ကိုကိုဦးရဲ့သားလေး အကယ်ဒမီရွှေကြိုမှာပါဝင်ဖို့ အရွေးမခံရတဲ့အပေါ်ပြောပြလာတဲ့ နေထက်လင်း

ပရိသတ် ကြီးရေ သရုပ်ဆောင်နေထက်လင်းရဲ့ သားလေး ထက်လင်းအောင် ကတော့ ၂၀၁၈ အကယ်ဒမီရွေးပွဲမှာ ရွှေကြိုမောင်အဖြစ်ရွေးချယ်ခံရတာပဲဖြစ်ပါတယ်။ သားဖြစ်သူ ရွှေကြိုရွေးခံရလို့ နေထက်လင်းက ” ဝမ်သားပီတိဖြစ်ရပါတယ်။ အဲ့အတွက် ရွှေကြိုရွေးတဲ့အဖွဲ့ကို အကိုတွေ အမတွေကိုလဲ ဒီနေရာကနေကျေးဇူးတင်ပါတယ်။ အစည်းအရုံး ဥက္ကဋ္ဌ အတွင်းရေးမှူးတွေအားလုံးကိုလဲကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်။ အဲ့လိုမျိုးစီစဉ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဘာလို့လဲဆို သူတို့စီစဉ်ပေးမှ ဒါက မျိုးဆက်သစ်ကို ရွေးတယ်ဆိုတာကလဲ ကောင်းစေချင်လို့ရွေးခဲ့ကြတာကို။အဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်” ဆိုပြီးပြောခဲ့ပါတယ်။ နေထက်လင်းကတော့ သားဖြစ်သူရွှေကြိုရွေးခံရလ်ို့ အရမ်းကိုပျော်ရွှေင်နေပါတယ်။

 

လူကြမ်းသရုပ်ဆောင်ကိုကိုဦးရဲ့သားလေး အကယ်ဒမီရွှေကြိုမှာပါဝင်ဖို့ အရွေးမခံရတဲ့အပေါ် နေထက်လင်းက “ဒီနှစ်မပါလဲ အားမငယ်ပါနဲ့။ အခုဒီဇာတ်ကားထဲမှာ Line Walker မှာ မင်းရာဇာပါသွားတယ်။ ကျွန်တော်တို့ဘာမှမဖြစ်ဘူး။ ဘာမှမခံစားရဘူး။ ကျွန်တော်ဒီထက်ကောင်းတဲ့စကားပြောချင်တာက ကျွန်တော့်ညီလေးရွေးတာက ကျွန်တော့်ရွေးတာနဲ့တူတူပဲ။ ကျွန်တော် အဲ့လိုပဲ မုဒိတာ ပွားပေးနိုင်တယ်။ မေတ္တာ ဂရုနာ မုဒိတာ ဥပေက္ခာ ပေါ့လေ။ အဲ့တော့ ကိုကိုဦးတို့ ဘာတို့ သူ့သားလေးတွေကိုလဲ အလားအလာအများကြီးရှိပါတယ် ကိုကိုဦးရဲ့သားကလဲ။ ရုပ်ကလေးလဲမဆိုးဘူး။ အဲ့တော့ ဒီနှစ်မပါလဲနောက်နှစ်ပါမှာပေါ့နော်။ အဲ့လိုမျိုးပဲ ဖြေလျော့ပေးလို့ ဒီနေရာကပြောချင်ပါတယ်။ သူ့အလှဲ့နဲ့သူပေါ့နော် အဲ့လိုမျိုးသွားပါလိမ့်မယ်လို့ “လို့ပြောခဲ့ပါတယ်။

ကိုကိုဦးမိန်းမကတော့ နေထက်လင်းကို” ကိုကြီးရေအကို့သားနဲ့ရွှေကြိုရွေးခံရတဲ့အနုပညာမောင်နှမတွေရဲ့သားသမီးတွေအတွက်လား con con လုပ်ပါတယ်သားနဲ့ကျမတို့မိသားစုက Jလည်းမဝင်ပါ i လည်းမဝင်ပါ လွန်ခဲ့တဲ့၃ ၄ ထဲကကြိုတင်လျှောက်ထားလူလုံးပြ အစည်းအရုံးလူကြီးများအားလျှောက်ပြန်သံပေးတောက်လျှောက်အသိပေးနိုးဆောင်နေပါရဲ့နဲ့ဘာမှမတုန်ပြန်ဘဲရွေးp pဆိုမှသိရတဲ့ကျမတို့နေရာမှာအကိုကြီးဆိုရင်ရောဘယ်လိုနေပါမလဲလူတွေ့စစ်ဆေးဘောင်မဝင်လို့မပါဘူးဆိုလည်းဘာမှမဖြစ်ပါဘူးခုဟာကကိုယ်ကတလ၃ ကြိမ်ထက်မနည်းဖုန်းဆက်အသိပေးနေပါရဲ့နဲ့သူတို့ မသိလိုက်ပါဘူးဆိုpလက်လွတ်စပယ်ပြောသွားတဲ့သူတွေ RESPONSIBALITY ကိုနားမလည်တဲ့သူတွေကိုဘဲပြောတာပါအပိုကြီးပြောသလိုအားလုံးကကိုယ့်သားသမီးတွေပါဘဲ ဘာမှမဖြစ်ပါဘူးခလေးတွေကိုနားလည်မှုမလွဲစေချင်ပါ” ဆိုပြီးပြန်ပြောထားတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလဲ ထင်မြင်ချက်လေးတွေပြောပေးခဲ့ကြပါဦးနော်။

 

minkoko110