြစ်တဲ့ ဆာလက်နဲ့ ဖာဘင်ဟိုတို့ဟာ အူဒါဘီမှာ အပန်းဖြေနေပြီးတော့ တိုက်စစ်မှူး ဖာမီနိုကတော့ အပန်းဖြေခရီးမှာလည်း ဒဏ်ရာပြဿနာ ကြောင့် ကြံ့ခိုင်မှုမပြည့်ဝနေတာကို အပြင်းအထန်လေ့ကျင့်နေတယ်လို့ သိရပါတယ်။

အသင်းရဲ့ြ့ကံခိုင်ရေးနည်းပြကို အပန်းဖြေခရီးထိ ခေါ်ဆောင်သွားခဲ့ပြီး ချန်ပီယံလိဂ်ဖိုင်နယ်မှာ ခြေစွမ်းပြနိုင်ဖို့ ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။

လိုဗရန်ကတော့ သူ့ရဲ့မွေးရပ် ဘော့စနီးယားနဲ့ ဟာဇီကိုဗီးနားမှာရှိတဲ့ မြို့လေးကိုပြန်ခဲ့ပြီးတော့ မိရီနိုကတော့ ဇနီးသည်နဲ့အတူ ဆီဗီလာကိုပြန်ခဲ့ပါတယ်။

ဂိုးသမားအလီဆွန်ကတော့ ဘယ်မှမသွားဘဲ မိသားစုနဲ့အတူ ခြံဝင်းထဲမှာ ဘာဘီကျူ လုပ်စားနေတယ်လို့ သိရပါတယ်။

DVB

Media Links Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment