တောင်ကိုရီးယား ပိုဟန်စတီလားအသင်း မြန်မာနိုင်ငံတွင် ခြေစမ်းပွဲ လာကစားမည်

တောင်ကိုရီးယား ဆုကြေးစားလိဂ် (K-League) ကလပ် ပိုဟန်စတီလား ဘောလုံးအသင်းဟာ မြန်မာနိုင်ငံမှာ ချစ်ကြည်ရေး ခြေစမ်းပွဲ ၂ ပွဲ လာရောက် ယှဉ်ပြိုင်ကစားမယ်လို့ သိရပါတယ်။

ပိုဟန်စတီလားအသင်းဟာ မေ ၂၈ ရက်နေ့မှာ မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်း တသင်း၊ မေလ ၃၀ ရက်နေ့မှာ ပဏာမ မြန်မာ့လက်ရွေးစင် ယူ-၂၂ အသင်းတို့နဲ့ ခြေစမ်းပွဲ ကစားမယ်လို့ မြန်မာဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။

ပိုဟန်စတီလားအသင်းရဲ့ ခြေစမ်းပွဲခရီးစဉ်ကို Myanmar Posco က အဓိကပံ့ပိုးပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နဲ့ ပူးပေါင်းကာ မြန်မာ-ကိုရီးယား နှစ်နိုင်ငံ ချစ်ကြည်ရေးအတွက် ရည်ရွယ်ကျင်းပတာပါ။

ခြေစမ်းပွဲတွေမှာ ကိုရီးယားရိုးရာအက အပါအဝင် ဖျော်ဖြေရေးကဏ္ဍနဲ့ ကံစမ်းမဲ အစီအစဉ်တွေ ပါဝင်ပြီး ကွင်းဝင်ကြေး အခမဲ့ ဝင်ရောက်အားပေး ကြည့်ရှုနိုင်ပါတယ်။

တောင်ကိုရီးယား အင်အားကြီးကလပ် ပိုဟန်စတီလားအသင်းဟာ အရင်က ပေါ်စကိုအတမ်အသင်းအနေနဲ့ ၁၉၉၄ ခုနှစ်က မြန်မာနိုင်ငံကို ခြေစမ်းပွဲ လာရောက်ကစားခဲ့ဖူးပြီး ပေါ်စကိုက ၃-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

DVB

Media Links Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment