အားလုံးဘဲ ဘတ်စ်ကားစီးရင် သတိထားကြပါ ဒီနေ့ညီမနဲ့ ညီမအိမ်ကကောင်မလေး ညဘက်(၇)နာရီကျော်လောက် ကျောက်မြောင်းဈေးမှတ်တိုင်ကနေ ဘတ်စ်ကားစီးခဲ့ပါတယ်

ဒီနေ့ညီမနဲ့ ညီမအိမ်ကကောင်မလေးနဲ့ ညဘက်ခုနှစ်နာရီကျော်လောက် ကျောက်မြောင်းဈေးမှတ်တိုင်ကနေ ဘတ်စ်ကားနံပါတ် ၇စီးခဲ့ပါတယ်။ ကားပေါ်မှာကလူအရမ်းကြီးပိတ်ကြပ်မနေတာတောင် ချောင်လှတယ်လို့မဟုတ်ဘူး။ နှစ်ယောက်လုံးတိုးရင်း ဝှေ့ရင်းနဲ့ လူကွဲပြီး သူနဲ့ညီမကြား လူနှစ်ယောက်အကွာလောက်ဖြစ်သွားတယ်။ညီမကအတွင်းဘက်ရောက်ပြီး သူက ထွက်ပေါက်တံခါးနားလောက်မှာပါ။ ညီမလည်းနားကြပ်နဲ့ ကိုယ့်အာရုံနဲ့ကိုယ်မို့သတိမထားမိဘူး။ သီတာမှတ်တိုင်ကျော်တော့မှ ကောင်မလေးကိုလှမ်းကြည့်မိတော့ ကောင်မလေးက မျက်စိမျက်နှာတွေပျက်နေပြီ။ အဲ့တော့မှစိုးရိမ်ပြီး သူ့နားကိုအပြေးသွား၊ ဘာဖြစ်တာလဲမေးတော့ “အနောက်ကအစ်ကိုကြီးကသူ့ကိုထိုးလိုက်တယ်တဲ့”။ ငိုသံကြီးနဲ့ပြောပြီး နောက်ကိုလှည့်ကြည့်လှည့်ကြည့်ပြောနေတာ။ ညီမပထမဆုံးထင်လိုက်တာက sexual harassment လို့ဘဲထင်လိုက်တာ။ အနောက်ကသူတောင်းစားကိုပြသနာရှာမို့ နောက်ကိုလှည့်ကြည့်ပြီးဟိုရှာဒီရှာဘဲ ရှိသေးတယ်။ ကောင်မလေးက “လက်မောင်းကအရမ်းနာတယ်။”တဲ့။ ညာဘက်လက်မောင်းပါ။ သူ့ညာဘက်လက်မောင်းကို ဘယ်ဘက်လက်နဲ့အုပ်ပြီး ငိုသံနဲ့ပြောနေတာ။ အဲ့အထိညီမလည်း ဘာမှမရိပ်စားမိသေးဘူး။ ကောင်မလေးမျက်နှာပျက်နေတာနဲ့တင်ဘဲ အောင်မင်္ဂလာမှတ်တိုင်မှာဆင်းလိုက်တယ်။ တကယ်က ယုဇနပလာဇာမှတ်တိုင်ထိစီးမလို့ပါ။ ဘတ်စ်ကားပေါ်ကဆင်းတော့ သူ့လက်ကိုဆွဲပြီးလမ်းလျှောက်မယ်ပေါ့။ နဂိုကလည်း ဘတ်စ်ကားမှတ်တိုင် ကနေ အိမ်ထိလမ်းလျှောက်နေကြဘဲ။ အဲ့မှာတင် ကောင်မလေးက “မူးတယ်”တဲ့။ အရင်ကဆိုနောက်နေတယ်လို့ဘဲထင်မှာပါ။ ဒါပေမယ့် အခုမြင်နေရတဲ့ကောင်မလေးအခြေအနေက သူ့ခြေထောက်တောင်သူမသယ်နိုင်ဘဲ ယိုင်ထိုးနေတာ။ ငိုလည်းအကြီးအကျယ်ငိုနေတယ်။ အဲ့မှာတင်ညီမလည်း လန့်ဖြနိ့ပြီး သူ့ကိုအတင်းမေးတော့မှ “သူ့လက်မောင်းကိုတစ်ခုခုနဲ့ထိုးသွားတာ။အရမ်းနာတယ်။မူးလည်းမူးလာတယ်။”တဲ့။ ပြောရင်းငိုရင်းနဲ့ဘဲ ညီမကိုယ်ဘဲယိုင်ထိုးကျလာတော့မှ ညီမလည်း တက္ကစီကိုအသည်းအသန်ငှါးတော့တယ်။ ဒါပေမယ့် ဘယ်တက္ကစီမှရပ်မပေးကြပါဘူး။

လမ်းမပေါ်မှာ အော်ငိုပြီးယိုင်နေတဲ့ကောင်မလေးနဲ့ ညီမကိုဘာထင်လို့လဲတော့မသိဘူး။ ကားပေါ်မှာလူလွတ်နေတာတောင် ကြည့်ရုံကြည့်ပြီး ရပ်မပေးကြဘူး။ နောက်ဆုံး ကိုယ့်အသိတက္ကစီနဲ့တိုးတော့မှ ရပ်ပေးတာပါ။ တက္ကစီဦးလေးကြီးကိုလည်း အရမ်းကျေးဇူးတင်တယ်။ တက္ကစီပေါ်တက်တဲ့အထိက သတိရှိပါသေးတယ်။ မူးလွန်းလို့ အော်ညည်းနေတာဘဲရှိတာပါ။ ဒါပေမယ့် ညီမအိမ်ရှေ့လည်းကားအရပ် ကောင်မလေးလည်း လုံးဝသတိမေ့သွားပါတော့တယ်။ လုံးဝကိုသတိမရှိတော့တာပါ။ အသက်ရူပြီးနွေးနေပေမယ့် လူံးဝမေ့သွားတာ။ နောက်ဆုံးအိမ်ကလူကြီးတွေကို အိမ်ပေါ်ကဆင်းလာခိုင်းပြီး အခုသျှင်ပါကူဆေးရုံကိုရောက်နေပါတယ်။ ဆရာဝန်တွေလည်း ဘာမှအတည်မပြုနိုင်ပါဘူး။ ဘာလုပ်သွားလဲဆိုတာ။ လူနာအခြေအနေကတော့ သွေးပေါင်ချိန်ရော အောက်ဆီဂျင်ရောအကုန်ကောင်းပါတယ်။ ဆရာဝန်စမ်းတုန်းက ခြေတွေလက်တွေချိုးကြည့်တော့ တစ်ခါပြန်ပြီးနိုးလာသေးတယ်။ ပြီးမူးတယ်ဆိုပြီးပြန်အိပ်ပျော်သွားရော။ လူနာအခြေအနေကကောင်းပေမယ့် စိတိချချင်သေးလို့စောင့်ကြည့်နေပါသေးတယ်။

ဒါအခုမှပူပူနွေးနွေးဖြစ်သွားတာပါ။ ဘာဆေးနဲ့လူပ်သွားလဲ မသိပါဘူး။ လက်မောင်းတစ်ခုလုံးတော့ နီရဲတွတ်သွားတာ။ အခုမှပုံမှန်အသားရောင်ပြန်ဖြစ်တယ်။ညီမသာပါမလာရင် ကောင်မလေး ဘာဖြစ်မလဲတွေးတောင်မတွေးရဲပါဘူး။လုပ်တဲ့သူကလည်း ကောင်မလေးကိုတစ်ယောက်တည်းလို့ထင်လို့လုပ်သွားပုံပါဘဲ။ အရင်ကတို့ဆေးတွေဘာတွေမယုံခဲ့သမျှ အခုတော့ တကယ်ကြီးယုံသွားပါပြီ။

Credit-Mya Sai Thu

minkoko110