ဇာအက်ႌ ဒေါက်မြင့်ဖိနပ်နဲ့ ပုလဲနားကပ် ပန်ပြီး ပွဲတက်လာခဲ့တဲ့ ဟယ်ရီစတိုင်

နယူးယောက်က Metropolitan အနုပညာပြတိုက်မှာ တနင်္လာနေ့က ကျင်းပတဲ့ Met Gala 2019 ပွဲကို ဟယ်ရီစတိုင် ပွဲတက်လာတော့ သူ့အချစ်တော် ပရိသတ်တွေက အံ့သြသွားရပါတယ်။

One Direction ဂီတဝိုင်းတော်သားဟောင်း အသက် အစိတ်ရှိတဲ့ ဟယ်ရီဟာ ရှေးခေတ်အဝတ်အစားတွေ ဝတ်ဆင်ပြသတဲ့ ဒီပွဲရဲ့ ပူးတွဲဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။

အခု ပွဲကို တက်ရောက်လာတဲ့အခါမှာတော့ ဟယ်ရီဟာ ဖက်ရှင်အလန်းစားနဲ့ တက်ရောက်လာတာကြောင့် အားလုံးရင်သပ်ရှုမော ဖြစ်သွားစေပါတယ်။

အနက်ရောင် တစ်ကိုယ်လုံး ဝတ်ဆင်ထားတဲ့ ဟယ်ရီဟာ အင်္ကျီကတော့ လက်စည်းဖောင်းပွတွေပါ ဇာအနက်ရောင်အင်္ကျီကို ဆင်မြန်းထားပါတယ်။

စီးလာတဲ့ ဖိနပ်ဟာလည်း ဒေါက်မြင့်ဖိနပ်ဖြစ်ပြီး နားတစ်ဖက်က ပုလဲနားကပ်ကို ပန်ထားတော့တာပဲ ဖြစ်ပါတယ်။

ဟယ်ရီနဲ့အတူ လေဒီဂါဂါ၊ တင်းနစ်ကြယ်ပွင် ဆီရီနာဝီလီယံ၊ Gucci ဒီဇိုင်နာ အလကဆန်ဒရိုမစ်ရှဲလ်နဲ့ Vogue အယ်ဒီတာ အန်နာဝင်းတာဝါတို့လည်း အခုနှစ်ပွဲကို အတူတက်ရောက်လာကြပါတယ်။

Met Gala ပွဲဟာ ဖက်ရှင်ပြပွဲတွေထဲမှာ အထင်ကရ ပွဲတစ်ပွဲဖြစ်ပြီး နှစ်စဉ် မေလရဲ့ ပထမဆုံး တနင်္လာနေ့မှာ ကျင်းပလေ့ရှိတဲ့ ရှေးခေတ်ပုံစံတွေ ဝတ်ဆင်ကြတဲ့ ဖက်ရှင်ပွဲပဲ ဖြစ်ပါတယ်။

mizzimz news

Media Links Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment