ဘဝမှာအပြီးတိုင်စွန့်လွှတ်သင့်သည့် အချက် (၉) ချက်

ကျွန်တော်တို့ အများစုဟာ မိမိကိုယ်ကိုလေးစားမှုမရှိဘူးဆိုတာကိုသတိမထားမိကြပါဘူး။ကျွန်တော်တို့ ကိုယ်ကျွန်တော်တို့ အကောင်းမြင်ဖို့ ထက်သူတပါးကိုပိုပြီးအကောင်းမြင်ကြတယ်။လေးစားကြတယ်။ ဘဝမှာပျော်ရွှင်မှုရဖို့ ဆိုရင် ဒီအချက်တွေကိုစွန့်လွှတ်ရမယ်။လူတချို့ ကအလေ့အကျင့်ဆိုတာဖျောက်ဖျက်ဖို့ ခက်ခဲတယ်လို့ ထင်ကြပါတယ်။ဒါပေမယ့် အချိန်ယူပြီး ကြိုးစားကြရပါမယ်။ဘဝမှာ ဘယ်လိုအရာတွေကို အပြီးတိုင်စွန့်လွှတ်သင့်သလဲ? ကြည့်ကြရအောင် ..။

၁။ မိမိကိုယ်ကိုဝေဖန်တိုက်ခိုက်တာကိုရပ်တန့်ပါ

သင့်ကိုယ်သင်အပြစ်တင်ဖို့ မလိုပါဘူး။လူတိုင်းအမှားလုပ်မိကြမှာဘဲ။ အမှားနဲ့ ကင်းတဲ့လူသားဆိုတာလောကကြီးမှာမရှိပါဘူး။သင့်ကိုယ်သင် အရှုံးသမားလို့ မြင်ဖို့ မလိုသလို ရည်မှန်းချက်တွေ အိမ်မက်တွေကို အကောင်အထည်ဖော်နိုင်ပါ့မလားဆိုပြီး သံသယရှိနေဖို့ မလိုပါဘူး။အမြဲ မိမိကိုယ်ကိုအကောင်းမြင်ပါ။ အရာရာတိုင်းဟာ အကောင်းဆုံးဖြစ်လာမှာအသေအချာပါဘဲ

၂။ မလိုမုန်းထားသူတွေရဲ့ဝေဖန်အပြစ်တင်သံတွေ၊ အကြံညဏ်တွေကိုမယုံကြည်မိပါစေနဲ့ 

လူတွေဟာ တယောက်နဲ့ တယောက် မကောင်းပြောကြတယ်။ သင့်ကိုမကောင်းပြောသူတွေ၊ ဝေဖန်တိုက်ခိုက်သူတွေရှိလာမှာပါ။ဒါပေမယ့် ဝေဖန်ကဲ့ရဲ့မှုတွေအောက်မှာ ကျရှုံးမသွားစေပါနဲ့ ။နားမဝင်စေပါနဲ့ ။သည့်အစား သင်ကဘယ်လောက်ကြံ့ကြံ့ခံနိုင်တယ်၊ ဘယ်လောက် စွမ်းဆောင်နိုင်တယ်ဆိုတာကို သက်သေပြလိုက်ပါ

၃။ မိမိမှာမရှိတဲ့ အရာတွေပေါ်မှာအလေးထား အာရုံစိုက်တာကိုရှောင်ကျဉ်ပါ

သင့်မှာရှိတဲ့အရာတွေနဲ့ ကျေနပ်ရောင့်ရဲပါ။ဘဝမှာ သင်လိုသမျှအရာရာတိုင်းရဖို့ ဆိုတာမဖြစ်နိုင်ဘူးလေ။သင့်မှာ ဘာတွေရှိသလဲ? အခြားသူတွေမှာ ဘာတွေမရှိဘူးလဲ? တွေးပါ။ သင့်အခြေအနေဘယ်လောက်ဘဲဆိုးနေပါစေ သင့်ထက်ပိုဆိုးတဲ့သူ ကမ္ဘာမှာရှိနေစမြဲပါ

၎။ ပျော်ရွှင်ခြင်းကိုဝယ်လို့မရဘူးဆိုတာကိုသိထားပါ

ဘဝမှာဘယ်လောက်ဘဲအောင်မြင်နေပါစေ ကျေကျေနပ်နပ်မနေနိုင်တဲ့သူတွေရှိနေပါတယ်။ပျော်ရွှင်ခြင်းဟာ ငွေရှိမှရရှိလာတာမဟုတ်ပါဘူး။ရလာတဲ့ဘဝမှာ ပျော်ပျော်နေပါ

၅။ မိမိကိုယ်မိမိအတွက်ဝမ်းနည်းအားငယ်တတ်တဲ့အကျင့်ကိုဖျောက်ပါ

မိမိကိုယ်ကိုအရှုံးသမားတယောက်လို့ မတွေးပါနဲ့ ။လူကောင်းတယောက်ဖြစ်လာဖို့ အစွမ်းကုန်ကြိုးစားပါ။ အတိတ်ကအမှားတွေဆီကနေသင်ခန်းစာယူရင်းရှေ့ ကိုခရီးဆက်ရမယ်။ သန်းခေါင်ထက်ညည့်မနက်တော့ပါဘူး

၆။ မိမိပေါ်မကောင်းတဲ့သူတွေ ကိုဘယ်တော့မှအချိန်မပေးပါနဲ့

ဘဝဆိုတာတိုတောင်းလွန်းလှပါတယ်။သင့်အနီးအနားမှာ သင့်ကိုကူညီပေးတဲ့သူတွေ၊ ချီးမြှောက်တဲ့သူတွေ၊ စိတ်ဓာတ်မြှင့်တင်ပေးသူတွေ ၊ လမ်းပြပေးတဲ့သူတွေနဲ့ သာဝန်းရံထားပါ။ရည်မှန်းချက်ပြင်းပြင်းပြပြနဲ့ ကြံ့ကြံ့ခံနိုင်အောင်ကြိုးစားပါ။ အိမ်မက်တွေကိုလက်တွေ့အကောင်အထည်ဖော်ပါ

၇။ အတွေးမလွန်ပါနဲ့ 

အရာရာတိုင်းဟာ စီစဉ်ထားသလိုဖြစ်မလာတဲ့အခါ စိုးရိမ်ပူပန်နေဖို့မလိုပါဘူး။ အခြေအနေတွေက ပြန်ကောင်းလာမှာပါဘဲ။ မိမိကိုယ်ကို တည်တည်ငြိမ်ငြိမ်ဖြစ်အောင်လုပ်ဖို့ အရေးကြီးပြီး အခြေအနေတိုင်းကိုအကောင်းဆုံးထိန်းချုပ်နိုင်ရမယ်။စိုးရိမ်စိတ်က သင့်ကိုအနိုင်မယူစေပါနဲ့ ။ လုပ်ချင်စိတ်၊ ကြိုးစားချင်စိတ်သာရှိပါ၊ နည်းလမ်းဆိုတာရှိစမြဲပါဘဲ

၈။ မိမိမဟုတ်တဲ့အခြားလူတယောက်ဖြစ်ဖို့ မကြိုးစားပါနဲ့ 

လူတိုင်းကိုယ့်ဘဝနဲ့ ကိုပါ။ သင်ဟာအခြားသူတယောက်ဖြစ်ဖို့ ဆိုတာမဖြစ်နိုင်တဲ့အရာပါဘဲ။သင့်ကိုယ်သင်လေးစားမှုရှိပါ။သင်ဘယ်လောက်ဘဲကြိုးစားကြိုးစား ပင်ကိုဗီဇကိုပြောင်းဖို့ ဆိုတာလုံးဝမဖြစ်နိုင်ဘူးဆိုတာ သိထားပါ

၉။ ဖြစ်မလာတဲ့မျှော်လင့်ချက်တွေမထားပါနဲ့ တော့

လူတွေဆီက အများကြီးမျှော်လင့်မထားပါနဲ့ ။လူတိုင်းက မိမိလိုမဟုတ်ဘူးဆိုတာသိထားပါ။ သူစိမ်းတယောက်ကို ပိုင်ဆိုင်ဖို့ ဆိုတာမရေရာပါဘူး။ စွန့်လွှတ်ခဲ့ရလည်းဝမ်းမနည်းပါနဲ့ ။သင့်ရဲ့အစွမ်းအစတွေ ကျွမ်းကျင်မှုတွေကိုအသုံးချပြီး အောင်မြင်အောင်ကြိုးစားပါ။တညထဲနဲ့ မအောင်မြင်နိုင်ပါဘူး။ နှစ်တွေ၊လတွေပေးဆပ်ရင်း ရရှိလာမှာပါ။လူတွေက အလေ့အကျင့်တွေကိုဖောက်ဖျက်တာဟာမကောင်းဘူးလို့ ပြောပါတယ်။ဒါပေမယ့် ဒီအလေ့အကျင့်တွေကိုစွန့်လွှတ်မယ်ဆိုရင် ပိုကောင်းတဲ့ဘဝမျိုးကိုပိုင်ဆိုင်ခွင့်ရမှာပါဘဲ

#Factsfortheyouth

minkoko110