၂၆ နှစ်​အတွင်း တစ်​ကြိမ်​မျှ လှဲ​လျောင်းအိပ်​စက်ခြင်းမရှိခဲ့တဲ့ ကျောက်ဂူဆရာတော်

ကျောက်ဂူဆရာတော်ကြီးအကြောင်း မသိလို့  အွန်လိုင်းပေါ်ရှာကြည့်တော့ …..။ မနက်ဖြန် ကျောက်ဂူ ဆရာတော် မန္တလေးက သူငယ်ချင်းအိမ် ကြွမှာမို့ .. လာဖူးဖို့  လှမ်းဖိတ်တယ်။ ကိုယ်ကလည်း ဆရာတော်အကြောင်း မသိလို့  အွန်လိုင်းပေါ်ရှာကြည့်တော့ .. ဒီလိုရေးထားတာ ဖတ်ရပါတယ်။ ကျွန်​​တော်​သိ​ရှိထားသာ ​ကျောက်​ဂူဆရာ​တော်​ကြီး အ​ကြောင်းများစွာထဲ့မှ ကုသိုလ်​တိုးရန်​ အနည်းငယ်​ ​ရေးသားတင်​ပြအပ်​ပါသည်​ ဘုရား …။ကျွန်​​နော်​နှင့်​ ဆရာ​တော်​ကြီး ရင်းနှီကျွမ်းဝင်​​နေခဲ့သည်​မှာ (၂၆) နှစ်​​ကျော်​ရှိခဲ့ပါပြီ ​ဖားကန့်ေ​ကျာက်​တွင်း​လောပန်​သ​ဌေးကြီး ဘဝမှ အားလုံး စွန့်​ကြဲ၍ (၀) ထိ ခဝါချ၍ ရဟန်းတစ်​ဝါရသည်​မှစ၍ အကျွမ်းတဝင်​ ရှိခဲ့ကြပါသည်​… ကျွန်​​တော့ဘဝ အချိန်​များစွာကို ဆရာ​တော်​ကြီးနှင့်​ အနီးကပ်​ ရှိ​နေခဲ့ပါသည်​..

(၁) ​ကျောက်​ဂူဆရာ​တော်​ကြီးသည်​ အနားယူ လှဲ​လျှောင်းအိပ်​စက်​ခြင်း မရှိပါ ဘုရား(ကျွန်​​တော်​သိရှိထား​သော ၂၆ နှစ်​အတွင်း တစ်​ကြိမ်​တစ်​ခါမျှ လှဲ​လျောင်း အိပ်​စက်​ အနားယူဒါ မမြင်​ခဲ့ဖူးပါ)

(၂) ​ကျောက်ဂူဆရာ​တော်​ကြီးတွင်ေ​​ချွးနံ့ ကိုယ်​နံ့ နံခြင်း မရှိပါ ဘုရား (တစ်​ခါ​သောအချိန်​က ဆရာ​တော်​ကြီးသည်​ ဝိပဿနာတရားများ တရွာလျှင်​ ၃ ရက်​ခန့်​ဖြင့်​ မိုးလင်းမိုးချုပ်​သင်​ပြ၍ ၁၀ ရွာခန့်​ တစ်​လ​လောက်​​ရေမချိုးသင်္ကန်းမလြှဲဖစ်​ခဲ့ပါ ​နေ့တွင်​ခန္ဓညဏ်​​ရောက်​ ရုပ်​နမ်​ခွဲးခြားတရားများပြ၍ ညတွင်​သုဿံဓုဒင်​ ​ဆောက်​တည်​​နေခဲ့ပါသည်​ ရက်​၃၀ခန့်​မှ ​ရေချိုးဖြစ်​ပါသည်​ အဆိုပါသင်္ကန်းအား တပည့်​​တော်​ ​လျှော်​ဖွတ်​ခဲ့ပါသည်​ ​ချွေးနံ့ကိုယ်​နံ့ လုံးဝမရှိသည်​အပြင်​ သစ်​​ခေါက်​နံ့ပင်​ကြိုင်​​သင်း​နေပါသည်​)

ကျောက်​ဂူဆရာ​တော်​ကြီးသည်​ အချိန်​တိုင်း အလုပ်​လုပ်​​​နေ​သောသူ ဖြစ်​ပါသည်​ ဘုရား (၂၄နာရီလုံး တစ်​လလုံး တစ်​နှစ်​လုံး ၂၆နှစ်​လုံးလုံး တရားဟောခြင်း စာ​ရေးခြင်း ​မေတ္တာဘာဝနာပွားခြင်း သမထဘာဝနာပွားခြင်း ဝိပသာနာဘာဝနာပွားခြင်း များတစ်​ခုမဟုတ်​တစ်​ခု ပြုလုပ်​​နေပါသည်​ ခန္ဓာကိုယ်​စွမ်းအင်​ကုန်​ဆုံး၍ ခဏတဖြုတ်​ ငိုက်မြည်း​​​သွားသည်​မှအပ ကျန်​အချိန်​များတွင်​ သာသနာ​​တော်ကြီးအတွက်​ အလုပ်​လုပ်​​နေ​ပါသည်​)

(၄) ​ကျောက်​ဂူဆရာ​တော်​ကြီး ​မေတ္တာဂရုဏာကြီးစွာဖြင့်​ အားထဲ့ ပရိတ်​ရွတ်​ဖတ်​တိုင်းတွင်​ အမြဲတမ်းပင်​ ပရိတ်​​ရေများဆူပွက်​ပါသည်​ဘုရား (ရွာကြီးတရွာတွင်​ ဆရာ​တော်​အား ပင့်​ဖိတ်​၍ ဝိပသာနာ တရားစခန်းဖွင့်​ရန် ပြင်​ဆင်​ကြစဉ်​ ရွာဦး​ကျောင်းဆရာ​တော်​ကြီးနှင့်​ ရွာသားတချို့မှ တရားစခန်းမဖွင့်​ရန်​ တရားတစ်​ပွဲသာလုပ်​၍ ပြန်​ကြွရန်​ ​​ကျောက်​ဂူဆရာ​တော်​ကြီးအား ​လျှောက်​ထား အ​ရေးဆိုလာပါသည်​ ဤသို့ဖြစ်​၍ ရွာလယ်​တွင်​ မဏ္ဌပ်​ထိုး၍ ပရိတ်​တရားပွဲသာပြုလုပ်​ကြပါသည်​ ပရိတ်​တရားပွဲစသည်​နှင့်​ တရွာလုံးတွင်​ရှိ​သော ​ရေတွင်းထဲ့မှ​ရေ ​ရေကန်​ထဲ့မှ​ရေ ​ရေအိုးထဲ့မှ​ရေ ​ရေခွက်​ထဲ့မှ​ရေ ​ရေဘူးထဲ့မှ​ရေ များ ဆူပွက်​လျံထွတ်​​နေကြပါ​​တော့သည်​ အကျိုးအ​နေနှင့်​ ဤရွာကြီးတွင်​ ဝိပသာနာ တရားစခန်းဖွင့်​ခွင့်​ ရရှိခဲ့ပါသည်​)

(နောက်​​တင်ပြမည့် ​​တချို့​သော အဖြစ်​အပျက်​များသည်​ တချို့​သောလူများ လက်​မခံမယုံကြည်​နိုင်​စရာများ ရှိနိုင်​ပါသည်​ အကုသိုလ်​မဖြစ်​ကြရန်​ ​တောင်းပန်​အပ်​ပါသည်​ ​​ကျောက်​ဂူဆရာ​တော်​ကြီးလည်း သာသနာအတွက်​ ပင့်​ဖိတ်​​သော​နေရာများကို မည့်​သည့်​​နေရာမဆိုကြွ​နေဆဲပါ ကျွန်​​တော်​လည်း ယ​နေ့ထိ​တော့မ​သေ​​သေးဘဲ ရှိ​နေပါ​သေးသည်​ ဆရာ​တော်​ကြီးအား ကြည်​ညို၍​ မေးမြန်​မည်​ဆိုပါက ရိုရို​သေ​သေ ​လေး​လေးစားစား ​​ဖြေကြား​ပေးပါမည်​ ။ ကုသိုလ်​ပွားရန်​ရည်​ရွယ်​၍တင်​ပါ​သော​​ကြောင့်​ အကုသိုလ်​​တော့ မပွားကြ​စေရန်​ ​တောင်းပန်​အပ်​ပါသည်​)

(၅) ​ကျောက်​ဂူဆရာ​တော်​ကြီးသည်​ သင်္ကန်း၃ထည်​ သပိတ်​တစ်​လုံး တစ်​ပါး​နေ ​ကျောင်းသင်္ခန်းဖြင့်​သာ ​ရောင့်​ရဲ​နေ​ထိုင်​​တော်​မူပါသည်​ဘုရား (ဆရာ​တော်​ကြီးတွင်​ ကြီးကျယ်​ ခန်းနားလှ​သော ​ကျောင်း​တိုက်​ကြီး ၄ တိုက်​ရှိပါသည်

(က)ဂန်​​ဂေါမြို့နယ်​ ကန်​၇ရွာ ဘိုးဘွားရိပ်​သာ​ ကျောက်​ဂူ​ကျောင်း(ဧက ၃၀၀ ကျယ်​ဝန်းပါသည်​) ( ခ)သုံးဆယ်​မြို့ဓမ္မသုခ​ ​ကျောက်​ဂူ​ကျောင်း(ဧက ၃၀ ခန့်​ကျယ်​ဝန်းပါသည်​) ( ဂ)က​လေးမြို့စက်​မူဇုံ ​ကျောက်​ဂူ​ကျောင်း(ဧက ၁၀ ကျယ်​ဝန်းပါသည်​ (ဃ)​ပေါင်း​လောင်းမြို့ ​မူလပထမ​ ကျောက်​ဂူ​ကျောင်း​(ဧက ၁၀ ​ကျော်​ကျယ်​ဝန်းပါသည်​)

ထို​ကျောင်းတိုက်​ကြီးများတွင်​ အ​ဆောက်​အဦး​ပေါင်းများစွာ သာသနာ့ဝန်​ထမ်း သံဃာ သီလရှင်ေ​ပာင်း​များစွာ ရှိကြပါသည်​ ​နေ့စဉ်​​နေ့တိုင်း ပိတ်ရက်မရှိ ​​ဝိပသာနာတရားများ ​ဟောကြားနားကြား ပွားများအားထုတ်​​နေကြပါသည်​ ။ ရန်​ကုန်​ မန္တ​လေး ပြင်​ဦးလွင်​ ​တောင်​ကြီး မိုးကုတ်​ မြို့များတွင်​လည်း ​​​​ကျောက်ဂူေ​ကျာင်း​တိုက်​များ ​ဖော်​​ဆောင်​ရန်​ ပြင်​ဆင်​​နေကြပသည်

ဆရာ​တော်​ကြီးအတွက်​ ​အဆင့်​မြင့်​​ကောင်းမွန်​​သော ​ကျောင်း​​ဆောင်​များကို ဒကာဒကာမ ​စေတနာရှင်​ ကုသိုလ်​ရှင်​များက ​ဆောက်​လုပ်​လှူဒါန်းကြ​သော်​လည်း ကုသိုလ်​တိုးကြ​​စေရန်​ ၃ ရက်​ခန့်​သာ အသုံးပြု သီတင်းသုံး၍ မူလတစ်​ပါး​ကျောင်း တဲ​ကျောင်းတွင်​သာ ​သီတင်းသုံးေ​န​တော်​မူပါသည်​)

(၆)​ကျောက်​ဂူဆရာ​တော်​ကြီးအား နတ်​များ နဂါးများ လာ​ရောက်​ဖူး​မျော်​ ကြပါသည်​ ဘုရား (ဆရာ​တော်​ကြီးကိုနတ်​များ နဂါးများ လာ​ရောက်​ဖူး​တွေ့ကြသည်​ကို အကြိမ်​ကြိမ်​ ခဏခဏ ​တွေ့မြင်​ဖူးပါသည်​ တချို့က တရား​မေး​​လျှောက်​ကြပါသည်​ တချို့က ဝိပသာနာတရားမပြရန်​​တောင်းပန်​ကြ​သောနတ်များလည်း​​ရှိပာသည်​ တချို့က ဆရာ​တော်​ကြီး ပျံလွန်​​တော်​မူရန်​ နတ်​ရွာစံရန်​ ​လျှောက်​ထားကြ​သော နတ်​များလည်း ​တွေ့ရပါသည်​)

(၇) ​ကျောက်​ဂူဆရာ​တော်​ကြီးသည်​ ဓူတင်​(၁၃)ပား​ဆောင်​ ဆရာ​တော်​ကြီးဖြစ်​ပါသည်​ဘုရား (ဓူတင်​များထဲ့မှ ဆရာ​တော်​ကြီး၏ သုဿန်​ဓုတင်​​ဆောင်​ပုံအ​ကြောင်းကို အနည်းငယ်​တင်​ပြပါမည်

ဆရာ​​တော်​ကြီး သုဿန်​သင်္ချိုင်းတွင် ညဘက်​ ​ဓူတင်ေ​ဆါင်ရန်ြ​​ကွ​သောအခါ ကျွန်​​​တော်​လိုက်​ပါ တတ်​ပါသည်​ ကျွန်​​တော်​လိုက်​ပါ၍ အိပ်​ခဲ့ဖူး​သော သင်္ချိုင်းများပင်​ တစ်​ရာ​ကျော်​မည်​ထင်​ပါသည်

တစ်​ခြားနိုင်​ငံများနှင့်​ မြို့ကြီးများတွင်​ ညဘက်​သုဿန်​ကြွရန်​​ ခက်​ခဲပါ၍ ​နေ့ခင်းဘက်​များတွင်​သာ ​မေတ္တာပို့ ကုသိုလ်​အမျှ​ဝေ ကြွ​ရောက်​တတ်​ပါသည်​ နယ်​မြို့များ ​ကျေးရွာများတွင်​ အမြဲတမ်းပင်​ ညဘက်​သုဿန်​ဓူတင်​​ဆောင်​ပါသည်

ဆရာ​တော်​ကြီး၏ သုဿန်​ဓူတင်​​ဆောင်​ပုံမှာ ည၉နာရီ​ကျော်​ လူသူ​လေးပါး အိပ်​ပြီးချိန်​တွင်​ သုဿန်​သို့​ ​တိတ်​ဆိတ်​စွာ ​မေတ္တာပို့ရင်း ဝင်​ရပါသည်​ သင်္ချိုင်းသို့​ရောက်​လျှင်​ လူ​သေ​ကောင်​ ​မြေမြုပ်​​သော​နေရာ မီးရှို့​သော​နေရာ ဂူသွင်း​သော ​နေရာများ၌ တ​နေရာစီ ကျွန်​​တော်​တို့တရားထိုင်​ရပါသည်

တစ်​နာရီခန့်​တရားထိုင်​ပြီးပါက တရားဖြုတ်​ အမျှ​ဝေပီး အနားယူရန်​ မနက်​၃နာရီ​ကျော်​ လာပင့်​ရန်​ မိန့်​ပါသည်​ ဤတွင်​ဆရာ​တော်​ကြီးနှင့်​ မျက်​တစ်​ကွယ်​ မလှမ်းမကမ်း ​ပေ၃၀၀ခန့်​အကွာ သင်္ချိုင်းဇရပ်​​ အုတ်ဂူေ​ပ်ာတို့​တွင်​ အိပ်​ရပါသည်​ ကျွန်​​တော်​က သုဿန်​ဓူတင်​​ဆောင်​ခြင်းမဟုတ်​ပါ ဆရာ​တော်​ကြီးအား ပို့​ဆောင်​ရန်​ ပင့်​​ဆောင်​ရန်​ လိုက်​ပါ၍သချိင်းတွင်​လိုက်​အိပ်​ ခြင်း​သာဖြစ်​ပါသည်

ဆရာ​တော်​ကြီးမှာ တစ်​ညတာလုံး ​မေတ္တာဘာဝနာ သာမထဘာဝနာ ဝိပသာနာဘာဝနာ ကုသိုလ်​တရားများအားထုတ်​ရင်း မြင်​အပ်​ မမြင်​အပ်​များနှင့်​ရင်းနှီးကျွမ်းဝင်​​​​ စေရန်​ ညအချိန်​ကို ကုန်​ဆုံး​စေပါသည်​ မနက်​၃နာရီ​ကျော်​တွင်​ ဆရာေ​တ်ာကြီးထံချည်းကပ် ပင့်ံ​​လျှောက်ရပာသည် တစ်​​​ညလုံးပြုပြုသမျှ ဘာဝနာကုသိုလ်​များကို မြင်​အပ်​မမြင်​အပ်​ရှိရှိသမျှတို့အား ကုသိုလ်​အမျှ​ပေး​ဝေကြရပါသည်

ဆရာ​တော်​ကြီးနှင့်​ တစ်​ညတာအတူ​နေရ၍ ရင်းနှီးကျွမ်းဝင်​ကြ၍ သာဓု​ခေါ်ဖြစ်​ကြမည်​ ထင်​ပါသည်​ အမျှ ကုသိုလ်​​တွေရ၍ ကျွတ်​လွတ်​သွားခြင်း အဆင့်​မြင့်​သွားခြင်းများ ဖြစ်​ကြသည်​ဟု သိရှိရပါသည်​ မနက်​၄နာရီမထိုးခင်​ လူသူ​လေးပါးမထခင်​ သုဿန်​မှ ​မေတ္တာပို့ရင်း တိတ်​ဆိတ်​စွာထွက်​ခွာရပါသည်

တချို့သချိင်္ုင်းများတွင်​ တစ်​ညသာကြွ၍ တချို့သချိင်္ုင်း​များကို နှစ်​ည သုံးညကြွတတ်​ပါသည်​ ကြွ​ရောက်​ရန်ု ကြိုတင်​မိန့်​ထား​လေ့မရှိပါ ည ၉ နာရီ​ကျော်​ ဆရာ​တော်​ကြီးသင်္ကန်းရုံသည်​ကိုကြည့်​၍ သာသိရှိရတတ်​ပါသည်​ ကျွန်​​တော်​တို့အမြဲတမ်း အဆင်​သင့်​ဖြစ်​ရန်​ကြိုးစား​နေရပါသည်​ အဆင်​သင့်​မဖြစ်​ပါက ဆရာ​တော်​ကြီး တစ်​ပါးတည်းသာကြွ သွားပါ​တော့သည်​ ​နောက်​မှအမြန်​​ပြေးလိုက်​ရပါသည်​)

(၈) ​ကျောက်​ဂူဆရာ​တော်​ကြီး၏ ​ဦး​​ခောင်းကိုေ​​ခါင်းရိတ်ြ​​ခင်း ကိစ္စအား မိ့မိ့ကိုယ်​တိုင်​လည်း မရိတ် ​တပည့့်များအားလည်းအရိတ်​ ခိုင်​တား မ​တွေ့ဘူးပါဘုရား (ထို့​ကြောင့်​ ဆရာ​တော်​ကြီး၏ ဆံ​တော်​များအား လိုခြင်​သူ​ ပောများလှ​သော်​လည်း တစ်​​ယောက်​မျှ မရရှိကြပါ)

(၉) ​ကျောက်​ဂူဆရာ​တော်​ကြီး ညသီတင်းသုံး​သော ဝါးရုံပုတ်ြ​ကီးမှ အလင်း​ရောင်​များထွက်ေ​ပ်ါလာ၍ တစ်​​တောလုံးလင်းထိန်​သွားခဲ့ပါသည်​ဘုရား (လွန်​ခဲ့​သော ၇ နှစ့်​ခန့်​က ရွာကြီးတစ်​ရွာ၏ ​သုဿန်သင်္ချိုင်း​တွင်​ ဆရာ​တော်​ နှစ်​ညတာ ဓူတင်​​ဆောင်​ခဲ့ပါသည်​ အထက်​ပါဖြစ်​ရပ်​သည်​ ဒုတိယညတွင်​ ​တွေ့မြင်​ခဲ့ရပါသည်

၎င်းသင်္ချိုင်းသည်​ လူအစိမ်း​သေများကို ​မြေမြုတ်​​သော​ နေရာဖြစ်​ပါသည်​ ည၉နာရီ​ကျော်​ခန့်​တွင်​ ဆရာ​တော်​အား သုဿန်​အလယ်​လာက်​ တွင်​ရှိ​သော ဝါးရုံပုတ်​ကြီး​အောက်​တွင်​ ​နေရာချ၍ ကျွန်​​တော်​တို့က သင်္ချိုင်းဇရပ်​​ပေါ်တွင်​ အိပ်​ကြပါသည်​ ည၁၂နာရီခန့်​တွင်​ ရွာသား ၁၀ ​ယောက်​ခန့်​အ​ပြေးအလွှား​ရောက်​လာ၍ ဆရာ​တော်​ကြီး သီတင်းသုံး​သော ဝါးရုံပုတ်​ကြီး မီးအကြီးအကျယ်​​လောင်​​နေပြီဆို​ပြီး​အော်​ပြီး ​ပြေးလာကြပါသည်

ထိုအချိန်​တွင်​ ထိုထဲ့မှလူတစ်​​ယောက်​က ​​တောမီး​လောင်​တာမဟုတ်​ဘူး ​တောမီး​လောင်​ရင်​ အသံမြည်​တယ်​ ခုကဘာအသံမှမကြားရဘူးဟု ခပ်​ကျယ်​ကျယ်​​အော်​လိုက်​ရာ အားလုံးတိတ်​ဆိတ်​ငြိမ်​သက်​ သွားကြသည်

ဆရာ​တော်​ကြီး သီတင်းသုံး​သော ဝါးရုံပင်​ကြီးမှ အလင်း​ရောင်​သည်​ တစ်​​တောလုံးလင်းထိန်​သွားခဲ့ပါသည်​ ၃မိနစ်​ခန့်​ကြာမည်​ ထင်​ပါသည်​ ထို့​နောက်​ တဖြည်းဖြည်းမှိန်​သွား၍ အ​မှောင်​အတိ ဖုံးလွှမ်းသွားပါ​တော့သည်​ ထို့ေ​နာက် ​ရွာသားများလည်း ပြန်​သွားကြ၍ ကျွန်​​တော်​လည်း အ​ဖြေမသိ​သော အ​တွေးများဖြင့်​ သင်္ချိုင်းဇရပ်​​ပေါ်တွင်​ ကျန်​​နေခဲ့ပါ​တော့သည်။

(၁၀) ​ကျောက်​ဂူဆရာ​တော်​ကြီး၏ ​မေတ္တာ​တော်​​ကြောင့်​ အကြီးအကျယ်​ ပစ်​ခတ်​​နေကြ​သော တိုက်​ပွဲကြီး ရပ်​သွားခဲ့ပါသည်​ဘုရား (လွန်​ခဲ့​သော ၆ နှစ်​ခန့်​ကဖြစ်​ပါသည်​ ဆရာ​တော်​ကြီးအား တရားဟော တရားပြ ပင့်​ဖိတ်​ကြ၍ နယ်​စပ်​​ဒေသသို့ ကျွန်​​တော်​ကားဖြင့်​ပင့်​​ဆောင်​ခွင့်​ရခဲ့ပါသည်
တောလမ်း ခရီးတွင်​ ဆရာ​တော်​ ချ​ပေး​သော ​မေတ္တာပို့ စာသားများကို ကျယ်​နိုင်​သမျှ ကျယ်​ကျယ်​ လိုက်​ဆို၍ ကားမှန်​တံခါးများ ပိတ်​ကာ ​မောင်းနှင်​လာခဲ့ပါသည်

ပတ်​ဝန်းကျင်​မှ့ အသံများကို မကြားရဘဲ ကားကိုအမြန်​​​မောင်းလာရာ ​​တောလမ်းတ​​နေရာေ​တာင်​ကုန်း​ကွေ့ အ​ရောက်​ တွင်​ အကြီးအကျယ်​ တိုက်ပွဲဖြစ်ေ​​နကြ​သော လက်​နက်​ကိုင်​ တပ်​ဖွဲ့ နှစ်​ခုကြားသို့ ဘွားခနဲ့ ​ရောက်​သွားခဲ့ပါသည်​ ကားကိုဆက်​မ​မောင်းရဲဘဲ အမြန်​ရပ်​လိုက်​ရပါသည်​ လက်​နက်​ကြီး ကျ​ရောက်​​ ပေါက်​ကွဲသံများကို ဆက်တိုက်​​ကြားရပါသည်​ ​သေနတ်​ ဂတ်​လိုက်​ဆွဲသံများ ကျည်ဆံ​သံများ တဒိုင်းဒိုင်း တရွီးရွီးအဆတ်​မပြတ်​ ကြား​နေရပါ သည်

ကျွန်​​တော်​နှင့်​ သူရဲ​ကောင်းကြီး ကိုဖိုးအိတို့ လန့်​ဖျတ်​၍ ကား​အောက်​သို့ ​ပြေးဝင်​၍​ဝပ်​ ​​နေရန်​ကြံကြပါသည်​ ဆရာ​တော်​အားကြည့်​လိုက်​ရာ ​မေတ္တာပို့မပျက်​ တည်ငြိမ်စွာ ဆက်​ ​လက်​၍​မေတ္တာဘာဝနာပွား​နေပါသည်

မည်သည်အချိန်မှ စ၍တိုက်​ပွဲဖြစ်​​နေသည်​ကို မသိပါ ဆရာ​တော်​ကားရပ်​ပြီး ​​မကြာမှီ တိုက်​ပွဲရပ်​၍ အားလုံးတိတ်​ဆိပ်​သွားပါသည်

ကျွန်​​တော်​တို့ကား၏ ညာဖက်​​တောင်​ကုန်း​ပေါ်မှ လက်​နက်​ကိုင်​တပ်​ဖွဲ့များ ဆုတ်​ခွာသွားပါသည်​ ကျွန်​​တော်​တို့ကား၏ဘယ်​ဖက်​ ​ချောက်​ထဲ့မှ လက်​နက်​ကိုင်​တပ်​ဖွဲ့ ၃၀ ခန့်​ လက်​နက်​ကိုယ်​စီကိုင်​၍ ကားလမ်း​ပေါ်တက်​လာကြပါသည်​ နှစ်​ဖက်​စလုံး အကျအဆုံးမရှိ တပ်​ဆုတ်​သွားကြသည်​ ထင်​ပါသည်

ကျွန်​​တော်​တို့လည်း တရားပွဲမှီရန်​ ​ဆရာ​တော်​ချ​ပေး​သော ​မေတ္တာပို့ကို လိုက်​ဆိုရင်း ခရီးဆက်​ခဲ့ကြပါသည်​) ( မဟာမြိုင်​​တောကြီး၏ အထက်ပိုင်းတွင် ​​​နတ်​​ဒေဝါများ ဖန်​ဆင်း​သော ​ကျောင်းတွင်​ ​ကျောက်​ဂူဆရာ​တော်​ တစ်​ညတာ သီတင်းသုံးဖြစ်ခဲ့ ပုံကို)

(၁၁)​ ကျောက်​ဂူဆရာ​တော်​ကြီးသည်​ ​တော​စောင့်​နတ်​ ​တောင်​​စောင့်​နတ်​များ ဖန်​ဆင်းလှူဒါန်း​သော ​ကျောင်းတွင်​ တစ်​ညတာ သီတင်းသုံး ဖြစ်​ခဲ့ပါသည်​ဘုရား

(လွန်​ခဲ့​သော ၇ နစ်​​ခန့်ေ​လာက်​ကဖြစ်​ပါသည်​ ဆရာ​တော်​ကြီးအား ​ခန္တီး​ကျောက်​စိမ်း​မှော်​မှ တရား​ဟော တရားပြ ပင့်​ဖိတ်​၍ ကျွန်​​တော်​ကားဖြင့်​ ပင့်​ခွင့်​ရရှိခဲ့ပါသည်​ မဟာမြိုင်​​တောကြီးကို အလျှားလိုက်​ ကားဖြင့်​ဖြတ်​၍ ပင့်​ခဲ့ပါ သည်

ထိုအချိန်​တုန်းက ​ကားလမ်းသည်​ အင်​မတန်​ပင်​ဆိုးရွား ကြမ်းတမ်းလှပါသည်​ ယခုလည်းသိပ်​မ​ကောင်း​သေးပါ အဆိုပါ​ဒေသသည်​ ​ရေလမ်းကိုသာ အသုံးများပါသည်​ တစ်​​နေ့လုံး တစ်​ညလုံး ကား​မောင်းခရီးတွင်​ ကားတစ်​စီးမျှ မ​တွေ့ မ​ရှောင်​ရပါ လူနေအိမ်​ ရွာများလည်း မရှိကြပါ မြစ်​​ကြောင်းတ​လျှောက်​တွင်​သာ ​နေထိုင်​ကြသည်​ဟုသိရပါသည်

ပင့်​ဖိတ်​ထား​သော​နေရာ ဘုန်​ကြီး​ကျောင်းကိုအ​ရောက်​တွင်​ အဆိုပါ​ကျောင်းထိုင်​ဆရာ​တော်​ကြီးမှ ​​ကျောင်း​​ပော်မှ တအံတ​​သြ ဆင်း၍​ ကျွန်​​တော်​ကားနှင့်​ ကျွန်​​တော်ကို​ နှစ်​ပတ်​​လောက်​ပတ်​ကြည့်​ကာ ကားလည်း​ကောင်းလွန်း၍ လူလည်းတော်​၍ သာ​ရောက်​လာသည်​ မည်​သူမျှ ဤခရီးကို ကားနှင့်​မလာကြဖူးဘူးဟု မိန့်​ခံရပါသည်

လမ်းခရီးတွင်​ လမ်းကြမ်းလွန်း၍ ကားအမြန်​​မောင်း၍မရပါ ​ဖြေးဖြေးမှန်​မှန်​ ​မောင်းလာရပါသည်​ တ​နေ့လုံး​မောင်းလာပါသည်​ ည​ရောက်​လာခဲ့ပါသည်​ လမ်းမှာ ကျဉ်း​မြောင်းလှ၍ လှည်းလမ်းသာ ဖြစ်​​သော်​လည်း ကား​ရှောင်​စရာ ကားမ​တွေ့ ၍ အဆင်​​ပြေပါသည်​ လမ်း​ဘေး​ နံရံတိုက်​မိ့လိုက်​ သစ်​ပင်​ တိုက်​မိ့လိုက်​ ​အောက်​က တိုက်​လိုက်​ အ​ပေါ်က တိုက်​လိုက်​ ​ဖြင့်ပင်ေ​​နာက်​နေ့ တရားပွဲ မှီရန်​ မှန်​မှန်​​မောင်းလာပာသည်

ည ၁၁ နာရီ​ကျော်​လာပါသည်​ ၁၂ နာရီထိုးရန်​ ၁၀ မီနစ်​ခန့်​အလိုတွင်​ ဆရာ​တော်​ကြီးမှ လမ်းတေ​လျှာက်ပို့လာ​​သော ​မေတ္တာပို့ကို ခဏရပ်​၍ ကျွန်​​တော်​ဘက်​ကိုလှည့်​၍ တစ်​​နေ့လုံး တစ်​ညလုံး ဆို​တော့ ကား​ကောလူ​ကော ပင်​ပန်း​နေ​လောက်​ပီ ​ရှေ့နားမှာ ​ကောက်​ရိုးပုံ ဖြစ်​ဖြစ်​ သစ်​ပင်​​အောက်​ ဖြစ်​ဖြစ်​ ​တွေ့ရင်​ နား ကြမယ်​ လို့မိန့်​ပါ သည်

ခဏခန့်​​မောင်းလာပီးချိန်​တွင်​ ကားမီ​ရောင်​​အောက်​ လမ်း​ဘေးတွင်​ ရာဇမတ်​ကွက်​များကာရံထား​သော ခြံကြီးကို​တွေ့ရပါသည်​ ခြံတံခါး ဖွင့်​ထား၍ ကားကိုခြံထဲ့​မောင်းဝင်​လိုက်​ပါသည်​ ကျွန်​​တော်​လည်းကား​ပေါ်မှ အမြန်​ဆင်း၍

လူရှိလား လူရှိလား ​အော်​​ခေါ်ရင်း လူလိုက်​ရှာပါသည်​ မည်​သူမှ မ​တွေ့ရပါ ခြံ​ထောင့်​တွင်​ ဝါးဖြင့်​သပ်​ရပ်​စွာ ​ဆောက်​ထား​သော တဲ့​လေး​တစ်လုံးေ​တွ့ရပါသည်​ သုံးဖက်ကိုဝါးဖြင့်ကာရံထား၍ ​​အခင်း ကိုလည်း ဝါးကြမ်း ​လေး တဆင့်ခံ ​ခင်းထားပါသည်​ သံဃာစင်​ကဲသို့ ဖြစ်ပာသည်

ကျွန်​​တော်​လည်း ကား​ပေါ်တွင်​ ပါလာ​သော ထိုင်​ခုံအားအမြန်​ချ၍ ဆရာ​တော်​အား ပိုင်​ရှင်​မ​တွေ့​ကြောင်း တစ်​ညတာ ဝါးတဲ​​ကျောင်းအသစ်​​လေး​​ပေါ်တွင် ​သီတင်းသုံးဖို့ ပင့်​​လျှောက်​ခဲ့ပါသည်​ ဆရာ​တော်​အား ​နေရာချ​ပေးပြီး ကျွန်​​တော်​လည်း ကားထားရှိရာ ခြံ​ထောင့်​သို့ပြန်​လာပါသည်​ ကား​ဘေးမနီးမ​ဝေးကွင်းပြင်​​တွင်​ မီး​မွေးရန်​အသင့်​ဖြစ်​​နေ​သော မီးဖိုကို​တွေ့ရ၍ မီး​မွေး၍ မီးလှုံဖြစ်​ပါ​သေးသည်​ အသင့်​​တွေ့ရ​သော ပန်းသီးတစ်​လုံးကိုလည်း ကျွန်​​တော်​၏ညစာအဖြစ်​ စားခဲ့ပါ​သေးသည်

ညတစ်​နာရီခန့်​တွင်​ ကျွန်​​တော်​ကားထဲ့တွင်​ဝင်​အိပ်​ဖြစ်​ပါသည်​ မနက်​ ၃ နာရီခန့်​တွင်​ ဆရာ​တော်​မှ ကားတံခါးလာ​ခေါက်​နိုး၍ ခရီးဆက်​ရန်​ အချိန်​တန်​ပြီလို့မိန့်​၍ ခရီးဆက်​ခဲ့ကြပါသည်​ မနက်​ ၈ နာရီခန့်​တွင်​ပင့်​ဖိတ်​ထား​သော ​နေရာသို့​ရောက်​ခဲ့ပါသည်​ ဆရာ​တော်​ကြီးမှ တရာ​ဟော တရားပြ နှစ်​ရက်​ပြုလုပ်​ဖြစ်​ပါသည်

အပြန်​​​နေ့တွင်​ အားရုံဆွမ်းကပ်​ ​နေ့ဆွမ်းအားသပိတ်​အတွင်း​လောင်းလှူ ကပ်​လိုက်​၍ ပင့်​​ဆောင်​လာခဲ့ပါသည်​ အလာတုံးက ညအိပ်​ခဲ့​သော ဝါး​ကျောင်းတဲ့တွင်​ ​​နေ့ဆွမ်း​ကပ်​မည်​ဟု စိတ်​ကူးလာခဲ့ပါသည်​ သို့​သော်​ ထို​ခြံတဲ​နေရာသည်​ သစ်​ကြီးဝါးကြီးအပင်​များသာ ​တွေ့ရပါ​တော့သည်​ ထို့​နေရာ​တွင်​ပင့်​ ဆရာ​တော်​ကြီးအား အသင့်​ပါလာ​သော ​နေ့ဆွမ်းအား ကပ်​ဖြစ်​ခဲ့ပ်ါသည်​ )

(၁၂) ​ကျောက်​ဂူဆရာ​တော်​ကြီး၏ တရားတစ်​ပွဲ အ​ကြောင်းပြု၍ တစ်​ရွာလုံး ဗုဒ္ဓဘာသာဝင်ြ​ဖစ်​ခဲ့ရပါသည်​ဘုရား (​အိမ်​​ခြေ တစ်​ရာ​ကျော်​ရှိ​သော ​တောင်​​ပေါ်ရွာ​လေး တစ်​ရွာသည်​ ဘာသာခြားတစ်​ခုမှ စည်းရုံး၍ တစ်​ရွာလုံးကျွတ်​ ဘာသာဝင်​ပွဲကြီး စည်​ကားစွာကျင်းပရန်​ ပြင်​ဆင်​​နေ​သော ​နေ့ဖြစ်​ပါသည်

ထို​နေ့သည်​ မိုးများလည်း ရွာ​နေပါသည်​ ​တောင်​ကျ​ရေများလည်းကျ​နေပါသည်​ ​ချောင်း​ရေများလည်းလျှံ​နေပါသည်​ တောင်​​ပေါ်ရွာ​ ဖြစ်​သဖြင့်​ လမ်းများလည်း ရွှံ​စေးများဖြင့်​ သွားလာရန်​ အင်​မတန်​ ​ခက်​ခဲ့​နေပါသည်​ ထိုအချိန်​တွင်​ ဆရာ​တော်​ကြီးသည်​ ရွာလယ်​လမ်းမှ တစ်​လှမ်းခြင်း တစ်​လှမ်းခြင်း လမ်း​လျှောက်​၍ ရွာထဲသို့ ဝင်​လာပါသည်

ထူးခြားမူ့ အ​နေဖြင့်​ မိုးရွာ​နေ​သော်​လည်း သင်္ကန်းများ ​ရေမစိုပါ လမ်းမှာ ဗွက်​ထ​နေ​သော်​လည်း ​ခြေ​​ထောက်​တို့တွင်​ ရွှံများမ​ပေကျံ​ပါဘာသာခြားသို့ ကူ​ပြောင်းပွဲလုပ်​​နေ​သော လူအုပ်ြ​​ကီးသည်​ ဆရာ​တော်​ အနီးတွင်​ ဝိုင်းအုံလာကြပါသည်​ ဆရာ​တော်​ကြီးမှ တစ်​နာရီခန့်​ တရား​ဟောခဲ့ပါသည်​ ဘာသာခြား​သို့ မဝင်​ဖြစ်​​တော့ဘဲ ဗုဒ္ဓဘာသာသို့သာ တစ်​ရွာလုံး ဖြစ်​သွား ခဲ့ပါသည်

ထိုရွာ​လေးသည်​ ယခုအချိန်​ထိ ဆရာ​တော်​ကြီးအား မကြာခဏ ပင့်​ဖိတ်​၍ ဝိပသာနာ တရားစခန်းများ ပြုလုပ်​ဖြစ်​ဆဲ ဖြစ်​ပါသည်​) (၁၃)​ ​ကျောက်​ဂူ ဆရာ​တော်​ကြီး၏ အစွမ်းထက်​၍ အင်​မတန်​မှ အသုံးဝင်​လှ​သော ဂါထာ ​​​တော်​တစ်​ပုဒ်​အား ကျွန်​​တော်​ ရရှိခဲ့ပါသည်​ဘုရား ( ထိုဂါထာအား ဆရာ​တော်​ကြီးမှ ​ရှေ့ကချ​ပေး၍ ကျွန်​​တော်​တို့မှ ​နောက်​ကလိုက်​ဆိုရင်း အသဲနှစ်​လုံးထဲ့ စွဲ​နေခဲ့ရပါသည်

ဆရာ​တော်​ကြီးကို အနယ်နယ် အရပ်ရပ်မှ ​​​​ပင့်​ဖိတ်​ကြ၍ ဓမ္မ ခရီး သွားလာ ​နေထိုင်​ရင်း အခက်​အခဲများရှိလျှင်​​သော်​လည်းကောင်း/ပြဿနာများ/ပင်​ပန်းမူ့များ/ဆင်းရဲမူ့များ/အ​နှောင့်​အယှက်​များ/ငတ်​မွတ်​ဆာ​လောင်​မူ့များ/အိပ်ခြင်မူ့များ/​​ဖျားနာမူ့များ/…..စသဖြင့်​ စသည်​ဖြင့်​ အဆင်မ​​ပြေမူ့များ ကြုံလာတိုင်း ၄င်းဂါထာ ​တော်​ကို ဆရာ​တော်​ကြီးမှ ကျယ်​ကျယ်​လိုက်​ဆိုကြရန်​ မိန့်​ကြား၍ ​ရှေ့မှ ချ​ပေးပါသည်​ ကျွန်​​တော်​တို့လည်း လိုက်​ဆိုကြရပါသည်​ ကျွန်​​တော့ အတွက်​​တော မည့်​သည့်​ ပြဿနာ များမဆို ၄င်းဂါထာ အတိုင်း ရွတ်​ဆို နှလုံးသွင်း ကျင့်​သုံးလိုက်​ပါက မ​ပြေလည်​စရာ အ​ကြောင်း မရှိ အားလုံး အဆင်​​ ပြေသွားပါသည်​ ဆရာ​တော်​ကြီး၏ ဂါထာ​တော်​အား လိုက်​နာကျင့်​သုံးနိုင်​ကြပါ​စေ။

ဘုရားတပည့်​​တော်​တို့သည်​ မြတ်​စွာဘုရား သာသနာ​တော်​ကြီး အတွက်​ဆိုရင်​နွားကဲ့သို့ ဆွဲပါမည်​ ကျွဲကဲ့သို့ ရုန်းပါမည်​ မြင်းကဲ့သို့ ​​ပြေးပါမည်​ မြည်းကဲ့သို့ ပိုးပါမည်​ ခြ​င်္သေကဲ့သို့ ရဲရင့်​ပါမည်​ သိုးကဲ့သို့ ရိုးသားပါမည်​ ဆင်​ကဲ့သို့ ​အေါင်းပါမည်​ ​ရေကဲ့သို့ ​ပေးဆပ်​ပါမည်​ ​လေကဲ့သို့ အကျိုးပြုပါမည်​ ​မြေကြီးကဲ့သို့ သီးခံ သည်းခံ​ ပါ​တော့မည်​ ဘုရား သာဓု သာဓု သာဓု ရွတ်​ဆို ကျင့်​သုံးနိုင်​ကြပါ​စေ )

(၁၅) ​ကျောက်​ဂူ ဆရာ​တော်​ကြီးသည်​ တစ်​ချိန်​တည်း တွင်​ နှစ်​​နေရာ၌ ​တွေ့မြင့်​​ ရောက်​ရှိ​နေတတ်​ပါသည်​ဘုရား (​ဆရာ​တော်​ကြီး ကိုယ်​ပွား နှစ်​ပါးစီဖြစ်​ ​နေတတ်​ပုံများကို မကြာခဏ ဆိုသလို​တွေ့ရတတ်​ပါသည်

၎င်းများထဲ့မှ့ ​လေးငါးခု​လောက်​ကို ကျွန်​​တော်​ တတ်​သ​လောက်​ ​​ရေးသားတင်​ပြပါမည်​ စာအ​ရေးအသား မကျွမ်းကျင်​၍ နားမလည်​ပါက သည်းခံ၍ နှစ်​​ခေါက်​ သုံး​ခေါက်​ဖတ်​​ပေးကြပါရန်​ ​တောင်းပန်​အပ်​ပါသည်

တစ်​ခါ​သောအချိန်​က ဆရာ​တော်​ကြီးအား တရားပွဲများပင့်​ဖိတ်​ကြ၍ ကရင်​ပြည်​နယ်​ဖက်​ကို ကျွန်​​တော့်​ကားဖြင့်​ပင့်​​ဆောင်​ခွင့်​ရခဲ့ပါသည်​ ဆရာ​တော်​ကြီးအား ​ဘေးမှတင်​​ဆောင်​၍ ကား​မောင်း​နေစဉ်​ က​လေးမြို့မှ ဖုန်းဝင်​လာပါသည်​ ကျောက်​ဂူဆရာ​တော်​ကြီး ဆွမ်းဆန်​စိမ်း​လောင်းပွဲပြီးရင်​ က​လေးမြို့ထဲ ကြွအုံးမလားတဲ့ ကျွန်​​တော်​က ဘာဖြစ်​လို့လဲလို့ ပြန်​​မေးမိ့ပါသည်​ တမူးဖက်​ကရွာ တရွာမှာ ရွာလုံးကျွတ်​ ဆွမ်းဆန်​စိမ်း ​လောင်းနေတယ်​ အဲဒါပိးရင်​ က​လေးမြို့ထဲ့ကိုပင့်​ခြင်​လို့ ဟု​​ပြောပါသည်

ကျွန်​​တော်​လည်း ချက်​ခြင်းပင်​ ကား​​မောင်းရင်း ​​​​ကျောက်ဂူ ​ဆရာ​တော်​အား ​​လျှောက်​လိုက်​ပါသည်​ တမူးဖက်​ကရွာတရွာမှာ ​ကျောက်​ဂူဆရာ​တော်​တစ်​ပါး ​ရောက်ေ​နတယ်​တဲ့ဘုရား ဆရာ​တော်​ကလည်း ချက်​ခြင်းပင်​ ရုက္ခစိုးနတ်​​တွေက ချစ်​ကြလို့ အဲလိုဘဲ ခဏခဏဖြစ်​တယ်​ ဟုမိန့်​ပါသည်​ (၁၆) တစ်​ခု​သော ဘုရားထီးတင်​ပွဲတွင်​ တရားပွဲပင့်​ဖိတ်​၍ ​ကျောက်​ဂူဆရာ​တော်​ကြီး ကြွ​ရောက်​ခဲ့ပါသည်

ဘုရားထီးတင်​ရာ၌လည်း ဆရာ​တော်​ကြီးကိုယ်​တိုင်​ ပါဝင်​ကုသိုလ်​ယူခဲ့ပါသည်​ ထီးတင်​ရာတွင်​ ​အောက်​ဖက်​ကထီး​တော်​ကို ရထား​ပေါ်သို့ တင်​ရာ​​နေရာတွင်​လည်း ဆရာ​တော်​ကြီးရှိ​နေ၍ စေတီ​ထိပ်​​ပေါ်​တွင်​ ထီး​တော်​အား ရထား​ပေါ်မှချ၍ ​စေတီတွင်​ တပ်​ဆင်​ပူ​ဇော်​​သော ​နေရာတွင်​လည်း ဆရာ​တော်​ကြီး ရှိ​နေ့ခဲ့ပါသည်​)

(၁၇) လွန်​ခဲ့​သော ​သုံး​လေးနှစ်​ခန့်​က ဆရာ​တော်​ကြီး ပဲခူးတိုင်း သုံးဆယ်​မြို့ ​ကျောက်​ဂူ​ကျောင်းတွင်​ ဝါဆို​ဝါ​ကပ်ေ​​သာ အချိန်​ကဖြစ်​ပါသည်​ ကျွန်​​တော်​လည်း ဆရာ​တော်​ကြီးနားတွင်​ ​ကျောင်းအိပ်​​ကျောင်းစားဖြင့်​ အချိန်​​ တော်​​တော်​ များများ ရှိ​နေဖြစ်​ပါသည်

တ​စ်​​နေ့တွင်​ ဆရာ​တော်​ကြီးမှ ​ကျွန်​​တော့်​အား ​ခေါ်၍ ကန်​ (၇) ရွာကို တစ်​ရွာတစ်​စီး နာ​ရေးကူညီမူ့ ကားများလှူဒါန်းလိုသည်​ စီစဉ်​​ ဆောင်​ရွက်​ရန်​ ကုသိုလ်​​​ ပေးပါ သည်​ ကားများဝယ်​ယူ ပို့​ဆောင်​ရင်း ကန်​(၇)ရွာ ​ကျောက်​ဂူ​ကျောင်းသို့ ​ရောက်​ခဲ့ပါသည်​ ရန်​ကုန်​ပြန်​ရန်​ လိုင်းကား​စောင့်​ရင်း ​ကျောင်း​ပေါ်တွင်​ နှစ်​ရက်​သုံးရက်​ ​နေဖြစ်​ခဲ့ပါသည်

ကျောင်း​ပေါ်တွင် ​ဘုရားဖူးဧည့်​သည်​ ဆယ်​​ယောက်​ခန့်​ အဖွဲ့တစ်​ဖွဲံ ​တွေ့၍ ထမင်းများစားသွားကြရန်​ အဆင်​သင့်​ပြင်​ထား​ကြောင်း ညအိပ်​နားကြမည်​ဆိုပါကလည်း အဆင်​​ပြေပါ​ကြောင်း ​ကျောက်​ဂူဆရာ​တော်​ကြီး​တော့ သုံးဆယ်​မြို့ မှာဝါဆို၍ မရှိ​ပါ​ကြောင်း​ပြော​သောအခါ

ဒီ​ကျောင်းကို ခဏ ခဏလာဖူးပါ​ကြောင်း ထမင်းလည်းဆွမ်းတန်းတွင်​ စားပီးပါ​ကြောင်း ​ကျောက်​ဂူဆရာ​တော်​ကြီးကိုလည်း အခုဘဲတစ်​ဖွဲ့လုံး ဖူးခဲ့ပီးပါ​ကြောင်း ဝမ်းသာ ​ပျော်​ရွင်​စွာ​ပြော၍ ကား​ပေါ်တက်​ကာထွက်​ခွာသွားကြပါသည်​ ။ ခဏအကြာတွင်​ ​နောက်​ဘုရားဖူးအဖွဲ့ တစ်​ဖွဲ့​ တွေ့ပြန်​၍ ထမင်းများစားသွားကြရန်​ ဖိတ်​ဖြစ်​ပါသည်

ကျောက်​ဂူဆရာ​တော်​ကြီးကို ဖူးရင်း​ သင်္ကန်းလာကပ်​တာဖြစ်​​ကြောင်း သင်္ကန်းလည်းကပ်​ခဲ့ပြီး​ကြောင်း သီလများလည်​​ပေးလိုက်​​ကြောင်း များစွာဝမ်းသာပါ​ကြောင်း လှူရန်​များကို ရုံး​ကျောင်း ပို့ဖို့ မှာလိုက်​​ကြောင်း ​ပြောပါသည်

ကျွန်​​တော်​လည်း ဧည်​သည်​များကို ရုံး​ကျောင်းပို့ ​နောက်​ ဆွမ်းတန်းပိုပြီးဆရာ​တော်​ကြီး သီတင်းသုံးရာ တဲ​ကျောင်း​လေးသို့ တိတ်ဆိပ်စွာ တစ်ေ​ယာက်တည် ​​သွား​ချောင်းဖြစ်​ပါသည်

အေးငြိမ်းဆိတ်ြ​ငိမ် ​​လှ​သော တဲ့​ကျောင်း​လေးထဲတွင်​ ဆရာ​တော် ထိုင်​​နေကြ ထိုင်​ခုံ​ပေါ်တွင်​ အ​​​နေကထိုင်​​​လေးခင်းထားတာ ​တွေ့ရပါသည်​ ဆရာ​တော်​​တော့မမြင်​ရ မ​တွေ့ရပါ မရှိပါ ကျွန်​​တော်​လည်း ရို​သေစွာ ​ရှိ့ခိုးဦးချ၍ ဆရာ​တော်​မှ ကားများပို့ခိုင်း​သော ကိစ္စ ပြီးစီးပါ​ကြောင်း ​နောက်​ထပ်​ ကုသိုလ်​​ပေးအလုပ်​ခိုင်းလိုပါက အဆင်​သင့်ဖြစ်​​နေပြီဖြစ်​ကြာင်း သုံးဆယ်​မြို့ကို​ရောက်​လျှင်​ ဆရာ​တော်​နှင့်​​တွေ​သောအခါ ​လျှောက်​ရန်​ရှိသည်​များကို(ရီဟာ့ဇယ်​) လုပ်​ရင်း ​​လျှောက်​ထားလိုက်​ပါသည်

Credit Ko nyi / (ကျောက်ဂူဆရာတော်ဘုရား၏ ဘုန်းတန်ခိုးနှင့် သိက္ခာသမာဓိကို ကြည်ညို နိုင်အောင် ပြန်လည်မျှဝေပေးခြင်း ဖြစ်ပါသည်။ စုစည်းတင်ဆက်ပေးပါသော မူရင်း ရေးသားသူအား ကျေးဇူးအထူးတင်ရှိရင်း…။)

minkoko110