ထူးခြားသည့် အသားအရေကြောင့် အောင်မြင်သည့်မော်ဒယ် ဖြစ်လာသည့် အမျိုးသား

အရေပြားမှာ အဖြူကွက်တွေထွက်လာတဲ့ တန်ဇန်းနီးယား အမျိုးသားတယောက်ဟာ အသားအရေ ထူးခြားချက်ကြောင့် ထင်ရှားတဲ့ မော်ဒယ်တယောက် ဖြစ်လာပါတယ်။

တန်ဇန်းနီးယားနိုင်ငံ စီးပွားရေးမြို့တော် ဒါရက်စ်ဆလမ်မှာ နေထိုင်တဲ့ မစ်ကီဒယ်အိုဟာ တခြား တန်ဇန်းနီးယား လူငယ်တွေလိုပဲ ဘတ်စကက်ဘော ကစားရတာ၊ စကိတ်စီးရတာကို နှစ်သက်ပါတယ်။

ဒါပေမယ့် ဒယ်အိုဟာ သူများနဲ့ မတူပါဘူး။ အဲဒါကတော့ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က သူ့ရဲ့ အရေပြားပေါ်မှာ အဖြူကွက်တွေ ထွက်လာခဲ့တာ ဖြစ်ပါတယ်။

ပထမတော့ ဒယ်အိုတယောက် ရှက်ရွံ့စိတ် ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်း အသက်ကြီးလာတဲ့ အခါမှာတော့ ဒယ်အိုက သူ့ကိုယ်သူ မော်ဒယ်လောကမှာ ယုံကြည်ချက်ရှိရှိ လျှောက်လှမ်းဖို့ ရွေးချယ်ခဲ့ပါတယ်။

“လူတိုင်းမှာ ကျေနာ့်လို ထူးခြားတဲ့အရာတွေ ရှိပါတယ်။ ကေ်နာ့္အသားအေရက ကေ်နာ့္ကုိ ထူးခြားစေတယ်လေ။ တခြားလူတွေမှာ မျက်လုံးပြာတာမျိုး ထူးခြားတာတွေ ရှိပါတယ်။ ကျနော်တို့ဟာ တယောက်နဲ့တယောက် မတူပါဘူး။ လူတိုင်းဟာ ထူးခြားပါတယ်။ ဒီတော့ ကိုယ်က တခြားလူနဲ့ တူဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အကြောင်းက အဲဒီလူဟာ ထူးခြားလို့ပါပဲ” လို့ မော်ဒယ် မစ်ကီဒယ်အိုက ပြောပါတယ်။

မော်ဒယ်တဦးဖြစ်တဲ့ ဇာခီယာ မာလီယာက “မစ်ကီဟာ ဖက်ရှင်လောကထဲကို တကယ်ကို ထူးခြားမှုတမျိုး၊ ထူးခြားတဲ့ အလှတမျိုး ဆောင်ယူလာတာပါ။ ဒါဟာ ဖက်ရှင်လောကထဲကို အဲဒီလို ထိုးဖောက်လို့ရတယ်ဆိုတာ တွေးထင်မထားတဲ့ လူအများအပြားကို စိတ်ခွန်အားပေးပါတယ်” လို့ ပြောပါတယ်။

မနှစ်ကကျင်းပခဲ့တဲ့ ဆွာဟီလီ ဖက်ရှင်သီတင်းပတ်မှာ ဒယ်အိုဟာ ထိပ်တန်း အမျိုးသား မော်ဒယ်ဆု ရခဲ့ပါတယ်။ အဲဒီပွဲမှာ အရှေ့နဲ့ အလယ်အာဖရိကက မော်ဒယ်အကျော်အမော်တွေ ဝင်ရောက် ယှဉ်ပြိုင်ကြတာပါ။

မော်ဒယ် ဒယ်အိုက ဒီဇိုင်နာတွေဟာ သူ့ကိုမြင်တာနဲ့ ရွေးချယ်ကြတယ်။ ဘာလို့လဲဆိုတော့ သူ့လို ထူးခြားတဲ့လူဟာ သူတယောက်ပဲရှိပြီး အဲဒီထူးခြားချက်ကြောင့်ပဲ သူဟာ အခွင့်အရေးရနေတာ ဖြစ်တယ်လို့ ပြောပါတယ်။

DVB News

Media Links Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment