ဗြိတိန်အတွက် သူလျှိုလုပ်ပေးမှုဖြင့် အီရန်အမျိုးသမီး ၁ ဦးအား ထောင် ၁၀ နှစ်ချ

ဗြိတိန်အစိုးရအတွက် သူလျှိုလုပ်ပေးမှုနဲ့ အီရန်အမျိုးသမီးတယောက်ကို ထောင်ဒဏ် ၁၀ နှစ် ပြစ်ဒဏ်ချလိုက်တယ်လို့ အီရန်အစိုးရက မေလ ၁၃ ရက်မှာ ပြောပါတယ်။

အီရန်ရဲ့ နျူကလီးယားနဲ့ ဒုံးကျည်အစီအစဉ်တွေနဲ့ ပတ်သက်ပြီး အီရန်နဲ့ အနောက်နိုင်ငံ တချို့ကြား ဆက်ဆံရေးတင်းမာမှု တိုးနေချိန်မှာ ခုလို ပြောလိုက်တာပါ။

စွပ်စွဲခံအမျိုးသမီးဟာ နာမည်ဝှက်သုံးပြီး အစ္စလာမ္မစ် အီရန်နိုင်ငံထဲမှာ ဗြိတိန်သြဇာလွှမ်းဖို့ ရည်ရွယ်ချက်နဲ့ ယဉ်ကျေးမှုဆိုင်ရာ ပွဲစဉ်တွေကို ခဏခဏ စီစဉ်ခန့်ခွဲ လမ်းညွှန်ခဲ့တယ်၊ အနုပညာနဲ့ သဘင်အုပ်စုတွေနဲ့ အကြိမ်အတော်များများ ဆက်သွယ်ခဲ့ပြီး ယဉ်ကျေးမှုသြဇာ ထိုးဖောက်လွှမ်းမိုးဖို့ ကြိုးစားခဲ့တယ်၊ ဒီလုပ်ရပ်တွေကို အီရန် လုံခြုံရေးနဲ့ ထောက်လှမ်းရေး ဌာနတွေက အာရုံစိုက်မိပြီး သံသယရှိသူကို ဖမ်းခဲ့တာလို့ တရားရေးဌာန ပြောခွင့်ရ ဂိုလန်ဟူစိန် အက်စ်မိုင်လီက ပြောပါတယ်။

အမျိုးသမီးက ဘယ်သူဘယ်ဝါဆိုတာ သူက မပြောခဲ့ပေမယ့် သူဟာ ဗြိတိန်မှာ ကျောင်းတက်နေသူဖြစ်ပြီး သူ့ကို ဗြိတိသျှကောင်စီက စည်းရုံးခဲ့တယ်လို့ ပြောပါတယ်။

အမျိုးသမီးကို တနှစ်နီးပါး ထိန်းသိမ်းထားပြီးပြီလို့ ပြောပေမယ့် သူ ဗြိတိန်နိုင်ငံသူ ဖြစ်နေပြီလား၊ မဖြစ်သေးဘူးလားဆိုတာ ခွဲခြား မပြောခဲ့ပါဘူး။

အီရန်နိုင်ငံထဲကို အနောက်နိုင်ငံတွေက သူလျှိုတွေ ထိုးဖောက်ဝင်ရောက်နေတယ်လို့ အီရန် ဘာသာရေးခေါင်းဆောင် အယာတိုလာ အလီ ခါမေနီက မနှစ်က ပြောခဲ့တာပါ။ အဲဒီနောက် အီရန်နိုင်ငံသားတွေကို သူလျှိုမှုနဲ့ စွပ်စွဲတာတွေ တိုးလာနေပါတယ်။

DVB News

Media Links Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment